HomeCelebs Update NewsInternationalေဘာလိ၀ုဒ္ရဲ႕ ေငြေၾကးအခ်မ္းသာဆုံး မင္းသမီး(၁၀)ေယာက္

ေဘာလိ၀ုဒ္ရဲ႕ ေငြေၾကးအခ်မ္းသာဆုံး မင္းသမီး(၁၀)ေယာက္

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ရှုပါ။

ရုပ္ရွင္သရုပ္ေဆာင္အလုပ္ဆိုတာဟာ လြယ္ကူတဲ့ အလုပ္မ်ိဳးေတာ့ မဟုတ္ပါဘူး။ ကိုယ္အမုန္းဆုံး၊ မႀကိဳက္ဆုံး၊ အရြံဆုံး၊ အေၾကာက္ဆုံးဆိုတဲ့အရာေတြကို ဇာတ္ေကာင္စရိုက္အတြက္ လိုအပ္လာရင္ စိတ္ႏွစ္ၿပီး လုပ္ေဆာင္ရတတ္ပါတယ္။ ဒါေပမယ့္လည္း ကမာၻေပၚက ပိုက္ဆံအရဆုံး အလုပ္တစ္ခုကို ေျပာပါဆိုရင္လည္း သရုပ္ေဆာင္အလုပ္ပဲ ျဖစ္ပါလိမ့္မယ္။ ေဟာလိ၀ုဒ္နဲ႔ယွဥ္ရင္ နည္းမွာမွန္ေပမယ့္ ႏွစ္အလိုက္ ေငြေၾကးခ်မ္းသာမႈေတြ တိုးျမင့္ေနၿပီး ေဟာလိ၀ုဒ္ထက္လည္း ပိုက်ားကုတ္က်ားခဲ ႀကိဳးစားရသူေတြကေတာ့ ေဘာလိ၀ုဒ္က သရုပ္ေဆာင္ေတြပါပဲ။ လက္ညိဳးထိုးမလြဲ မီလ်ံနာေတြ ျပည့္ႏွက္ေနတဲ့ ရုပ္ရွင္နယ္ပယ္က စတားေတြထဲကမွ ေဘာလိ၀ုဒ္ရဲ႕ အခ်မ္းသာဆုံး မင္းသမီး(၁၀)ေယာက္ကို ေရြးခ်ယ္ေဖာ္ျပေပးလိုက္ပါတယ္။

နံပါတ္(၁၀) Sonam Kapoor – ေဒၚလာ (၁၅)သန္း
Photo: pinterest

ေဘာလိ၀ုဒ္ရဲ႕ လူသိအမ်ားဆုံး မင္းသမီးတစ္လက္ျဖစ္တဲ့ Sonam Kapoor ကေန စလိုက္ၾကပါစို႔။ သူမဟာ ဘယ္လိုဇာတ္ေကာင္စရိုက္မ်ိဳးကိုမဆို ပီျပင္ေအာင္ သရုပ္ေဆာင္ႏိုင္တဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ သူမရဲ႕ နာမည္အႀကီးဆုံး ဇာတ္ကားကေတာ့ “Neerja” ပါ။ ဒီကားေၾကာင့္ပဲ အိႏိၵယတစ္ႏိုင္ငံလုံးရဲ႕ ခ်စ္ျခင္းကိုလည္း အခုထိ ခံယူေနရဆဲ ျဖစ္ပါတယ္။

နံပါတ္(၉) Kajol Devgan – ေဒၚလာ (၁၆)သန္း
Photo: pinterest

ျမန္မာပရိသတ္ရဲ႕ အသည္းႏွလုံးကို စြဲကိုင္လႈပ္ရမ္းသြားတဲ့ ဇာတ္ကားတစ္ကားျဖစ္တဲ့ “Kuch Kuch Hota Hai”နဲ႔ ျမန္မာရုပ္ရွင္ၾကည့္ ပရိသတ္ေတြၾကားမွာ စတင္ေရပန္းစားလာတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ သူမဟာ အိႏိၵယမွာတင္မက ႏိုင္ငံတကာမွာလည္း ေအာင္ျမင္ေက်ာ္ၾကားသူတစ္ေယာက္ပါ။ ဒီေတာ့လည္း ကိုးေယာက္ေျမာက္ အခ်မ္းသာဆုံး ေဘာလိ၀ုဒ္မင္းသမီးဆိုတာ အ့ံၾသဖြယ္ရာ မရိွေတာ့ပါဘူး။

နံပါတ္(၈) Amrita Rao – ေဒၚလာ (၂၀.၅)သန္း
Photo: pinterest

ေဘာလိ၀ုဒ္ပရိသတ္ဆိုရင္ သူမကို “Welcome to Sajjanpur”၊ “Victory” ဇာတ္ကားေတြနဲ႔ အမွတ္ရေနဦးမွာပါ။ ေဘာလိ၀ုဒ္ အခ်မ္းသာဆုံး မင္းသမီးအျဖစ္ နံပါတ္(၈)ေနရာမွာ ရပ္တည္ေနတဲ့ Amrita ဟာ ကမာၻေပၚက ႏွစ္လိုဖြယ္ရာအေကာင္းဆုံး အမ်ိဳးသမီး(၅၀)မွာလည္း ပါ၀င္သူ ျဖစ္ပါတယ္။

နံပါတ္(၇) Anushka Sharma – ေဒၚလာ (၂၅)သန္း
Photo: pinterest

Anushka ဟာ ေမာ္ဒယ္လ္တစ္ေယာက္အေနနဲ႔ သူမရဲ႕အႏုပညာလမ္းေၾကာင္းကို စတင္ခဲ့တာျဖစ္ၿပီး ေနာက္ပိုင္းမွာမွ မင္းသမီးတစ္လက္ ျဖစ္လာခဲ့တာပါ။ အခုဆိုရင္ေတာ့ ေအာင္ျမင္တဲ့ ထုတ္လုပ္သူတစ္ေယာက္ပါ ျဖစ္ေနပါၿပီ။ ျမန္မာပရိသတ္ေတြနဲ႔ ရင္းႏွီးတဲ့ သူမရဲ႕ဇာတ္ကားေတြကေတာ့ “PK” နဲ႔ “Zero” ဇာတ္ကားေတြပါပဲ။

နံပါတ္(၆) Vidya Balan – ေဒၚလာ (၂၅)သန္း
Photo: pinterest

Vidya ဟာ “Hum Paanch” ဆိုတ့ဲ ဇာတ္ကားနဲ႔ ပရိသတ္ရဲ႕အခ်စ္ေတြကို ရယူသြားသူပါ။ အဲ့ဒီ့ဇာတ္ကားဟာ သူမရဲ႕ ပြဲဦးထြက္ကားေတြထဲက တစ္ကား ျဖစ္ပါတယ္။ သူမ ဘ၀ကို ေျပာင္းလဲသြားေစမယ့္ “Dirty Picture” ဆိုတဲ့ ဇာတ္ကားကို သရုပ္ေဆာင္အၿပီးမွာေတာ့ တကယ့္လုပ္ကြက္ရိွတဲ့ ဇာတ္ေကာင္ေတြကိုပဲ ဆက္တိုက္ဆုိသလို ကမ္းလွမ္းခံခဲ့ရပါတယ္။

နံပါတ္(၅) Preity Zinta – ေဒၚလာ (၃၀)သန္း
Photo: pinterest

Preity ရဲ႕အလွမွာ ပါးခ်ိဳင့္ေတြက အသက္ပါ။ အဲ့ဒီ့ပါးခ်ိဳင့္ေတြထဲမွာ နစ္၀င္ေပ်ာ္ဆင္းသြားတဲ့ ပုရိသေတြ မနည္းမေနာပါပဲ။ သူမရဲ႕ ေငြေၾကးခ်မ္းသာမႈကေတာ့ အနည္းဆုံး အေမရိကန္ေဒၚလာ သန္း(၃၀)မွာ ရိွေနပါတယ္။ ၀မ္းနည္းစရာေကာင္းတဲ့အခ်က္ကေတာ့ သူမဟာ ရုပ္ရွင္ေလာကက အနားယူသြားခဲ့ၿပီ ျဖစ္ပါတယ္။

နံပါတ္(၄) Aishwarya Rai – ေဒၚလာ (၃၅)သန္း
Photo: pinterest

၁၉၉၄ခုႏွစ္ရဲ႕ Miss World ျဖစ္တဲ့ Aishwarya ရဲ႕ အလွေတြကေတာ့ ေမွးမိွန္မသြားေသးပါဘူး။ သူမဟာ “Aur Pyaar Ho Gaya”၊ “Dhoom 2″၊ “Hum Dil De Chuke Sanam” အစရိွတဲ့ ဇာတ္ကားေပါင္း ေျမာက္မ်ားစြာမွာ ပါ၀င္သရုပ္ေဆာင္ခဲ့သူပါ။ ဒါေၾကာင့္လည္း အခ်မ္းသာဆုံးစာရင္းမွာ ထိပ္ပိုင္းေရာက္ေနတာ ျဖစ္ပါတယ္။

နံပါတ္(၃) Madhuri Dixit – ေဒၚလာ (၃၅)သန္း
Photo: pinterest

Madhuri Dixit ဟာ အိႏိၵယရဲ႕ က်က္သေရအရိွဆုံး အမ်ိဳးသမီးတစ္ေယာက္လို႔ ဆိုႏိုင္ပါတယ္။ ၀ါရင့္မင္းသမီးႀကီးတစ္လက္ျဖစ္သလို ျပည္သူ႔အခ်စ္ေတာ္လို႔လည္း ေျပာလို႔ရတဲ့ Madhuri ဟာ အိႏိၵယက ေၾကးအျမင့္ဆုံး မင္းသမီးေတြထဲကတစ္ေယာက္ ျဖစ္ပါတယ္။

နံပါတ္(၂) Priyanka Chopra – ေဒၚလာ (၄၀)သန္း
Photo: pinterest

ကမာၻနဲ႔ပါခ်ီၿပီး ေအာင္ျမင္ေက်ာ္ၾကားရုံမက ႏႈတ္ခမ္းနီမေလးေတြရဲ႕ အသည္းစြဲ boy band တစ္ခုျဖစ္တဲ့ Jonas Brothers အဖြဲ႕က Nick Jonas နဲ႔ပါ ပူပူေႏြးေႏြး လက္ထပ္ထားတဲ့ မင္းသမီးတစ္လက္ ျဖစ္ပါတယ္။ ၂၀၀၀ခုႏွစ္ရဲ႕ Miss World ပိုင္ရွင္ Priyanka ဟာ သူမရဲ႕အလွနဲ႔ ေက်ာ္ၾကားသလို “Quantico”ဆိုတဲ့ ဇာတ္ကားကို သရုပ္ေဆာင္အၿပီးမွာေတာ့ ေၾကးအျမင့္ဆုံး မင္းသမီးတစ္လက္ ျဖစ္လာခဲ့ပါတယ္။

နံပါတ္(၁) Deepika Padukone – ေဒၚလာ (၄၅)သန္း
Photo: pinterest

ေဘာလိ၀ုဒ္ရဲ႕ အခ်မ္းသာဆုံး နံပါတ္(၁)မင္းသမီးကေတာ့ Deepika Padukone ျဖစ္ပါတယ္။ “Om Shanti Om”ဇာတ္ကားမွာ ပါ၀င္အၿပီးမွာေတာ့ သူမရဲ႕ေအာင္ျမင္မႈဟာ ရပ္တန္႔လို႔ေတာင္ မရခဲ့ေတာ့ပါဘူး။  “xXx” ဇာတ္ကားမွာ ပိုၿပီးနာမည္ႀကီးလာခဲ့တာက သူမရဲ႕ အခ်မ္းသာဆုံးေသာ ေနရာကို ရရိွဖို႔ ျဖစ္လာခဲ့တာပါလို႔ ေျပာလိုက္ပါရေစ။

Xei

Source: brainberries.co

(Unicode Version)

ရုပ်ရှင်သရုပ်ဆောင်အလုပ်ဆိုတာဟာ လွယ်ကူတဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ ကိုယ်အမုန်းဆုံး၊ မကြိုက်ဆုံး၊ အရွံဆုံး၊ အကြောက်ဆုံးဆိုတဲ့အရာတွေကို ဇာတ်ကောင်စရိုက်အတွက် လိုအပ်လာရင် စိတ်နှစ်ပြီး လုပ်ဆောင်ရတတ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာပေါ်က ပိုက်ဆံအရဆုံး အလုပ်တစ်ခုကို ပြောပါဆိုရင်လည်း သရုပ်ဆောင်အလုပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဟောလိဝုဒ်နဲ့ယှဉ်ရင် နည်းမှာမှန်ပေမယ့် နှစ်အလိုက် ငွေကြေးချမ်းသာမှုတွေ တိုးမြင့်နေပြီး ဟောလိဝုဒ်ထက်လည်း ပိုကျားကုတ်ကျားခဲ ကြိုးစားရသူတွေကတော့ ဘောလိဝုဒ်က သရုပ်ဆောင်တွေပါပဲ။ လက်ညိုးထိုးမလွဲ မီလျံနာတွေ ပြည့်နှက်နေတဲ့ ရုပ်ရှင်နယ်ပယ်က စတားတွေထဲကမှ ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံး မင်းသမီး(၁၀)ယောက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

နံပါတ်(၁၀) Sonam Kapoor – ဒေါ်လာ (၁၅)သန်း
Photo: pinterest

ဘောလိဝုဒ်ရဲ့ လူသိအများဆုံး မင်းသမီးတစ်လက်ဖြစ်တဲ့ Sonam Kapoor ကနေ စလိုက်ကြပါစို့။ သူမဟာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးကိုမဆို ပီပြင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမရဲ့ နာမည်အကြီးဆုံး ဇာတ်ကားကတော့ “Neerja” ပါ။ ဒီကားကြောင့်ပဲ အိန္ဒိယတစ်နိုင်ငံလုံးရဲ့ ချစ်ခြင်းကိုလည်း အခုထိ ခံယူနေရဆဲ ဖြစ်ပါတယ်။

နံပါတ်(၉) Kajol Devgan – ဒေါ်လာ (၁၆)သန်း
Photo: pinterest

မြန်မာပရိသတ်ရဲ့ အသည်းနှလုံးကို စွဲကိုင်လှုပ်ရမ်းသွားတဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့ “Kuch Kuch Hota Hai”နဲ့ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ စတင်ရေပန်းစားလာတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ သူမဟာ အိန္ဒိယမှာတင်မက နိုင်ငံတကာမှာလည်း အောင်မြင်ကျော်ကြားသူတစ်ယောက်ပါ။ ဒီတော့လည်း ကိုးယောက်မြောက် အချမ်းသာဆုံး ဘောလိဝုဒ်မင်းသမီးဆိုတာ အံ့သြဖွယ်ရာ မရှိတော့ပါဘူး။

နံပါတ်(၈) Amrita Rao – ဒေါ်လာ (၂၀.၅)သန်း
Photo: pinterest

ဘောလိဝုဒ်ပရိသတ်ဆိုရင် သူမကို “Welcome to Sajjanpur”၊ “Victory” ဇာတ်ကားတွေနဲ့ အမှတ်ရနေဦးမှာပါ။ ဘောလိဝုဒ် အချမ်းသာဆုံး မင်းသမီးအဖြစ် နံပါတ်(၈)နေရာမှာ ရပ်တည်နေတဲ့ Amrita ဟာ ကမ္ဘာပေါ်က နှစ်လိုဖွယ်ရာအကောင်းဆုံး အမျိုးသမီး(၅၀)မှာလည်း ပါဝင်သူ ဖြစ်ပါတယ်။

နံပါတ်(၇) Anushka Sharma – ဒေါ်လာ (၂၅)သန်း
Photo: pinterest

Anushka ဟာ မော်ဒယ်လ်တစ်ယောက်အနေနဲ့ သူမရဲ့အနုပညာလမ်းကြောင်းကို စတင်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာမှ မင်းသမီးတစ်လက် ဖြစ်လာခဲ့တာပါ။ အခုဆိုရင်တော့ အောင်မြင်တဲ့ ထုတ်လုပ်သူတစ်ယောက်ပါ ဖြစ်နေပါပြီ။ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးတဲ့ သူမရဲ့ဇာတ်ကားတွေကတော့ “PK” နဲ့ “Zero” ဇာတ်ကားတွေပါပဲ။

နံပါတ်(၆) Vidya Balan – ဒေါ်လာ (၂၅)သန်း
Photo: pinterest

Vidya ဟာ “Hum Paanch” ဆိုတဲ့ ဇာတ်ကားနဲ့ ပရိသတ်ရဲ့အချစ်တွေကို ရယူသွားသူပါ။ အဲ့ဒီ့ဇာတ်ကားဟာ သူမရဲ့ ပွဲဦးထွက်ကားတွေထဲက တစ်ကား ဖြစ်ပါတယ်။ သူမ ဘဝကို ပြောင်းလဲသွားစေမယ့် “Dirty Picture” ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်အပြီးမှာတော့ တကယ့်လုပ်ကွက်ရှိတဲ့ ဇာတ်ကောင်တွေကိုပဲ ဆက်တိုက်ဆိုသလို ကမ်းလှမ်းခံခဲ့ရပါတယ်။

 နံပါတ်(၅) Preity Zinta – ဒေါ်လာ (၃၀)သန်း
Photo: pinterest

Preity ရဲ့အလှမှာ ပါးချိုင့်တွေက အသက်ပါ။ အဲ့ဒီ့ပါးချိုင့်တွေထဲမှာ နစ်ဝင်ပျော်ဆင်းသွားတဲ့ ပုရိသတွေ မနည်းမနောပါပဲ။ သူမရဲ့ ငွေကြေးချမ်းသာမှုကတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း(၃၀)မှာ ရှိနေပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့အချက်ကတော့ သူမဟာ ရုပ်ရှင်လောကက အနားယူသွားခဲ့ပြီ ဖြစ်ပါတယ်။

နံပါတ်(၄) Aishwarya Rai – ဒေါ်လာ (၃၅)သန်း
Photo: pinterest

၁၉၉၄ခုနှစ်ရဲ့ Miss World ဖြစ်တဲ့ Aishwarya ရဲ့ အလှတွေကတော့ မှေးမှိန်မသွားသေးပါဘူး။ သူမဟာ “Aur Pyaar Ho Gaya”၊ “Dhoom 2″၊ “Hum Dil De Chuke Sanam” အစရှိတဲ့ ဇာတ်ကားပေါင်း မြောက်များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ ဒါကြောင့်လည်း အချမ်းသာဆုံးစာရင်းမှာ ထိပ်ပိုင်းရောက်နေတာ ဖြစ်ပါတယ်။

နံပါတ်(၃) Madhuri Dixit – ဒေါ်လာ (၃၅)သန်း
Photo: pinterest

Madhuri Dixit ဟာ အိန္ဒိယရဲ့ ကျက်သရေအရှိဆုံး အမျိုးသမီးတစ်ယောက်လို့ ဆိုနိုင်ပါတယ်။ ဝါရင့်မင်းသမီးကြီးတစ်လက်ဖြစ်သလို ပြည်သူ့အချစ်တော်လို့လည်း ပြောလို့ရတဲ့ Madhuri ဟာ အိန္ဒိယက ကြေးအမြင့်ဆုံး မင်းသမီးတွေထဲကတစ်ယောက် ဖြစ်ပါတယ်။

နံပါတ်(၂) Priyanka Chopra – ဒေါ်လာ (၄၀)သန်း
Photo: pinterest

ကမ္ဘာနဲ့ပါချီပြီး အောင်မြင်ကျော်ကြားရုံမက နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ boy band တစ်ခုဖြစ်တဲ့ Jonas Brothers အဖွဲ့က Nick Jonas နဲ့ပါ ပူပူနွေးနွေး လက်ထပ်ထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်ရဲ့ Miss World ပိုင်ရှင် Priyanka ဟာ သူမရဲ့အလှနဲ့ ကျော်ကြားသလို “Quantico”ဆိုတဲ့ ဇာတ်ကားကို သရုပ်ဆောင်အပြီးမှာတော့ ကြေးအမြင့်ဆုံး မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။

နံပါတ်(၁) Deepika Padukone – ဒေါ်လာ (၄၅)သန်း
Photo: pinterest

ဘောလိဝုဒ်ရဲ့ အချမ်းသာဆုံး နံပါတ်(၁)မင်းသမီးကတော့ Deepika Padukone ဖြစ်ပါတယ်။ “Om Shanti Om”ဇာတ်ကားမှာ ပါဝင်အပြီးမှာတော့ သူမရဲ့အောင်မြင်မှုဟာ ရပ်တန့်လို့တောင် မရခဲ့တော့ပါဘူး။  “xXx” ဇာတ်ကားမှာ ပိုပြီးနာမည်ကြီးလာခဲ့တာက သူမရဲ့ အချမ်းသာဆုံးသော နေရာကို ရရှိဖို့ ဖြစ်လာခဲ့တာပါလို့ ပြောလိုက်ပါရစေ။

Xei

Source: brainberries.co

 

RELATED ARTICLES

Most Popular