HomeEntertainmentFilmThe Nun 2 ရုပ်ရှင်ထဲက Easter Egg များနဲ့ Reference များ

The Nun 2 ရုပ်ရှင်ထဲက Easter Egg များနဲ့ Reference များ

The Nun 2 ကတော့ မကြာခင်ကပဲ ရုံတင်ခဲ့ပြီး ပရိသတ်တွေကြားမှာ ရေပန်းစားနေပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Classic Horror ရုပ်ရှင်တွေကို Reference ပြုလုပ်ထားတာတွေလည်း ပါဝင်နေပါတယ်။ ဒါ့အပြင် The Nun 2 ဟာ Conjuring Universe ထဲမှာ ရှိတာကြောင့် Conjuring ရုပ်ရှင်တွေကိုလည်း Reference ပြုလုပ်ထားပါသေးတယ်။

The Exorcist

photo credit Warner Bros. Studios

ဇာတ်လမ်းအစမှာတော့ ဦးထုပ်ဆောင်းထားတဲ့ လူတစ်ယောက်က ခရီးဆောင်အိတ် ကိုင်ထားတာကို ပြသသွားပါတယ်။ ဒါကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Classic Horror ရုပ်ရှင် The Exorcist ရဲ့ ဇာတ်လမ်းအစ ပုံစံအတိုင်း ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ The Exorcist ရုပ်ရှင်ကို ဂုဏ်ပြုသောအားဖြင့် ရိုက်ကူးထည့်သွင်းထားတာလည်း ဖြစ်ပါတယ်။

The Blair Witch Project

photo credit Warner Bros. Studios

Frenchie ကို မကောင်းဆိုးဝါး ဝင်ပူးနေကြောင်း ပြသွားတဲ့ ဇာတ်ဝင်ခန်းဟာလည်း The Blair Witch Project ထဲက ဇာတ်ဝင်ခန်းကို တိုက်ရိုက် Inspired ယူပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ကောင်မလေးတစ်ယောက်က Frenchie နားကို ရောက်တဲ့အချိန်မှာတော့ Frenchie ဟာ နံရံကို မျက်နှာမူထားပြီး ထူးဆန်းတဲ့အသံတွေ ထွက်နေပါတယ်။ ဒါဟာ The Blair Witch Project ထဲမှာ Mike က နံရံကို မျက်နှာမူပြီး အလားတူအခြေအနေ ဖြစ်နေတာကို ပြသတဲ့ ဇာတ်ဝင်ခန်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။

Conjuring 2 ထဲက ဇာတ်ဝင်ခန်း

photo credit Warner Bros. Studios

Frenchie ရောက်နေတဲ့ ဘော်ဒါဆောင်က Sophie ဆိုတဲ့ ကောင်မလေးကတော့ Valak နဲ့ မကြာခဏဆိုသလို ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ဇာတ်ဝင်ခန်းတစ်ခုမှာတော့ Sophie ဟာ သူ့အမေရဲ့ခေါ်သံကို ကြားလိုက်တာကြောင့် လိုက်ရှာတဲ့အချိန်မှာ သူ့အမေဟာ လူမရှိတဲ့ အပေါ်ထပ်ကို တက်သွားတာ တွေ့လိုက်ပါတယ်။

ဒါကြောင့်ပဲ Sophie ကလည်း အပေါ်ထပ်ကို လိုက်သွားပြီး တံခါးဖွင့်လိုက်ချိန်မှာတော့ လျှောက်လမ်းရဲ့ တစ်ဘက်ခြမ်းမှာ ရှိနေတဲ့ Valak ကို မြင်လိုက်ရပါတယ်။ တကယ်တော့ ဒီဇာတ်ဝင်ခန်းဟာ Conjuring 2 ထဲက Judy နဲ့ Lorraine တို့နှစ်ယောက် Valak နဲ့ ပထမဆုံး ဆုံတွေ့ခဲ့တဲ့ ဇာတ်ဝင်ခန်းကိုပဲ ပြန်လည်အသုံးပြုထားတာ ဖြစ်ပါတယ်။ The Nun 2 ကတော့ Conjuring 2 ထဲက အဖြစ်အပျက်တွေ မတိုင်ခင် ဆယ်နှစ်ကျော်လောက်မှာ ဇာတ်အိမ်တည်ထားတာကြောင့် Valak ဟာ အနာဂတ်မှာ ပြန်လာဦးမယ်ဆိုတာ ကြိုပြထားတယ်လို့လည်း ယူဆနိုင်ပါတယ်။

အတိတ်နဲ့ အနာဂတ်

photo credit Warner Bros. Studios

အတိတ်နဲ့ အနာဂတ်ရဲ့ နောက်ထပ် ဆက်စပ်မှုတစ်ခုကတော့ Sister Irene ဟာ Lorraine Warren ကို သူ့ရဲ့အာရုံထဲမှာ မြင်လိုက်ရတာပါပဲ။ Sister Irene ရဲ့ အာရုံထဲမှာတော့ သူမရဲ့အမေ၊ St. Lucy နဲ့ Lorraine တို့ သုံးယောက်ကို မြင်လိုက်ရတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ Conjuring Universe ထဲက Sister Irene နဲ့ Lorraine တို့နှစ်ယောက်ဟာ တိုက်ရိုက်ပတ်သက်မှု တစ်စုံတစ်ခု ရှိနေနိုင်ပါတယ်။

ဒီဇာတ်ကောင်နှစ်ယောက်နေရာမှာ ပါဝင်ထားတဲ့ သရုပ်ဆောင် Taissa နဲ့ Vera Farmiga တို့ဟာလည်း အပြင်ဘဝမှာ တကယ့် ညီအစ်မအရင်းတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ ဒီဇာတ်ကောင်နှစ်ယောက်ဟာ သေချာပေါက်ကို အမျိူးတော်စပ်ရမယ်လို့ ယူဆနေကြပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular