HomeEntertainmentFilm၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းများ

၂၀၁၉ ခုနှစ်အတွက် ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ကားကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၁၉ ခုနှစ်ဟာ ရုပ်ရှင်ကားကောင်းတွေ အများကြီးကို ကြည့်ရှုခွင့်ရခဲ့တဲ့ ခုနှစ်တစ်ခု ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာ ရုပ်ရှင်အသစ်တွေကိုလည်း ကြည့်ရှုခွင့်ရခဲ့သလို နာမည်ကြီး franchise တွေရဲ့ reboot တွေ နဲ့ sequel တွေကိုလည်း မြင်တွေ့ခဲ့ရပါသေးတယ်။ ဒါ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးတွေထဲက တစ်ခုဖြစ်တဲ့ Disney ဟာလည်း ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ရုပ်ရှင်ဆယ်ကားထဲမှာ (၇) ကား ပါဝင်နိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံး ရရှိခဲ့တဲ့ ဇာတ်ကားကောင်းတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Jumanji : The Next Level
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၇ ခုနှစ်ကထွက်ခဲ့တဲ့ Jumanji : Welcome to The Jungle ရဲ့ အဆက်ဖြစ်ပြီးတော့ ၁၉၉၀ ကျော်လောက်က Jumanji ဇာတ်လမ်းကို reboot ပြန်လည်ဖန်တီးထားတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲက အဓိကသရုပ်ဆောင်တွေကတော့ Dwayne Johnson ၊ Kevin Hart ၊ Jack Black နဲ့ Karen Gillan တို့က ပါဝင်ထားတာကြောင့် ပရိသတ်တွေကြားမှာ အောင်မြင်မှုတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။ ဒီဇာတ်လမ်းဟာ IMDb (6.7) ကို ရရှိထားသလို ဝင်ငွေအနေနဲ့ ဒေါ်လာသန်း (၈) ရာကိုလည်း ရရှိခဲ့ပါတယ်။

(9) Aladdin
photo via screenrant

ဒီရုပ်ရှင်ကလည်း ၁၉၉၀ ခုနှစ်နောက်ပိုင်းမှာ ထွက်ထားတဲ့ Aladdin ကို Live Action အဖြစ်နဲ့ ပြန်လည်ဖန်တီးထားတာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကလည်း Will Smith ၊ Mena Massoud နဲ့ Naomi Scott တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ဝင်သီချင်းကောင်းတွေလည်း ပါဝင်ခဲ့ပါတယ်။ IMDb အနေနဲ့ ဆိုရင်တော့ (7.0) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၁.၀၅) ဘီလျံ ရရှိခဲ့ပါတယ်။

(8) Toy Story 4
photo via screenrant

ဒီဇာတ်ကားကတော့ အရင်တုန်းက ထွက်ခဲ့တဲ့ Toy Story ဇာတ်လမ်းတွေနဲ့ အတော်လေးကို ကွဲပြားသွားပြီး ဇာတ်လမ်းရဲ့အများစုဟာ အပြင်လောကကြီးမှာ ကုန်ဆုံးခဲ့တာကြောင့် ဖြစ်ပါတယ်။ ပရိသတ်တွေအချို့ကတော့ Toy Story 3 ရဲ့ ဇာတ်သိမ်းကို ပိုပြီးသဘောကျခဲ့ပေမယ့်လည်း Toy Story 4 ရဲ့ ဇာတ်သိမ်းဟာလည်း ဒီ franchise အတွက် သင့်တော်တဲ့ ဇာတ်သိမ်းတစ်ခု ဖြစ်ပါတယ်။ IMDb (7.8) ရရှိခဲ့သလို ဒေါ်လာ (၁.၀၇) ဘီလျံ ရရှိထားတဲ့အပြင် အကောင်းဆုံး animated movie အနေနဲ့ အော်စကာတစ်ခု ရရှိထားပါသေးတယ်။

