HomeDramaHyun Bin ရဲ့ မှုခင်းအက်ရှင် ရုပ်ရှင်သစ် Confidential Assignment 2: International

Hyun Bin ရဲ့ မှုခင်းအက်ရှင် ရုပ်ရှင်သစ် Confidential Assignment 2: International

မင်းသားချော Hyun Bin ကိုတော့ ခပ်ကြမ်းကြမ်း စုံထောက်တစ်ယောက်အဖြစ် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ Confidential Assignment 2: International လို့ အမည်ရတဲ့ ဒီမှုခင်းအက်ရှင် ရုပ်ရှင်ကားသစ်ကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိထားတဲ့ Confidential Assignment ဇာတ်ကားရဲ့ အဆက်လည်း ဖြစ်ပါတယ်။

ပထမဇာတ်ကားမှာတော့ မြောက်ကိုရီးယားစုံထောက် Rim Chul Ryung (Hyun Bin)နဲ့ တောင်ကိုရီးယားစုံထောက် Kang Ji Tae (Yoo Hae Jin)တို့ဟာ နှစ်ယောက်အတူ ပူးပေါင်းပြီး ရာဇဝတ်သားတစ်ယောက်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ကြပါတယ်။

Photo via mydramalist

ယခုအသစ်ထွက်ရှိလာမယ့် Confidential Assignment 2: International မှာတော့ Rim Chul Ryung ဟာ တောင်ကိုရီးယားကို ထပ်မံရောက်ရှိလာပြီး ရက်စက်ကြမ်းတမ်းလွန်းတဲ့ လျှို့ဝှက်ရာဇဝတ်ဂိုဏ်းတစ်ခုကို လိုက်လံ ရှာဖွေနေပါတယ်။ ဒီမှာတင် အမှားတစ်ခုကြောင့် cyber crime ဌာနကို အပြောင်းခံထားရတဲ့ Kang Ji Tae ကလည်း သူ့ရဲ့ယခင်အဖွဲ့ဟောင်း ဖြစ်တဲ့ စုံစမ်းစစ်ဆေးရေးဌာနကို ပြန်လည် ရောက်ရှိနိုင်ဖို့အတွက် Rim Chul Ryung ရဲ့ မစ်ရှင်မှာ စေတနာ့ဝန်ထမ်းအဖြစ် ဝင်ရောက် ကူညီပေးပါတော့တယ်။

ဒီဇာတ်ကားထဲမှာတော့ Hyun Bin ၊ Yoo Hae Jin ၊ Im YoonA ၊ Daniel Henney ၊ Jin Seon Kyu တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Lee Seok Hoon က ရိုက်ကူးပေးထားပြီး လာမယ့် စက်တင်ဘာလထဲမှာပဲ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular