HomeEntertainmentFilmGen V ဇာတ်လမ်းတွဲ အပိုင်း(1/2/3)ထဲက Easter Egg များ

Gen V ဇာတ်လမ်းတွဲ အပိုင်း(1/2/3)ထဲက Easter Egg များ

*** Spoiler Alert ***

The Boys ရဲ့ Spin-Off ဇာတ်လမ်းတွဲဖြစ်တဲ့ Gen V ကတော့ မကြာသေးခင် ရက်ပိုင်းကပဲ ထွက်ရှိလာခဲ့ပါပြီ။ Amazon Prime ဟာ ဒီဇာတ်လမ်းတွဲရဲ့ ပထမဆုံးသုံးပိုင်းကို တစ်ခါတည်း ထုတ်လွှင့်ပြသပေးခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ အရာရာပြည့်စုံနေတယ်လို့ ထင်ရတဲ့ Godolkin University မှာ ဘာတွေဖုံးကွယ်ထားလည်းဆိုတာ မြင်တွေ့ရမှာပါ။ ဒါကြောင့်ပဲ Gen V ရဲ့ ပထမဆုံး အပိုင်းသုံးပိုင်းထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

The Seven ထဲကို ဝင်ခွင့်ရခဲ့တဲ့ A-Train

photo credit Amazon Prime

အပိုင်း(၁)ရဲ့အစမှာတော့ Gen V ရဲ့ အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်တဲ့ Marie Moreau ရဲ့ နောက်ကြောင်းကို ပြသသွားပါတယ်။ အဲဒီအစနေရာမှာပဲ Marie ရဲ့ မိဘတွေဟာ တီဗွီကြည့်နေကြပြီး တီဗွီမှာတော့ A-Train က The Seven အဖွဲ့ကို ဝင်ခွင့်ရတဲ့အကြောင်း လာနေပါတယ်။ A-Train ကတော့ The Seven အဖွဲ့ရဲ့ ပထမဆုံး အာဖရိကန်-အမေရိကန်တစ်ယောက် ဖြစ်ပြီး The Boys Universe ထဲက သာမန်လူတွေအတွက်တော့ ဒါဟာ သမိုင်းတစ်ခုပဲ ဖြစ်ပါတယ်။

တိုင်ပတ်နေတဲ့ Homelander

photo credit Amazon Prime

The Boys Season 3 အဆုံးသတ်မှာတော့ Homelander က ဆန္ဒပြသူတွေကို သတ်ပစ်လိုက်တာ မှတ်မိကြဦးမယ် ထင်ပါတယ်။ Gen V ကတော့ The Boys Season 3 နဲ့ 4 ကြားထဲမှာ ဇာတ်အိမ်တည်ထားပြီး Homelander အကြောင်းကိုလည်း ပြသသွားပါတယ်။ Homelander ရဲ့ လုပ်ရပ်ဟာ လူတွေကြားမှာ ဟိုးလေးတကျော် ဖြစ်နေပြီး သူတကယ်ပဲ တရားစီရင်ခံရတော့မှာလားလို့ တီဗွီမှာ ပြသွားပါတယ်။

Supe Streaming Service

photo credit Amazon Prime

Justine နဲ့ Emma တို့ဟာ သူတို့ရဲ့ Acting Class အတွက် ဘယ်ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းကို ပြန်ပြီးဖန်တီးရမလည်းလို့ ရှာဖွေနေတဲ့အချိန်မှာတော့ Supe Streaming Service ကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် သူတို့ဟာ The Boys ထဲက စိတ်ကူးယဉ်ဇာတ်ကောင် Termite နဲ့ တကယ့်အပြင်က ဒါရိုက်တာ Bryan Singer တို့ဟာ ပါတီတွေအတူတူပေးလေ့ ရှိတယ်လို့ ပြောသွားပါသေးတယ်။

ဒါရိုက်တာ Bryan Singer ကတော့ X-Men ရုပ်ရှင်တွေ၊ Superman ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ ဖြစ်ပေမယ့် နောက်ပိုင်းမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေကြောင့် ဟောလိဝုဒ်ကနေ ပျောက်ကွယ်သွားခဲ့ရပါတယ်။

Godolking University Welcome Video

photo credit Amazon Prime

Marie တစ်ယောက် Godolking University ကို ဝင်ခွင့်ရတဲ့အချိန်မှာတော့ ဒီတက္ကသိုလ်ရဲ့ Welcome Video ကို ပြသသွားပါတယ်။ ဒီဗွီဒီယိုထဲမှာတော့ The Boys ထဲက ဇာတ်ကောင်အများစုဟာ God U ရဲ့ ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ခဲ့ပြီး ထိပ်တန်း Supe တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ရဲ့ အပြင်ဘက်မှာလည်း Homelander အပါအဝင် အခြား The Seven အဖွဲ့ဝင်တွေရဲ့ ရုပ်တုတွေ ရှိနေပါသေးတယ်။

The Seven အဖွဲ့ဝင်တွေ မဟုတ်တော့တဲ့ Starlight နဲ့ Queen Maeve

photo credit Amazon Prime

အပိုင်း(၁)ထဲမှာတော့ Professor Brink ဟာ Luke Riordan တစ်ဖြစ်လည်း Golden Boy ကို The Seven အဖွဲ့ထဲ ဝင်ရတော့မယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါ့အပြင် နည်းပညာသစ်တွေနဲ့ ပြုလုပ်ထားတဲ့ ဝတ်စုံဒီဇိုင်းကိုလည်း ပြသခဲ့ပြီး Luke အနေနဲ့ စွမ်းအားသုံးတဲ့ အချိန်တိုင်းမှာ အဝတ်အစားတွေ မီးလောင်သွားစရာ မလိုတော့တဲ့အကြောင်းလည်း ပြောသွားပါတယ်။

ပိုပြီးစိတ်ဝင်စားစရာ ကောင်းတာကတော့ Professor Brink ဟာ Queen Maeve ရဲ့ဌာနကို ယူမလား၊ Starlight ရဲ့ဌာနကို ယူမလားလို့ Luke ကို မေးခဲ့တာပါပဲ။ ဒါကြောင့်ပဲ The Boys Season 3 ထဲက အဖြစ်အပျက်တွေ အပြီးမှာတော့ Queen Maeve နဲ့ Starlight တို့ဟာ The Seven အဖွဲ့ဝင်တွေ မဟုတ်တော့တဲ့အကြောင်း ရည်ညွှန်းသွားတယ်လို့ နားလည်ရမှာ ဖြစ်ပါတယ်။

MM ရဲ့ အချစ်တော် Love Sausage

photo credit Amazon Prime

Gen V ဇာတ်လမ်းတွဲဟာ အပိုင်းသုံးပိုင်းပဲ ထွက်သေးပေမယ့်လည်း The Boys ထဲက Cameo များစွာကို မြင်တွေ့ခဲ့ရပါတယ်။ Luke က သူ့ရဲ့ညီ Sam ကို စိတ်ရောဂါကုဆေးရုံမှာ သွားတွေ့တဲ့ အချိန်မှာတော့ အခန်းတံခါးပေါက်တစ်ခုမှာ Love Sausage ရဲ့ အထင်ကရဖြစ်တဲ့ လိင်တံကြီးကို မြင်တွေ့ခဲ့ရပါသေးတယ်။

အခြားသော Cameo များ

photo credit Amazon Prime

Ashley ကတော့ The Boys ဇာတ်လမ်းတွဲက အဓိကဇာတ်ကောင်တစ်ယောက် ဖြစ်ပြီး Homelander ကလွဲရင် ကျန်တဲ့ Supe တွေအများစုအပေါ် ဩဇာရှိသူလည်း ဖြစ်ပါတယ်။ Luke ရဲ့ သေဆုံးမှုအပြီးမှာတော့ Ashley ဟာ Dean Shetty ကို လှမ်းကောနေတဲ့ ဇာတ်ဝင်ခန်းလည်း ပါဝင်ခဲ့ပါတယ်။

Dawn of the Seven ရုပ်ရှင်ရဲ့ ဒါရိုက်တာဖြစ်တဲ့ Adam Bourke ကလည်း God U ရဲ့ Acting Class Teacher အဖြစ် Cameo ပါဝင်ခဲ့ပါသေးတယ်။ ဒါ့အပြင် Supernatural ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် Alexander Calvert ကလည်း Cameo ပါဝင်ခဲ့ပါသေးတယ်။ အသစ်ထွက်လာမယ့် အပိုင်းတွေမှာတော့ Soldier Boy အနေနဲ့ Jensen Ackles က ပါဝင်လာဦးမယ်လို့လည်း ဆိုပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular