HomeEntertainmentFilmWitcher နဲ့ Superman ကနေ နှုတ်ထွက်အပြီးမှာ အသစ်ထွက်လာမယ့် Henry Cavill ရဲ့ရုပ်ရှင်များ

Witcher နဲ့ Superman ကနေ နှုတ်ထွက်အပြီးမှာ အသစ်ထွက်လာမယ့် Henry Cavill ရဲ့ရုပ်ရှင်များ

Henry Cavill ကတော့ Franchise ကြီးနှစ်ခုဖြစ်တဲ့ Witcher နဲ့ Superman ကနေ ထွက်ခွာသွားခဲ့ပါပြီ။ Netflix ရဲ့ The Witcher ဇာတ်လမ်းတွဲမှာတော့ ဖန်တီးမှုအပိုင်းမှာ အမြင်မတူတာတွေကြောင့် ထွက်သွားတယ်လို့ဆိုပြီး Superman အနေနဲ့တော့ ခဏတာ ပြန်လည်ပါဝင်ပြီးနောက်မှာ အသစ်တည်ဆောက်သွားမယ့် DCU ကြောင့် ထပ်မံထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Henry Cavill ပရိသတ်တွေအတွက် သူ့ရဲ့ အသစ်ထွက်လာမယ့် ရုပ်ရှင်ကားသစ်တွေကို ဖော်ပြပေးချင်ပါတယ်။

Highlander

photo credit Warner Bros. Studios

၁၉၈၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မူလ Highlander ရုပ်ရှင်ကတော့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှေးဟောင်း Immortal မျိူးနွယ်ဖြစ်တဲ့ Celtic စစ်သည်တော်နှစ်ယောက်က အချင်းချင်း တိုက်ခိုက်နေကြတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ Reboot လုပ်ဖို့ စီစဉ်နေတာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဒီကားကို John Wick လေးကားလုံးကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Chad Stahelski က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီ Reboot ထဲမှာတော့ Henry Cavill က ပါဝင်သွားမယ်လို့လည်း ဆိုပါတယ်။ ဒီဇာတ်လမ်းဟာလည်း ဘတ်ဂျက်များများနဲ့ သေချာရိုက်မယ် ဆိုရင်တော့ Hit ဖြစ်တဲ့ Franchise တစ်ခု ဖြစ်လာနိုင်ပါတယ်။

Argylle

photo credit Apple Studios

ဒီရုပ်ရှင်ကတော့ အက်ရှင်စပိုင်ရုပ်ရှင် အမျိူးအစားဖြစ်ပြီး Kick-Ass ၊ X-Men: First Class နဲ့ Kingsman ရုပ်ရှင်တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Matthew Vaughn က ရိုက်ကူးသွားမှာပါ။ Henry Cavill ကတော့ အဓိကပါဝင်သွားမှာ ဖြစ်ပြီး Sam Rockwell ၊ Bryce Dallas Howard ၊ John Cena နဲ့ Bryan Cranston တို့လည်း ပါဝင်သွားမှာပါ။

ဇာတ်လမ်းကတော့ အတိတ်မေ့နေတဲ့ ကမ္ဘာအဆင့် စပိုင်တစ်ယောက်ဟာ သူ့ကိုယ်သူ Best Seller ဝတ္ထုဆရာတစ်ယောက်လို့ ထင်မှတ်နေအောင် လှည့်စားခံထားရပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း သူ့ရဲ့မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါမှာတော့…။ ဒီရုပ်ရှင်ကိုတော့ AppleTV+ က ဖန်တီးသွားမှာဖြစ်ပြီး အနည်းဆုံး Trilogy အဖြစ် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

Warhammer 40,000

photo credit Amazon Studios

Warhammer 40,000 ကတော့ Games Workshop က ဖန်တီးထားတဲ့ Miniature War ဂိမ်းတစ်ခု ဖြစ်ပါတယ်။ အနာဂတ်ကာလတစ်ခုမှာ ဇာတ်အိမ်တည်ထားပြီး လူသားတွေဟာ ဂြိုဟ်သားတွေ၊ သဘာဝလွန်သတ္တဝါတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဂိမ်းထဲမှာတော့ နောက်ခံဇာတ်ကြောင်းတွေများစွာ ရှိပြီး Official Novel တွေလည်း ထွက်ရှိထားပါတယ်။ လောလောဆယ်မှာတော့ Amazon Studios ဟာ Henry Cavill နဲ့ Warhammer 40,000 ဇာတ်လမ်းတွဲကို ဖန်တီးနေပါတယ်။ Henry ဟာ ဒီဇာတ်လမ်းတွဲထဲမှာတော့ Executive Producer အနေနဲ့လည်း ပါဝင်ထားပါတယ်။

The Ministry of Ungentlemanly Warfare

photo credit Lionsgate Film

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Guy Ritchie က ရိုက်ကူးသွားမယ့် စပိုင်ရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ရဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုအကြောင်းကို မြင်တွေ့ရမှာပါ။ Henry Cavill အဓိက ပါဝင်ထားပြီး Henry Golding နဲ့ Alan Ritchson တို့လည်း ပါဝင်ထားပါတယ်။

ဒါရိုက်တာ Guy Ritchie ကတော့ Sherlock Holmes နဲ့ The Gentlemen တို့လို သူ့ရဲ့ ပရောဂျက်တွေအများစုကို Franchise အဖြစ် ပြောင်းလဲလေ့ ရှိပါတယ်။ ဒါကြောင့်ပဲ The Ministry of Ungentlemanly Warfare ကတော့ ဝင်ငွေအရ အောင်မြင်မှုနဲ့ ပရိသတ်တွေရဲ့ အားပေးမှု ရခဲ့မယ်ဆိုရင်တော့ ဒီရုပ်ရှင်ကလည်း Franchise တစ်ခု ဖြစ်သွားနိုင်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular