HomeDramaJi Chang Wook နဲ့ Sooyoung တို့ရဲ့ ဒရာမာအသစ် If You Wish Upon Me

Ji Chang Wook နဲ့ Sooyoung တို့ရဲ့ ဒရာမာအသစ် If You Wish Upon Me

မင်းသား Ji Chang Wook နဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung တို့ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ If You Wish Upon Me လို့ အမည်ရတဲ့ ဒီဒရာမာကိုတော့ လာမယ့် ဩဂုတ်လ(၁၀)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

If You Wish Upon Me ကတော့ နယ်သာလန်နိုင်ငံမှာ အမှန်တကယ်ရှိတဲ့ အဖွဲ့အစည်းတစ်ခုအကြောင်းကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကတော့ ဘဝရဲ့နောက်ဆုံးအချိန်ကို ရောက်ရှိနေတဲ့ ကင်ဆာရောဂါသည်တွေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့ အဖွဲ့အစည်းပဲ ဖြစ်ပါတယ်။

Photo via mydramalist

ဇာတ်လမ်းကတော့ ဘဝမှာ ရုန်းကန်မှုပေါင်းစုံနဲ့ ဒုက္ခခံလာရတဲ့ ကောင်လေးတစ်ယောက်ဟာ နောက်ဆုံးမှာတော့ ဆေးရုံတစ်ခုမှာ လူနာတွေအတွက် ကူညီလုပ်အားပေးဖို့ ဖြစ်လာပါတယ်။ အဲဒီဆေးရုံက သူနာပြုတွေနဲ့ ပူးပေါင်းပြီး သေဆုံးခါနီး လူနာတွေရဲ့ နောက်ဆုံးဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးစားတဲ့အကြောင်း ဖြစ်ပါတယ်။

Ji Chang Wook ကတော့ Yoon Gyeo Re ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Yoon Gye Re ကတော့ မိဘမဲ့ဂေဟာ၊ လူငယ်ထိန်းသိမ်းရေးစင်တာနဲ့ အကျဉ်းထောင်တို့မှာ နေထိုင်ခဲ့ရသူ ဖြစ်ပြီး အေးစက်ခါးသီးလွန်းတဲ့ အရှိတရားကို ရင်ဆိုင်နေရသူလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံတစ်ခုမှာ လုပ်အားပေးအဖြစ် ဝင်ရောက်လုပ်ကိုင်ဖို့ ဖြစ်လာပါတယ်။ ဖြစ်ချင်တော့ အဲဒီနေရာမှာလည်း သူဟာ အသက်ရှင်သန်နိုင်ဖို့ ဆက်လက် ရုန်းကန်ရပါတော့တယ်။

Photo via mydramalist

Sooyoung ကတော့ အဆိုပါဆေးရုံက သူနာပြုဆရာမလေး Seo Yeon Joo အဖြစ် သရုပ်ဆောင်ထားပါတယ်။ Seo Yeon Joo ကတော့ လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါတဲ့ သူနာပြုတစ်ဦး ဖြစ်ပြီး ကျန်းမာရေး အထူးလိုက်စားသူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ အဲဒီဆေးရုံမှာတော့ လူတိုင်းကို မျှော်လင့်ချက် တိုးပွားစေတဲ့ အလင်းရောင်တစ်ခု ဖြစ်ပါတယ်။

If You Wish Upon Me ဒရာမာကိုတော့ KBS2 နဲ့ ViuTV တို့ကနေ ပြသသွားမှာ ဖြစ်ပြီး စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Ji Chang Wook ၊ Sooyoung ၊ Sung Dong Il ၊ Won Jin An ၊ Yang Hee Kyung နဲ့ Kil Hae Yeon တို့က အဓိကပါဝင်ထားပါတယ်။

Vancouver

Source: soompi/ mydramalist

 

RELATED ARTICLES

Most Popular