HomeDramaSong Hye Kyo နဲ့ Lee Do Hyun ကို အတူမြင်တွေ့ရမယ့် ဒရာမာအသစ် The Glory

Song Hye Kyo နဲ့ Lee Do Hyun ကို အတူမြင်တွေ့ရမယ့် ဒရာမာအသစ် The Glory

မင်းသမီး Song Hye Kyo ရဲ့ ဒရာမာအသစ်ကိုတော့ ပရိသတ်တွေ ရင်ခုန်စွာ စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။ The Glory လို့ အမည်ရတဲ့ ဒီဒရာမာအသစ်ထဲမှာတော့ Song Hye Kyo ဟာ မင်းသား Lee Do Hyun နဲ့အတူ တွဲဖက် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

The Glory ကိုတော့ Goblin ၊ Descendants of the Sun ၊ Heirs နဲ့ Secret Garden တို့ကို ဇာတ်လမ်းရေးသားပေးခဲ့တဲ့ စာရေးသူ Kim Eun Sook ကပဲ တာဝန်ယူ ရေးသားပေးမှာ ဖြစ်ပါတယ်။ ရိုက်ကူးသွားမယ့် ဒါရိုက်တာကတော့ Memories of Alhambra ၊ The Stranger နဲ့ Record of Youth တို့ကို ရိုက်ကူးပေးထားတဲ့ ဒါရိုက်တာ Ahn Gil Ho ဖြစ်ပါတယ်။

Photo: kyo1122/ Instagram

ဇာတ်လမ်းကတော့ ငယ်စဉ် ကျောင်းသူဘဝမှာ ကြမ်းတမ်းတဲ့ အနိုင်ကျင့်၊ ရက်စက်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ကျောင်းသူကောင်မလေးတစ်ယောက်ဟာ အရွယ်ရောက်လာတဲ့အခါမှာ သူမကို အနိုင်ကျင့်ခဲ့သူတွေကို တထပ်တည်း ပြန်ပြီး ကလဲ့စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ အဲဒီကောင်မလေးဟာ အရွယ်ရောက်လာတဲ့အခါမှာတော့ သူမကို အနိုင်ကျင့်ခဲ့ဖူးသူတွေရဲ့ ကလေးတွေကို စာပြန်သင်ပေးနေရတဲ့ အတန်းပိုင်ဆရာမ ဖြစ်နေပါတော့တယ်။

Song Hye Kyo ကတော့ Moon Dong Eun ဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Moon Dong Eun ကတော့ သူမရဲ့ဘဝတလျှောက်လုံးမှာ အမုန်း၊ ရန်ညှိုးတွေနဲ့ ခါးသီးနေခဲ့တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။ တချိန်က သူမ ရင်ဆိုင်ခဲ့ရတဲ့ ရက်စက်တဲ့အရာတွေကို သူမအပေါ် ကျူးလွန်ခဲ့သူတွေနဲ့ ဒီတိုင်းရပ်ကြည့်နေခဲ့သူတွေကို တပုံစံတည်း ပြန်လည် လက်စားချေဖို့ အစီအစဉ်တကျ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

Photo: kyo1122/ Instagram

Lee Do Hyun ကတော့ Joo Yeo Jung ဆိုတဲ့ male lead နေရာက ပါဝင်မှာ ဖြစ်ပါတယ်။ Joo Yeo Jung ကတော့ အပြင်ပန်းမှာ ကြည့်လိုက်ရင် တက်ကြွပြီး ပျော်ရွှင်နေတတ်သူ ဖြစ်ပေမယ့် နောက်ကွယ်မှာတော့ ရှုပ်ထွေးတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားသူ ဖြစ်ပါတယ်။

Lim Ji Yeon ကတော့ Park Yeo Jin ဆိုတဲ့ ဗီလိန်ဇာတ်ကောင် နေရာကနေ သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Park Yeo Jin ကတော့ Moon Dong Eun ကို နှိပ်စက်ရာမှာ ခေါင်းဆောင်ခဲ့သူ ဖြစ်ပြီး အရွယ်ရောက်လာချိန်မှာတော့ ပြီးပြည့်စုံတဲ့ ဘဝမှာ နေထိုင်နေသူ ဖြစ်ပါတယ်။ သို့သော်လည်း သူမရဲ့အတိတ်က အရိပ်ဆိုးဟာ သူမကို ပြန်ခြောက်လှန့်ဖို့ ဖြစ်လာတဲ့အခါမှာတော့ သူမ တန်ဖိုးထားတဲ့ အရာတွေကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။

Photo: leedohyuunn/ Instagram

Yeom Hye Ran ကတော့ Kang Hyun Nam ဆိုတဲ့ အိမ်တွင်းအကြမ်းဖက်မှုကို ခံစားခဲ့ရသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ သူမကတော့ သူမရဲ့ကလေးကို အလွန်စိတ်ပူပန်တတ်သူ ဖြစ်တာကြောင့် ကျောင်းတွေမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်မှုတွေကနေ ကာကွယ်ဖို့ Moon Dong Eun ဆီကို အကြံပြုချက်တစ်ခုနဲ့ ချဉ်းကပ်လာသူ ဖြစ်ပါတယ်။

Park Sung Hoon ကတော့ အလွန်တကိုယ်ကောင်းဆန်တဲ့ Jeon Jae Joon ဆိုသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Jeon Jae Joon ကတော့ Moon Dong Eun ကို နှိပ်စက်၊ အနိုင်ကျင့်ရာမှာ Park Yeon Jin နဲ့အတူ အတွဲညီခဲ့သူ ဖြစ်ပါတယ်။ သူ့မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုကို အားကိုးပြီး သူ့စိတ်ထင်တဲ့အတိုင်း ဘယ်သူ့ကိုမှ ထည့်မတွက်ဘဲ နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။

Photo via soompi

နောက်ဆုံးအနေနဲ့ ပါဝင်မယ့် အဓိကဇာတ်ကောင် တစ်ယောက်ကတော့ Ha Do Young ပဲ ဖြစ်ပါတယ်။ Ha Do Young နေရာမှာတော့ Jung Sung Il က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ Ha Do Young ကတော့ Park Yeo Jin ရဲ့ ခင်ပွန်းဖြစ်ပြီး ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ စီအီးအိုလည်း ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူဟာ Moon Dong Eun က စနစ်တကျ စီစဉ်ထားတဲ့ ထောင်ခြောက်ထဲ တိုးဝင်မိတဲ့အခါမှာတော့ သူ့မိသားစုကိုပါ ဆုံးရှုံးဖို့ ဖြစ်လာပါတော့တယ်။

The Glory ဒရာမာကတော့ လက်ရှိမှာ သရုပ်ဆောင်တွေအားလုံး ရွေးချယ်ပြီးပြီ ဖြစ်တာကြောင့် မကြာခင်မှာ ရိုက်ကူးရေး စတင်တော့မှာ ဖြစ်ပါတယ်။ ဒီဒရာမာကိုတော့ Netflix မှာ ထုတ်လွှင့် ပြသသွားဖို့ စီစဉ်ထားပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular