HomeDramaPark Seo Joon နဲ့ Han So Hee တို့ကို အတူမြင်တွေ့ရမယ့် Gyeongseong Creature

Park Seo Joon နဲ့ Han So Hee တို့ကို အတူမြင်တွေ့ရမယ့် Gyeongseong Creature

Netflix က အသစ်ထွက်ရှိလာမယ့် ဒရာမာအသစ် Gyeongseong Creature ထဲမှာတော့ နာမည်ကျော်နှစ်ယောက် အပြိုင်ကြဲထားတာကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော်မင်းသား Park Seo Joon နဲ့ မင်းသမီးချောလေး Han So Hee တို့ အဓိက ပါဝင်ထားတဲ့ ဒီဒရာမာကိုတော့ ၂၀၂၃ ခုနှစ် နှောင်းပိုင်းလောက်မှာ ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။

ဇာတ်လမ်းကိုတော့ ၁၉၄၅ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပြီး လျှို့ဝှက်သည်းဖို အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လူတွေရဲ့လောဘကြောင့် ပေါက်ဖွားလာတဲ့ သတ္တဝါကြီးတစ်ကောင်ကို ရင်ဆိုင်ရင်း လူငယ်နှစ်ယောက်ဟာ အသက်ရှင် ရပ်တည်နိုင်ဖို့ ကြိုးစားကြရတဲ့အကြောင်းပဲ ဖြစ်ပါတယ်။ ဒီဒရာမာရဲ့ ဇာတ်ညွှန်းကိုတော့ Dr. Romantic ကို ရေးသားပေးခဲ့တဲ့ Kang Eun Kyun က တာဝန်ယူထားပြီး Stove League ကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ Jung Dong Yoon က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

Photo Credit: Netflix

Park Seo Joon ကတော့ Gyeongseong တစ်ခုလုံးမှာ အချမ်းသာဆုံးလူ Jang Tae Sang အဖြစ် သရုပ်ဆောင်ထားပါတယ်။ Jang Tae Sang ဟာ Golden Jade House ဆိုတဲ့ အပေါင်ဆိုင်ပိုင်ရှင်လည်း ဖြစ်ပြီး အမြင်စူးရှသူတစ်ယောက် ဖြစ်သလို လောကကြီးမှာ ဘယ်လို ရှင်သန်ရပ်တည်ရမယ်ဆိုတာ ပါးနပ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့လူမှုဆက်ဆံရေး ကောင်းမွန်မှုကြောင့်လည်း ဂုဏ်သတင်းမွှေးသူ ဖြစ်ပါတယ်။

Photo: bn_sj2013/ Instagram

Han So Hee ကတော့ ပျောက်ဆုံးသွားတဲ့ လူတွေကို လိုက်လံရှာဖွေပေးတဲ့ Yoon Chae Ok ဆိုတဲ့ ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားပါတယ်။ Yoon Chae Ok ကတော့ ငယ်စဉ်ကလေးဘဝတည်းက ဖခင်ဖြစ်သူနဲ့အတူ မန်ချူးရီးယားနဲ့ ရှမ်ဟိုင်းကို အစုန်အဆန် သွားလာရင်း ဘဝကို ဖြတ်သန်းရာမှာ အတွေ့အကြုံ ရင့်ကျက်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ သေနတ်၊ ဓား အစရှိတဲ့ လက်နက်တွေကိုလည်း ကျွမ်းကျင်စွာ အသုံးပြုတတ်သူ ဖြစ်တာကြောင့် ဆိုးဝါးထိတ်လန့်စရာကောင်းတဲ့ အခြေအနေတွေကိုလည်း ကျော်ဖြတ်ပြီး အသက်ရှင်သန်နိုင်ခဲ့ပါတယ်။

Photo: xeesoxee/ Instagram

ဒီဇာတ်လမ်းတွဲထဲမှာတော့ အဓိကသရုပ်ဆောင်တွေအပြင် အခြားသော နာမည်ကြီးသရုပ်ဆောင်တွေဟာလည်း ဇာတ်ပို့နေရာမှာ ပါဝင်ထားပါသေးတယ်။ ဟောလိဝုဒ်ထိ နာမည်ကျော်ကြားနေတဲ့ Claudia Kim ကတော့ Gyeongseong ဒေသကို ထိန်းချုပ်နိုင်စွမ်းရှိတဲ့မိသားစုက အမျိုးသမီး Maeda အဖြစ် ပါဝင်ထားပြီး မင်းသမီးကြီး Kim Hae Sook ကတော့ Golden Jade House အပေါင်ဆိုင်ရဲ့ တာဝန်ခံအကူအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် Yoon Chae Ok ရဲ့အဖေနေရာမှာတော့ Jo Han Chul က ပါဝင်ထားပြီး စစ်သားတစ်ယောက်လည်းဖြစ်၊ Jang Tae Sang ရဲ့သူငယ်ချင်းလည်းဖြစ်တဲ့ Gwon Jun Taek နေရာမှာတော့ Wi Ha Joon က ပါဝင်ထားပါတယ်။

Gyeongseong Creature ကတော့ ပြတောင် မပြသရသေးပေမယ့် season 2 အတွက်ကိုပါ တစ်ခါတည်း အတည်ပြုထားပြီး ဖြစ်ပါတယ်။

Vancouver

Source: soompi

 

RELATED ARTICLES

Most Popular