HomeDramaKorea Box-Office မှာ အောင်မြင်မှုတွေရရှိနေတဲ့ The Witch: Part 2 - The Other One...

Korea Box-Office မှာ အောင်မြင်မှုတွေရရှိနေတဲ့ The Witch: Part 2 – The Other One ရုပ်ရှင်

နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ကိုရီးယားရုပ်ရှင်အသစ် The Witch: Part 2. The Other One ကတော့ ရုံတင်ပြသနေတာ ရက်ပိုင်းသာ ရှိသေးပေမယ့် ကိုရီးယားရဲ့ပြည်တွင်း box-office မှာ အောင်မြင်မှုတွေ ရရှိနေပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ The Witch: Part 1. The Subversion ရဲ့အဆက် sequel ဇာတ်လမ်း ဖြစ်ပါတယ်။

လက်ရှိမှာ ရုံတင်ပြသနေတဲ့ The Witch: Part 2. The Other One ရဲ့ ဇာတ်လမ်းကတော့ လျှို့ဝှက်ဓာတ်ခွဲခန်းတစ်ခုရဲ့ မတော်တဆမှုတစ်ခုမှာ တစ်ဦးတည်းသော အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ သူမဟာ အဲဒီအန္တရာယ်များလွန်းတဲ့ ဓာတ်ခွဲခန်းကနေ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ပေမယ့် သူမရဲ့ဒုက္ခတွေကတော့ မပြီးဆုံးသေးပါဘူး။ အကြောင်းကတော့ နေရာဌာနပေါင်းစုံက လူများစွာဟာ မတူညီတဲ့ ရည်ရွယ်ချက်မျိုးစုံနဲ့ သူမနောက်ကို လိုက်လာကြတာကြောင့်ပါပဲ။

Photo via mydramalist

ဒီရုပ်ရှင်ကိုတော့ ဇွန်လ(၁၅)ရက်နေ့မှာ စတင်ပြီး ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားရုပ်ရှင်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ The Witch: Part 2 ကတော့ ရုံတင်ပြီး လေးရက်မပြည့်သေးခင်မှာပဲ ကြည့်ရှုသူဦးရေ တစ်သန်းကျော်သွားပြီလို့ သိရပါတယ်။ ဒါဟာ သူ့ရဲ့ပထမဇာတ်ကား The Witch: Part 1 ရဲ့စံချိန်ကိုပါ ချိုးသွားတာ ဖြစ်ပါတယ်။ The Witch: Part 1 ကတော့ ရုံတင်ပြီး ခြောက်ရက်အကြာမှသာ ကြည့်ရှုသူ တစ်သန်းကျော်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ ရုံတင်တဲ့ နေ့ကစတင်ပြီး နေ့ရက်တိုင်းမှာ box-office ဝင်ငွေမှာတော့ တရိပ်ရိပ်နဲ့ ထိုးတက်နေတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ သူ့ထက်အရင် ရုံတင်ပြသနေတဲ့ The Outlaws 2 (The Roundup)ရဲ့ box-office ဝင်ငွေစံချိန်နဲ့ပါ အပြင်းအထန် ယှဉ်ပြိုင်နေပြီ ဖြစ်ပါတယ်။

The Witch: Part 2. The Other One ကတော့ သည်းထိတ်ရင်ဖို Mystery အမျိုးအစားရုပ်ရှင် ဖြစ်ပြီး Kim Da Mi ၊ Lee Jong Suk ၊ Park Eun Bin ၊ Shin Si Ah ၊ Seo Eun Soo ၊ Jin Goo အစရှိတဲ့ နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ IMDb rating မှာ‌တော့ 8.4 ရရှိထားပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular