HomeDramaပရိသတ်တွေစောင့်မျှော်နေတဲ့ The Glory Part 2 ရဲ့ release date ထွက်လာ

ပရိသတ်တွေစောင့်မျှော်နေတဲ့ The Glory Part 2 ရဲ့ release date ထွက်လာ

ပရိသတ်တွေ တခဲနက် အားပေးခဲ့ကြတဲ့ The Glory ဒရာမာကတော့ Part 2 ထပ်မံ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ The Glory ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာလကပဲ ထွက်ရှိခဲ့တာ ဖြစ်ပြီး နာမည်ကြီးစာရေးသူ Kim Eun Sook ရဲ့ ပရောဂျက်အသစ်လည်း ဖြစ်ပါတယ်။

Photo Credit: Netflix

ဇာတ်လမ်းကတော့ ကြမ်းတမ်းရက်စက်တဲ့ ကျောင်းတွင်း အနိုင်ကျင့်မှုတွေကို ခံစားခဲ့ရတဲ့ ကျောင်းသူတစ်ယောက်ဟာ သူမကို အနိုင်ကျင့် နှိပ်စက်သူတွေကို ပြန်လည်လက်စားချေဖို့ တေးထားခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ မူလတန်းကျောင်းတစ်ခုရဲ့ အတန်းပိုင်ဆရာမ ဖြစ်လာပြီး တိုက်ဆိုင်စွာနဲ့ တစ်ချိန်တုန်းက သူမကိုရက်စက်ခဲ့ကြသူတွေရဲ့ ကလေးတွေဟာ သူမရဲ့အတန်းထဲမှာ ရှိနေတဲ့အခါမှာတော့ … ။

Photo Credit: Netflix

နာမည်ကျော်မင်းသမီး Song Hye Kyo ကတော့ အတိတ်က ဖြစ်ရပ်ကို လက်စားချေမယ့် ဇာတ်လိုက်မင်းသမီး Moon Dong Eun အဖြစ် သရုပ်ဆောင်ထားပြီး Lee Do Hyun ကတော့ ဇာတ်ဆောင်မင်းသား Joo Yeo Jeong နေရာက သရုပ်ဆောင်ထားပါတယ်။

Photo Credit: Netflix
Photo Credit: Netflix

မနေ့က ဇန်နဝါရီ(၁၈)ရက်မှာတော့ The Glory Part 2 ရဲ့ ဇာတ်ဝင်ခန်းပုံရိပ်အချို့ ထွက်ရှိလာပါတယ်။ အဲဒီပုံရိပ်တွေထဲမှာတော့ မျက်ရည်တွေ ရစ်ဝဲနေတဲ့ Moon Dong Eun ကို မြင်တွေ့ရသလို တကယ် လေးနက်တဲ့ မျက်နှာထားနဲ့ သူမကို ကြည့်နေတဲ့ Joo Yeo Jeong ကိုလည်း တွေ့ရပါတယ်။

Photo Credit: Netflix
Photo Credit: Netflix

ဒါ့အပြင် Park Yeon Jin (Lim Ji Yeon)ကိုလည်း အရေးကြီးတယ်လို့ ထင်ရမယ့် ဖုန်းတစ်ကောလ် ခေါ်နေတာကို တွေ့ရပါတယ်။ တခြားပုံတွေမှာတော့ တိတ်တဆိတ်ပဲ ဂိုကစားနေကြတဲ့ Joo Yeo Jeong နဲ့ Ha Do Yeong (Jung Sung Il)တို့ကို မြင်တွေ့ရပြီး သွေးတွေနဲ့ ပေကျံနေတဲ့ Jeon Jae Joon တို့ကိုလည်း တွေ့ရပါသေးတယ်။

Photo Credit: Netflix

စာရေးသူ Kim Eun Sook ကတော့ “Part 1 ကို ကြည့်ပြီးသွားရင် Part 2 ကိုလည်း လက်မလွှတ်သင့်ဘူး”လို့ ပြောထားပါတယ်။ Part 2 ထဲမှာတော့ ပိုပြီးပြင်းထန် ကြမ်းတမ်းတဲ့ အခြေအနေတွေ၊ စိတ်လှုပ်ရှားစရာတွေနဲ့ စိတ်ကျေနပ်သွားစေမယ့် အခိုက်အတန့်တွေ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။ The Glory Part 2 ကိုတော့ လာမယ့် မတ်လ(၁၀)ရက်နေ့မှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular