HomeCelebs Update NewsInternational၂၀၁၉ အောက်တိုဘာလ တတိယပတ်အတွက် အသစ်ထွက်သီချင်းကောင်းများ

၂၀၁၉ အောက်တိုဘာလ တတိယပတ်အတွက် အသစ်ထွက်သီချင်းကောင်းများ

အောက်တိုဘာလ တတိယပတ်ကို ရောက်ရှိလာပြန်ပြီမို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ထွက်ရှိထားတဲ့ နိုင်ငံတကာသီချင်းအသစ်များစွာထဲကမှ ကောင်းနိုးရာရာများကို စာဖတ်သူတို့အကြိုက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

Katy Perry – Harleys In Hawaii

ဒီသီချင်းလေးကတော့ Katy ရဲ့ အမည်မပေးရသေးတဲ့ ငါးခွေမြောက် စတူဒီယိုအယ်လ်ဘမ်ထဲမှာ ပါဝင်မယ့် တတိယမြောက် ဆင်ဂယ်လ်သီချင်းလေး ဖြစ်ပါတယ်။ ဒီအရှေ့မှာတော့ Small Talk နဲ့ Never Really Over ဆင်ဂယ်လ်နှစ်ပုဒ်ကို ထွက်ထားပါသေးတယ်။ Katy တစ်ယောက် ခင်ပွန်းလောင်း Orlando Bloom နဲ့အတူ ဟာဝိုင်ယီဘက်မှာ ဆိုင်ကယ်စီးထွက်ခဲ့တုန်းက ခံစားမှုလေးအပေါ် အခြေခံပြီး ဒီသီချင်းလေးကို ရေးထားတာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ Charlie Puth က producer အဖြစ် ပါဝင်ပေးထားတာပါ။ အောက်တိုဘာလ(၁၆)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၅.၄)သန်းကျော် ရှိနေပါတယ်။

Bebe Rexha – You Can’t Stop The Girl

ဒီသီချင်းကတော့ ၂၀၁၉ခုနှစ်ထွက် Maleficent: Mistress of Evil ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးသီချင်း ဖြစ်ပါတယ်။ Bebe Rexha ဟာ သူမဘ၀မှာ သိရှိခဲ့ဖူးသမျှ စိတ်ဓာတ်ပြင်းပြတဲ့ အမျိုးသမီးတွေကို လေးစားတဲ့အနေနဲ့ ဒီသီချင်းကို ရေးသား၊သီဆိုခဲ့တာပါလို့ ပြောပြထားပါတယ်။ အောက်တိုဘာလ(၁၅)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂.၉)သန်းကျော် ရှိနေပါတယ်။

James Arthur Featuring Travis Baker – You

James Arthur ရဲ့ အယ်လ်ဘမ်အသစ် You ထဲက ပထမဆုံးဆင်ဂယ်လ်သီချင်း ဖြစ်ပါတယ်။ အောက်တိုဘာလ(၁၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ (၂.၈)သန်းကျော် ကြည့်ရှုနားဆင်ထားပါတယ်။

Becky G – TE SUPERÉ

Becky G ရဲ့ အယ်လ်ဘမ်အသစ် Bad Santa ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ပြတ်သွားတဲ့ အချစ်ဟောင်းကို ရိသဲ့သဲ့လုပ်ထားတဲ့ပုံစံပါ။ အောက်တိုဘာလ(၁၈)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်ထိ ကြည့်ရှုနားဆင်သူပေါင်း (၂.၁)သန်းကျော် ရှိနေပါတယ်။

J Balvin & Bad Bunny – LA CANCIÓN

ဒီသီချင်းဟာ J Balvin နဲ့ Bad Bunny တို့ရဲ့ နှစ်ယောက်တွဲအယ်လ်ဘမ် OASIS ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ အတိတ်က လွမ်းစရာ အချစ်ရေးတစ်ခုအကြောင်းကို သီဆိုထားတာပါ။ အောက်တိုဘာလ(၁၄)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၉.၆)သန်းကျော် ရှိနေပါတယ်။

Marc Anthony – Lo Que Te Di

လက်တင်ဘုရင်တစ်ပါးလို့ ပြောလို့ရတဲ့ Marc Anthony ရဲ့ အယ်လ်ဘမ်အသစ် OPUS ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၁၇)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ (၈)သိန်းကျော် ကြည့်ရှုနားဆင်ထားပါတယ်။

Daddy Yankee – Que Tire Pa’ ‘Lante

အောက်တိုဘာလ(၁၇)ရက်နေ့က ထွက်ရှိထားတဲ့ Daddy Yankee ရဲ့ ဆင်ဂယ်လ်တစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ချစ်အဖြေရဖို့ ခက်ခဲလှတဲ့ မိန်းကလေးတစ်ယောက်ကို စိန်ခေါ်ထားတဲ့အကြောင်းလေးပါ။ လက်တင်အမျိုးအစားဖြစ်ပြီး လက်ရှိမှာတော့ ကြည့်ရှုနားဆင်သူပေါင်း (၈.၉)သန်းကျော် ရှိနေပါတယ်။

Machine Gun Kelly Featuring phem – 5:3666

ဒီသီချင်းဟာ MGK ရဲ့ အယ်လ်ဘမ်အသစ် Hotel Diablo ထဲက သီချင်းတစ်ပုဒ်ပါ။ MGK ဟာ သူ့ရဲ့ညဘက်အိပ်မရနိုင်မှုတွေ၊ ကိုကင်းစွဲလမ်းမှုတွေနဲ့ နားပန်းလုံးနေရမှုတွေ၊ သူ့ရဲ့အောင်မြင်မှုအပေါ် အသားယူတဲ့မိသားစုအကြောင်းတွေကို ရေးသားသီဆိုထားတာပါ။ အောက်တိုဘာလ(၁၆)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ (၁)သန်းကျော် ကြည့်ရှုနားဆင်ထားပါတယ်။

Kevin Gates – Walls Talking

ဒီသီချင်းဟာ Kevin Gates ရဲ့ ၂၀၁၉ခုနှစ်မှာ ထွက်ရှိမယ့်အယ်လ်ဘမ်အသစ် I’m Him ထဲက (၈)ပုဒ်မြောက်သီချင်း ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ပိတ်မိပြီး ဒဏ်ရာအနာတရတွေနဲ့ နာကျင်နေတဲ့အကြောင်းပါ။ အောက်တိုဘာလ(၁၅)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁.၆)သန်းကျော် ရှိနေပါတယ်။

Lil Tjay – Hold On

ဒီသီချင်းဟာ Lil Tjay ရဲ့ ၂၀၁၉ထဲမှာ ထွက်ရှိလာမယ့် အယ်လ်ဘမ် Truce 2 Myself ထဲက ဒုတိယမြောက်သီချင်း ဖြစ်ပါတယ်။ သီချင်းကတော့ ချမ်းသာကြွယ်ဝမှုနဲ့ အောင်မြင်ကျော်ကြားမှုတွေကြားမှာ နေထိုင်ရတဲ့ဘ၀က မိန်းမောချင်စရာကောင်းတဲ့အကြောင်း သီဆိုထားတာပါ။ အောက်တိုဘာလ(၁၅)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၂.၁)သန်းကျော် ရှိနေပါတယ်။

Missy Elliot Featuring Sum 1 – DripDemeanor

ဒီသီချင်းဟာ Missy Elliot ရဲ့ EP အသစ် ICONOLOGY ထဲက ဖြစ်ပါတယ်။ သီချင်းအကြောင်းအရာကတော့ မိန်းကလေးတစ်ယောက်ဆီက အခွင့်အရေးယူတော့မယ်ဆိုရင် အရင်ဆုံး လက်ထပ်လိုက်ပါဆိုတဲ့အဓိပ္ပာယ်ပါ။ အောက်တိုဘာလ(၁၇)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ ကြည့်ရှုနားဆင်သူပေါင်း (၁)သန်းကျော် ရှိနေပါတယ်။

BTS Featuring Lauv – Make It Right

ဒီသီချင်းကတော့ Map of The Soul: Persona အယ်လ်ဘမ်ထဲမှာ ပါဝင်ခဲ့ဖူးတဲ့သီချင်းတစ်ပုဒ်ပါပဲ။ ထူးခြားတာကတော့ Ed Sheeran က ပါဝင်ရေးသားပေးထားတာပါ။ အခုကတော့ Lauv နဲ့ collab လုပ်ပြီး Remix ပုံစံနဲ့ ဆင်ဂယ်လ်ပြန်ထွက်ထားတာပါ။ အောက်တိုဘာလ(၁၈)ရက်နေ့က ထွက်ရှိခဲ့ပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁၄.၉)သန်းကျော် ရှိနေပါတယ်။

SUPER JUNIOR – SUPER Clap

SUPER JUNIOR အဖွဲ့ရဲ့ ကိုးခွေမြောက်အယ်လ်ဘမ် Time_Slip ထဲက သီချင်းတစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၁၇)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိအချိန်အထိ (၄.၅)သန်းကျော် ကြည့်ရှုနားဆင်ထားပါတယ်။

Monsta X – SOMEONE’S SOMEONE

Monsta X အဖွဲ့ရဲ့ ဆင်ဂယ်လ်တစ်ပုဒ် ဖြစ်ပါတယ်။ အောက်တိုဘာလ(၁၆)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ ကြည့်ရှုနားဆင်သူပေါင်း (၁)သန်းကျော် ရှိနေပါတယ်။

Heize – Falling Leaves Are Beautiful

Heize ရဲ့ မီနီအယ်လ်ဘမ် Late Autumn ထဲက သီချင်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ သီချင်းအေးအေးလေးကို နှစ်သက်သူများ နားထောင်သင့်တဲ့ သီချင်းလေးပါ။ အောက်တိုဘာလ(၁၃)ရက်နေ့က ထွက်ရှိထားပြီး လက်ရှိမှာ (၁.၁)သန်းကျော် ကြည့်ရှုနားဆင်ထားပါတယ်။

ဒါကတော့ အောက်တိုဘာလ တတိယပတ်အတွင်းမှာ ထွက်ရှိထားတဲ့ နိုင်ငံတကာ သီချင်းအသစ်တွေထဲက ကောင်းနိုးရာရာလေးတွေ ဖြစ်ပါတယ်။ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။

LaNina

 

RELATED ARTICLES

Most Popular