(7) Star Wars : The Rise Of Skywalker
photo via screenrant

ဒီဇာတ်ကားကတော့ Star Wars sequel trilogy ရဲ့ နောက်ဆုံးကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပရိသတ်တွေကြားမှာလည်း အောင်မြင်မှုကို ရယူနိုင်ခဲ့သလို စီးပွားရေးအရမှာလည်း အတော်လေး အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီဇာတ်လမ်းဟာ IMDb (6.6) ရရှိထားခဲ့ပြီး အသံတည်းဖြတ်ခြင်း ၊ Visual Effects နဲ့ နောက်ခံတေးဂီတတို့အတွက်လည်း အော်စကာဆု (၃) နေရာမှာ စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ အဲ့ဒါတင်မကသေးဘဲ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်တွေထဲမှာ နံပတ် (၇) နေရာကို ဒေါ်လာ (၁.၀၇) ဘီလျံနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

(6) Joker
photo via screenrant

ဒီဇာတ်လမ်းကတော့ DC ရဲ့ နာမည်ကြီးဗီလိန်တစ်ယောက် ဖြစ်တဲ့ Joker ကို ဒရာမာလျှို့ဝှက်သည်းဖို ဇာတ်လမ်းအမျိူးအစား အနေနဲ့ ဖန်တီးခဲ့တာ ဖြစ်ပြီးတော့ IMDb (8.5) ရရှိထားပါတယ်။ ဒီရုပ်ရှင်ကလည်း စူပါဟီးရိုးလောကရဲ့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပြီး ကောမစ်ဇာတ်ကောင်ကို အခြေခံပြီး ဖန်တီးထားတဲ့ R-Rated ရုပ်ရှင်တွေထဲက ဝင်ငွေအများဆုံး ရုပ်ရှင်တစ်ကား ဖြစ်လာခဲ့ပါတယ်။ ဝင်ငွေကတော့ ဒေါ်လာ (၁.၀၇) ဘီလျံ ရရှိနိုင်ခဲ့ပြီး အကောင်းဆုံး နောက်ခံတေးဂီတနဲ့ အကောင်းဆုံး အမျိူးသားဇာတ်ဆောင်အနေနဲ့ အော်စကာဆု နှစ်ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

(5) Captain Marvel
photo via screenrant

ဒီဇာတ်လမ်းကတော့ Avengers : Endgame ထဲမှာ အဓိကနေရာကနေ ပါဝင်လာမယ့် စူပါဟီးရိုးတစ်ယောက်ရဲ့ ဆိုလိုရုပ်ရှင် တစ်ကားပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ Endgame မထွက်ခင် တစ်လလောက်မှာ ထွက်ခဲ့တာ ဖြစ်ပေမယ့်လည်း ဝင်ငွေအနေနဲ့ ဒေါ်လာ (၁.၁၂) ဘီလျံကို ရရှိခဲ့ပါတယ်။ အဲ့ဒီအချိန်မှာတော့ ပရိသတ်တွေအများစုဟာ Endgame အတွက် စိတ်လှုပ်ရှားနေကြတာကြောင့် အဲ့ဒီအချိန်မှာ ထွက်ခဲ့တဲ့ တစ်ခြားရုပ်ရှင်တွေဟာ ထင်သလောက် မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါ့အပြင် IMDb ကလည်း (6.9) ရရှိထားပါသေးတယ်။

(4) Spider-Man : Far From Home
photo via screenrant

ဒီရုပ်ရှင်ကတော့ အစတုန်းက MCU Phase 4 ရဲ့ ပထမဆုံးရုပ်ရှင်လို့ သတ်မှတ်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ Phase 3 ရဲ့ နောက်ဆုံးရုပ်ရှင်လို့ ပြန်လည်ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် ဒီဇာတ်လမ်းဟာလည်း MCU က နောက်ဆုံး ထုတ်လုပ်ထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး IMDb (7.5) ရရှိထားပါတယ်။ ဒါ့အပြင် စီးပွားရေးအရဆိုရင်တော့ ဒေါ်လာ (၁.၁၃) ဘီလျံကို ရယူနိုင်ခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်တွေထဲက နံပတ်လေးနေရာမှာ ရပ်တည်နေပါတယ်။

(3) Frozen II
photo via screenrant

ဒီဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ အလွန်ကို အောင်မြင်ခဲ့တဲ့ Frozen ရဲ့ အဆက် ဖြစ်ပြီးတော့ IMDb (6.9) ရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းဖြစ်တဲ့ Into The Unknown ဟာ အောင်မြင်ခဲ့ပေမယ့်လည်း ၂၀၁၃ ခုနှစ်တုန်းက ထွက်ထားတဲ့ Frozen ရဲ့ ဇာတ်ဝင်သီချင်း ” Let it Go ” လောက်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒါ့အပြင် IMDb ဆိုရင်လည်း ပထမကားလောက် မကောင်းသလို ပရိသတ်တွေအများစုကလည်း ပထမကားကို ပိုပြီးကြိုက်နှစ်သက်ကြပါတယ်။ အဲ့လိုအချက်တွေရှိတာတောင်မှ ဒီဇာတ်လမ်းဟာ ဒေါ်လာ (၁.၅) ဘီလျံ ဝင်ငွေရရှိခဲ့ပြီး နောက်ခံတေးဂီတအတွက် အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(2) The Lion King
photo via screenrant

ဒီဇာတ်လမ်းဟာ အစတုန်းကတော့ ၁၉၉၄ တုန်းက ထွက်ခဲ့တဲ့ The Lion King ကို Live Action အဖြစ် ပြန်လည်ဖန်တီးတယ်လို့ ထင်ခဲ့ကြပေမယ့်လည်း တကယ်တော့ ၂၀၁၉ ခုနှစ်က ထွက်ထားတဲ့ The Lion King ဟာလည်း animated movie ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရိသတ်တွေအများစုရဲ့ ငယ်ဘဝတုန်းက ကြိုက်နှစ်သက်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်တာကြောင့် ဒေါ်လာ (၁.၆) ဘီလျံတောင် ရရှိခဲ့ပါတယ်။ IMDb အနေနဲ့ ဆိုရင်တော့ (6.9) ရရှိထားပြီး Visual Effects အတွက် အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။

(1) Avengers : Endgame
photo via screenrant

ဒီဇာတ်လမ်း ဖြစ်ပေါ်လာဖို့အတွက် MCU ဟာ ရုပ်ရှင်ကားပေါင်း (၂၁) ကားကို ရိုက်ကူးခဲ့ပြီး ဒီရုပ်ရှင်ဟာလည်း MCU ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ ရုပ်ရှင်လက်မှတ် ကြိုတင်ရောင်းရမှုတွေဟာလည်း စံချိန်တင်နိုင်ခဲ့သလို ဆိုရှယ်မီဒီယာတွေပေါ်မှာလည်း အတော်လေး အောင်မြင်ခဲ့ပါတယ်။ IMDb (8.4) ကို ရရှိထားခဲ့သလို ဒေါ်လာ (၂.၇၉) ဘီလျံကို ရရှိထားတဲ့အပြင် Visual Effects နဲ့လည်း အော်စကာဆု စံကာတင်စာရင်း ဝင်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၉ ခုနှစ်ရဲ့ ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ရုံတင် မဟုတ်ဘဲ ထွက်ထားသမျှ ရုပ်ရှင်ကားတွေထဲက ဝင်ငွေအများဆုံးရုပ်ရှင်အဖြစ်လည်း စံချိန်တင်နိုင်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၁၉ ခုႏွစ္ဟာ ႐ုပ္ရွင္ကားေကာင္းေတြ အမ်ားႀကီးကို ၾကည့္ရႈခြင့္ရခဲ့တဲ့ ခုႏွစ္တစ္ခု ျဖစ္ပါတယ္။ ၂၀၁၉ ခုႏွစ္ထဲမွာ ႐ုပ္ရွင္အသစ္ေတြကိုလည္း ၾကည့္ရႈခြင့္ရခဲ့သလို နာမည္ႀကီး franchise ေတြရဲ႕ reboot ေတြ နဲ႔ sequel ေတြကိုလည္း ျမင္ေတြ႕ခဲ့ရပါေသးတယ္။ ဒါ့အျပင္ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြထဲက တစ္ခုျဖစ္တဲ့ Disney ဟာလည္း ဝင္ေငြအမ်ားဆုံး ရရွိခဲ့တဲ့ ႐ုပ္ရွင္ဆယ္ကားထဲမွာ (၇) ကား ပါဝင္ႏိုင္ခဲ့ပါတယ္။ အဲ့ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၂၀၁၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြထဲက ဝင္ေငြအမ်ားဆုံး ရရွိခဲ့တဲ့ ဇာတ္ကားေကာင္းေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Jumanji : The Next Level
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၇ ခုႏွစ္ကထြက္ခဲ့တဲ့ Jumanji : Welcome to The Jungle ရဲ႕ အဆက္ျဖစ္ၿပီးေတာ့ ၁၉၉၀ ေက်ာ္ေလာက္က Jumanji ဇာတ္လမ္းကို reboot ျပန္လည္ဖန္တီးထားတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲက အဓိကသ႐ုပ္ေဆာင္ေတြကေတာ့ Dwayne Johnson ၊ Kevin Hart ၊ Jack Black နဲ႔ Karen Gillan တို႔က ပါဝင္ထားတာေၾကာင့္ ပရိသတ္ေတြၾကားမွာ ေအာင္ျမင္မႈတစ္ခုကို ရယူႏိုင္ခဲ့ပါတယ္။ ဒီဇာတ္လမ္းဟာ IMDb (6.7) ကို ရရွိထားသလို ဝင္ေငြအေနနဲ႔ ေဒၚလာသန္း (၈) ရာကိုလည္း ရရွိခဲ့ပါတယ္။

