San Yit Wine https://sanyitwine.com/ Sun, 29 Oct 2023 06:01:49 +0000 en-US hourly 1 https://wordpress.org/?v=5.9.9 https://sanyitwine.com/wp-content/uploads/2019/03/cropped-San-Yit-Wine-Logo-Icon-No-Background-3-32x32.png San Yit Wine https://sanyitwine.com/ 32 32 FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် https://sanyitwine.com/matthew-perry-has-gone/?utm_source=rss&utm_medium=rss&utm_campaign=matthew-perry-has-gone Sun, 29 Oct 2023 06:01:37 +0000 https://sanyitwine.com/?p=39144 နာမည်ကြီး sitcom ဇာတ်လမ်းတွဲ FRIENDS ထဲမှာ ဟာသတွေ အမြဲပြောတတ်တဲ့ Chandler Bing ကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Chandler Bing နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matthew Perry ဟာ မနေ့က စနေနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ သိရပါတယ်။ NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ Perry ဟာ သူ့ရဲ့ Pacific Palisades နေအိမ်မှာပဲ ရေနစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Perry ရဲ့ကိုယ်စားလှယ်နဲ့ ရဲဝန်ထမ်းတစ်ဦးက NBC ကို ပြောပြထားတာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာတော့ Perry ဟာ အသက်(၅၄)နှစ် ရှိနေပါပြီ။ တာဝန်ရှိရဲဝန်ထမ်းရဲ့ ပြောပြချက်အရ […]

The post FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် appeared first on San Yit Wine.

]]>
နာမည်ကြီး sitcom ဇာတ်လမ်းတွဲ FRIENDS ထဲမှာ ဟာသတွေ အမြဲပြောတတ်တဲ့ Chandler Bing ကတော့ ပရိသတ်တွေရဲ့ အကြိုက်ဆုံး ကာရိုက်တာတစ်ခုလည်း ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Chandler Bing နေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Matthew Perry ဟာ မနေ့က စနေနေ့မှာပဲ ရုတ်တရက် ကွယ်လွန်သွားပြီလို့ သိရပါတယ်။

NBC သတင်းဌာနရဲ့ ဖော်ပြချက်အရ Perry ဟာ သူ့ရဲ့ Pacific Palisades နေအိမ်မှာပဲ ရေနစ်ပြီး သေဆုံးသွားတာလို့ သိရပါတယ်။ ဒီသတင်းကိုတော့ Perry ရဲ့ကိုယ်စားလှယ်နဲ့ ရဲဝန်ထမ်းတစ်ဦးက NBC ကို ပြောပြထားတာလို့ ဆိုပါတယ်။ ကွယ်လွန်ချိန်မှာတော့ Perry ဟာ အသက်(၅၄)နှစ် ရှိနေပါပြီ။

Photo Credit: NBC

တာဝန်ရှိရဲဝန်ထမ်းရဲ့ ပြောပြချက်အရ ဒေသတွင်းစံတော်ချိန် (4:07)မိနစ်အချိန်မှာ 911 ကို အရေးပေါ်ဖုန်းဝင်လာခဲ့တာ ဖြစ်ပြီး ရေနစ်သူကို ကယ်ဆယ်တဲ့အတိုင်း အရေးပေါ်ကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လော့စ်အိန်ဂျလိစ်မြို့ မီးသတ်ဌာနရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Brian Humphrey ကတော့ 911 ကို ဖုန်းဝင်လာပြီးနောက် ပထမဆုံး သွားရောက်ကယ်ဆယ်ခဲ့သူတွေဟာ “water emergency”လို့သာ သိခဲ့ရပြီး ဘယ်လိုအမျိုးအစားလည်းဆိုတာ အမျိုးအမည်မသိခဲ့ရဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

အခင်းဖြစ်ပွားရာနေရာကို လော့စ်အိန်ဂျလိစ်မြို့ရဲ့ ရဲဝန်ထမ်းတွေလည်း ရောက်လာခဲ့ပြီး ဘယ်သူ့ကိုမှတော့ ဆေးရုံကို ခေါ်ဆောင်သွားခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ ကယ်ဆယ်ရေးဝန်ထမ်းတွေ ရောက်လာခဲ့ပေမယ့် Perry ကို အသက်မမီတော့တာ ဖြစ်ဖို့များပါတယ်။

အဲဒီနောက်မှာတော့ high-profile မှုခင်းတွေနဲ့ ဆယ်လီတွေ ပါဝင်ပတ်သက်နေတဲ့ မှုခင်းတွေကို စုံစမ်းစစ်ဆေးနေကျ LAPD ရဲ့ လုယက်မှု၊ လူသေမှုတွေကို ကိုင်တွယ်တဲ့ဌာနဟာလည်း ရောက်ရှိလာခဲ့ပြီး စုံစမ်းစစ်ဆေးခဲ့ရာမှာ သေမှုသေခင်းပဲ ဖြစ်ပြီး foul play လို့ ယူဆနိုင်စရာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Photo Credit: NBC

Matthew Perry ဟာ Friends ပရိသတ်တွေရဲ့ favorite character တစ်ယောက် ဖြစ်ပြီး သူ့အသက်(၂၄)နှစ် အရွယ်မှာပဲ ဒီဇာတ်လမ်းတွဲထဲမှာ စတင်ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကပဲ Perry ဟာ “Friends, Lovers, and the Big Terrible Thing: A Memoir” လို့ အမည်ပေးထားတဲ့ သူ့ဘဝရဲ့ အမှတ်တရစာအုပ်တစ်အုပ်ကို ကိုယ်တိုင်ရေးသား ထုတ်ဝေခဲ့ပါသေးတယ်။

Perry ဟာ မူးယစ်ဆေးတွေ စွဲလမ်းဖူးသလို အသက်ကြီးလာတဲ့နောက် ကျန်းမာရေးမှာလည်း ညံ့ခဲ့ပေမယ့် အခုလို မထင်ထားဘဲ ရေနစ်ပြီး သေဆုံးရလိမ့်မယ်လို့တော့ ဘယ်သူကမှ မတွေးခဲ့မိကြပါဘူး။ လူသန်းပေါင်းများစွာကို ရယ်ရွှင်မောရအောင် ဟာသတွေနဲ့ သရုပ်ဆောင်သွားခဲ့တဲ့ Perry တစ်ယောက် ငြိမ်းချမ်းရာ ဘုံဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

Glasgow

Source: nbc

The post FRIENDS သရုပ်ဆောင် Matthew Perry ရုတ်တရက်ကွယ်လွန် appeared first on San Yit Wine.

]]>
Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? https://sanyitwine.com/gen-v-jordan-li-powers/?utm_source=rss&utm_medium=rss&utm_campaign=gen-v-jordan-li-powers Wed, 11 Oct 2023 08:46:36 +0000 https://sanyitwine.com/?p=39133 Gen V ထဲက ဇာတ်ကောင်တွေဟာ ထူးခြားတဲ့ စွမ်းအားတွေတစ်မျိူးစီ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Jordan Li ကတော့ အထူးခြားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Jordan Li ဟာ ယောကျာ်းလေးကနေ မိန်းကလေး၊ မိန်းကလေးကနေ ယောကျာ်းလေးအဖြစ် လိုသလို ပြောင်းလဲနိုင်ပြီး God U ရဲ့ စွမ်းအားအကြီးဆုံးလို့ သတ်မှတ်ခဲ့တဲ့ Golden Boy နဲ့တောင် တစ်ယောက်ချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Jordan Li ရဲ့ စွမ်းအားကို ဖော်ပြပေးချင်ပါတယ်။ Jordan Li ရဲ့ မိန်းကလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Landon Thor က ပါဝင်သရုပ်ဆောင်ထားပြီး ယောကျာ်းလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Derek Luh […]

The post Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? appeared first on San Yit Wine.

]]>
Gen V ထဲက ဇာတ်ကောင်တွေဟာ ထူးခြားတဲ့ စွမ်းအားတွေတစ်မျိူးစီ ပိုင်ဆိုင်ထားကြပါတယ်။ အဲဒီထဲကမှ Jordan Li ကတော့ အထူးခြားဆုံးစွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ Jordan Li ဟာ ယောကျာ်းလေးကနေ မိန်းကလေး၊ မိန်းကလေးကနေ ယောကျာ်းလေးအဖြစ် လိုသလို ပြောင်းလဲနိုင်ပြီး God U ရဲ့ စွမ်းအားအကြီးဆုံးလို့ သတ်မှတ်ခဲ့တဲ့ Golden Boy နဲ့တောင် တစ်ယောက်ချင်းယှဉ်ပြီး တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Jordan Li ရဲ့ စွမ်းအားကို ဖော်ပြပေးချင်ပါတယ်။

photo credit Amazon Prime

Jordan Li ရဲ့ မိန်းကလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Landon Thor က ပါဝင်သရုပ်ဆောင်ထားပြီး ယောကျာ်းလေးဗားရှင်း နေရာမှာတော့ သရုပ်ဆောင် Derek Luh က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူကတော့ ယောကျာ်းလေးအဖြစ်ပဲ မွေးလာခဲ့တာဖြစ်ပြီး Compound V ကြောင့် ယခုလို Bi-Gender စွမ်းအားကို ရရှိသွားတာ ဖြစ်ပါတယ်။ တကယ်တော့ Jordan Li ရဲ့ ယောကျာ်းလေးပုံစံနဲ့ မိန်းကလေးပုံစံတို့မှာ မတူညီတဲ့ စွမ်းအားတွေ ရှိပါတယ်။

ဒီအချက်ကိုတော့ Jordan Li နဲ့ Luke တို့ရဲ့ တိုက်ပွဲမှာ မြင်တွေ့နိုင်ပါတယ်။ သူ့ရဲ့ယောကျာ်းလေးပုံစံကတော့ Super Strength နဲ့ Durability တို့ကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်ပဲ Strength နေရာမှာ စွမ်းအားကြီးတဲ့ Luke နဲ့ Sam တို့ကို ထိန်းထားနိုင်တာပါ။ မိန်းကလေးပုံစံမှာတော့ Superhuman Agility ကို ပိုင်ဆိုင်ထားပြီး Energy Blast တွေကိုလည်း ပစ်လွှတ်နိုင်ပါတယ်။

photo credit Amazon Prime

ဒါကြောင့်ပဲ Jordan Li ဟာ Luke နဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာတော့ ယောကျာ်းလေးပုံစံကို Defense အနေနဲ့ အသုံးပြုခဲ့ပြီး မိန်းကလေးပုံစံကိုတော့ Attack အနေနဲ့ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒီစွမ်းအားနှစ်ခုကို အချိန်တိတိကျကျနဲ့ ရွေးချယ်မှုမှန်မှန် ပြုလုပ်ပြီး တိုက်ခိုက်တတ်တဲ့ Jordan Li ကတော့ Highly Skilled Supe တစ်ယောက်ပဲ ဖြစ်ပါတယ်။

Gen V ထဲက Supe တွေအကြောင်း ထပ်ပြီးတော့ တင်ပေးသွားဦးမှာ ဖြစ်တာကြောင့် နှစ်သက်ရင်တော့ Like & Share လုပ်ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Gen V ထဲက Jordan Li ရဲ့ စွမ်းအားဟာ ဘယ်လိုမျိူးလဲ? appeared first on San Yit Wine.

]]>
Loki Season 2 အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ https://sanyitwine.com/loki-season-2-ep1-easter-egg/?utm_source=rss&utm_medium=rss&utm_campaign=loki-season-2-ep1-easter-egg Sun, 08 Oct 2023 08:41:23 +0000 https://sanyitwine.com/?p=39121 *** Spoiler Alert *** Loki Season 2 ရဲ့ အပိုင်း(၁)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Season 1 အဆုံးသတ်က ဖြစ်ရပ်တွေကနေ တိုက်ရိုက် ဆက်ပြထားပါတယ်။ He Who Remains သေဆုံးသွားပြီးနောက်မှာတော့ Sylvie ကလည်း ပျောက်သွားသလို Loki ကလည်း Time-Slipping ဖြစ်နေပြီး အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တွေကို ရောက်ရောက်သွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ အပိုင်း(၁)ထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။ အပိုင်း(၁)နာမည်ရဲ့အဓိပ္ပာယ် ဒီအပိုင်းရဲ့ နာမည်ကတော့ Ouroboros ဖြစ်ပြီး သရုပ်ဆောင် Ke Huy Quan ရဲ့ ဇာတ်ကောင်နာမည်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနာမည်ဟာ Ke […]

The post Loki Season 2 အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ appeared first on San Yit Wine.

]]>
*** Spoiler Alert ***

Loki Season 2 ရဲ့ အပိုင်း(၁)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Season 1 အဆုံးသတ်က ဖြစ်ရပ်တွေကနေ တိုက်ရိုက် ဆက်ပြထားပါတယ်။ He Who Remains သေဆုံးသွားပြီးနောက်မှာတော့ Sylvie ကလည်း ပျောက်သွားသလို Loki ကလည်း Time-Slipping ဖြစ်နေပြီး အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တွေကို ရောက်ရောက်သွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ အပိုင်း(၁)ထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

အပိုင်း(၁)နာမည်ရဲ့အဓိပ္ပာယ်

photo credit Disney+

ဒီအပိုင်းရဲ့ နာမည်ကတော့ Ouroboros ဖြစ်ပြီး သရုပ်ဆောင် Ke Huy Quan ရဲ့ ဇာတ်ကောင်နာမည်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနာမည်ဟာ Ke Huy Quan ရဲ့ ဇာတ်ကောင်တစ်ယောက်တည်းကို ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ Ouroboros ဆိုတာကတော့ မြွေတစ်ကောင်က သူ့ရဲ့အမြီးကို ပြန်မျိုနေတဲ့ သင်္ကေတရဲ့အမည်လည်း ဖြစ်ပါတယ်။ ဒီသင်္ကေတရဲ့ အဓိပ္ပာယ်ကတော့ ဖျက်ဆီးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတို့ရဲ့ အဆုံးမရှိတဲ့ စက်ဝန်းကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် Norse ဒဏ္ဍာရီထဲမှာဆိုရင် Ouroboros ကို Jormungandr လို့ ဖော်ပြပါတယ်။ Jormungandr ကတော့ အလွန်ကြီးမားလွန်းတာကြောင့် ကမ္ဘာကြီးကိုတောင် ပတ်ထားနိုင်တဲ့ World Serpent ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် Jormungandr က သူ့ရဲ့အမြီးကို ကိုက်ထားရာက လွှတ်လိုက်တဲ့အချိန်မှာ Ragn‌arok ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ Norse ဒဏ္ဍာရီထဲမှာတော့ Jormungandr ဟာ Loki ရဲ့ ကလေးလည်း ဖြစ်ပါတယ်။

Loki ရဲ့ Time-Slipping နဲ့ Spider-Verse ရဲ့ Glitching

photo credit Disney+

Marvel Studios ဟာ Multiverse အကြောင်းကို ပိုမိုပြသလာတာနဲ့အမျှ စိတ်ဝင်စားစရာတွေကလည်း ပိုတိုးလာပါတယ်။ အသစ်ထွက်ထားတဲ့ Spider-Man Across the Spider-Verse ထဲမှာတော့ ဇာတ်ကောင်တွေဟာ သူတို့နဲ့ မသက်ဆိုင်တဲ့ Universe ကို ရောက်သွားရင် Glitching ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ယခု Loki ဟာလည်း TVA ထဲမှာ အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တို့ကို တစ်လှည့်စီ ဆွဲယူခံနေရပြီး Time-Slipping ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ခုဟာ ဆက်စပ်မှုတွေ ရှိနေနိုင်ပါတယ်။

Moon Knight

photo credit Disney+

ဒီအပိုင်းရဲ့ အစမှာတော့ Loki ဟာ TVA ရဲ့ အတိတ်က Casey နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Casey ဟာ စိတ်ပိုင်းဆိုင်ရာ Podcast တစ်ခုကို နားထောင်နေပါတယ်။ အဲဒီ Podcast ကတော့ Moon Knight ဇာတ်လမ်းတွဲထဲမှာ Steven Grant နားထောင်နေတဲ့ Podcast နဲ့ တူတူပဲ ဖြစ်ပါတယ်။

X-Men Reference

photo credit Disney+

Loki ၊ O.B ၊ Mobius နဲ့ B-15 တို့ Temporal Loom ထဲကို ဝင်သွားတဲ့ အချိန်မှာတော့ ကင်မရာဟာ အဲဒီအခန်းတံခါးရဲ့ အလယ်တည့်တည့်ကို Zoom ဆွဲပြီး ပြသသွားပါတယ်။ အဲဒီအခန်းမှာတော့ တံခါးရဲ့ပုံစံဟာ X-Men ရုပ်ရှင်တွေထဲက Cerebro ရှိတဲ့ အခန်းတံခါးနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် MCU ဟာ X-Men တွေကို မကြာခင်မှာ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

Temporal Loom

photo credit Disney+

Norse ဒဏ္ဍာရီထဲမှာတော့ Yggdrasil ဆိုတဲ့ World Tree ရှိပါတယ်။ အဲဒီသစ်ပင်ကြီးဟာ လောကကိုးခုကို အတူပူးတွဲထားပြီး အခြားလောကတွေကိုလည်း ဒီ World Tree ကနေ သွားနိုင်ပါတယ်။ Temporal Loom ဟာလည်း အချိန်စီးဆင်းမှုကို ထိန်းချုပ်ပြီး Physical Timeline အဖြစ် တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ခုဟာ အနည်းငယ် ဆင်တူနေပြီး Loki Season 2 ကတော့ Norse ဒဏ္ဍာရီထဲက အရာပေါင်းများစွာကို Reference အနေနဲ့ ထည့်သွင်းထားပါတယ်။

Loki ရဲ့ Classic Character Trait

photo credit Disney+

ခေါင်းမော့ပြီး ဆံပင်ခါလိုက်တဲ့ အမူအရာဟာ Loki ရဲ့ Classic Character Trait တစ်ခု ဖြစ်ပါတယ်။ ဒီအမူအရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း အွန်လိုင်းပေါ်မှာ Meme တွေ ပြုလုပ်ကြတဲ့အထိ ရေပန်းစားခဲ့ပါတယ်။ ဒီအပိုင်းထဲမှာလည်း Loki ဟာ Time Slip ဖြစ်သွားတဲ့အချိန်တိုင်းမှာ ဒီ Classic Character Trait ကို ပြုလုပ်နေပါသေးတယ်။

Broxton

photo credit Disney+

ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ Sylvie ဟာ အချိန်ရဲ့အဆုံးသတ်က ရဲတိုက်ထဲကနေ Oklahoma ပြည်နယ်၊ Broxton မြို့ကို ထွက်လာခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Ragnarok ဖြစ်ရပ်အပြီးမှာ Thor ဟာ Broxton မြို့မှာ Asgard ကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ MCU ထဲမှာတော့ Thor ဟာ New Asgard ကို Norway မှာ တည်ထောင်ခဲ့ပါတယ်။ ဒီ Credit Scene ကတော့ ကောမစ်ထဲက အဲဒီအချက်ကို Easter Egg ပြုလုပ်ထားတာပါ။

ဒါကတော့ Loki season 2 အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တချို့ ဖြစ်ပါတယ်။ နှစ်သက်ရင် Like & Share လုပ်ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Loki Season 2 အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ appeared first on San Yit Wine.

]]>
Gen V ဇာတ်လမ်းတွဲ အပိုင်း(1/2/3)ထဲက Easter Egg များ https://sanyitwine.com/gen-v-ep-123-easter-eggs/?utm_source=rss&utm_medium=rss&utm_campaign=gen-v-ep-123-easter-eggs Thu, 05 Oct 2023 09:06:00 +0000 https://sanyitwine.com/?p=39108 *** Spoiler Alert *** The Boys ရဲ့ Spin-Off ဇာတ်လမ်းတွဲဖြစ်တဲ့ Gen V ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ထွက်ရှိလာခဲ့ပါပြီ။ Amazon Prime ဟာ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးသုံးပိုင်းကို တစ်ခါတည်း ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အရာရာပြည့်စုံနေတယ်လို့ ထင်ရတဲ့ Godolkin University မှာ ဘာတွေဖုံးကွယ်ထားလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒါကြောင့်ပဲ Gen V ရဲ့ ပထမဆုံး အပိုင်းသုံးပိုင်းထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။ The Seven ထဲကို ဝင်ခွင့်ရခဲ့တဲ့ A-Train အပိုင်း(၁)ရဲ့အစမှာတော့ Gen V ရဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Marie Moreau ရဲ့ နောက်ကြောင်းကို […]

The post Gen V ဇာတ်လမ်းတွဲ အပိုင်း(1/2/3)ထဲက Easter Egg များ appeared first on San Yit Wine.

