HomeCelebs Update NewsInternational2020 American Music Awards မှာ တွေ့ရတဲ့ ဂီတကြယ်ပွင့်တို့ရဲ့ ဖက်ရှင်ပုံရိပ်များ

2020 American Music Awards မှာ တွေ့ရတဲ့ ဂီတကြယ်ပွင့်တို့ရဲ့ ဖက်ရှင်ပုံရိပ်များ

၂၀၂၀ခုနှစ်အတွက် ပြုလုပ်ကျင်းပတဲ့ American Music Awards (AMAs)ကိုတော့ လော့စ်အန်ဂျလိစ်မြို့က Microsoft theatre ကြီးမှာ ပြုလုပ်ကျင်းပပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဂီတလောကအတွင်း ကြီးကျယ်တဲ့ ဆုပေးပွဲတစ်ခုဖြစ်တဲ့ AMAs ကိုတော့ ထိတ်ထိတ်ကြဲ artist တွေ တက်ရောက်ခဲ့ကြပြီး ပြိုးပြက်ထင်ရှားတဲ့ အလှတွေနဲ့ အပြိုင်အဆိုင် တွေ့ရှိရပါတယ်။

ယခင်နှစ်တွေကနဲ့ မတူညီတဲ့ ယခုနှစ်ရဲ့ ထူးခြားချက်ကတော့ ကိုဗစ်ကပ်ရောဂါကာလ ဖြစ်နေတာကြောင့် အရင်ကလို ပွဲကြည့်ပရိသတ်တွေအများကြီးနဲ့ ပြုလုပ်လို့ မရတော့တာပါပဲ။ ဒါကြောင့်လည်း ပွဲကြည့်ပရိသတ်ကို အကန့်အသတ်နဲ့သာ လက်ခံခဲ့ပြီး ပြဇာတ်ရုံထဲကို ဝင်ရောက်သူအားလုံးကို ကိုဗစ်စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုနှစ် AMAs ရဲ့ ပွဲတက်ဖက်ရှင် အမိုက်စားများစွာထဲက စတားအချို့ရဲ့ ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Dua Lipa

Dua Lipa ရဲ့ AMAs ပွဲက ဖက်ရှင်ပုံရိပ်လေးတွေကတော့ သူမရဲ့ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ သွင်ပြင်လိုပဲ ရိုးမလိုနဲ့ ဆန်းတဲ့ ဖက်ရှင်နဲ့ ဝတ်စားပြင်ဆင်မှုကို တွေ့ရမှာ ဖြစ်ပါတယ်။

Photo: dualipa/ Instagram
Photo: dualipa/ Instagram
Jennifer Lopez

အသက်တွေသာ တစ်နှစ်ပြီးတစ်နှစ် ကြီးလာပေမယ့် မလျော့သွားတဲ့ ညှို့အားနဲ့ လှပမြဲလှပနေဆဲ Jennifer Lopez ကတော့ ယခုနှစ်မှာလည်း အမိုက်စား၊ အဟော့စား ပွဲတက်ဖက်ရှင်နဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။ ဒါ့အပြင် စင်မြင့်ပေါ်မှာ ဖျော်ဖြေတော့လည်း အပြင်းစား ဆွဲဆောင်မှုတွေနဲ့ ဖျော်ဖြေသွားတာကို တွေ့ရပါသေးတယ်။

Photo: jlo/ Instagram
Photo: jlo/ Instagram
Megan Thee Stallion

Megan Thee Stallion ကတော့ ပုခုံးတစ်ဖက်လွတ် ပန်းရောင် dress အမိုက်စားနဲ့ ညှို့အားပြင်းအလှတို့ ပေါင်းစပ်ပြီး AMAs မှာ ပွဲတက်လာတာ တွေ့ရပါတယ်။

Photo: theestallion/ Instagram
Photo: theestallion/ Instagram
Doja Cat

Doja Cat ကတော့ ထူးထူးခြားခြား ဖက်ရှင်တွေနဲ့ မဟုတ်ဘဲ ခေတ်ဟောင်းဘက်ကို သွားထားတဲ့ အညိုရောင် dress နဲ့ လှပနေတာ တွေ့ရပါတယ်။

Photo: dojacat/ Instagram
Photo: dojacat/ Instagram
The Weeknd

The Weeknd ကတော့ သူ့ရဲ့အယ်လ်ဘမ် After Hours ထဲက theme အတိုင်းပဲ ဒဏ်ရာဒဏ်ချက်တွေသာမက ပတ်တီးအဖွေးသားဖက်ရှင်နဲ့ ပွဲတက်လာတာကို တွေ့ရပါတယ်။

Photo: theweeknd/ Instagram
Photo: theweeknd/ Instagram
Bebe Rexha

Bebe Rexha ကတော့ အနီရောင်ဆံပင်ရှည်၊ ငွေရောင် dress နဲ့ ထင်းခနဲ လင်းခနဲ ဖြစ်စေမယ့် ဖက်ရှင်နဲ့ ပွဲတက်လာတာ တွေ့ရပါတယ်။

Photo: beberexha/ Instagram
Photo: beberexha/ Instagram
Becky G

အမျိုးသားထုရဲ့ အသည်းစွဲ Becky G လေးကတော့ ရိုးရှင်းတဲ့ အဖြူရောင် dress လေးနဲ့ ရှင်းသန့် ကျော့မော့စွာ ပွဲတက်လာတာ တွေ့ရပါတယ်။

Photo: iambeckyg/ Instagram
Photo: iambeckyg/ Instagram
Cara Delevingne

Cara Delevingne ကတော့ နာမည်ကျော် စူပါမော်ဒယ်လ်တစ်ယောက် ဖြစ်သလို သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမရဲ့ ယခုနှစ် ပွဲတက်ဖက်ရှင်ကတော့ ငွေရောင် suit နဲ့ စမတ်ကျကျ ညှို့အားပြင်းပြင်း လှပနေတာကို တွေ့ရပါတယ်။

Photo: caradelevingne/ Instagram
Photo: caradelevingne/ Instagram

ဒါကတော့ ၂၀၂၀ခုနှစ်ရဲ့ American Music Awards မှာ ပွဲတက်လာတဲ့ အချို့သော စတားတွေရဲ့ ဖက်ရှင်ပုံရိပ်တွေပဲ ဖြစ်ပါတယ်။ ကြည့်ရတာ နှစ်သက်တယ်ဆိုရင် မိတ်ဆွေတွေလည်း ကြည့်ရအောင် ရှဲပေးသွားပါဦး။

Glasgow

 

RELATED ARTICLES

Most Popular