(9) Aladdin
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း ၁၉၉၀ ခုႏွစ္ေနာက္ပိုင္းမွာ ထြက္ထားတဲ့ Aladdin ကို Live Action အျဖစ္နဲ႔ ျပန္လည္ဖန္တီးထားတာပဲ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကလည္း Will Smith ၊ Mena Massoud နဲ႔ Naomi Scott တို႔က အဓိကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ဝင္သီခ်င္းေကာင္းေတြလည္း ပါဝင္ခဲ့ပါတယ္။ IMDb အေနနဲ႔ ဆိုရင္ေတာ့ (7.0) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၁.၀၅) ဘီလ်ံ ရရွိခဲ့ပါတယ္။

(8) Toy Story 4
photo via screenrant

ဒီဇာတ္ကားကေတာ့ အရင္တုန္းက ထြက္ခဲ့တဲ့ Toy Story ဇာတ္လမ္းေတြနဲ႔ အေတာ္ေလးကို ကြဲျပားသြားၿပီး ဇာတ္လမ္းရဲ႕အမ်ားစုဟာ အျပင္ေလာကႀကီးမွာ ကုန္ဆုံးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။ ပရိသတ္ေတြအခ်ိဳ႕ကေတာ့ Toy Story 3 ရဲ႕ ဇာတ္သိမ္းကို ပိုၿပီးသေဘာက်ခဲ့ေပမယ့္လည္း Toy Story 4 ရဲ႕ ဇာတ္သိမ္းဟာလည္း ဒီ franchise အတြက္ သင့္ေတာ္တဲ့ ဇာတ္သိမ္းတစ္ခု ျဖစ္ပါတယ္။ IMDb (7.8) ရရွိခဲ့သလို ေဒၚလာ (၁.၀၇) ဘီလ်ံ ရရွိထားတဲ့အျပင္ အေကာင္းဆုံး animated movie အေနနဲ႔ ေအာ္စကာတစ္ခု ရရွိထားပါေသးတယ္။

(7) Star Wars : The Rise Of Skywalker
photo via screenrant

ဒီဇာတ္ကားကေတာ့ Star Wars sequel trilogy ရဲ႕ ေနာက္ဆုံးကား ျဖစ္ပါတယ္။ ဒီဇာတ္ကားဟာ ပရိသတ္ေတြၾကားမွာလည္း ေအာင္ျမင္မႈကို ရယူႏိုင္ခဲ့သလို စီးပြားေရးအရမွာလည္း အေတာ္ေလး ေအာင္ျမင္ခဲ့တယ္လို႔ ေျပာလို႔ရပါတယ္။ ဒီဇာတ္လမ္းဟာ IMDb (6.6) ရရွိထားခဲ့ၿပီး အသံတည္းျဖတ္ျခင္း ၊ Visual Effects နဲ႔ ေနာက္ခံေတးဂီတတို႔အတြက္လည္း ေအာ္စကာဆု (၃) ေနရာမွာ စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ အဲ့ဒါတင္မကေသးဘဲ ၂၀၁၉ ခုႏွစ္ရဲ႕ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ေတြထဲမွာ နံပတ္ (၇) ေနရာကို ေဒၚလာ (၁.၀၇) ဘီလ်ံနဲ႔ ရပ္တည္ႏိုင္ခဲ့ပါတယ္။

(6) Joker
photo via screenrant

ဒီဇာတ္လမ္းကေတာ့ DC ရဲ႕ နာမည္ႀကီးဗီလိန္တစ္ေယာက္ ျဖစ္တဲ့ Joker ကို ဒရာမာလွ်ိဳ႕ဝွက္သည္းဖို ဇာတ္လမ္းအမ်ိဴးအစား အေနနဲ႔ ဖန္တီးခဲ့တာ ျဖစ္ၿပီးေတာ့ IMDb (8.5) ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ကလည္း စူပါဟီး႐ိုးေလာကရဲ႕ ေအာင္ျမင္မႈတစ္ခုလို႔ ေျပာလို႔ရၿပီး ေကာမစ္ဇာတ္ေကာင္ကို အေျခခံၿပီး ဖန္တီးထားတဲ့ R-Rated ႐ုပ္ရွင္ေတြထဲက ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္တစ္ကား ျဖစ္လာခဲ့ပါတယ္။ ဝင္ေငြကေတာ့ ေဒၚလာ (၁.၀၇) ဘီလ်ံ ရရွိႏိုင္ခဲ့ၿပီး အေကာင္းဆုံး ေနာက္ခံေတးဂီတနဲ႔ အေကာင္းဆုံး အမ်ိဴးသားဇာတ္ေဆာင္အေနနဲ႔ ေအာ္စကာဆု ႏွစ္ခုကိုလည္း ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

(5) Captain Marvel
photo via screenrant

ဒီဇာတ္လမ္းကေတာ့ Avengers : Endgame ထဲမွာ အဓိကေနရာကေန ပါဝင္လာမယ့္ စူပါဟီး႐ိုးတစ္ေယာက္ရဲ႕ ဆိုလို႐ုပ္ရွင္ တစ္ကားပဲ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ Endgame မထြက္ခင္ တစ္လေလာက္မွာ ထြက္ခဲ့တာ ျဖစ္ေပမယ့္လည္း ဝင္ေငြအေနနဲ႔ ေဒၚလာ (၁.၁၂) ဘီလ်ံကို ရရွိခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွာေတာ့ ပရိသတ္ေတြအမ်ားစုဟာ Endgame အတြက္ စိတ္လႈပ္ရွားေနၾကတာေၾကာင့္ အဲ့ဒီအခ်ိန္မွာ ထြက္ခဲ့တဲ့ တစ္ျခား႐ုပ္ရွင္ေတြဟာ ထင္သေလာက္ မေအာင္ျမင္ခဲ့တာေတြလည္း ရွိပါတယ္။ ဒါ့အျပင္ IMDb ကလည္း (6.9) ရရွိထားပါေသးတယ္။

(4) Spider-Man : Far From Home
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ အစတုန္းက MCU Phase 4 ရဲ႕ ပထမဆုံး႐ုပ္ရွင္လို႔ သတ္မွတ္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ Phase 3 ရဲ႕ ေနာက္ဆုံး႐ုပ္ရွင္လို႔ ျပန္လည္ေျပာင္းလဲခဲ့ပါတယ္။ ဒါ့အျပင္ ဒီဇာတ္လမ္းဟာလည္း MCU က ေနာက္ဆုံး ထုတ္လုပ္ထားတဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ၿပီး IMDb (7.5) ရရွိထားပါတယ္။ ဒါ့အျပင္ စီးပြားေရးအရဆိုရင္ေတာ့ ေဒၚလာ (၁.၁၃) ဘီလ်ံကို ရယူႏိုင္ခဲ့ၿပီးေတာ့ ၂၀၁၉ ခုႏွစ္ရဲ႕ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ေတြထဲက နံပတ္ေလးေနရာမွာ ရပ္တည္ေနပါတယ္။

(3) Frozen II
photo via screenrant

ဒီဇာတ္ကားကေတာ့ ၂၀၁၃ ခုႏွစ္မွာ အလြန္ကို ေအာင္ျမင္ခဲ့တဲ့ Frozen ရဲ႕ အဆက္ ျဖစ္ၿပီးေတာ့ IMDb (6.9) ရရွိထားပါတယ္။ ဒီဇာတ္ကားရဲ႕ ဇာတ္ဝင္သီခ်င္းျဖစ္တဲ့ Into The Unknown ဟာ ေအာင္ျမင္ခဲ့ေပမယ့္လည္း ၂၀၁၃ ခုႏွစ္တုန္းက ထြက္ထားတဲ့ Frozen ရဲ႕ ဇာတ္ဝင္သီခ်င္း ” Let it Go ” ေလာက္ေတာ့ မေအာင္ျမင္ခဲ့ပါဘူး။ ဒါ့အျပင္ IMDb ဆိုရင္လည္း ပထမကားေလာက္ မေကာင္းသလို ပရိသတ္ေတြအမ်ားစုကလည္း ပထမကားကို ပိုၿပီးႀကိဳက္ႏွစ္သက္ၾကပါတယ္။ အဲ့လိုအခ်က္ေတြရွိတာေတာင္မွ ဒီဇာတ္လမ္းဟာ ေဒၚလာ (၁.၅) ဘီလ်ံ ဝင္ေငြရရွိခဲ့ၿပီး ေနာက္ခံေတးဂီတအတြက္ ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

(2) The Lion King
photo via screenrant

ဒီဇာတ္လမ္းဟာ အစတုန္းကေတာ့ ၁၉၉၄ တုန္းက ထြက္ခဲ့တဲ့ The Lion King ကို Live Action အျဖစ္ ျပန္လည္ဖန္တီးတယ္လို႔ ထင္ခဲ့ၾကေပမယ့္လည္း တကယ္ေတာ့ ၂၀၁၉ ခုႏွစ္က ထြက္ထားတဲ့ The Lion King ဟာလည္း animated movie ပဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ပရိသတ္ေတြအမ်ားစုရဲ႕ ငယ္ဘဝတုန္းက ႀကိဳက္ႏွစ္သက္ခဲ့တဲ့ ဇာတ္လမ္းတစ္ခုျဖစ္တာေၾကာင့္ ေဒၚလာ (၁.၆) ဘီလ်ံေတာင္ ရရွိခဲ့ပါတယ္။ IMDb အေနနဲ႔ ဆိုရင္ေတာ့ (6.9) ရရွိထားၿပီး Visual Effects အတြက္ ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။

(1) Avengers : Endgame
photo via screenrant

ဒီဇာတ္လမ္း ျဖစ္ေပၚလာဖို႔အတြက္ MCU ဟာ ႐ုပ္ရွင္ကားေပါင္း (၂၁) ကားကို ႐ိုက္ကူးခဲ့ၿပီး ဒီ႐ုပ္ရွင္ဟာလည္း MCU ရဲ႕ အႀကီးမားဆုံး ေအာင္ျမင္မႈေတြထဲက တစ္ခု ျဖစ္ပါတယ္။ ႐ုပ္ရွင္လက္မွတ္ ႀကိဳတင္ေရာင္းရမႈေတြဟာလည္း စံခ်ိန္တင္ႏိုင္ခဲ့သလို ဆိုရွယ္မီဒီယာေတြေပၚမွာလည္း အေတာ္ေလး ေအာင္ျမင္ခဲ့ပါတယ္။ IMDb (8.4) ကို ရရွိထားခဲ့သလို ေဒၚလာ (၂.၇၉) ဘီလ်ံကို ရရွိထားတဲ့အျပင္ Visual Effects နဲ႔လည္း ေအာ္စကာဆု စံကာတင္စာရင္း ဝင္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ၂၀၁၉ ခုႏွစ္ရဲ႕ ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ျဖစ္႐ုံတင္ မဟုတ္ဘဲ ထြက္ထားသမွ် ႐ုပ္ရွင္ကားေတြထဲက ဝင္ေငြအမ်ားဆုံး႐ုပ္ရွင္အျဖစ္လည္း စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular