HomeEntertainmentFilmBBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ IMDb အမြင့်ဆုံး စီးရီးကောင်းများ 

BBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ IMDb အမြင့်ဆုံး စီးရီးကောင်းများ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

အမေရိကန်ဒရာမာ ဇာတ်လမ်းတွဲတွေဟာ ချီးမွမ်းခံရလောက်အောင် ကောင်းတယ်ဆိုရင် ဗြိတိန်ဇာတ်လမ်းတွဲတွေကတော့ ဇာတ်လမ်းပိုင်းမှာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာတာကို ဒီနှစ်ပိုင်းတွေမှာ ပိုတွေ့လာရပါတယ်။ အထူးသဖြင့် BBC ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ ဒရာမာတွေဟာ ပိုနက်နဲတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရှင်းလင်းပြတ်သားတဲ့ ဒိုင်ရာလော့ခ်တွေအပြင် ပီပြင်တဲ့ ဇာတ်ရုပ်တွေကိုပါ ဖန်တီးရိုက်ကူးထားတာကို မြင်တွေ့ရမှာပါ။

အစိုးရပိုင် ရုပ်သံလိုင်းတစ်ခုဖြစ်ပေမယ့် တကယ်စိတ်ဝင်စားဖို့ကောင်းပြီး ပရိသတ်အတွက် အံ့အားသင့်ရစေမယ့် ရှိုးမျိုးဆိုရင် ထုတ်လွှင့်ဖို့ တုံ့ဆိုင်းမနေတာကို တွေ့ရမှာပါ။ ဒါ့အပြင် အခုဆိုရင် BBC ရဲ့ ဇာတ်လမ်းတွဲကောင်းတွေကို Netflix ၊ Hulu နဲ့  Amazon တို့လို streaming platform တွေမှာ အချိန်မရွေး ကြည့်ရှုနိုင်နေတာက ပိုအဆင်ပြေစေပါတယ်။ ဒါကြောင့် BBC က ရိုက်ကူးထုတ်လုပ်ထားတဲ့ နာမည်ကြီးဒရာမာ ဇာတ်လမ်းတွဲတွေထဲက IMDb အမြင့်ဆုံး ရရှိထားတဲ့ ရှိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Spooks (IMDb 8.2)
Photo via screenrant

Spooks ဟာ ဗြိတိန် စပိုင်ဇာတ်လမ်းတွဲဖြစ်ပြီး MI-5 လို့လည်း ခေါ်ဆိုကြပါတယ်။ ဇာတ်လမ်းကတော့ Station D ရဲ့ လက်အောက်မှာရှိတဲ့ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး လျှို့ဝှက်စပိုင် အထူးတပ်ဖွဲ့တစ်ခုအကြောင်း ဖြစ်ပါတယ်။ သူတို့ဟာ လျှို့ဝှက်သိုသိပ်တဲ့ သဘာဝရှိလို့ Spooks (စပိုင်များ)လို့ လူတွေက သိကြပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ သူတို့အကြောင်းမှတ်တမ်းမရှိသလို နေအိမ်လည်း အတည်တကျ မရှိပါဘူး။

Tom Quinn ဦးဆောင်တဲ့ ဒီအဖွဲ့ရဲ့ အဓိကတာဝန်ကတော့ အဖျက်သမားတွေရဲ့ ခြိမ်းခြောက်မှု၊ ဘေးရန်ကနေ ယူကေနိုင်ငံကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တစ်ခြားစပိုင်ဇာတ်လမ်းတွဲတွေလို အကြမ်းဖက်မှုတွေကို သိပ်ဦးစားမပေးထားပေမယ့် ဇာတ်လမ်း၊ ဇာတ်ကွက်တွေက တကယ်ကြီး စိတ်ဝင်စားဖို့ကောင်းပြီး ကြည့်ရှုသူကို ဆွဲဆောင်နိုင်စေပါတယ်။ Spooks ဟာ ၂၀၀၂ခုနှစ်က စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး season (၁၀)ခု ရှိပါတယ်။ IMDb ကတော့ 8.2 ရှိပါတယ်။

The Missing (IMDb 8.2)
Photo via IMDb

ဒီဒရာမာဇာတ်လမ်းတွဲကတော့ ပြင်သစ်ကို မိသားစုအားလပ်ရက် ခရီးထွက်လာတဲ့အချိန်မှာ ထူးဆန်းစွာ ပျောက်ဆုံးသွားတဲ့ ငါးနှစ်အရွယ်ကလေး Oliver Hughes ရဲ့အကြောင်းဖြစ်ပြီး IMDb 8.2 ရရှိထားပါတယ်။ ဒီဇာတ်လမ်းရဲ့ spinoff အနေနဲ့ ဒီအမှုကိုလိုက်တဲ့ အရာရှိအကြောင်းကို Baptiste နာမည်နဲ့ နောက်ပိုင်းမှာ ထပ်ထွက်ခဲ့ပေမယ့် မူရင်းရှိုးကိုတော့ မမှီခဲ့ပါဘူး။

ဇာတ်လမ်းအစပိုင်းမှာတော့ ကလေးတွေကို ဖျက်ဆီးတဲ့ဂိုဏ်းက Oliver ကို ဖမ်းသွားသလို ထင်ရပေမယ့် နောက်ပိုင်းမှာ လှည့်ကွက်အကြီးကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၄ခုနှစ်က BBC One မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပြီး season (၂)ခု ထွက်ရှိထားပါတယ်။

Killing Eve (IMDb 8.3)
Photo via screenrant

Sandra Oh ကတော့ လက်ဖျားခါလောက်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ဒီဇာတ်လမ်းမှာဆိုရင်လည်း ပိုလို့တောင် ထူးခြားစွာ သရုပ်ဆောင်ထားပါသေးတယ်။ Killing Eve ဟာ အမျိုးသမီးလုပ်ကြံရေးသမားတွေကိုသာ စိတ်ဝင်တစား လိုက်လံစုံစမ်းတတ်တဲ့ ဗြိတိန်အထူးထောက်လှမ်းရေးအေးဂျင့် Eve Polastri  ရဲ့အကြောင်းပဲ ဖြစ်ပါတယ်။

သူမဟာ စုံစမ်းမှုအချို့မှာ ပေါ့ဆပြီး အမှားလုပ်မိတာကြောင့် MI-5 က အထုတ်ခံခဲ့ရပေမယ့် ဒါဟာ သူမအတွက်တော့ လမ်းဆုံး မဟုတ်ခဲ့ပါဘူး။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ Villanelle လို့ခေါ်တဲ့ အမျိုးသမီးလုပ်ကြံရေးသမားတစ်ယောက်ကို ဖမ်းဆီးပေးဖို့ MI-6 ရဲ့ ကမ်းလှမ်းခန့်အပ်ခြင်းကို ခံရပါတော့တယ်။ မကြာခင်မှာပဲ Eve နဲ့ Villanelle တို့ဟာ တစ်ယောက်အပေါ်တစ်ယောက် စွဲလမ်းမိလာကြပါတယ်။ ဒီစီးရီးဟာ ၂၀၁၈ခုနှစ်က ထွက်ရှိထားပြီး season (၃)ခု ထွက်ရှိထားပါတယ်။

Broadchurch (IMDb 8.4)
Photo via IMDb

ဒီစီးရီးကတော့ (၁၁)နှစ်အရွယ် ကလေးတစ်ယောက် အသတ်ခံလိုက်ရတဲ့အမှုကို လိုက်လံစုံစမ်းဖော်ထုတ်တဲ့ စုံထောက် Alec Hardy နဲ့ သူ့ရဲ့ပါတနာ Ellie Miller တို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ မှုခင်းဒရာမာအမျိုးအစား ဖြစ်ပါတယ်။ ဒီအမှုကိုဖော်ထုတ်ဖို့အတွက် သူတို့နှစ်ယောက်ဟာ ဗြိတိန်ရဲ့ Jurassic ကမ်းခြေဒေသမှာ နေထိုင်ကြတဲ့ ရှေးရိုးစွဲ အသိုင်းအဝိုင်းထဲကို ဝင်ရောက်ဖို့ ကြိုးစားရပါတော့တယ်။ သို့ပေမယ့် အဲဒီမြို့လေးမှာရှိတဲ့ လူတိုင်းမှာ လျှို့ဝှက်ချက်တစ်ခုစီ ရှိနေကြတဲ့အခါမှာတော့ အမှုဟာ ဖော်ထုတ်ဖို့ ပိုမိုခက်ခဲလာပါတော့တယ်။

ဒီဇာတ်လမ်းတွဲဟာ ၂၀၁၃ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး season (၃)ခု ထွက်ရှိထားပါတယ်။ ဒီစီးရီးဟာ မူလက ITV မှာ ထုတ်လွှင့်ပြသခဲ့ပေမယ့် နောက်ပိုင်းမှာ ငွေကြေးဘတ်ဂျက် အခက်အခဲတွေကြောင့် BBC က လက်လွှဲယူလိုက်ရတဲ့ ရှိုး ဖြစ်ပါတယ်။ IMDb ကတော့ 8.4 ရရှိထားပါတယ်။

Happy Valley (IMDb 8.4)
Photo via IMDb

ဒီဇာတ်လမ်းတွဲကတော့ ဩချရလောက်အောင် တည်ငြိမ်အေးဆေးလွန်းတဲ့ ရော့ခ်ရှိုင်းယားမြို့က ရဲမေ Catherine Cawood အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သူမကို စတင်မြင်တွေ့ရတဲ့ ပထမဆုံးဇာတ်ဝင်ခန်းအချို့မှာတင် ပရိသတ်တွေက သူမရဲ့ဇာတ်ကောင်စရိုက်ကို စိတ်ဝင်စားသွားကြမှာ အမှန်ဖြစ်ပါတယ်။

အဲ့ဒါကတော့ ယောက်ျားတစ်ယောက်ဟာ ကစားကွင်းထဲမှာ သူ့ကိုယ်သူ မီးရှို့သတ်သေဖို့ ကြိုးစားနေချိန်မှာ လူတိုင်းက အထိတ်တလန့် ဖြစ်သွားကြပေမယ့် ရဲမေ Catherine ကတော့ အေးအေးဆေးဆေးပဲ အနီးနားက စတိုးဆိုင်မှာ အမိုးချည်ဖို့ ကြိုးခွေတောင် သွားဝယ်လိုက်ပါသေးတယ်။ ဒါ့အပြင် “သူ့ကိုယ်သူ ကောင်းကင်ဘုံ ပို့ခွင့်ရှိတယ်။ ဒါ သူရဲ့ရွေးချယ်မှုပဲ။ ဒါပေမယ့် ငါ့မျက်ခုံးမွေးတော့ အပါမခံနိုင်ဘူး…”  ဆိုတဲ့ ပြောပုံဆိုပုံတွေဟာ ပရိသတ်တွေကို တကယ် စိတ်ဝင်စားစေမှာ ဖြစ်ပါတယ်။

ဒီရှိုးကို ပရိသတ်တွေထက် ရုပ်ရှင်ဝေဖန်ရေးသမားတွေက ပိုနှစ်သက်ခဲ့ကြပြီး IMDb မှာ 8.4 ရရှိထားသလို Rotten Tomatoes မှာတော့ 98% တောင် ရရှိထားပါတယ်။ ဒီစီးရီးဟာ ၂၀၁၄ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး season (၂)ခု ထွက်ရှိထားပါတယ်။

