HomeEntertainmentFilmLoki Season 2 အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ

Loki Season 2 အပိုင်း(၁)ထဲက Easter Egg များနဲ့ စိတ်ဝင်စားစရာများ

*** Spoiler Alert ***

Loki Season 2 ရဲ့ အပိုင်း(၁)ကတော့ မကြာခင်ကပဲ ထွက်ရှိခဲ့ပါတယ်။ ဒီအပိုင်းထဲမှာတော့ Season 1 အဆုံးသတ်က ဖြစ်ရပ်တွေကနေ တိုက်ရိုက် ဆက်ပြထားပါတယ်။ He Who Remains သေဆုံးသွားပြီးနောက်မှာတော့ Sylvie ကလည်း ပျောက်သွားသလို Loki ကလည်း Time-Slipping ဖြစ်နေပြီး အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တွေကို ရောက်ရောက်သွားပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာ‌တော့ အပိုင်း(၁)ထဲက Easter Egg တွေကို ဖော်ပြပေးချင်ပါတယ်။

အပိုင်း(၁)နာမည်ရဲ့အဓိပ္ပာယ်

photo credit Disney+

ဒီအပိုင်းရဲ့ နာမည်ကတော့ Ouroboros ဖြစ်ပြီး သရုပ်ဆောင် Ke Huy Quan ရဲ့ ဇာတ်ကောင်နာမည်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီနာမည်ဟာ Ke Huy Quan ရဲ့ ဇာတ်ကောင်တစ်ယောက်တည်းကို ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ Ouroboros ဆိုတာကတော့ မြွေတစ်ကောင်က သူ့ရဲ့အမြီးကို ပြန်မျိုနေတဲ့ သင်္ကေတရဲ့အမည်လည်း ဖြစ်ပါတယ်။ ဒီသင်္ကေတရဲ့ အဓိပ္ပာယ်ကတော့ ဖျက်ဆီးခြင်းနဲ့ ပြန်လည်မွေးဖွားခြင်းတို့ရဲ့ အဆုံးမရှိတဲ့ စက်ဝန်းကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါ့အပြင် Norse ဒဏ္ဍာရီထဲမှာဆိုရင် Ouroboros ကို Jormungandr လို့ ဖော်ပြပါတယ်။ Jormungandr ကတော့ အလွန်ကြီးမားလွန်းတာကြောင့် ကမ္ဘာကြီးကိုတောင် ပတ်ထားနိုင်တဲ့ World Serpent ကြီး ဖြစ်ပါတယ်။ ဒါ့အပြင် Jormungandr က သူ့ရဲ့အမြီးကို ကိုက်ထားရာက လွှတ်လိုက်တဲ့အချိန်မှာ Ragn‌arok ဖြစ်လာမယ်လို့ ဆိုပါတယ်။ ဒါတင်မကသေးဘဲ Norse ဒဏ္ဍာရီထဲမှာတော့ Jormungandr ဟာ Loki ရဲ့ ကလေးလည်း ဖြစ်ပါတယ်။

Loki ရဲ့ Time-Slipping နဲ့ Spider-Verse ရဲ့ Glitching

photo credit Disney+

Marvel Studios ဟာ Multiverse အကြောင်းကို ပိုမိုပြသလာတာနဲ့အမျှ စိတ်ဝင်စားစရာတွေကလည်း ပိုတိုးလာပါတယ်။ အသစ်ထွက်ထားတဲ့ Spider-Man Across the Spider-Verse ထဲမှာတော့ ဇာတ်ကောင်တွေဟာ သူတို့နဲ့ မသက်ဆိုင်တဲ့ Universe ကို ရောက်သွားရင် Glitching ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ယခု Loki ဟာလည်း TVA ထဲမှာ အတိတ်၊ ပစ္စပ္ပုန်နဲ့ အနာဂတ်တို့ကို တစ်လှည့်စီ ဆွဲယူခံနေရပြီး Time-Slipping ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ခုဟာ ဆက်စပ်မှုတွေ ရှိနေနိုင်ပါတယ်။