]]>
*** Spoiler Alert ***

The Boys ရဲ့ Spin-Off ဇာတ်လမ်းတွဲဖြစ်တဲ့ Gen V ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ထွက်ရှိလာခဲ့ပါပြီ။ Amazon Prime ဟာ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးသုံးပိုင်းကို တစ်ခါတည်း ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အရာရာပြည့်စုံနေတယ်လို့ ထင်ရတဲ့ Godolkin University မှာ ဘာတွေဖုံးကွယ်ထားလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒါကြောင့်ပဲ Gen V ရဲ့ ပထမဆုံး အပိုင်းသုံးပိုင်းထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

The Seven ထဲကို ဝင်ခွင့်ရခဲ့တဲ့ A-Train

photo credit Amazon Prime

အပိုင်း(၁)ရဲ့အစမှာတော့ Gen V ရဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Marie Moreau ရဲ့ နောက်ကြောင်းကို ပြသသွားပါတယ်။ အဲဒီအစနေရာမှာပဲ Marie ရဲ့ မိဘတွေဟာ တီဗွီကြည့်နေကြပြီး တီဗွီမှာတော့ A-Train က The Seven အဖွဲ့ကို ဝင်ခွင့်ရတဲ့အကြောင်း လာနေပါတယ်။ A-Train ကတော့ The Seven အဖွဲ့ရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်တစ်ယောက် ဖြစ်ပြီး The Boys Universe ထဲက သာမန်လူတွေအတွက်တော့ ဒါဟာ သမိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

တိုင်ပတ်နေတဲ့ Homelander

photo credit Amazon Prime

The Boys Season 3 အဆုံးသတ်မှာတော့ Homelander က ဆန္ဒပြသူတွေကို သတ်ပစ်လိုက်တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ Gen V ကတော့ The Boys Season 3 နဲ့ 4 ကြားထဲမှာ ဇာတ်အိမ်တည်ထားပြီး Homelander အကြောင်းကိုလည်း ပြသသွားပါတယ်။ Homelander ရဲ့ လုပ်ရပ်ဟာ လူတွေကြားမှာ ဟိုးလေးတကျော် ဖြစ်နေပြီး သူတကယ်ပဲ တရားစီရင်ခံရတော့မှာလားလို့ တီဗွီမှာ ပြသွားပါတယ်။

Supe Streaming Service

photo credit Amazon Prime

Justine နဲ့ Emma တို့ဟာ သူတို့ရဲ့ Acting Class အတွက် ဘယ်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းကို ပြန်ပြီးဖန်တီးရမလည်းလို့ ရှာဖွေနေတဲ့အချိန်မှာတော့ Supe Streaming Service ကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ The Boys ထဲက စိတ်ကူးယဉ်ဇာတ်ကောင် Termite နဲ့ တကယ့်အပြင်က ဒါရိုက်တာ Bryan Singer တို့ဟာ ပါတီတွေအတူတူပေးလေ့ ရှိတယ်လို့ ပြောသွားပါသေးတယ်။

ဒါရိုက်တာ Bryan Singer ကတော့ X-Men ရုပ်ရှင်တွေ၊ Superman ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကြောင့် ဟောလိဝုဒ်ကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။

Godolking University Welcome Video

photo credit Amazon Prime

Marie တစ်ယောက် Godolking University ကို ဝင်ခွင့်ရတဲ့အချိန်မှာတော့ ဒီတက္ကသိုလ်ရဲ့ Welcome Video ကို ပြသသွားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ The Boys ထဲက ဇာတ်ကောင်အများစုဟာ God U ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ခဲ့ပြီး ထိပ်တန်း Supe တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ရဲ့ အပြင်ဘက်မှာလည်း Homelander အပါအဝင် အခြား The Seven အဖွဲ့ဝင်တွေရဲ့ ရုပ်တုတွေ ရှိနေပါသေးတယ်။

The Seven အဖွဲ့ဝင်တွေ မဟုတ်တော့တဲ့ Starlight နဲ့ Queen Maeve

photo credit Amazon Prime

အပိုင်း(၁)ထဲမှာတော့ Professor Brink ဟာ Luke Riordan တစ်ဖြစ်လည်း Golden Boy ကို The Seven အဖွဲ့ထဲ ဝင်ရတော့မယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာသစ်တွေနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံဒီဇိုင်းကိုလည်း ပြသခဲ့ပြီး Luke အနေနဲ့ စွမ်းအားသုံးတဲ့ အချိန်တိုင်းမှာ အဝတ်အစားတွေ မီးလောင်သွားစရာ မလိုတော့တဲ့အကြောင်းလည်း ပြောသွားပါတယ်။

ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ Professor Brink ဟာ Queen Maeve ရဲ့ဌာနကို ယူမလား၊ Starlight ရဲ့ဌာနကို ယူမလားလို့ Luke ကို မေးခဲ့တာပါပဲ။ ဒါကြောင့်ပဲ The Boys Season 3 ထဲက အဖြစ်အပျက်တွေ အပြီးမှာတော့ Queen Maeve နဲ့ Starlight တို့ဟာ The Seven အဖွဲ့ဝင်တွေ မဟုတ်တော့တဲ့အကြောင်း ရည်ညွှန်းသွားတယ်လို့ နားလည်ရမှာ ဖြစ်ပါတယ်။

MM ရဲ့ အချစ်တော် Love Sausage

photo credit Amazon Prime

Gen V ဇာတ်လမ်းတွဲဟာ အပိုင်းသုံးပိုင်းပဲ ထွက်သေးပေမယ့်လည်း The Boys ထဲက Cameo များစွာကို မြင်တွေ့ခဲ့ရပါတယ်။ Luke က သူ့ရဲ့ညီ Sam ကို စိတ်ရောဂါကုဆေးရုံမှာ သွားတွေ့တဲ့ အချိန်မှာတော့ အခန်းတံခါးပေါက်တစ်ခုမှာ Love Sausage ရဲ့ အထင်ကရဖြစ်တဲ့ လိင်တံကြီးကို မြင်တွေ့ခဲ့ရပါသေးတယ်။

အခြားသော Cameo များ

photo credit Amazon Prime

Ashley ကတော့ The Boys ဇာတ်လမ်းတွဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Homelander ကလွဲရင် ကျန်တဲ့ Supe တွေအများစုအပေါ် ဩဇာရှိသူလည်း ဖြစ်ပါတယ်။ Luke ရဲ့ သေဆုံးမှုအပြီးမှာတော့ Ashley ဟာ Dean Shetty ကို လှမ်းကောနေတဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

Dawn of the Seven ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်တဲ့ Adam Bourke ကလည်း God U ရဲ့ Acting Class Teacher အဖြစ် Cameo ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Supernatural ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် Alexander Calvert ကလည်း Cameo ပါဝင်ခဲ့ပါသေးတယ်။ အသစ်ထွက်လာမယ့် အပိုင်းတွေမှာတော့ Soldier Boy အနေနဲ့ Jensen Ackles က ပါဝင်လာဦးမယ်လို့လည်း ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Gen V ဇာတ်လမ်းတွဲ အပိုင်း(1/2/3)ထဲက Easter Egg များ appeared first on San Yit Wine.

]]>
The Nun 2 ရုပ်ရှင်ထဲက Easter Egg များနဲ့ Reference များ https://sanyitwine.com/the-nun-2-easter-egg-reference/?utm_source=rss&utm_medium=rss&utm_campaign=the-nun-2-easter-egg-reference Tue, 03 Oct 2023 13:12:43 +0000 https://sanyitwine.com/?p=39094 The Nun 2 ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Classic Horror ရုပ်ရှင်တွေကို Reference ပြုလုပ်ထားတာတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် The Nun 2 ဟာ Conjuring Universe ထဲမှာ ရှိတာကြောင့် Conjuring ရုပ်ရှင်တွေကိုလည်း Reference ပြုလုပ်ထားပါသေးတယ်။ The Exorcist ဇာတ်လမ်းအစမှာတော့ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်က ခရီးဆောင်အိတ် ကိုင်ထားတာကို ပြသသွားပါတယ်။ ဒါကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Classic Horror ရုပ်ရှင် The Exorcist ရဲ့ ဇာတ်လမ်းအစ ပုံစံအတိုင်း ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ The Exorcist ရုပ်ရှင်ကို ဂုဏ်ပြုသောအားဖြင့် […]

The post The Nun 2 ရုပ်ရှင်ထဲက Easter Egg များနဲ့ Reference များ appeared first on San Yit Wine.

]]>
The Nun 2 ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Classic Horror ရုပ်ရှင်တွေကို Reference ပြုလုပ်ထားတာတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် The Nun 2 ဟာ Conjuring Universe ထဲမှာ ရှိတာကြောင့် Conjuring ရုပ်ရှင်တွေကိုလည်း Reference ပြုလုပ်ထားပါသေးတယ်။

The Exorcist

photo credit Warner Bros. Studios

ဇာတ်လမ်းအစမှာတော့ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်က ခရီးဆောင်အိတ် ကိုင်ထားတာကို ပြသသွားပါတယ်။ ဒါကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Classic Horror ရုပ်ရှင် The Exorcist ရဲ့ ဇာတ်လမ်းအစ ပုံစံအတိုင်း ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ The Exorcist ရုပ်ရှင်ကို ဂုဏ်ပြုသောအားဖြင့် ရိုက်ကူးထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

The Blair Witch Project

photo credit Warner Bros. Studios

Frenchie ကို မကောင်းဆိုးဝါး ဝင်ပူးနေကြောင်း ပြသွားတဲ့ ဇာတ်ဝင်ခန်းဟာလည်း The Blair Witch Project ထဲက ဇာတ်ဝင်ခန်းကို တိုက်ရိုက် Inspired ယူပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်က Frenchie နားကို ရောက်တဲ့အချိန်မှာတော့ Frenchie ဟာ နံရံကို မျက်နှာမူထားပြီး ထူးဆန်းတဲ့အသံတွေ ထွက်နေပါတယ်။ ဒါဟာ The Blair Witch Project ထဲမှာ Mike က နံရံကို မျက်နှာမူပြီး အလားတူအခြေအနေ ဖြစ်နေတာကို ပြသတဲ့ ဇာတ်ဝင်ခန်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

Conjuring 2 ထဲက ဇာတ်ဝင်ခန်း

photo credit Warner Bros. Studios

Frenchie ရောက်နေတဲ့ ဘော်ဒါဆောင်က Sophie ဆိုတဲ့ ကောင်မလေးကတော့ Valak နဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Sophie ဟာ သူ့အမေရဲ့ခေါ်သံကို ကြားလိုက်တာကြောင့် လိုက်ရှာတဲ့အချိန်မှာ သူ့အမေဟာ လူမရှိတဲ့ အပေါ်ထပ်ကို တက်သွားတာ တွေ့လိုက်ပါတယ်။

ဒါကြောင့်ပဲ Sophie ကလည်း အပေါ်ထပ်ကို လိုက်သွားပြီး တံခါးဖွင့်လိုက်ချိန်မှာတော့ လျှောက်လမ်းရဲ့ တစ်ဘက်ခြမ်းမှာ ရှိနေတဲ့ Valak ကို မြင်လိုက်ရပါတယ်။ တကယ်တော့ ဒီဇာတ်ဝင်ခန်းဟာ Conjuring 2 ထဲက Judy နဲ့ Lorraine တို့နှစ်ယောက် Valak နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ ဇာတ်ဝင်ခန်းကိုပဲ ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။ The Nun 2 ကတော့ Conjuring 2 ထဲက အဖြစ်အပျက်တွေ မတိုင်ခင် ဆယ်နှစ်ကျော်လောက်မှာ ဇာတ်အိမ်တည်ထားတာကြောင့် Valak ဟာ အနာဂတ်မှာ ပြန်လာဦးမယ်ဆိုတာ ကြိုပြထားတယ်လို့လည်း ယူဆနိုင်ပါတယ်။

အတိတ်နဲ့ အနာဂတ်

photo credit Warner Bros. Studios

အတိတ်နဲ့ အနာဂတ်ရဲ့ နောက်ထပ် ဆက်စပ်မှုတစ်ခုကတော့ Sister Irene ဟာ Lorraine Warren ကို သူ့ရဲ့အာရုံထဲမှာ မြင်လိုက်ရတာပါပဲ။ Sister Irene ရဲ့ အာရုံထဲမှာတော့ သူမရဲ့အမေ၊ St. Lucy နဲ့ Lorraine တို့ သုံးယောက်ကို မြင်လိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Conjuring Universe ထဲက Sister Irene နဲ့ Lorraine တို့နှစ်ယောက်ဟာ တိုက်ရိုက်ပတ်သက်မှု တစ်စုံတစ်ခု ရှိနေနိုင်ပါတယ်။

ဒီဇာတ်ကောင်နှစ်ယောက်နေရာမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် Taissa နဲ့ Vera Farmiga တို့ဟာလည်း အပြင်ဘဝမှာ တကယ့် ညီအစ်မအရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒီဇာတ်ကောင်နှစ်ယောက်ဟာ သေချာပေါက်ကို အမျိူးတော်စပ်ရမယ်လို့ ယူဆနေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post The Nun 2 ရုပ်ရှင်ထဲက Easter Egg များနဲ့ Reference များ appeared first on San Yit Wine.

]]>
One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့မိတ်ဆက် https://sanyitwine.com/netflix-one-piece-live-action-cast-guide/?utm_source=rss&utm_medium=rss&utm_campaign=netflix-one-piece-live-action-cast-guide Thu, 07 Sep 2023 09:26:10 +0000 https://sanyitwine.com/?p=39066 Netflix က ဖန်တီးထားတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲ One Piece ရဲ့ Live Action ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ Season 1 ထဲမှာတော့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။ Inaki Godoy (Monkey D. Luffy) ကောက်ရိုးဦးထုပ်လူဖီအဖြစ် ပါဝင်ထားတဲ့ Inaki Godoy ကတော့ ၂၀၀၃ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မက္ကစီကိုနိုင်ငံသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Inaki ဟာ ယခုမှအသက်(၂၀)သာ ရှိပါသေးတယ်။ သူကတော့ […]

The post One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့မိတ်ဆက် appeared first on San Yit Wine.

]]>
Netflix က ဖန်တီးထားတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲ One Piece ရဲ့ Live Action ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ Season 1 ထဲမှာတော့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Inaki Godoy (Monkey D. Luffy)

ကောက်ရိုးဦးထုပ်လူဖီအဖြစ် ပါဝင်ထားတဲ့ Inaki Godoy ကတော့ ၂၀၀၃ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မက္ကစီကိုနိုင်ငံသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Inaki ဟာ ယခုမှအသက်(၂၀)သာ ရှိပါသေးတယ်။ သူကတော့ One Piece Live Action မှာ မပါဝင်ခင် Netflix ရဲ့ Who Kill Sara? ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း Supporting Role အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ Inaki ဟာ ဘယ်သူနဲ့မှ Date နေပုံမရဘဲ Single လို့ပဲ ယူဆရပါတယ်။

Mackenyu Arata (Roronoa Zoro)

ဒီဇာတ်လမ်းတွဲထဲက Badass အဖြစ်ဆုံး ဇာတ်ကောင်တစ်ယောက်လို့ ပြောလို့ရတဲ့ Zoro နေရာမှာတော့ အမေရိကန်နိုင်ငံသား ဂျပန်သရုပ်ဆောင် Mackenyu Arata က သရုပ်ဆောင်ထားပါတယ်။ Mackenyu ကိုတော့ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၂၇)နှစ် ပြည့်တော့မှာပါ။  Mackenyu ကတော့ One Piece မှာ မပါဝင်ခင် နာမည်ကြီး Anime တွေရဲ့ Live Action တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

Rurouni Kenshin ရုပ်ရှင်သုံးကား၊ Fullmetal Alchemist ၊ JoJo’s Bizarre Adventure ၊ Tokyo Ghoul တို့ရဲ့ Live Action ထဲမှာ ပါဝင်ခဲ့သလို Pacific Rim Uprising ထဲမှာလည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် Mackenyu ကတော့ ယခုနှစ်အတွင်းမှာပဲ ဆယ်လီမဟုတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားပါပြီ။

Emily Rudd (Nami)

Cat Burglar လို့ တင်စားခေါ်ကြတဲ့ Nami နေရာမှာတော့ အမေရိကန်သရုပ်ဆောင် Emily Rudd က သရုပ်ဆောင်ထားပါတယ်။ Emily Rudd ကိုတော့ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၀) ရှိနေပါပြီ။ Emily ကတော့ One Piece မတိုင်ခင်မှာ Netflix ရဲ့ Horror Franchise တစ်ခုဖြစ်တဲ့ Fear Street သုံးကားလုံးမှာ ပါဝင်ခဲ့ပါတယ်။ Emily ကတော့ One Piece ထဲမှာ သူမရဲ့သရုပ်ဆောင်ဖက် Jacob Romero Gibson နဲ့ တွဲနေတယ်လို့ သတင်းထွက်နေပါတယ်။ သို့သော်လည်း ဘယ်သူကမှ အတည်ပြုခြင်းတော့ မရှိသေးပါဘူး။

Jacob Romero Gibson (Usopp)

God Usopp လို့ ပရိသတ်တွေ ခေါ်ဝေါ်ကြတဲ့ Usopp နေရာမှာတော့ Jacob Romero Gibson က သရုပ်ဆောင်ထားပါတယ်။ Jacob ကိုတော့ ဂျမေကာနိုင်ငံမှာ ၁၉၉၆ ခုနှစ် ဇူလိုင်လ(၁၁)ရက်မှာ မွေးဖွားခဲ့ပြီး ယခုအချိန်မှာတော့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပါတယ်။ အသက်ကတော့ (၂၇)နှစ် ရှိနေပါပြီ။ Jacob ကတော့ One Piece မတိုင်ခင်မှာ Greenleaf ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ Supporting Role အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Taz Skylar (Sanji)

Black Leg Sanji သို့မဟုတ် Vinsmoke Sanji နေရာမှာတော့ Taz Skylar က သရုပ်ဆောင်ထားပါတယ်။ Taz ကို‌တော့ စပိန်နိုင်ငံမှာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၂၇)နှစ် ရှိနေပါပြီ။ အဖေကတော့ စပိန်လူမျိူးဖြစ်ပြီး အမေကတော့ ဗြိတိန်သူဖြစ်တာကြောင့် စပိန်နဲ့ဗြိတိန် နှစ်နိုင်ငံသား ခံယူထားပါတယ်။ Taz ကတော့ အချို့အင်္ဂလိပ်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပြီး One Piece ကတော့ သူ့အတွက် နာမည်အကြီးဆုံး ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ Taz ဟာလည်း လောလောဆယ်မှာတော့ Single ဖြစ်နေပါတယ်။

Morgan Davies (Koby)

Koby နေရာမှာ သရုပ်ဆောင်ထားတဲ့ Morgan Davies ကိုတော့ ၂၀၀၁ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၂၁)နှစ် ရှိနေပါပြီ။ Morgan ကတော့ ဩစတေးလျ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ Evil Dead Rise ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ သူ့ရဲ့နာမည်အရင်းကတော့ Morgana ဖြစ်ပြီး မိန်းကလေးအဖြစ် မွေးဖွားလာခဲ့တာပါ။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ သူ့ရဲ့နာမည်ကို Morgan လို့ ပြောင်းလဲလိုက်ပြီး Transgender လို့လည်း ကြေညာလိုက်ပါတယ်။ Morgan ကတော့ သူ့ရဲ့ Personal ဘဝအကြောင်းကို သိုသိုသိပ်သိပ် နေတတ်တာကြောင့် သူ့ရဲ့ Love Life ကိုတော့ မသိရပါဘူး။

Peter Gadiot (Shank)

Red Hair Shank နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် Peter Gadiot က သရုပ်ဆောင်ထားပါတယ်။ Peter ကိုတော့ ၁၉၈၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၈)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ Peter ကတော့ နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Yellowjackets နဲ့ CW ရဲ့ Supergirl တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ Peter ကတော့ ယခုအချိန်ထိ တွဲနေသူလည်း မရှိသလို မိန်းမလည်း မရှိပါဘူး။

Vincent Regan (Monkey D. Garp)

Marine တွေရဲ့ ဟီးရိုး Garp အနေနဲ့တော့ ဗြိတိန်သရုပ်ဆောင်ကြီး Vincent Regan က သရုပ်ဆောင်ထားပါတယ်။ Vincent ကိုတော့ ၁၉၆၅ ခုနှစ် မေလ(၁၆)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၈)နှစ် ရှိနေပါပြီ။ Vincent ကတော့ ဝါရင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Troy ၊ 300 ၊ Clash of the Titans တို့အပြင် အခြားရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Aquaman and the Lost Kingdom ထဲမှာလည်း ပါဝင်လာမှာပါ။ Vincent ကတော့ ဗြိတိန်သရုပ်ဆောင် ဖြစ်တဲ့ Amelia Curtis နဲ့ ၂၀၀၁ ခုနှစ်ကတည်းက လက်ထပ်ထားပြီး ကလေးနှစ်ယောက်လည်း ရှိပါတယ်။

Langley Kirkwood (Captain Morgan)

ကောက်ရိုးဦးထုပ်တို့ ရင်ဆိုင်ရတဲ့ ပထမဆုံးရန်သူဖြစ်တဲ့ Captain Morgan နေရာမှာတော့ တောင်အာဖရိက သရုပ်ဆောင် Langley Kirkwood က သရုပ်ဆောင်ထားပါတယ်။ Langley ကိုတော့ ၁၉၇၃ ခုနှစ် ဧပြီလ(၁၄)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၀) ရှိနေပါပြီ။ Langley ကတော့ Black Sails ဇာတ်လမ်းတွဲအပြင် အခြားအက်ရှင်ကားတွေများစွာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူကတော့ ၂၀၁၂ ခုနှစ်မှာ မော်ဒယ် Josie Borain နဲ့ ကွာရှင်းခဲ့ပြီး ကလေးနှစ်ယောက် ရှိပါတယ်။

Aidan Scott (Helmeppo)

Zoro ကို မြင်တာနဲ့ ကြောက်ဒူးတုန်နေတဲ့ Helmeppo နေရာမှာတော့ တောင်အာဖရိကသရုပ်ဆောင် Aidan Scott က သရုပ်ဆောင်ထားပါတယ်။ Aidan ကတော့ အသက်(၂၇)နှစ် ရှိနေပြီ ဖြစ်ပြီး တက်သစ်စသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ Netflix ရဲ့ Kissing Booth 2 ထဲမှာ Supporting အနေနဲ့ ပါဝင်ခဲ့ပြီး လောလောဆယ်မှာတော့ Single ဖြစ်နေတယ်လို့ သိရပါတယ်။

Jeff Ward (Buggy)

Yonko ကြီး Buggy အနေနဲ့တော့ အမေရိကန်သရုပ်ဆောင် Jeff Ward က သရုပ်ဆောင်ထားပါတယ်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၇)နှစ် ပြည့်တော့မှာပါ။ Jeff Ward ဟာလည်း အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Agent of Shield ၊ Blade II နဲ့ အခြားရုပ်ရှင်တွေမှာ ပါဝင်ထားပါတယ်။ Jeff ကတော့ လူသိရှင်ကြား ဘယ်သူနဲ့မှ တွဲမနေပေမယ့် တိတ်တိတ်လေး တွဲနေတဲ့သူတော့ ရှိချင်ရှိနိုင်ပါတယ်။

Steven John Ward (Dracule Mihawk)

Shank ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Mihawk အနေနဲ့တော့ တောင်အာဖရိကသရုပ်ဆောင် Steven John Ward က ပါဝင်ထားပါတယ်။ သူ့ကိုတော့ ၁၉၉၀ ခုနှစ် ဇွန်လ(၂)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၃၃)နှစ် ရှိနေပါပြီ။ ဒီဇာတ်လမ်းတွဲထဲက Mihawk ဇာတ်ကောင်ကတော့ သူ့အတွက် နာမည်အကြီးဆုံး ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ Steven ဟာ သရုပ်ဆောင် Valerie Joy Robinson နဲ့ ၂၀၁၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက် ရနေပြီ ဖြစ်ပါတယ်။

Craig Fairbrass (Chef Zeff)

Sanji ရဲ့လက်ဦးဆရာဖြစ်တဲ့ Chef Zeff နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် Craig Fairbrass က သရုပ်ဆောင်ထားပါတယ်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၉)နှစ် ရှိနေပါပြီ။ Craig ဟာလည်း ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အက်ရှင်ကားပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူကတော့ ဂျာမနီလူမျိူး မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့ Elke Kellick နဲ့ လက်ထပ်ထားပြီး ကလေးနှစ်ယောက်လည်း ရှိပါတယ်။

McKinley Belcher III (Arlong)

Season 1 ရဲ့ ဗီလိန်ကြီးဖြစ်တဲ့ Arlong နေရာမှာတော့ အမေရိကန်သရုပ်ဆောင် McKinley Belcher III က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ၁၉၈၄ ခုနှစ် မတ်လ(၂၃)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၉)နှစ် ရှိနေပါပြီ။ McKinley ကတော့ Ozark ဇာတ်လမ်းတွဲနဲ့ We Own This City ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ပါတယ်။ McKinley ကလည်း LGBT တစ်ယောက် ဖြစ်ပြီး Blake Fox နဲ့ ယခုနှစ်အတွင်းမှာပဲ လက်ထပ်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့မိတ်ဆက် appeared first on San Yit Wine.

]]>
Witcher နဲ့ Superman ကနေ နှုတ်ထွက်အပြီးမှာ အသစ်ထွက်လာမယ့် Henry Cavill ရဲ့ရုပ်ရှင်များ https://sanyitwine.com/henry-cavill-new-franchise/?utm_source=rss&utm_medium=rss&utm_campaign=henry-cavill-new-franchise Mon, 04 Sep 2023 13:15:49 +0000 https://sanyitwine.com/?p=39054 Henry Cavill ကတော့ Franchise ကြီးနှစ်ခုဖြစ်တဲ့ Witcher နဲ့ Superman ကနေ ထွက်ခွာသွားခဲ့ပါပြီ။ Netflix ရဲ့ The Witcher ဇာတ်လမ်းတွဲမှာတော့ ဖန်တီးမှုအပိုင်းမှာ အမြင်မတူတာတွေကြောင့် ထွက်သွားတယ်လို့ဆိုပြီး Superman အနေနဲ့တော့ ခဏတာ ပြန်လည်ပါဝင်ပြီးနောက်မှာ အသစ်တည်ဆောက်သွားမယ့် DCU ကြောင့် ထပ်မံထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Henry Cavill ပရိသတ်တွေအတွက် သူ့ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားသစ်တွေကို ဖော်ပြပေးချင်ပါတယ်။ Highlander ၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူလ Highlander ရုပ်ရှင်ကတော့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှေးဟောင်း Immortal မျိူးနွယ်ဖြစ်တဲ့ Celtic စစ်သည်တော်နှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ […]

The post Witcher နဲ့ Superman ကနေ နှုတ်ထွက်အပြီးမှာ အသစ်ထွက်လာမယ့် Henry Cavill ရဲ့ရုပ်ရှင်များ appeared first on San Yit Wine.

]]>
Henry Cavill ကတော့ Franchise ကြီးနှစ်ခုဖြစ်တဲ့ Witcher နဲ့ Superman ကနေ ထွက်ခွာသွားခဲ့ပါပြီ။ Netflix ရဲ့ The Witcher ဇာတ်လမ်းတွဲမှာတော့ ဖန်တီးမှုအပိုင်းမှာ အမြင်မတူတာတွေကြောင့် ထွက်သွားတယ်လို့ဆိုပြီး Superman အနေနဲ့တော့ ခဏတာ ပြန်လည်ပါဝင်ပြီးနောက်မှာ အသစ်တည်ဆောက်သွားမယ့် DCU ကြောင့် ထပ်မံထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Henry Cavill ပရိသတ်တွေအတွက် သူ့ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

Highlander

photo credit Warner Bros. Studios

၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူလ Highlander ရုပ်ရှင်ကတော့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှေးဟောင်း Immortal မျိူးနွယ်ဖြစ်တဲ့ Celtic စစ်သည်တော်နှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ Reboot လုပ်ဖို့ စီစဉ်နေတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီကားကို John Wick လေးကားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီ Reboot ထဲမှာတော့ Henry Cavill က ပါဝင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီဇာတ်လမ်းဟာလည်း ဘတ်ဂျက်များများနဲ့ သေချာရိုက်မယ် ဆိုရင်တော့ Hit ဖြစ်တဲ့ Franchise တစ်ခု ဖြစ်လာနိုင်ပါတယ်။

Argylle

photo credit Apple Studios

ဒီရုပ်ရှင်ကတော့ အက်ရှင်စပိုင်ရုပ်ရှင် အမျိူးအစားဖြစ်ပြီး Kick-Ass ၊ X-Men: First Class နဲ့ Kingsman ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Matthew Vaughn က ရိုက်ကူးသွားမှာပါ။ Henry Cavill ကတော့ အဓိကပါဝင်သွားမှာ ဖြစ်ပြီး Sam Rockwell ၊ Bryce Dallas Howard ၊ John Cena နဲ့ Bryan Cranston တို့လည်း ပါဝင်သွားမှာပါ။

ဇာတ်လမ်းကတော့ အတိတ်မေ့နေတဲ့ ကမ္ဘာအဆင့် စပိုင်တစ်ယောက်ဟာ သူ့ကိုယ်သူ Best Seller ဝတ္ထုဆရာတစ်ယောက်လို့ ထင်မှတ်နေအောင် လှည့်စားခံထားရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း သူ့ရဲ့မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါမှာတော့…။ ဒီရုပ်ရှင်ကိုတော့ AppleTV+ က ဖန်တီးသွားမှာဖြစ်ပြီး အနည်းဆုံး Trilogy အဖြစ် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Warhammer 40,000

photo credit Amazon Studios

Warhammer 40,000 ကတော့ Games Workshop က ဖန်တီးထားတဲ့ Miniature War ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး လူသားတွေဟာ ဂြိုဟ်သားတွေ၊ သဘာဝလွန်သတ္တဝါတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဂိမ်းထဲမှာတော့ နောက်ခံဇာတ်ကြောင်းတွေများစွာ ရှိပြီး Official Novel တွေလည်း ထွက်ရှိထားပါတယ်။ လောလောဆယ်မှာတော့ Amazon Studios ဟာ Henry Cavill နဲ့ Warhammer 40,000 ဇာတ်လမ်းတွဲကို ဖန်တီးနေပါတယ်။ Henry ဟာ ဒီဇာတ်လမ်းတွဲထဲမှာတော့ Executive Producer အနေနဲ့လည်း ပါဝင်ထားပါတယ်။

The Ministry of Ungentlemanly Warfare

photo credit Lionsgate Film

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Guy Ritchie က ရိုက်ကူးသွားမယ့် စပိုင်ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ရဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုအကြောင်းကို မြင်တွေ့ရမှာပါ။ Henry Cavill အဓိက ပါဝင်ထားပြီး Henry Golding နဲ့ Alan Ritchson တို့လည်း ပါဝင်ထားပါတယ်။

ဒါရိုက်တာ Guy Ritchie ကတော့ Sherlock Holmes နဲ့ The Gentlemen တို့လို သူ့ရဲ့ ပရောဂျက်တွေအများစုကို Franchise အဖြစ် ပြောင်းလဲလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ The Ministry of Ungentlemanly Warfare ကတော့ ဝင်ငွေအရ အောင်မြင်မှုနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့မယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း Franchise တစ်ခု ဖြစ်သွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post Witcher နဲ့ Superman ကနေ နှုတ်ထွက်အပြီးမှာ အသစ်ထွက်လာမယ့် Henry Cavill ရဲ့ရုပ်ရှင်များ appeared first on San Yit Wine.

]]>
2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ https://sanyitwine.com/2023-mtv-vmas-performers-lineup/?utm_source=rss&utm_medium=rss&utm_campaign=2023-mtv-vmas-performers-lineup Fri, 01 Sep 2023 11:26:13 +0000 https://sanyitwine.com/?p=39041 2023 MTV VMAs ဆုပေးပွဲကိုတော့ မကြာခင်ကာလမှာပဲ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ VMAs ရဲ့ ထုံးစံအတိုင်းပဲ ဒီနှစ်မှာလည်း အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေ ပါဝင်လာဦးမှာပါ။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ နယူးဂျာစီက Prudential Center မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဂီတလောကက နာမည်ကျော်တွေ တက်ရောက်ကြမယ့် ဒီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေခွင့် ရရှိထားတဲ့ artist တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် artist တွေရဲ့ ပထမအသုတ်ကိုတော့ ဩဂုတ်လ(၂၂)ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ထပ်တိုးစာရင်းတွေကိုတော့ ဩဂုတ်လ(၃၁)ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ VMAs မှာတော့ Taylor Swift က စံကာတင်(၈)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး SZA […]

The post 2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ appeared first on San Yit Wine.

]]>
2023 MTV VMAs ဆုပေးပွဲကိုတော့ မကြာခင်ကာလမှာပဲ ပြုလုပ်ကျင်းပတော့မှာ ဖြစ်ပါတယ်။ VMAs ရဲ့ ထုံးစံအတိုင်းပဲ ဒီနှစ်မှာလည်း အမှတ်တရဖြစ်စေမယ့် အခိုက်အတန့်တွေ ပါဝင်လာဦးမှာပါ။ ယခုနှစ်ရဲ့ VMAs ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ နယူးဂျာစီက Prudential Center မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဂီတလောကက နာမည်ကျော်တွေ တက်ရောက်ကြမယ့် ဒီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေခွင့် ရရှိထားတဲ့ artist တွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ပါဝင်ဖျော်ဖြေကြမယ့် artist တွေရဲ့ ပထမအသုတ်ကိုတော့ ဩဂုတ်လ(၂၂)ရက်နေ့က ကြေညာခဲ့တာဖြစ်ပြီး ထပ်တိုးစာရင်းတွေကိုတော့ ဩဂုတ်လ(၃၁)ရက်နေ့မှာ ကြေညာသွားတာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ VMAs မှာတော့ Taylor Swift က စံကာတင်(၈)ဆုနဲ့ ရှေ့ဆုံးက ဦးဆောင်နေပြီး SZA ၊ Doja Cat ၊ Kim Petras ၊ Miley Cyrus နဲ့ Nicki Minaj တို့ကလည်း အသီးသီး စံကာတင်ဝင်ထားကြပါသေးတယ်။ ယခုနှစ်ရဲ့ host နေရာမှာတော့ ဘယ်သူက တာဝန်ယူသွားမယ်ဆိုတာ မသိရသေးပါဘူး။

၂၀၂၃ ခုနှစ် VMAs ရဲ့ မှင်သက်စရာ performance တွေကို တင်ဆက်သွားကြမယ့် artist တွေကတော့ …

Lil’ Wayne

Photo: liltunechi/ Instagram

Lil’ Wayne ကတော့ ဆယ်စုနှစ်တစ်ခုကျော် ကြာပြီးနောက်မှ VMAs စတိတ်ပေါ် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဂရမ်မီငါးဆုရှင်ဖြစ်တဲ့ Lil’ Wayne ဟာ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူ့ရဲ့ဆင်ဂယ်လ်အသစ် Kat Food ကို ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Doja Cat

Photo: dojacat/ Instagram

Doja Cat ကတော့ ၂၀၂၁ ခုနှစ်မှာ VMAs host အဖြစ် တင်ဆက်ပြီးနောက် အခုနှစ်မှာမှ VMAs စင်မြင့်ပေါ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူမဟာလည်း ယခုနှစ် ဆုပေးပွဲမှာ Best Video of the Year နဲ့ Artist of the Year အပါအဝင် စံကာတင်(၅)ဆု စာရင်းဝင်ထားပါသေးတယ်။

Kelsea Ballerini

Photo: kelseaballerini/ Instagram

ယခုနှစ် VMAs ကတော့ Kelsea Ballerini ရဲ့ EP ဖြစ်တဲ့ Rolling Up The Welcome Mat (For Good)ထဲက သီချင်းတွေကို ပထမဆုံး world premiere လုပ်သွားမှာလည်း ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။

Anitta

Photo: anitta/ Instagram

Anitta ကတော့ သူမရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ Funk Generation: A Favela Love Story ထဲက နာမည်ကြီးသီချင်းတွေကို medley အနေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ Anitta ကတော့ မနှစ်က ၂၀၂၂ ခုနှစ်မှာ သူမရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို တင်ဆက်ခွင့် ရရှိခဲ့တာဖြစ်ပြီး ပထမဆုံး VMAs ဆုရရှိတဲ့ ဘရာဇီးလ် artist အဖြစ်လည်း သမိုင်းတွင်သွားပါသေးတယ်။

TOMORROW x TOGETHER

Photo: txt_bighit/ Instagram

TXT အဖွဲ့ကတော့ သူတို့ရဲ့ဆင်ဂယ်လ်သီချင်းအသစ်နဲ့ VMAs မှာ ပထမဆုံး ပွဲဦးထွက် ဖျော်ဖြေခွင့်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Best K-Pop ဆုကိုလည်း စံကာတင်ဝင်ထားကြပါသေးတယ်။

Demi Lovato

Photo: ddlovato/ Instagram

VMAs သမိုင်းမှာ စံကာတင်(၁၄)ကြိမ် ရရှိထားဖူးတဲ့ Demi Lovato ကတော့ ခြောက်နှစ်ကျော်ကြာပြီးမှ VMAs စင်မြင့်ပေါ်ကို ပြန်လည် တက်ရောက်လာမှာ ဖြစ်ပါတယ်။ ဒါဟာ သူမရဲ့အယ်လ်ဘမ်သစ် Revamped မထွက်လာခင် သုံးရက်အလိုမှာ VMAs စင်မြင့်ပေါ်မှာ Demi ကို အရင်ဆုံး တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။ သူမရဲ့ Revamped အယ်လ်ဘမ်ကတော့ သူမရဲ့နာမည်ကြီးသီချင်းတွေကို ရော့ခ်ဗားရှင်းနဲ့ ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။

Karol G

Photo: karolg/ Instagram

Karol G ကတော့ ယခုနှစ်မှာပဲ VMAs မှာ ပထမဆုံး ဖျော်ဖြေခွင့်ရမယ့် artist တွေထဲမှာ ပါဝင်ပါတယ်။ သူမဟာ စပိန်ဘာသာနဲ့ သီဆိုထားတဲ့ တေးအယ်လ်ဘမ်နဲ့ Billboard 200 chart မှာ နံပါတ်(၁)ချိတ်သွားတဲ့ ပထမဆုံးအမျိုးသမီးအဖြစ်လည်း သမိုင်းတွင်ထားပါသေးတယ်။

Måneskin

Photo: maneskinofficial/ Instagram

Måneskin ကတော့ ဒုတိယမြောက်နှစ်အဖြစ် VMAs မှာ ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။ ယနေ့ စက်တင်ဘာလ(၁)ရက်နေ့မှာ ထွက်ရှိထားတဲ့ သူတို့ရဲ့ဆင်ဂယ်လ်အသစ် HONEY (ARE YOU COMING?)ကို ပထမဆုံး world premiere အဖြစ် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

Stray Kids

Photo: realstraykids/ Instagram

Stray Kids ဟာလည်း သူတို့ရဲ့ပထမဆုံး VMAs ဖျော်ဖြေမှုကို ယခုနှစ်မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Stray Kids ဟာလည်း Best K-Pop category မှာ စံကာတင်ဝင်ထားပါသေးတယ်။

Vancouver

Source: hollywoodlife

 

The post 2023 MTV VMAs ဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေကြမယ့် Artist များ appeared first on San Yit Wine.

]]>
Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ https://sanyitwine.com/taylor-swift-eras-tour-concert-film/?utm_source=rss&utm_medium=rss&utm_campaign=taylor-swift-eras-tour-concert-film Fri, 01 Sep 2023 09:30:20 +0000 https://sanyitwine.com/?p=39034 Taylor Swift ရဲ့ Eras Tour ကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ Eras Tour တစ်ခုလုံးကို Concert Film အဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်လို့ပါပဲ။ ဒီအကြောင်းကိုတော့ မနေ့က ဩဂုတ်လ(၃၁)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။ “Eras Tour ဟာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ပြီးတော့ ဒီအတွေ့အကြုံတစ်ခုလုံးကို မကြာခင်မှာပဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရတော့မယ့်အကြောင်း ဝမ်းမြောက်စွာနဲ့ ပြောပါရစေ။ အောက်တိုဘာလ(၁၃)ရက်နေ့ကစပြီး ဒီ concert film ကို မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရတော့မှာပါ …”လို့ Taylor Swift က အသိပေးထားပါတယ်။ Eras Tour Concert ရုပ်ရှင်ရဲ့ […]

The post Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ appeared first on San Yit Wine.

]]>
Taylor Swift ရဲ့ Eras Tour ကို ကိုယ်တိုင်သွားမကြည့်နိုင်လို့ စိတ်ညစ်စရာ မလိုတော့ပါဘူး။ အကြောင်းကတော့ Eras Tour တစ်ခုလုံးကို Concert Film အဖြစ် မကြာခင်မှာ ထွက်ရှိလာတော့မှာ ဖြစ်လို့ပါပဲ။ ဒီအကြောင်းကိုတော့ မနေ့က ဩဂုတ်လ(၃၁)ရက်နေ့မှာပဲ ကြေညာလိုက်တာ ဖြစ်ပါတယ်။

“Eras Tour ဟာ ကျွန်မဘဝရဲ့ အဓိပ္ပာယ်အရှိဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး အတွေ့အကြုံတစ်ခုပါပဲ။ ပြီးတော့ ဒီအတွေ့အကြုံတစ်ခုလုံးကို မကြာခင်မှာပဲ ရုပ်ရှင်ပိတ်ကားပေါ်မှာ တွေ့မြင်ရတော့မယ့်အကြောင်း ဝမ်းမြောက်စွာနဲ့ ပြောပါရစေ။ အောက်တိုဘာလ(၁၃)ရက်နေ့ကစပြီး ဒီ concert film ကို မြောက်အမေရိကက ရုပ်ရှင်ရုံတွေမှာ ကြည့်လို့ရတော့မှာပါ …”လို့ Taylor Swift က အသိပေးထားပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ Release Date

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Sam Wrench က ရိုက်ကူးပေးထားပြီး လာမယ့် အောက်တိုဘာလ(၁၃)ရက်နေ့မှာပဲ မြောက်အမေရိကက ရုပ်ရှင်ရုံတွေနဲ့အတူ ကနေဒါနဲ့ မက္ကဆီကိုမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ နာမည်ကြီးတဲ့ Friday 13th လည်း ဖြစ်ပေမယ့် Taylor ကတော့ (၁၃)ဟာ သူမရဲ့ ကံကောင်းစေတဲ့ နံပါတ်လို့ ခံယူထားတာကြောင့် အဲဒီနေ့ရက်မှာ တမင်ရုံတင်တာ ဖြစ်နိုင်ပါတယ်။

ဒီရုပ်ရှင်ကို နိုင်ငံတကာမှာ ဘယ်အချိန် ထွက်လာမလည်းဆိုတာကိုတော့ မကြေညာသေးပါဘူး။ ဒါဟာလည်း တမင်မကြေညာသေးတာ ဖြစ်နိုင်ပါတယ်။ Taylor Swift ဟာ သူမရဲ့ရှိုးတွေကို ၂၀၂၃ တစ်နှစ်လုံး အမေရိကအပြင်ဘက်ကို မထွက်ရသေးပါဘူး။ ၂၀၂၄ ကျမှသာ နိုင်ငံတကာကို လှည့်လည် ဖျော်ဖြေမှာဖြစ်ပြီး ၂၀၂၄ မှာ သူမရဲ့ပထမဆုံး သွားရောက် ဖျော်ဖြေမယ့် နိုင်ငံကတော့ ဂျပန်နိုင်ငံပဲ ဖြစ်ပါတယ်။

Photo: taylorswift/ Instagram

Eras Tour Concert ရုပ်ရှင်ရဲ့ လက်မှတ်တွေကိုတော့ AMC Theatre တွေနဲ့ Regal ၊ Cinemark နဲ့ Fandango website တွေမှာ ဝယ်ယူနိုင်မယ်လို့ သိရပါတယ်။ AMC Theatre ရဲ့ ဖော်ပြချက်အရ ဒီရုပ်ရှင်ကိုတော့ တစ်ရက်ကို လေးပွဲ ပြသမှာ ဖြစ်ပြီး ကြာသပတေး၊ သောကြာ၊ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ ပြသမယ်လို့ သိရပါတယ်။

လက်မှတ်စျေးကတော့ အခွန်မပါ တစ်ဦးလျှင် (၁၉.၈၉)ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက်ကိုတော့ အခွန်မပါ (၁၃.၁၃)ဒေါ်လာ ကျသင့်မယ်လို့ သိရပါတယ်။

Photo: taylorswift/ Instagram

ဒီရုပ်ရှင်ကိုတော့ လော့စ်အိန်ဂျလိစ်က ရှိုးပွဲညတွေမှာတည်းက ရုပ်ရှင်ကင်မရာတွေ ထောင်ပြီး Live ရိုက်ကူးနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒီ concert film ထွက်လာမှာကို ကြိုတင် မှန်းဆနေကြပြီးသား ဖြစ်ပါတယ်။

Eras Tour Concert ရုပ်ရှင်ကတော့ သူမရဲ့ ပထမဆုံး concert film မဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်မှာ 1989 World Tour ကို Apple Music မှာ သီးသန့်ပြသခဲ့ပြီး Reputation concert film ကိုတော့ ၂၀၁၈ ခုနှစ်မှာ Netflix မှာ ပြသခဲ့ပါတယ်။ ဒါ့အပြင် Folklore: The Long Pond Studio Sessions ကိုလည်း ၂၀၂၀ ခုနှစ်မှာ Disney+ မှာ ပြသခဲ့ပါသေးတယ်။

Vancouver

Source: hollywoodlife

The post Taylor Swift ရဲ့ Eras Tour Concert ရုပ်ရှင်နဲ့ ပတ်သက်ပြီး သိထားသင့်သမျှ appeared first on San Yit Wine.

]]>
ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ထွေလာ (Breakdown) https://sanyitwine.com/zack-snyder-rebel-moon-breakdown/?utm_source=rss&utm_medium=rss&utm_campaign=zack-snyder-rebel-moon-breakdown Fri, 25 Aug 2023 08:42:29 +0000 https://sanyitwine.com/?p=38997 ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ရုပ်ရှင်ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Zack Snyder ရဲ့ပထမဆုံး အာကာသ Sci-Fi ရုပ်ရှင် ဖြစ်ပြီး ပရိသတ်တွေကတော့ ထွေလာကြည့်ပြီး Hype နေကြပါပြီ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီထွေလာထဲက စိတ်ဝင်စားစရာအချက်တွေကို Breakdown လုပ်ပေးချင်ပါတယ်။ ထွေလာအစက ချိုနဲ့လူက ဘယ်သူလဲ? ထွေလာရဲ့ ပထမဆုံးဇာတ်ဝင်ခန်းမှာတော့ အနက်ရောင်ချိုနဲ့ လူတစ်ယောက်ဟာ နေဝင်ချိန်ကို ရပ်ကြည့်နေတာ တွေ့ရပါတယ်။ ဒီလူက ဘယ်သူလည်း ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ Dark ဖြစ်တဲ့ ပုံစံကြောင့် ဗီလိန်အနေနဲ့ ပါဝင်လာဖို့တော့ များပါတယ်။ ဒါမှမဟုတ် သူဟာ Rebel တွေထဲက တစ်ယောက်လည်း […]

The post ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ထွေလာ (Breakdown) appeared first on San Yit Wine.

]]>
ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ရုပ်ရှင်ထွေလာကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Zack Snyder ရဲ့ပထမဆုံး အာကာသ Sci-Fi ရုပ်ရှင် ဖြစ်ပြီး ပရိသတ်တွေကတော့ ထွေလာကြည့်ပြီး Hype နေကြပါပြီ။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ဒီထွေလာထဲက စိတ်ဝင်စားစရာအချက်တွေကို Breakdown လုပ်ပေးချင်ပါတယ်။

ထွေလာအစက ချိုနဲ့လူက ဘယ်သူလဲ?

photo credit Netflix

ထွေလာရဲ့ ပထမဆုံးဇာတ်ဝင်ခန်းမှာတော့ အနက်ရောင်ချိုနဲ့ လူတစ်ယောက်ဟာ နေဝင်ချိန်ကို ရပ်ကြည့်နေတာ တွေ့ရပါတယ်။ ဒီလူက ဘယ်သူလည်း ဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ Dark ဖြစ်တဲ့ ပုံစံကြောင့် ဗီလိန်အနေနဲ့ ပါဝင်လာဖို့တော့ များပါတယ်။ ဒါမှမဟုတ် သူဟာ Rebel တွေထဲက တစ်ယောက်လည်း ဖြစ်နေနိုင်ပါတယ်။

Princess Issa

photo credit Netflix

ဒီထွေလာထဲမှာတော့ Anthony Hopkins က Narrator အနေနဲ့ ပါဝင်ထားပြီး “Princess Issa ရဲ့ ဇာတ်လမ်းကို သိလား” လို့ မေးသွားပါတယ်။ Princess Issa ကိုတော့ Redeemer လို့လည်း ခေါ်ပြီး သူမဟာ စစ်ပွဲတွေကို ရပ်တန့်ပေးမယ့် လူတစ်ယောက် ဖြစ်ပါတယ်။

Princess Issa ဇာတ်ကောင်ကတော့ ဒီရုပ်ရှင်ထဲမှာ မပါဝင်ပေမယ့်လည်း အဓိကဇာတ်ကောင်ဖြစ်တဲ့ Kora ကတော့ Princess Issa ရဲ့နေရာကို ယူသွားမယ်လို့ ယူဆရတဲ့ အရိပ်အမြွက်တွေ ပါဝင်နေပါတယ်။ အသိသာဆုံး Hint ကတော့ Anthony Hopkins က Princess Issa အကြောင်းကို ပြောနေတဲ့အချိန်မှာ Kora ကို သေချာရိုက်ပြသွားတာပဲ ဖြစ်ပါတယ်။

Anthony Hopkins ရဲ့ဇာတ်ကောင်

photo credit Netflix

Anthony Hopkins ကတော့ ဒီထွေလာရဲ့ Narrator အဖြစ် ပါဝင်ထားသလို ရုပ်ရှင်ထဲမှာလည်း Jimmy ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ Jimmy ကတော့ Mechanical Knight တွေထဲက အသက်ရှင်ကျန်ရစ်တဲ့ လူတစ်ယောက် ဖြစ်ပါတယ်။ ဘုရင်သေဆုံးသွားပြီး နောက်မှာတော့ Kora ဟာ Imperium စစ်တပ်ကို တိုက်ခိုက်ဖို့ Jimmy ကို စေခိုင်းခဲ့ပါတယ်။

ဒီထွေလာထဲက သူ့ရဲ့ဒိုင်ယာလော့ခ်တွေအရ Jimmy ကတော့ ဉာဏ်ပညာကြီးပြီး အတွေ့အကြုံများတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်မှာပါ။ ဒါ့အပြင် သူဟာ ဒီထွေလာရဲ့ Narrator အဖြစ်တောင် ပါဝင်ထားတာကြောင့် သူ့ရဲ့ဇာတ်ကောင်က အတော်လေး အရေးပါတဲ့နေရာက ပါဝင်လာမယ်လို့ ယူဆရပါတယ်။

General Titus

photo credit Netflix

သရုပ်ဆောင် Djimon Hounsou ကတော့ General Titus အနေနဲ့ ပါဝင်ထားပါတယ်။ General Titus ကတော့ Battlefield တစ်ခုထဲမှာ ဒူးထောက်နေတာကို တွေ့ရပြီး နောက်ထပ်ဇာတ်ဝင်ခန်းမှာတော့ သူ့ရဲ့စစ်သားတွေကို စိတ်ခွန်အားတက်စေမယ့် မိန့်ခွန်းပြောနေတာကို တွေ့ရပါတယ်။

General Titus ကတော့ Imperium စစ်တပ်နဲ့ တိုက်ပွဲမှာ အလွန်အရေးပါမယ့် ဇာတ်ကောင်ဖြစ်ပြီး Imperium စစ်တပ်ရဲ့ General လည်း ဖြစ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ထွေလာထဲမှာ မပြသွားတဲ့ အကြောင်းတစ်ခုကြောင့် Titus ဟာ Rebel ဖြစ်လာခဲ့တယ်လို့ ယူဆရပါတယ်။

ခေါင်းစွပ်စွပ်ခံထားရသူတွေဟာ ဘယ်သူတွေလဲ?

photo credit Netflix

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ အင်္ကျီမပါတဲ့ ယောကျာ်းတွေကို အနက်ရောင်ခေါင်းစွပ်တွေ စွပ်ပေးထားတာကို တွေ့ရပါတယ်။ အဲဒီခေါင်းစွပ်အပေါ်မှာတော့ မျက်လုံးပုံတွေ ဆွဲထားပြီး သူတို့ရဲ့လက်ကိုလည်း ကြိုးချည်ထားပါတယ်။ ဒါ့အပြင် သူတို့ဟာ Battlefield ထဲမှာ ရောက်နေတယ်လို့ ယူဆရပါတယ်။

နောက်ထပ် ဇာတ်ဝင်ခန်းတစ်ခုမှာလည်း တယောတီးနေတဲ့ လူနှစ်ယောက်က ခေါင်းစွပ်တွေ စွပ်ထားတာကို တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ ခေါင်းစွပ်ပေါ်မှာ ရွှေရောင်မျက်လုံးပုံကို ဆွဲထားပါတယ်။ ဒီမျက်လုံးတွေရဲ့ အဓိပ္ပာယ်ကိုတော့ သေချာမသိရပါဘူး။ ခေါင်းစွပ် စွပ်ထားတဲ့လူတွေဟာ ထူးခြားတဲ့ မျိူးနွယ်စုတစ်ခု ဖြစ်နိုင်သလို ရာဇဝတ်မှု ကျူးလွန်ခြင်းရဲ့ အမှတ်အသားတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

စစ်ပွဲ

photo credit Netflix

ဒီထွေလာထဲက ဇာတ်ဝင်ခန်းအများစုမှာတော့ စစ်ဖြစ်နေတဲ့ ပုံစံတွေကို ပြသသွားပါတယ်။ ပြည်သူတွေကို ဆွဲခေါ်နေတဲ့ စစ်သားတွေ၊ မြို့တွေပေါ်က ဖြတ်ပျံသွားတဲ့ အာကာသယာဉ်တွေ၊ ရွာတွေကို မီးရှို့ပစ်တာတွေနဲ့ လူတွေကို သတ်ဖြတ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ Imperium စစ်တပ်ဟာ ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိနေပြီး Rebel တွေကတော့ ပြည်သူတွေဘက်က ပြန်လည်တိုက်ခိုက်တာပဲ ဖြစ်ပါတယ်။

