HomeDramaLee Jong Suk နဲ့ YoonA တို့ကို ဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Big Mouth ဒရာမာအသစ်

Lee Jong Suk နဲ့ YoonA တို့ကို ဇနီးမောင်နှံအဖြစ် မြင်တွေ့ရမယ့် Big Mouth ဒရာမာအသစ်

ဒရာမာပရိသတ်တွေကြားမှာ မသိသူမရှိလောက်အောင် နာမည်ကျော်ကြားတဲ့ မင်းသား Lee Jong Suk နဲ့ Idol ၊ သရုပ်ဆောင် YoonA တို့ကိုတော့ အကျပ်အတည်းတွေ့နေတဲ့ ဇနီးမောင်နှံနှစ်ယောက်အဖြစ် မကြာခင် မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ MBC ရုပ်သံလိုင်းက ထုတ်လွှင့် ပြသမယ့် ဒီဒရာမာရဲ့အမည်ကတော့ Big Mouth ဖြစ်ပါတယ်။

Big Mouth ဒရာမာထဲမှာတော့ Lee Jong Suk က ရှေ့နေတစ်ဦးအဖြစ် သရုပ်ဆောင်ထားပြီး YoonA ကတော့ အဲဒီရှေ့နေရဲ့ဇနီးသည်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဟာ လူသတ်မှုတစ်ခုအတွက် တာဝန်ယူပြီးနောက်မှာတော့ နေ့ချင်းညချင်းဆိုသလို “Big Mouse” ဆိုတဲ့ ဉာဏ်ကြီးရှင် လူလိမ်တစ်ယောက်အဖြစ် ပြောင်းလဲသွားပါတော့တယ်။ ဒီမှာတင် အဲဒီရှေ့နေဟာ သူကိုယ်တိုင် အသက်ရှင်ဖို့အတွက်ရော၊ သူ့မိသားစုကို ကာကွယ်ဖို့အတွက်ပါ အထက်တန်းလွှာ လူတန်းစားတွေကြားက ရှုပ်ထွေးလှတဲ့ ကိစ္စတစ်ခုကို ဖြေရှင်းဖို့ ဖြစ်လာပါတော့တယ်။

Photo via mydramalist

Lee Jong Suk ကတော့ Park Chang Ho ဆိုတဲ့ ရှေ့နေတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ Park Chang Ho ကတော့ တတိယတန်းစား ရှေ့နေတစ်ယောက်ဖြစ်ပြီး အမှုအောင်နိုင်ချေကတော့ (၁၀)ရာခိုင်နှုန်းသာ ရှိပါတယ်။ Park Chang Ho ဟာ အမှုအောင်နိုင်ချေလည်း အလွန်နည်းပါးတာကြောင့် သူ့ရဲ့ရှေ့နေလုပ်ငန်းကတော့ ကျပ်တည်းနေပြီး ရုံးခန်းငှားခကိုတောင် မပေးနိုင်တော့ပါဘူး။ ဒါ့အပြင် ရုံးခန်းမန်နေဂျာအဖြစ် ဆောင်ရွက်ပေးနေတဲ့ သူ့ရဲ့ယောက္ခမကိုတောင် လစာမပေးနိုင်တော့တဲ့အထိပါပဲ။

ဒီအခြေအနေ အကျပ်အတည်းတွေကိုတော့ Park Chang Ho ရဲ့ဇနီးဖြစ်သူ Go Mi Ho (YoonA) ဟာ သည်းခံနိုင်စွမ်း မရှိတော့ပါဘူး။ ဒါကြောင့်ပဲ Go Mi Ho ဟာ သူ့ကို ကွာရှင်းဖို့ တောင်းဆိုလာပါတော့တယ်။ Park Chang Ho ကတော့ ချောင်ပိတ်မိနေပြီး ဘယ်လိုပဲ ကြိုးစားကြိုးစား အခြေအနေတွေဟာ တိုးတက် ပြောင်းလဲမလာတာကို စိတ်ပျက်စရာ တွေ့လိုက်ရပါတယ်။

Photo via mydramalist

ဒီလိုအခက်အခဲတွေကြားကပဲ တစ်ရက်မှာတော့ Park Chang Ho ကို လူသတ်မှုတစ်ခုအတွက် အမှုလိုက်ပေးဖို့ အမှုလာအပ်ပါတယ်။ အမှုသစ်ရလာလို့ ဝမ်းသာအားရ လက်ခံလိုက်တဲ့ Park Chang Ho ဟာ နောက်ဆုံးမှာတော့ မြေအောက်လောကရဲ့ ဘုရင်တစ်ဆူအဖြစ် လူသိများတဲ့ Big Mouse အဖြစ် မှားယွင်းပြီး စွပ်စွဲခံရပါတော့တယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ ယခင်က မမြင်တွေ့ရသေးတဲ့ Lee Jong Suk ရဲ့ပုံစံအသစ်တစ်မျိုးကို မြင်တွေ့ရမယ်လို့ မင်းသားကိုယ်တိုင်က အင်တာဗျူးမှာ ပြောထားပါတယ်။ ဒီဒရာမာကတော့ စုစုပေါင်း အပိုင်း(၁၆)ပိုင်း ပါဝင်မှာ ဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် မိနစ်(၆၀)ကြာမြင့်မှာ ဖြစ်ပါတယ်။ ဇူလိုင်လ(၂၉)ရက်နေ့က စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပြီး အပတ်စဉ် သောကြာ၊ စနေနေ့တိုင်း ပြသသွားမယ်လို့ သိရပါတယ်။

Vancouver

Source: soompi

RELATED ARTICLES

Most Popular