Peaky Blinders (IMDb 8.8)
Photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေကြားမှာလည်း အတော်လေး ရေပန်းစားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၁၉ခုနှစ်က အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ ဒုစရိုက်မှုတွေနဲ့ စီးပွားရေးလုပ်ပြီး တစ်မြို့လုံးကို ထိန်းချုပ်ထားတဲ့ Shelby မိသားစုအကြောင်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ အပြင်မှာ တကယ်ရှိခဲ့တဲ့ Peaky Blinders အဖွဲ့အကြောင်းကို အခြေခံ ရိုက်ကူးထားတာပါ။

နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Cillian Murphy ၊ Tom Hardy ၊ Sam Neill ၊ Sam Claflin တို့က အဓိက ပါဝင်ထားပါတယ်။ ၂၀၁၃ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး season (၅)ခုနဲ့ ongoing ထွက်ရှိနေဆဲ ဖြစ်ပါတယ်။

Sherlock (IMDb 9.1)
Photo via screenrant

စာရေးဆရာကြီး Sir Arthur Conan Doyle ရဲ့ Sherlock Holmes ဝတ္ထုတွေကို မှီငြမ်းပြီး ခေတ်သစ်ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ ခေတ်သစ် Sherlock Holmes ဇာတ်ကောင်ကို ပီပြင်သေသပ်စွာ သရုပ်ဆောင်ထားနိုင်လို့ Benedict Cumberbatch ဟာ ပိုမိုအောင်မြင်ကျော်ကြားလာခဲ့ပါတယ်။ Sherlock Holmes ရဲ့တွဲဖက် Dr. Watson နေရာမှာတော့ Martin Freeman က ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်။

ဒီစီးရီးဟာ ထူးချွန်ဆုများစွာ ရရှိထားပြီး Benedict Cumberbatch နဲ့ Martin Freeman တို့ဟာလည်း အကောင်းဆုံး ဇာတ်ဆောင်ဆုနဲ့ အကောင်းဆုံး ဇာတ်ပို့ဆု ဆိုပြီး Emmys Awards ဆုတွေကို အသီးသီး ရရှိထားကြပါတယ်။ Sherlock ဟာ ၂၀၁၀ခုနှစ်က စတင်ထွက်ရှိထားတာဖြစ်ပြီး လက်ရှိအချိန်အထိ season (၄)ခု ထွက်ရှိထားပါတယ်။

ဒါကတော့ BBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက IMDb အမြင့်ဆုံးစီးရီးတွေကို ဖော်ပြပေးထားတာဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ အခြားဗြိတိန်ဇာတ်လမ်းတွဲတွေ ရှိရင်လည်း မျှဝေခဲ့ပါဦး။

C 21

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(zawgyi version)

အေမရိကန္ဒရာမာ ဇာတ္လမ္းတြဲေတြဟာ ခ်ီးမြမ္းခံရေလာက္ေအာင္ ေကာင္းတယ္ဆိုရင္ ၿဗိတိန္ဇာတ္လမ္းတြဲေတြကေတာ့ ဇာတ္လမ္းပိုင္းမွာ ပိုၿပီးစိတ္ဝင္စားဖို႔ ေကာင္းလာတာကို ဒီႏွစ္ပိုင္းေတြမွာ ပိုေတြ႕လာရပါတယ္။ အထူးသျဖင့္ BBC ႐ုပ္သံလိုင္းက ထုတ္လႊင့္တဲ့ ဒရာမာေတြဟာ ပိုနက္နဲတဲ့ ဇာတ္လမ္းဇာတ္ကြက္ေတြနဲ႔ ရွင္းလင္းျပတ္သားတဲ့ ဒိုင္ရာေလာ့ခ္ေတြအျပင္ ပီျပင္တဲ့ ဇာတ္႐ုပ္ေတြကိုပါ ဖန္တီး႐ိုက္ကူးထားတာကို ျမင္ေတြ႕ရမွာပါ။

အစိုးရပိုင္ ႐ုပ္သံလိုင္းတစ္ခုျဖစ္ေပမယ့္ တကယ္စိတ္ဝင္စားဖို႔ေကာင္းၿပီး ပရိသတ္အတြက္ အံ့အားသင့္ရေစမယ့္ ရႈိးမ်ိဳးဆိုရင္ ထုတ္လႊင့္ဖို႔ တုံ႔ဆိုင္းမေနတာကို ေတြ႕ရမွာပါ။ ဒါ့အျပင္ အခုဆိုရင္ BBC ရဲ႕ ဇာတ္လမ္းတြဲေကာင္းေတြကို Netflix ၊ Hulu နဲ႔  Amazon တို႔လို streaming platform ေတြမွာ အခ်ိန္မေ႐ြး ၾကည့္ရႈႏိုင္ေနတာက ပိုအဆင္ေျပေစပါတယ္။ ဒါေၾကာင့္ BBC က ႐ိုက္ကူးထုတ္လုပ္ထားတဲ့ နာမည္ႀကီးဒရာမာ ဇာတ္လမ္းတြဲေတြထဲက IMDb အျမင့္ဆုံး ရရွိထားတဲ့ ရႈိးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Spooks (IMDb 8.2)
Photo via screenrant

Spooks ဟာ ၿဗိတိန္ စပိုင္ဇာတ္လမ္းတြဲျဖစ္ၿပီး MI-5 လို႔လည္း ေခၚဆိုၾကပါတယ္။ ဇာတ္လမ္းကေတာ့ Station D ရဲ႕ လက္ေအာက္မွာရွိတဲ့ အၾကမ္းဖက္မႈ တန္ျပန္တိုက္ဖ်က္ေရး လွ်ိဳ႕ဝွက္စပိုင္ အထူးတပ္ဖြဲ႕တစ္ခုအေၾကာင္း ျဖစ္ပါတယ္။ သူတို႔ဟာ လွ်ိဳ႕ဝွက္သိုသိပ္တဲ့ သဘာဝရွိလို႔ Spooks (စပိုင္မ်ား)လို႔ လူေတြက သိၾကပါတယ္။ ဒီတပ္ဖြဲ႕ဝင္ေတြဟာ သူတို႔အေၾကာင္းမွတ္တမ္းမရွိသလို ေနအိမ္လည္း အတည္တက် မရွိပါဘူး။

Tom Quinn ဦးေဆာင္တဲ့ ဒီအဖြဲ႕ရဲ႕ အဓိကတာဝန္ကေတာ့ အဖ်က္သမားေတြရဲ႕ ၿခိမ္းေျခာက္မႈ၊ ေဘးရန္ကေန ယူေကႏိုင္ငံကို ကာကြယ္ေပးဖို႔ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ တစ္ျခားစပိုင္ဇာတ္လမ္းတြဲေတြလို အၾကမ္းဖက္မႈေတြကို သိပ္ဦးစားမေပးထားေပမယ့္ ဇာတ္လမ္း၊ ဇာတ္ကြက္ေတြက တကယ္ႀကီး စိတ္ဝင္စားဖို႔ေကာင္းၿပီး ၾကည့္ရႈသူကို ဆြဲေဆာင္ႏိုင္ေစပါတယ္။ Spooks ဟာ ၂၀၀၂ခုႏွစ္က စတင္ထုတ္လႊင့္ခဲ့တာ ျဖစ္ၿပီး season (၁၀)ခု ရွိပါတယ္။ IMDb ကေတာ့ 8.2 ရွိပါတယ္။

The Missing (IMDb 8.2)
Photo via IMDb

ဒီဒရာမာဇာတ္လမ္းတြဲကေတာ့ ျပင္သစ္ကို မိသားစုအားလပ္ရက္ ခရီးထြက္လာတဲ့အခ်ိန္မွာ ထူးဆန္းစြာ ေပ်ာက္ဆုံးသြားတဲ့ ငါးႏွစ္အ႐ြယ္ကေလး Oliver Hughes ရဲ႕အေၾကာင္းျဖစ္ၿပီး IMDb 8.2 ရရွိထားပါတယ္။ ဒီဇာတ္လမ္းရဲ႕ spinoff အေနနဲ႔ ဒီအမႈကိုလိုက္တဲ့ အရာရွိအေၾကာင္းကို Baptiste နာမည္နဲ႔ ေနာက္ပိုင္းမွာ ထပ္ထြက္ခဲ့ေပမယ့္ မူရင္းရႈိးကိုေတာ့ မမွီခဲ့ပါဘူး။

ဇာတ္လမ္းအစပိုင္းမွာေတာ့ ကေလးေတြကို ဖ်က္ဆီးတဲ့ဂိုဏ္းက Oliver ကို ဖမ္းသြားသလို ထင္ရေပမယ့္ ေနာက္ပိုင္းမွာ လွည့္ကြက္အႀကီးႀကီးကို ေတြ႕ရမွာျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ၂၀၁၄ခုႏွစ္က BBC One မွာ ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး season (၂)ခု ထြက္ရွိထားပါတယ္။

Killing Eve (IMDb 8.3)
Photo via screenrant

Sandra Oh ကေတာ့ လက္ဖ်ားခါေလာက္တဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္ၿပီး ဒီဇာတ္လမ္းမွာဆိုရင္လည္း ပိုလို႔ေတာင္ ထူးျခားစြာ သ႐ုပ္ေဆာင္ထားပါေသးတယ္။ Killing Eve ဟာ အမ်ိဳးသမီးလုပ္ႀကံေရးသမားေတြကိုသာ စိတ္ဝင္တစား လိုက္လံစုံစမ္းတတ္တဲ့ ၿဗိတိန္အထူးေထာက္လွမ္းေရးေအးဂ်င့္ Eve Polastri  ရဲ႕အေၾကာင္းပဲ ျဖစ္ပါတယ္။

သူမဟာ စုံစမ္းမႈအခ်ိဳ႕မွာ ေပါ့ဆၿပီး အမွားလုပ္မိတာေၾကာင့္ MI-5 က အထုတ္ခံခဲ့ရေပမယ့္ ဒါဟာ သူမအတြက္ေတာ့ လမ္းဆုံး မဟုတ္ခဲ့ပါဘူး။ ဒီလိုနဲ႔ သိပ္မၾကာခင္မွာပဲ Villanelle လို႔ေခၚတဲ့ အမ်ိဳးသမီးလုပ္ႀကံေရးသမားတစ္ေယာက္ကို ဖမ္းဆီးေပးဖို႔ MI-6 ရဲ႕ ကမ္းလွမ္းခန္႔အပ္ျခင္းကို ခံရပါေတာ့တယ္။ မၾကာခင္မွာပဲ Eve နဲ႔ Villanelle တို႔ဟာ တစ္ေယာက္အေပၚတစ္ေယာက္ စြဲလမ္းမိလာၾကပါတယ္။ ဒီစီးရီးဟာ ၂၀၁၈ခုႏွစ္က ထြက္ရွိထားၿပီး season (၃)ခု ထြက္ရွိထားပါတယ္။

Broadchurch (IMDb 8.4)
Photo via IMDb

ဒီစီးရီးကေတာ့ (၁၁)ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ အသတ္ခံလိုက္ရတဲ့အမႈကို လိုက္လံစုံစမ္းေဖာ္ထုတ္တဲ့ စုံေထာက္ Alec Hardy နဲ႔ သူ႔ရဲ႕ပါတနာ Ellie Miller တို႔ရဲ႕အေၾကာင္းကို ႐ိုက္ကူးထားတဲ့ မႈခင္းဒရာမာအမ်ိဳးအစား ျဖစ္ပါတယ္။ ဒီအမႈကိုေဖာ္ထုတ္ဖို႔အတြက္ သူတို႔ႏွစ္ေယာက္ဟာ ၿဗိတိန္ရဲ႕ Jurassic ကမ္းေျခေဒသမွာ ေနထိုင္ၾကတဲ့ ေရွး႐ိုးစြဲ အသိုင္းအဝိုင္းထဲကို ဝင္ေရာက္ဖို႔ ႀကိဳးစားရပါေတာ့တယ္။ သို႔ေပမယ့္ အဲဒီၿမိဳ႕ေလးမွာရွိတဲ့ လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္တစ္ခုစီ ရွိေနၾကတဲ့အခါမွာေတာ့ အမႈဟာ ေဖာ္ထုတ္ဖို႔ ပိုမိုခက္ခဲလာပါေတာ့တယ္။

ဒီဇာတ္လမ္းတြဲဟာ ၂၀၁၃ခုႏွစ္က ထြက္ရွိထားတာ ျဖစ္ၿပီး season (၃)ခု ထြက္ရွိထားပါတယ္။ ဒီစီးရီးဟာ မူလက ITV မွာ ထုတ္လႊင့္ျပသခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ေငြေၾကးဘတ္ဂ်က္ အခက္အခဲေတြေၾကာင့္ BBC က လက္လႊဲယူလိုက္ရတဲ့ ရႈိး ျဖစ္ပါတယ္။ IMDb ကေတာ့ 8.4 ရရွိထားပါတယ္။

Happy Valley (IMDb 8.4)
Photo via IMDb

ဒီဇာတ္လမ္းတြဲကေတာ့ ဩခ်ရေလာက္ေအာင္ တည္ၿငိမ္ေအးေဆးလြန္းတဲ့ ေရာ့ခ္ရႈိင္းယားၿမိဳ႕က ရဲေမ Catherine Cawood အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သူမကို စတင္ျမင္ေတြ႕ရတဲ့ ပထမဆုံးဇာတ္ဝင္ခန္းအခ်ိဳ႕မွာတင္ ပရိသတ္ေတြက သူမရဲ႕ဇာတ္ေကာင္စ႐ိုက္ကို စိတ္ဝင္စားသြားၾကမွာ အမွန္ျဖစ္ပါတယ္။

အဲ့ဒါကေတာ့ ေယာက္်ားတစ္ေယာက္ဟာ ကစားကြင္းထဲမွာ သူ႔ကိုယ္သူ မီးရႈိ႕သတ္ေသဖို႔ ႀကိဳးစားေနခ်ိန္မွာ လူတိုင္းက အထိတ္တလန႔္ ျဖစ္သြားၾကေပမယ့္ ရဲေမ Catherine ကေတာ့ ေအးေအးေဆးေဆးပဲ အနီးနားက စတိုးဆိုင္မွာ အမိုးခ်ည္ဖို႔ ႀကိဳးေခြေတာင္ သြားဝယ္လိုက္ပါေသးတယ္။ ဒါ့အျပင္ “သူ႔ကိုယ္သူ ေကာင္းကင္ဘုံ ပို႔ခြင့္ရွိတယ္။ ဒါ သူရဲ႕ေ႐ြးခ်ယ္မႈပဲ။ ဒါေပမယ့္ ငါ့မ်က္ခုံးေမြးေတာ့ အပါမခံႏိုင္ဘူး…”  ဆိုတဲ့ ေျပာပုံဆိုပုံေတြဟာ ပရိသတ္ေတြကို တကယ္ စိတ္ဝင္စားေစမွာ ျဖစ္ပါတယ္။

ဒီရႈိးကို ပရိသတ္ေတြထက္ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြက ပိုႏွစ္သက္ခဲ့ၾကၿပီး IMDb မွာ 8.4 ရရွိထားသလို Rotten Tomatoes မွာေတာ့ 98% ေတာင္ ရရွိထားပါတယ္။ ဒီစီးရီးဟာ ၂၀၁၄ခုႏွစ္က ထြက္ရွိထားတာျဖစ္ၿပီး season (၂)ခု ထြက္ရွိထားပါတယ္။

Peaky Blinders (IMDb 8.8)
Photo via screenrant

ဒီဇာတ္လမ္းတြဲကေတာ့ ျမန္မာပရိသတ္ေတြၾကားမွာလည္း အေတာ္ေလး ေရပန္းစားပါတယ္။ ဇာတ္လမ္းကေတာ့ ၁၉၁၉ခုႏွစ္က အဂၤလန္ႏိုင္ငံ ဘာမင္ဂမ္ၿမိဳ႕မွာ ဒုစ႐ိုက္မႈေတြနဲ႔ စီးပြားေရးလုပ္ၿပီး တစ္ၿမိဳ႕လုံးကို ထိန္းခ်ဳပ္ထားတဲ့ Shelby မိသားစုအေၾကာင္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းဟာ အျပင္မွာ တကယ္ရွိခဲ့တဲ့ Peaky Blinders အဖြဲ႕အေၾကာင္းကို အေျခခံ ႐ိုက္ကူးထားတာပါ။

နာမည္ေက်ာ္ သ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Cillian Murphy ၊ Tom Hardy ၊ Sam Neill ၊ Sam Claflin တို႔က အဓိက ပါဝင္ထားပါတယ္။ ၂၀၁၃ခုႏွစ္က ထြက္ရွိထားတာ ျဖစ္ၿပီး season (၅)ခုနဲ႔ ongoing ထြက္ရွိေနဆဲ ျဖစ္ပါတယ္။

Sherlock (IMDb 9.1)
Photo via screenrant

စာေရးဆရာႀကီး Sir Arthur Conan Doyle ရဲ႕ Sherlock Holmes ဝတၳဳေတြကို မွီျငမ္းၿပီး ေခတ္သစ္ပုံစံနဲ႔ ျပန္လည္႐ိုက္ကူးထားတဲ့ ဇာတ္လမ္းတြဲ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းတြဲမွာေတာ့ ေခတ္သစ္ Sherlock Holmes ဇာတ္ေကာင္ကို ပီျပင္ေသသပ္စြာ သ႐ုပ္ေဆာင္ထားႏိုင္လို႔ Benedict Cumberbatch ဟာ ပိုမိုေအာင္ျမင္ေက်ာ္ၾကားလာခဲ့ပါတယ္။ Sherlock Holmes ရဲ႕တြဲဖက္ Dr. Watson ေနရာမွာေတာ့ Martin Freeman က ပီျပင္စြာ သ႐ုပ္ေဆာင္ထားပါတယ္။

ဒီစီးရီးဟာ ထူးခြၽန္ဆုမ်ားစြာ ရရွိထားၿပီး Benedict Cumberbatch နဲ႔ Martin Freeman တို႔ဟာလည္း အေကာင္းဆုံး ဇာတ္ေဆာင္ဆုနဲ႔ အေကာင္းဆုံး ဇာတ္ပို႔ဆု ဆိုၿပီး Emmys Awards ဆုေတြကို အသီးသီး ရရွိထားၾကပါတယ္။ Sherlock ဟာ ၂၀၁၀ခုႏွစ္က စတင္ထြက္ရွိထားတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ season (၄)ခု ထြက္ရွိထားပါတယ္။

ဒါကေတာ့ BBC ႐ုပ္သံလိုင္းက ထုတ္လႊင့္ခဲ့တဲ့ ဇာတ္လမ္းတြဲေတြထဲက IMDb အျမင့္ဆုံးစီးရီးေတြကို ေဖာ္ျပေပးထားတာျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ အျခားၿဗိတိန္ဇာတ္လမ္းတြဲေတြ ရွိရင္လည္း မွ်ေဝခဲ့ပါဦး။

C 21

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

 

RELATED ARTICLES

Most Popular