Kora/The Scargiver

photo credit Netflix

သရုပ်ဆောင် Sofia Boutella ကတော့ Kora သို့မဟုတ် The Scargiver အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမကတော့ အဓိကဇာတ်ကောင် ဖြစ်ပြီး Imperium စစ်တပ်က သူတို့ရွာဆီ လာနေတာကိုလည်း ရွာသားတွေကို သတိပေးနေတာ တွေ့ခဲ့ရပါတယ်။ အစကတော့ သူမဟာ သာမန်ရွာသူလေးတစ်ယောက် ပုံစံမျိူး ဖြစ်နေပေမယ့် နောက်ပိုင်းမှာတော့ Imperium စစ်တပ်ကို တော်လှန်နေတဲ့ စစ်သည်တော်တစ်ယောက်ဆိုတာကို ပြသသွားပါတယ်။

Kora ကို လိုက်ဖမ်းနေတဲ့ Admiral Atticus

photo credit Netflix

Imperium စစ်တပ်အတွက် အန္တရာယ်ရှိလာတာကြောင့် Kora ကိုတော့ Admiral Atticus ကိုယ်တိုင်က လိုက်ဖမ်းနေပါတယ်။ Admiral Atticus နေရာမှာတော့ သရုပ်ဆောင် Ed Skrein က သရုပ်ဆောင်ထားပါတယ်။ Admiral Atticus ကတော့ Imperium စစ်တပ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး Regent Balisarius ရဲ့ ညာလက်ရုံးလည်း ဖြစ်ပါတယ်။

Kora ရဲ့ Backstory

photo credit Netflix

ဒီထွေလာထဲမှာတော့ Kora ဟာ The Scargiver ဘယ်လိုဖြစ်လာတယ် ဆိုတာကိုလည်း အရိပ်အမြွက် ပြသသွားပါတယ်။ Flashbacks တွေထဲမှာတော့ Kora ဟာ ငယ်ရွယ်စဉ်က Imperium စစ်တပ်ထဲဝင်ခဲ့ပြီး အလွန်ကျွမ်းကျင်တဲ့ စစ်သည်တော်တစ်ယောက် ဖြစ်လာတာကို မြင်ခဲ့ရပါတယ်။ ဒါ့အပြင် သူမဟာ အခြားစစ်သားတစ်ယောက်နဲ့လည်း ချစ်ကြိုက်မိသွားပါသေးတယ်။ အဲဒီစစ်သားက သေသွားချိန်မှာတော့ Kora ဟာ ဖြစ်ပျက်သမျှကို Imperium စစ်တပ်အပေါ် အပြစ်တင်ခဲ့ပြီး စစ်တပ်ကနေ ထွက်လာခဲ့ပုံ ရပါတယ်။

Nemesis

photo credit Netflix

ဒီရုပ်ရှင်ထဲက နောက်ထပ် တိုက်ခိုက်ရေး ကျွမ်းကျင်တဲ့ အမျိူးသမီးဇာတ်ကောင်ကတော့ Bae Doona သရုပ်ဆောင်ထားတဲ့ Nemesis ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ ဒီထွေလာထဲမှာတော့ Nemesis ဟာ Cyborg တစ်ယောက်၊ Spider Warrior တစ်ယောက်နဲ့ တိုက်ခိုက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ Spider Warrior ဆိုတာကတော့ ပင့်ကူခြေထောက်တွေ ပိုင်ဆိုင်ထားတဲ့ Harmada ဆိုတဲ့ အမျိူးသမီးဖြစ်ပြီး သရုပ်ဆောင် Jena Malone က သရုပ်ဆောင်ထားပါတယ်။ Nemesis ကတော့ နောက်ပိုင်းမှာ Kora နဲ့ ပူးပေါင်းသွားမှာလည်း ဖြစ်ပါတယ်။

Lightsaber တွေလား?

photo credit Netflix

ဒီထွေလာထဲက လူသတိထားမိဆုံး ဇာတ်ဝင်ခန်းကတော့ Nemesis က Harmada နဲ့ တိုက်ခိုက်တဲ့အချိန်မှာ Lightsaber လို လက်နက်ကို အသုံးပြုခဲ့တဲ့ ဇာတ်ဝင်ခန်းပါပဲ။ Zack Snyder ရဲ့ Rebel Moon ဟာ Star Wars ရုပ်ရှင်ပဲ ဆိုတာကိုတော့ လူတိုင်းသိကြပေမယ့် ဒါဟာ Official Star Wars ရုပ်ရှင်တော့ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ဒီလက်နက်တွေကတော့ Lightsaber နဲ့ ဆင်တူတဲ့ လက်နက်တစ်ခု ဖြစ်နိုင်ပြီး Lightsaber တော့ မဖြစ်နိုင်ပါဘူး။

Kai

photo credit Netflix

သရုပ်ဆောင် Charlie Hunnam ကတော့ Kai ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ထားပါတယ်။ ထွေလာထဲမှာ မြင်ရသလောက်ဆိုရင် Kai ကတော့ Kora ရဲ့ ပထမဆုံး မဟာမိတ်တွေထဲက တစ်ယောက်ဖြစ်ပုံ ရပါတယ်။ ဒါ့အပြင် Kai ဟာ ကြေးစား Pilot တစ်ယောက်ဖြစ်ပြီး ဇာတ်လမ်းတလျှောက်မှာ Kora စီးနင်းသမျှ အာကာသယာဉ်တွေကို မောင်းနှင်ပေးမယ့်သူလို့ ယူဆရပါတယ်။

Regent Balisarius

photo credit Netflix

Mother World ရဲ့ဘုရင် သေဆုံးသွားပြီး နောက်မှာတော့ Regent Balisarius က ထီးနန်းကို ယာယီထိန်းသိမ်းခဲ့ပါတယ်။ သူကတော့ အာဏာရှင်ဆန်တဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ပြီး ထီးနန်းရရှိသွားတာကြောင့် အလွန်အန္တရာယ်ကြီးလာခဲ့ပါတယ်။ သူဟာ အာဏာမက်လွန်းသူဖြစ်ပြီး သရုပ်ဆောင် Fra Free က ဇာတ်ကောင် ပီပြင်အောင် သရုပ်ဆောင်ထားပါတယ်။

တိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်တဲ့ Tarak

photo credit Netflix

သရုပ်ဆောင် Staz Nair ကတော့ Tarak အဖြစ် သရုပ်ဆောင်ထားပါတယ်။ Tarak ကတော့ ပန်းပဲဆရာတစ်ယောက် ဖြစ်ပြီး ထူးခြားတာကတော့ တိရစ္ဆာန်တွေကို ထိန်းချုပ်နိုင်စွမ်း ရှိတာပါပဲ။ သူကတော့ ဒီစွမ်းအားကို အသုံးပြုပြီး Kora နဲ့အတူ Imperium စစ်တပ်ကို တိုက်ခိုက်တဲ့နေရာမှာ ပါဝင်သွားမှာ ဖြစ်ပါတယ်။

လူတွေအပြင် အခြားမျိူးစိတ်တွေလည်း ပါဝင်လာမယ့် Rebel Moon

photo credit Netflix

ဒီထွေလာထဲမှာတော့ လူတွေတင် မဟုတ်ဘဲ အခြား‌သော မျိူးစိတ်တွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။ Tarak ဟာ Imperium စစ်တပ်ကို တိုက်ခိုက်ဖို့ လူတွေကို တိုက်တွန်းနေတဲ့ အချိန်မှာတော့ လက်လေးချောင်း ပါဝင်တဲ့ မွန်းစတား တစ်ကောင်ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ထဲမှာတော့ အခြားထူးထူးဆန်းဆန်း မျိူးစိတ်တွေကိုလည်း မြင်တွေ့ရနိုင်ပါသေးတယ်။

ဒဏ္ဍာရီလာသတ္တဝါတွေလည်း ပါဝင်ပါတယ်။

photo credit Netflix

ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Tarak ဟာ Griffin တစ်ကောင်ကို ယဉ်ပါးလာအောင် ကြိုးစားနေတာကို တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ Griffin ဟာ Tarak နဲ့ တစ်သားတည်း ဖြစ်သွားပြီး Tarak က ချောက်ကမ်းပါးကနေ ခုန်ချပြီး Griffin ကို စီးသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အခြားသော ဒဏ္ဍာရီလာသတ္တဝါတွေ ပါဝင်လာဦးမလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

ဂြိုဟ်သားတွေလည်း ပါဝင်သေးပါတယ်။

photo credit Netflix

ဒီ Universe ထဲမှာတော့ မျိူးစိတ်တွေများစွာ ရှိနေပြီး ဂြိုဟ်သားတစ်ယောက်ကိုလည်း တွေခဲ့ရပါတယ်။ ဒီဂြိုဟ်သားကတော့ အဖြူရောင်နဲ့ ပန်းရောင် ရောစပ်ထားတဲ့ အသားအရေရှိပြီး ပါးစပ်နားမှာလည်း ရေဘဝဲလက်တံလို အရာတွေ ပါဝင်ပါတယ်။ သူ့ရဲ့နဖူးမှာလည်း သင်္ကေတတစ်ခု ရှိနေပါသေးတယ်။ ဒီလိုမတူညီတဲ့ မျိူးစိတ်တွေများစွာ ပါဝင်နေတဲ့ Rebel Moon Universe ကတော့ တော်တော်လေးကို ကျယ်ပြန့်တယ်လို့ ယူဆရပါတယ်။

ဘယ်သူမှန်း မသိရသေးတဲ့ ကလေးမလေး

photo credit Netflix

ဒီထွေလာကတော့ ပရိသတ်တွေအတွက် ပဟေဠိပေါင်းများစွာ ပါဝင်နေပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ နှင်းတွေကြားက ‌ကလေးမလေးတစ်ယောက်ဟာ သူ့ရဲ့လက်ပေါ်က ငှက်လေးကို ကြည့်နေပါတယ်။ နောက်ထပ်ဇာတ်ဝင်ခန်းတစ်ခုမှာတော့ ဒီကလေးမလေးနဲ့အတူ အနက်ရောင်ဝတ်ရုံ ခြုံထားတဲ့ လူတစ်ယောက် ရှိနေပြီး အနက်ရောင်ခွေးတစ်ကောင်လည်း ရှိနေပါတယ်။

ဒီကလေးမလေးရဲ့ ပုံစံဟာ ချမ်းသာပြီး အာဏာရှိလာမယ့် ပုံစံမျိူး ဖြစ်နေပါတယ်။ ထူးခြားတာကတော့ ဒီထွေလာတစ်ခုလုံးမှာ နှင်းပါဝင်တဲ့ ဇာတ်ဝင်ခန်းဆိုလို့ ဒီကလေးမလေးကို ပြသွားတဲ့ ဇာတ်ဝင်ခန်းပဲ ရှိပါတယ်။ သူက ဘယ်သူလည်း ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

The post ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon ထွေလာ (Breakdown) appeared first on San Yit Wine.

]]>