HomeEntertainmentFilmOne Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့မိတ်ဆက်

One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့မိတ်ဆက်

Netflix က ဖန်တီးထားတဲ့ နာမည်ကြီး Anime ဇာတ်လမ်းတွဲ One Piece ရဲ့ Live Action ကတော့ မကြာသေးခင်ကပဲ ထွက်ရှိလာခဲ့ပါပြီ။ Season 1 ထဲမှာတော့ အပိုင်း(၈)ပိုင်း ပါဝင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိထားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ One Piece Live Action ထဲက သရုပ်ဆောင်တွေရဲ့အကြောင်း အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။

Inaki Godoy (Monkey D. Luffy)

ကောက်ရိုးဦးထုပ်လူဖီအဖြစ် ပါဝင်ထားတဲ့ Inaki Godoy ကတော့ ၂၀၀၃ ခုနှစ် ဩဂုတ်လ (၂၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ မက္ကစီကိုနိုင်ငံသား ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Inaki ဟာ ယခုမှအသက်(၂၀)သာ ရှိပါသေးတယ်။ သူကတော့ One Piece Live Action မှာ မပါဝင်ခင် Netflix ရဲ့ Who Kill Sara? ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာလည်း Supporting Role အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။ လောလောဆယ်မှာတော့ Inaki ဟာ ဘယ်သူနဲ့မှ Date နေပုံမရဘဲ Single လို့ပဲ ယူဆရပါတယ်။

Mackenyu Arata (Roronoa Zoro)

ဒီဇာတ်လမ်းတွဲထဲက Badass အဖြစ်ဆုံး ဇာတ်ကောင်တစ်ယောက်လို့ ပြောလို့ရတဲ့ Zoro နေရာမှာတော့ အမေရိကန်နိုင်ငံသား ဂျပန်သရုပ်ဆောင် Mackenyu Arata က သရုပ်ဆောင်ထားပါတယ်။ Mackenyu ကိုတော့ ၁၉၉၆ ခုနှစ် နိုဝင်ဘာလ (၁၆)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၂၇)နှစ် ပြည့်တော့မှာပါ။  Mackenyu ကတော့ One Piece မှာ မပါဝင်ခင် နာမည်ကြီး Anime တွေရဲ့ Live Action တွေမှာ ပါဝင်ခဲ့ဖူးပါတယ်။

Rurouni Kenshin ရုပ်ရှင်သုံးကား၊ Fullmetal Alchemist ၊ JoJo’s Bizarre Adventure ၊ Tokyo Ghoul တို့ရဲ့ Live Action ထဲမှာ ပါဝင်ခဲ့သလို Pacific Rim Uprising ထဲမှာလည်း ပါဝင်ထားပါတယ်။ ဒါ့အပြင် Mackenyu ကတော့ ယခုနှစ်အတွင်းမှာပဲ ဆယ်လီမဟုတ်တဲ့ သာမန်မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်သွားပါပြီ။

Emily Rudd (Nami)

Cat Burglar လို့ တင်စားခေါ်ကြတဲ့ Nami နေရာမှာတော့ အမေရိကန်သရုပ်ဆောင် Emily Rudd က သရုပ်ဆောင်ထားပါတယ်။ Emily Rudd ကိုတော့ ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၀) ရှိနေပါပြီ။ Emily ကတော့ One Piece မတိုင်ခင်မှာ Netflix ရဲ့ Horror Franchise တစ်ခုဖြစ်တဲ့ Fear Street သုံးကားလုံးမှာ ပါဝင်ခဲ့ပါတယ်။ Emily ကတော့ One Piece ထဲမှာ သူမရဲ့သရုပ်ဆောင်ဖက် Jacob Romero Gibson နဲ့ တွဲနေတယ်လို့ သတင်းထွက်နေပါတယ်။ သို့သော်လည်း ဘယ်သူကမှ အတည်ပြုခြင်းတော့ မရှိသေးပါဘူး။

Jacob Romero Gibson (Usopp)

God Usopp လို့ ပရိသတ်တွေ ခေါ်ဝေါ်ကြတဲ့ Usopp နေရာမှာတော့ Jacob Romero Gibson က သရုပ်ဆောင်ထားပါတယ်။ Jacob ကိုတော့ ဂျမေကာနိုင်ငံမှာ ၁၉၉၆ ခုနှစ် ဇူလိုင်လ(၁၁)ရက်မှာ မွေးဖွားခဲ့ပြီး ယခုအချိန်မှာတော့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားပါတယ်။ အသက်ကတော့ (၂၇)နှစ် ရှိနေပါပြီ။ Jacob ကတော့ One Piece မတိုင်ခင်မှာ Greenleaf ဆိုတဲ့ ဇာတ်လမ်းတွဲထဲမှာ Supporting Role အနေနဲ့ ပါဝင်ခဲ့ပါတယ်။

Taz Skylar (Sanji)

Black Leg Sanji သို့မဟုတ် Vinsmoke Sanji နေရာမှာတော့ Taz Skylar က သရုပ်ဆောင်ထားပါတယ်။ Taz ကို‌တော့ စပိန်နိုင်ငံမှာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ (၅)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၂၇)နှစ် ရှိနေပါပြီ။ အဖေကတော့ စပိန်လူမျိူးဖြစ်ပြီး အမေကတော့ ဗြိတိန်သူဖြစ်တာကြောင့် စပိန်နဲ့ဗြိတိန် နှစ်နိုင်ငံသား ခံယူထားပါတယ်။ Taz ကတော့ အချို့အင်္ဂလိပ်ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ဖူးပြီး One Piece ကတော့ သူ့အတွက် နာမည်အကြီးဆုံး ပရောဂျက်တစ်ခု ဖြစ်ပါတယ်။ Taz ဟာလည်း လောလောဆယ်မှာတော့ Single ဖြစ်နေပါတယ်။

Morgan Davies (Koby)

Koby နေရာမှာ သရုပ်ဆောင်ထားတဲ့ Morgan Davies ကိုတော့ ၂၀၀၁ ခုနှစ် နိုဝင်ဘာလ (၂၇)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၂၁)နှစ် ရှိနေပါပြီ။ Morgan ကတော့ ဩစတေးလျ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ သူကတော့ Evil Dead Rise ထဲမှာ ပါဝင်ခဲ့ပါသေးတယ်။ သူ့ရဲ့နာမည်အရင်းကတော့ Morgana ဖြစ်ပြီး မိန်းကလေးအဖြစ် မွေးဖွားလာခဲ့တာပါ။ ဒါပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ သူ့ရဲ့နာမည်ကို Morgan လို့ ပြောင်းလဲလိုက်ပြီး Transgender လို့လည်း ကြေညာလိုက်ပါတယ်။ Morgan ကတော့ သူ့ရဲ့ Personal ဘဝအကြောင်းကို သိုသိုသိပ်သိပ် နေတတ်တာကြောင့် သူ့ရဲ့ Love Life ကိုတော့ မသိရပါဘူး။

Peter Gadiot (Shank)

Red Hair Shank နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် Peter Gadiot က သရုပ်ဆောင်ထားပါတယ်။ Peter ကိုတော့ ၁၉၈၅ ခုနှစ် ဇန်နဝါရီလ (၂)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၈)နှစ်ရှိနေပြီ ဖြစ်ပါတယ်။ Peter ကတော့ နာမည်ကြီး ဇာတ်လမ်းတွဲတွေ ဖြစ်တဲ့ Yellowjackets နဲ့ CW ရဲ့ Supergirl တို့မှာ ပါဝင်ခဲ့ဖူးပါတယ်။ Peter ကတော့ ယခုအချိန်ထိ တွဲနေသူလည်း မရှိသလို မိန်းမလည်း မရှိပါဘူး။

Vincent Regan (Monkey D. Garp)

Marine တွေရဲ့ ဟီးရိုး Garp အနေနဲ့တော့ ဗြိတိန်သရုပ်ဆောင်ကြီး Vincent Regan က သရုပ်ဆောင်ထားပါတယ်။ Vincent ကိုတော့ ၁၉၆၅ ခုနှစ် မေလ(၁၆)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၈)နှစ် ရှိနေပါပြီ။ Vincent ကတော့ ဝါရင့် သရုပ်ဆောင်တစ်ယောက် ဖြစ်ပြီး Troy ၊ 300 ၊ Clash of the Titans တို့အပြင် အခြားရုပ်ရှင်တွေမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် အသစ်ထွက်ရှိလာမယ့် Aquaman and the Lost Kingdom ထဲမှာလည်း ပါဝင်လာမှာပါ။ Vincent ကတော့ ဗြိတိန်သရုပ်ဆောင် ဖြစ်တဲ့ Amelia Curtis နဲ့ ၂၀၀၁ ခုနှစ်ကတည်းက လက်ထပ်ထားပြီး ကလေးနှစ်ယောက်လည်း ရှိပါတယ်။

Langley Kirkwood (Captain Morgan)

ကောက်ရိုးဦးထုပ်တို့ ရင်ဆိုင်ရတဲ့ ပထမဆုံးရန်သူဖြစ်တဲ့ Captain Morgan နေရာမှာတော့ တောင်အာဖရိက သရုပ်ဆောင် Langley Kirkwood က သရုပ်ဆောင်ထားပါတယ်။ Langley ကိုတော့ ၁၉၇၃ ခုနှစ် ဧပြီလ(၁၄)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၀) ရှိနေပါပြီ။ Langley ကတော့ Black Sails ဇာတ်လမ်းတွဲအပြင် အခြားအက်ရှင်ကားတွေများစွာမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူကတော့ ၂၀၁၂ ခုနှစ်မှာ မော်ဒယ် Josie Borain နဲ့ ကွာရှင်းခဲ့ပြီး ကလေးနှစ်ယောက် ရှိပါတယ်။

Aidan Scott (Helmeppo)

Zoro ကို မြင်တာနဲ့ ကြောက်ဒူးတုန်နေတဲ့ Helmeppo နေရာမှာတော့ တောင်အာဖရိကသရုပ်ဆောင် Aidan Scott က သရုပ်ဆောင်ထားပါတယ်။ Aidan ကတော့ အသက်(၂၇)နှစ် ရှိနေပြီ ဖြစ်ပြီး တက်သစ်စသရုပ်ဆောင်လည်း ဖြစ်ပါတယ်။ Netflix ရဲ့ Kissing Booth 2 ထဲမှာ Supporting အနေနဲ့ ပါဝင်ခဲ့ပြီး လောလောဆယ်မှာတော့ Single ဖြစ်နေတယ်လို့ သိရပါတယ်။

Jeff Ward (Buggy)

Yonko ကြီး Buggy အနေနဲ့တော့ အမေရိကန်သရုပ်ဆောင် Jeff Ward က သရုပ်ဆောင်ထားပါတယ်။ ၁၉၈၆ ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၇)နှစ် ပြည့်တော့မှာပါ။ Jeff Ward ဟာလည်း အတွေ့အကြုံရှိတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး Agent of Shield ၊ Blade II နဲ့ အခြားရုပ်ရှင်တွေမှာ ပါဝင်ထားပါတယ်။ Jeff ကတော့ လူသိရှင်ကြား ဘယ်သူနဲ့မှ တွဲမနေပေမယ့် တိတ်တိတ်လေး တွဲနေတဲ့သူတော့ ရှိချင်ရှိနိုင်ပါတယ်။

Steven John Ward (Dracule Mihawk)

Shank ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Mihawk အနေနဲ့တော့ တောင်အာဖရိကသရုပ်ဆောင် Steven John Ward က ပါဝင်ထားပါတယ်။ သူ့ကိုတော့ ၁၉၉၀ ခုနှစ် ဇွန်လ(၂)ရက်နေ့မှာ မွေးဖွားခဲ့ပြီး အသက်(၃၃)နှစ် ရှိနေပါပြီ။ ဒီဇာတ်လမ်းတွဲထဲက Mihawk ဇာတ်ကောင်ကတော့ သူ့အတွက် နာမည်အကြီးဆုံး ဇာတ်ကောင်လည်း ဖြစ်ပါတယ်။ Steven ဟာ သရုပ်ဆောင် Valerie Joy Robinson နဲ့ ၂၀၁၉ ခုနှစ်ကတည်းက လက်ထပ်ခဲ့ပြီး ကလေးတစ်ယောက် ရနေပြီ ဖြစ်ပါတယ်။

Craig Fairbrass (Chef Zeff)

Sanji ရဲ့လက်ဦးဆရာဖြစ်တဲ့ Chef Zeff နေရာမှာတော့ ဗြိတိန်သရုပ်ဆောင် Craig Fairbrass က သရုပ်ဆောင်ထားပါတယ်။ ၁၉၆၄ ခုနှစ် ဇန်နဝါရီလ(၁၅)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၅၉)နှစ် ရှိနေပါပြီ။ Craig ဟာလည်း ဝါရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အက်ရှင်ကားပေါင်းများစွာမှာ ပါဝင်ခဲ့ဖူးပါတယ်။ သူကတော့ ဂျာမနီလူမျိူး မော်ဒယ်လ်တစ်ယောက် ဖြစ်တဲ့ Elke Kellick နဲ့ လက်ထပ်ထားပြီး ကလေးနှစ်ယောက်လည်း ရှိပါတယ်။

McKinley Belcher III (Arlong)

Season 1 ရဲ့ ဗီလိန်ကြီးဖြစ်တဲ့ Arlong နေရာမှာတော့ အမေရိကန်သရုပ်ဆောင် McKinley Belcher III က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ၁၉၈၄ ခုနှစ် မတ်လ(၂၃)ရက်မှာ မွေးဖွားခဲ့ပြီး အသက်(၃၉)နှစ် ရှိနေပါပြီ။ McKinley ကတော့ Ozark ဇာတ်လမ်းတွဲနဲ့ We Own This City ရုပ်ရှင်တို့မှာ ပါဝင်ခဲ့ပါတယ်။ McKinley ကလည်း LGBT တစ်ယောက် ဖြစ်ပြီး Blake Fox နဲ့ ယခုနှစ်အတွင်းမှာပဲ လက်ထပ်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular