HomeEntertainmentFilmၾသဂုတ္လ(၂၃)ရက္မွာ ၾကည့္ရႈရေတာ့မယ့္ 13 Reasons Why: Season 3

ၾသဂုတ္လ(၂၃)ရက္မွာ ၾကည့္ရႈရေတာ့မယ့္ 13 Reasons Why: Season 3

အောက်တွင် ယူနီကုဒ်ဖြင့် ဖတ်ပါ။

ျမန္မာပရိသတ္ေတြၾကားမွာ ေရပန္းစားတဲ့ ရုပ္သံဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ 13 Reasons Why ဟာ ပေဟဠိမ်ားစြာ၊ ျမွဳပ္ကြက္မ်ားစြာနဲ႔ ပရိသတ္ေတြဆီကို ျပန္လည္ေရာက္ရိွလာေတာ့မွာပါ။

Netflix က ရိုက္ကူးထုတ္လုပ္ထားတဲ့ ဒီဇာတ္လမ္းတြဲဟာ ၂၀၁၇ခုႏွစ္မွာ Season 1 စတင္ ျပသခဲ့ၿပီး ပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔ အခုဆိုရင္ Season 3 အထိ ေရာက္ရိွလာခဲ့ပါၿပီ။ ယခုထြက္ရိွလာတဲ့ Season 3 official ေထြလာအရ Bryce Walker ရဲ႕ ရုတ္တရက္ ေသဆုံးသြားမႈဟာ ေသြးရိုးသားရိုး ဟုတ္ရဲ႕လား။ ဘယ္သူရဲ႕ လက္ခ်က္ျဖစ္မလည္းဆိုတာနဲ႔  ဘာေၾကာင့္ သတ္ရလည္းဆိုတဲ့ ေမးခြန္းေတြကို ေပးစြမ္းထားပါတယ္။

YouTube

ဒါ့အျပင္ ဒီ Season မွာလည္း Hannah Baker ရဲ႕ ဘ၀အေၾကာင္းကို ပိုၿပီးထဲထဲ၀င္၀င္ သိရဖို႔ ရိွလာႏိုင္ၿပီး ရိႈးရဲ႕တစ္စိတ္တစ္ပိုင္းအေနနဲ႔ သူမဟာ ဆက္လက္ပါ၀င္သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Season 3 ထဲမွာ ပါ၀င္မယ့္ သရုပ္ေဆာင္ေတြကေတာ့ Clay Jensen အျဖစ္ Dylan Minnette ၊ Bryce Walker အျဖစ္ Justin Prentice ၊ Tony Padilla အျဖစ္ Christian Navarro ၊ Justin Foley အျဖစ္ Brandon Flynn နဲ႔ Jessica Davis အျဖစ္ Alisha Joe တို႔က အဓိက ပါ၀င္သြားမွာျဖစ္ၿပီး အျခားေသာ သရုပ္ေဆာင္ေတြလည္း ျပန္လည္ပါ၀င္မယ္လို႔ သိရပါတယ္။

ၾသဂုတ္လ(၂၃)ရက္ေန႔မွာ Netflix ကေန ၾကည့္ရႈရေတာ့မယ့္ ေနာက္ထပ္ အမိုက္စား Season အသစ္ကိုေတာ့ ေအာက္ကေပးထားတဲ့ ေထြလာကေန ႀကိဳတင္ရင္ခုန္လိုက္ပါ။

https://www.youtube.com/watch?v=Pws-LN_-riM

Xei

(Unicode Version)

မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ 13 Reasons Why ဟာ ပဟေဠိများစွာ၊ မြှုပ်ကွက်များစွာနဲ့ ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိလာတော့မှာပါ။

Netflix က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ ၂၀၁၇ခုနှစ်မှာ Season 1 စတင် ပြသခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုနဲ့ အခုဆိုရင် Season 3 အထိ ရောက်ရှိလာခဲ့ပါပြီ။ ယခုထွက်ရှိလာတဲ့ Season 3 official ထွေလာအရ Bryce Walker ရဲ့ ရုတ်တရက် သေဆုံးသွားမှုဟာ သွေးရိုးသားရိုး ဟုတ်ရဲ့လား။ ဘယ်သူရဲ့ လက်ချက်ဖြစ်မလည်းဆိုတာနဲ့  ဘာကြောင့် သတ်ရလည်းဆိုတဲ့ မေးခွန်းတွေကို ပေးစွမ်းထားပါတယ်။

YouTube

ဒါ့အပြင် ဒီ Season မှာလည်း Hannah Baker ရဲ့ ဘဝအကြောင်းကို ပိုပြီးထဲထဲဝင်ဝင် သိရဖို့ ရှိလာနိုင်ပြီး ရှိုးရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ သူမဟာ ဆက်လက်ပါဝင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Season 3 ထဲမှာ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Clay Jensen အဖြစ် Dylan Minnette ၊ Bryce Walker အဖြစ် Justin Prentice ၊ Tony Padilla အဖြစ် Christian Navarro ၊ Justin Foley အဖြစ် Brandon Flynn နဲ့ Jessica Davis အဖြစ် Alisha Joe တို့က အဓိက ပါဝင်သွားမှာဖြစ်ပြီး အခြားသော သရုပ်ဆောင်တွေလည်း ပြန်လည်ပါဝင်မယ်လို့ သိရပါတယ်။

သြဂုတ်လ(၂၃)ရက်နေ့မှာ Netflix ကနေ ကြည့်ရှုရတော့မယ့် နောက်ထပ် အမိုက်စား Season အသစ်ကိုတော့ အောက်ကပေးထားတဲ့ ထွေလာကနေ ကြိုတင်ရင်ခုန်လိုက်ပါ။

https://www.youtube.com/watch?v=Pws-LN_-riM

Xei

RELATED ARTICLES

Most Popular