HomeDramaမကြာခင်ကြည့်ရှုရတော့မယ့် Moon Chae Won ရဲ့ ဒရာမာအသစ် Payback

မကြာခင်ကြည့်ရှုရတော့မယ့် Moon Chae Won ရဲ့ ဒရာမာအသစ် Payback

မင်းသမီးချောလေး Moon Chae Won ရဲ့ ဒရာမာအသစ်ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ Payback လို့ အမည်ရတဲ့ ဒီဒရာမာကတော့ လက်စားချေမယ့်အကြောင်းကို အဓိက ကြည့်ရှုရမှာ ဖြစ်ပါတယ်။

Photo Credit: SBS

ဇာတ်လမ်းကတော့ တရားဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့ တောကြောင်စီးပွားရေးသမားတစ်ယောက်ကို လက်စားချေဖို့ ရှိသမျှအရာအားလုံးကို ရင်းနှီးစွန့်လွှတ်ထားကြတဲ့ လူတစ်စုအကြောင်းကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီဒရာမာထဲမှာတော့ တရားရေးလောကမှာ တာဝန်ယူထားပေမယ့် အရည်အချင်း မပြည့်ဝဘဲ လူတွေကို မညီမျှစွာ ဆက်ဆံပြီး လာဘ်စား‌နေတဲ့ တာဝန်ရှိသူတွေကို အမှန်တရား မြတ်နိုးသူတွေက တိုက်ခိုက်တဲ့အကြောင်းကိုပါ မြင်တွေ့ရမှာပါ။

မင်းသမီး Moon Chae Won ကတော့ တရားရေးအရာရှိ Park Joon Kyung အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းထဲမှာတော့ သူမရဲ့မိခင်ဖြစ်သူဟာ လူတစ်စုရဲ့လက်ချက်ကြောင့် သေဆုံးသွားခဲ့ရပြီး အဲဒီရဲ့နောက်ကွယ်မှာတော့ မေးခွန်းပေါင်းများစွာ ရှိနေပါတယ်။ သမီးဖြစ်သူ Park Joon Kyung ကတော့ သူမရဲ့မိခင်အတွက် ပြန်လည် လက်စားချေဖို့ ကြိုးစားမှာ ဖြစ်ပါတယ်။

Photo Credit: SBS

သရုပ်ဆောင်တွေကတော့ Moon Chae Won ၊ Lee Sun Kyun ၊ Kang Yoo Seok နဲ့ Park Hoon တို့က အဓိက ပါဝင်ထားပါတယ်။ စုစုပေါင်း အပိုင်း(၁၂)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို (၁)နာရီ (၁၀)မိနစ်ခန့် ပြသချိန် ရှိပါတယ်။ ဇန်နဝါရီလ (၆)ရက်နေ့က စတင်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်းမှာ SBS ရုပ်သံလိုင်းက ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

Vancouver

Source: soompi/ mydramalist

RELATED ARTICLES

Most Popular