Moon Knight

photo credit Disney+

ဒီအပိုင်းရဲ့ အစမှာတော့ Loki ဟာ TVA ရဲ့ အတိတ်က Casey နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ Casey ဟာ စိတ်ပိုင်းဆိုင်ရာ Podcast တစ်ခုကို နားထောင်နေပါတယ်။ အဲဒီ Podcast ကတော့ Moon Knight ဇာတ်လမ်းတွဲထဲမှာ Steven Grant နားထောင်နေတဲ့ Podcast နဲ့ တူတူပဲ ဖြစ်ပါတယ်။

X-Men Reference

photo credit Disney+

Loki ၊ O.B ၊ Mobius နဲ့ B-15 တို့ Temporal Loom ထဲကို ဝင်သွားတဲ့ အချိန်မှာတော့ ကင်မရာဟာ အဲဒီအခန်းတံခါးရဲ့ အလယ်တည့်တည့်ကို Zoom ဆွဲပြီး ပြသသွားပါတယ်။ အဲဒီအခန်းမှာတော့ တံခါးရဲ့ပုံစံဟာ X-Men ရုပ်ရှင်တွေထဲက Cerebro ရှိတဲ့ အခန်းတံခါးနဲ့ အတော်လေး ဆင်တူနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် MCU ဟာ X-Men တွေကို မကြာခင်မှာ မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

Temporal Loom

photo credit Disney+

Norse ဒဏ္ဍာရီထဲမှာတော့ Yggdrasil ဆိုတဲ့ World Tree ရှိပါတယ်။ အဲဒီသစ်ပင်ကြီးဟာ လောကကိုးခုကို အတူပူးတွဲထားပြီး အခြားလောကတွေကိုလည်း ဒီ World Tree ကနေ သွားနိုင်ပါတယ်။ Temporal Loom ဟာလည်း အချိန်စီးဆင်းမှုကို ထိန်းချုပ်ပြီး Physical Timeline အဖြစ် တည်ဆောက်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီနှစ်ခုဟာ အနည်းငယ် ဆင်တူနေပြီး Loki Season 2 ကတော့ Norse ဒဏ္ဍာရီထဲက အရာပေါင်းများစွာကို Reference အနေနဲ့ ထည့်သွင်းထားပါတယ်။

Loki ရဲ့ Classic Character Trait

photo credit Disney+

ခေါင်းမော့ပြီး ဆံပင်ခါလိုက်တဲ့ အမူအရာဟာ Loki ရဲ့ Classic Character Trait တစ်ခု ဖြစ်ပါတယ်။ ဒီအမူအရာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကလည်း အွန်လိုင်းပေါ်မှာ Meme တွေ ပြုလုပ်ကြတဲ့အထိ ရေပန်းစားခဲ့ပါတယ်။ ဒီအပိုင်းထဲမှာလည်း Loki ဟာ Time Slip ဖြစ်သွားတဲ့အချိန်တိုင်းမှာ ဒီ Classic Character Trait ကို ပြုလုပ်နေပါသေးတယ်။

Broxton

photo credit Disney+

ဒီအပိုင်းရဲ့ Credit Scene ထဲမှာတော့ Sylvie ဟာ အချိန်ရဲ့အဆုံးသတ်က ရဲတိုက်ထဲကနေ Oklahoma ပြည်နယ်၊ Broxton မြို့ကို ထွက်လာခဲ့ပါတယ်။ ကောမစ်ထဲမှာတော့ Ragnarok ဖြစ်ရပ်အပြီးမှာ Thor ဟာ Broxton မြို့မှာ Asgard ကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။ MCU ထဲမှာတော့ Thor ဟာ New Asgard ကို Norway မှာ တည်ထောင်ခဲ့ပါတယ်။ ဒီ Credit Scene ကတော့ ကောမစ်ထဲက အဲဒီအချက်ကို Easter Egg ပြုလုပ်ထားတာပါ။

ဒါကတော့ Loki season 2 အပိုင်း(၁)ထဲက စိတ်ဝင်စားစရာအချက်တချို့ ဖြစ်ပါတယ်။ နှစ်သက်ရင် Like & Share လုပ်ပေးသွားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular