HomeDramaမကြာခင် ကြည့်ရှုရတော့မယ့် Kim Go Eun နဲ့ Jinyoung တို့ရဲ့ Yumi's Cells 2

မကြာခင် ကြည့်ရှုရတော့မယ့် Kim Go Eun နဲ့ Jinyoung တို့ရဲ့ Yumi’s Cells 2

ဒရာမာပရိသတ်တွေ အားပေးခဲ့ကြတဲ့ Yumi’s Cells ရဲ့ season 2 ကိုတော့ မကြာခင် ရက်ပိုင်းအတွင်းမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ Yumi’s Cells 2 ထဲမှာတော့ မင်းသမီး Kim Go Eun နဲ့အတူ GOT7 အဖွဲ့ဝင် Jinyoung တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ နာမည်ကျော် webtoon တစ်ခုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Yumi ဆိုတဲ့ သာမန် ရုံးဝန်ထမ်းကောင်မလေးရဲ့ ဦးနှောက်ဆဲလ်တွေက သူမရဲ့အတွေး၊ ခံစားချက်နဲ့ အပြုအမူတွေကို ထိန်းချုပ်နေတဲ့ပုံစံ တင်ဆက်ထားတာ ဖြစ်ပါတယ်။ Kim Go Eun သရုပ်ဆောင်ထားတဲ့ Yumi ဆိုတဲ့ ကောင်မလေးကတော့ သူမရဲ့ခံစားချက်တွေနဲ့ ပတ်သက်ရင် ထုတ်ဖော်မပြတတ်သူလည်း ဖြစ်ပါတယ်။

Photo via mydramalist

Yumi’s Cells ဟာ live action နဲ့ 3D Animation ကို ပေါင်းစပ်ထားတဲ့ ပထမဆုံးသော ကိုရီးယားဒရာမာလည်း ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ကြည့်ရှုသူပရိသတ်တွေရဲ့ တခဲနက်အားပေးခြင်းကိုလည်း ရရှိခဲ့ပါတယ်။ Yumi ဟာ season 1 မှာတွဲခဲ့တဲ့ Goo Woong နဲ့ လမ်းခွဲလိုက်တာကြောင့် season 2 မှာတော့ အသည်းကွဲတဲ့ဝေဒနာကို ကုစားနေတာကိုလည်း မြင်တွေ့ရဦးမှာပါ။ အဲဒီနောက်မှာတော့ Yumi ဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်တဲ့ Yoo Babi နဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဆက်ဦးမှာ ဖြစ်ပါတယ်။

Photo via mydramalist

Yumi’s Cells 2 ကိုတော့ လာမယ့် ဇွန်လ(၁၀)ရက်နေ့မှာ စတင်ထုတ်လွှင့် ပြသမှာ ဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း(၁၄)ပိုင်း ပါဝင်မှာဖြစ်ပြီး တစ်ပိုင်းကို ပြသချိန် (၁)နာရီခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။

Vancouver

Source: soompi/mydramalist

RELATED ARTICLES

Most Popular