HomeCelebs Update NewsInternational2020 Emmy Awards အတွက် စံကာတင်စာရင်းများ ထွက်ပေါ်လာ 

2020 Emmy Awards အတွက် စံကာတင်စာရင်းများ ထွက်ပေါ်လာ 

၂၀၂၀ခုနှစ်အတွက် Emmy Awards ကို စက်တင်ဘာလ (၂၀)ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး host အနေနဲ့ Jimmy Kimmel က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဆုပေးပွဲမတိုင်ခင်မှာ ဆု category အလိုက် စံကာတင်စာရင်းဝင်ထားသူတွေကို ကြေညာပေးနေကျဖြစ်ပြီး ဒီနှစ်အတွက်ကိုတော့ ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် အွန်လိုင်းကနေတစ်ဆင့် ကြေညာပေးခဲ့ပါတယ်။ စံကာတင်စာရင်းတွေကို ကြေညာပေးခဲ့ကြတဲ့ အစီအစဉ်တင်ဆက်သူတွေကတော့ Leslie Jones ၊ Josh Gad ၊ Laverne Cox နဲ့ Tatiana Maslany တို့ ဖြစ်ပါတယ်။

Emmy Awards ဆိုတာကတော့ အမေရိကန်နိုင်ငံရဲ့ ဆုပေးပွဲတစ်ခုဖြစ်ပြီး ရုပ်မြင်သံကြားလောကတစ်ခုလုံးက ထူးချွန်သူတွေကို နှစ်စဉ် ဆုချီးမြှင့်ပေးနေတာ ဖြစ်ပါတယ်။ ယခုချီးမြှင့်မှာကတော့ ပြီးခဲ့တဲ့နှစ် တစ်နှစ်လုံးမှာ ထွက်ရှိခဲ့တဲ့ တီဗွီရှိုးတွေအားလုံးထဲက ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။ ၂၀၂၀အတွက် စံကာတင်စာရင်းမှာ ဦးဆောင်နေတာကတော့ HBO ရဲ့ limited series ဖြစ်တဲ့ Watchmen ဖြစ်ပြီး စုစုပေါင်း စံကာတင်(၂၆)ဆု ဝင်ထားပါတယ်။

© HBO

HBO ဟာ ယခင်နှစ်တွေက ဆုစာရင်းမှာ ကြီးစိုးနေခဲ့တဲ့ Game of Thrones ဇာတ်လမ်းတွဲကြောင့် စံကာတင်စာရင်းစုစုပေါင်း (၁၁၈)ခု ရရှိထားပေမယ့် အဲ့ဒီ့စံချိန်ကို Netflix က စုစုပေါင်း စံကာတင်စာရင်း(၁၆၀)နဲ့ ကျော်တက်ပြီး စံကာတင်အများဆုံး ပိုင်ဆိုင်ဖူးတဲ့ streaming network ဖြစ်လာပါတယ်။

၂၀၂၀ခုနှစ်အတွက် Emmy မှာ နာမည်ကြီးနေသူတွေကတော့ The Morning Show ၊ Big Little Lies ၊ Little Fires Everywhere တို့မှာ သရုပ်ဆောင်ထားတဲ့ မင်းသမီး Reese Witherspoon ၊ Watchmen ဇာတ်လမ်းတွဲနဲ့ အားပေးမှု ရရှိနေတဲ့ မင်းသမီး Regina King တို့‌ ဖြစ်ပါတယ်။

ဒရာမာဇာတ်လမ်းတွဲတွေထဲမှာတော့ Succession က တစ်ပြေးနေပြီး အကောင်းဆုံးဟာသစီးရီးအနေနဲ့ Schitt’s Creek က ရေပန်းစားနေပါတယ်။ ၂၀၂၀ခုနှစ် Emmy Awards အတွက် စံကာတင်စာရင်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

© HBO
Outstanding Drama Series

အပြောင်မြောက်ဆုံး ဒရာမာစီးရီး category မှာတော့ Better Call Saul ၊ The Crown ၊ The Handmaid’s Tale ၊ Killing Eve ၊ The Mandalorian ၊ Ozark ၊ Stranger Things နဲ့ Succession တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Lead Actor in a Drama Series

ဒရာမာစီးရီးတွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Ozark မှာ ပါဝင်ထားတဲ့ မင်းသား Jason Bateman ၊ This Is Us မှာ သရုပ်ဆောင်ထားတဲ့ Sterling K. Brown ၊ The Morning Show မှာ သရုပ်ဆောင်ထားတဲ့ Steve Carell ၊ Succession မှာ သရုပ်ဆောင်ထားတဲ့ Brian Cox ၊ Pose ထဲမှာ သရုပ်ဆောင်ထားတဲ့ Billy Porter နဲ့ Succession ထဲမှာ သရုပ်ဆောင်ထားတဲ့ Jeremy Strong တို့က စံကာတင် စာရင်းဝင်ထားပါတယ်။

© NBC
Outstanding Lead Actress in a Drama Series

ဒရာမာစီးရီးထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ The Morning Show မှာ ပါဝင်ထားတဲ့ Jennifer Anniston ၊ The Crown ထဲမှာ သရုပ်ဆောင်ထားတဲ့ Olivia Colman ၊ Killing Eve ထဲမှာ သရုပ်ဆောင်ထားတဲ့ Jodie Comer ၊ Ozark ထဲမှာ သရုပ်ဆောင်ထားတဲ့ Laura Linney ၊ Killing Eve ထဲမှာ သရုပ်ဆောင်ထားတဲ့ Sandra Oh နဲ့ Euphoria ထဲမှာ သရုပ်ဆောင်ထားတဲ့ Zendaya တို့က စံကာတင် ဝင်ထားကြပါတယ်။

Outstanding Supporting Actor in a Drama Series

ဒရာမာစီးရီးတွေထဲမှာ အပြောင်မြောက်ဆုံး သရုပ်ဆောင်ထားနိုင်တဲ့ အမျိုးသားဇာတ်ပို့ဆုကိုတော့ Better Call Saul ထဲမှာ သရုပ်ဆောင်ထားတဲ့ Giancarlo Esposito ၊ Succession ထဲမှာ သရုပ်ဆောင်ထားတဲ့ Nicholas Braun ၊ Succession ထဲမှာ သရုပ်ဆောင်ထားတဲ့ Kieran Culkin ၊ Succession ထဲမှာ သရုပ်ဆောင်ထားတဲ့ Matthew Macfadyen ၊ The Handmaid’s Tale ထဲမှာ သရုပ်ဆောင်ထားတဲ့ Bradley Whitford ၊ The Morning Show ထဲမှာ သရုပ်ဆောင်ထားတဲ့ Billy Crudup ၊ The Morning Show ထဲမှာ သရုပ်ဆောင်ထားတဲ့ Mark Duplass နဲ့ Westworld ထဲမှာ သရုပ်ဆောင်ထားတဲ့ Jeffery Wright တို့က အသီးသီး စံကာတင် ဝင်ထားကြပါတယ်။

© HBO
Outstanding Supporting Actress in a Drama Series

ဒရာမာစီးရီးတွေထဲမှာ အပြောင်မြောက်ဆုံး သရုပ်ဆောင်ထားနိုင်တဲ့ အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Big Little Lies ထဲမှာ သရုပ်ဆောင်ထားတဲ့ Laura Dern ၊ Big Little Lies ထဲမှာ သရုပ်ဆောင်ထားတဲ့ Meryl Streep ၊ Ozark ထဲမှာ သရုပ်ဆောင်ထားတဲ့ Julia Garner ၊ Succession ထဲမှာ သရုပ်ဆောင်ထားတဲ့ Sarah Snook ၊ The Crown ထဲမှာ သရုပ်ဆောင်ထားတဲ့ Helena Bonham Carter ၊ Killing Eve ထဲမှာ သရုပ်ဆောင်ထားတဲ့ Fiona Shaw ၊ The Handmaid’s Tale ထဲမှာ သရုပ်ဆောင်ထားတဲ့ Samira Wiley နဲ့ Westworld ထဲမှာ သရုပ်ဆောင်ထားတဲ့ Thandie Newton တို့က စံကာတင် ဝင်ထားကြပါတယ်။

Outstanding Lead Actor in a Limited Series or Movie

limited series တွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Jeremy Irons ၊ Bad Education ထဲမှာ သရုပ်ဆောင်ထားတဲ့ Hugh Jackman ၊ Normal People ထဲမှာ သရုပ်ဆောင်ထားတဲ့ Paul Mescal ၊ Hollywood ထဲမှာ သရုပ်ဆောင်ထားတဲ့ Jeremy Pope နဲ့ I Know This Much Is True ထဲမှာ သရုပ်ဆောင်ထားတဲ့ Mark Ruffalo တို့က စံကာတင် ဝင်ထားပါတယ်။

© HBO
Outstanding Lead Actress in a Limited Series or Movie

limited series တွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Mrs. America ထဲမှာ သရုပ်ဆောင်ထားတဲ့ Cate Blanchett ၊ Unorthodox ထဲမှာ သရုပ်ဆောင်ထားတဲ့ Shira Haas ၊ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Regina King ၊ Self Made ထဲမှာ သရုပ်ဆောင်ထားတဲ့ Octavia Spencer နဲ့ Little Fires Everywhere ထဲမှာ သရုပ်ဆောင်ထားတဲ့ Kerry Washington တို့က စံကာတင် ဝင်ထားပါတယ်။

Outstanding Supporting Actor in a Limited Series or Movie

limited series နဲ့ သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသားဇာတ်ပို့ဆုကို စံကာတင် ဝင်ထားသူတွေကတော့ Hollywood ထဲမှာ သရုပ်ဆောင်ထားတဲ့ Dylan McDermott ၊ Hollywood ထဲမှာ သရုပ်ဆောင်ထားတဲ့ Jim Parsons ၊ Unbreakable Kimmy Schmidt: Kimmy Vs. The Reverend ထဲမှာ သရုပ်ဆောင်ထားတဲ့ Tituss Burgess ၊ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Yahya Abdul-Marteen II ၊ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Jovan Adepo နဲ့ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Louis Gossett Jr. တို့ ဖြစ်ပါတယ်။

© Netflix
Outstanding Supporting Actress in a Limited Series or Movie

limited series နဲ့ သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသမီးဇာတ်ပို့ဆုကို စံကာတင် စာရင်းဝင်ထားသူတွေကတော့ Hollywood ထဲမှာ သရုပ်ဆောင်ထားတဲ့ Holland Taylor ၊ Mrs. America ထဲမှာ သရုပ်ဆောင်ထားတဲ့ Uzo Aduba ၊ Mrs. America ထဲမှာ သရုပ်ဆောင်ထားတဲ့ Margo Martindale ၊ Unbelievable ထဲမှာ သရုပ်ဆောင်ထားတဲ့ Toni Collette နဲ့ Watchmen ထဲမှာ သရုပ်ဆောင်ထားတဲ့ Jean Smart တို့ ဖြစ်ပါတယ်။

Outstanding Limited Series

အပြောင်မြောက်ဆုံး limited series ဆုကိုတော့ Little Fires Everywhere ၊ Mrs. America ၊ Unbelievable ၊ Unorthodox နဲ့ Watchmen တို့က စံကာတင် ဝင်ထားပါတယ်။

Outstanding Comedy Series

အပြောင်မြောက်ဆုံး ဟာသစီးရီးဆုကိုတော့ Curb Your Enthusiasm ၊ Dead to Me ၊ The Good Place ၊ Insecure ၊ The Kominsky Method ၊ The Marvelous Mrs. Maisel ၊ Schitt’s Creek နဲ့ What We Do In The Shadows တို့ ဖြစ်ပါတယ်။

© Amazon Prime
Outstanding Lead Actor in a Comedy Series

ဟာသစီးရီးတွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ black-ish ထဲမှာ သရုပ်ဆောင်ထားတဲ့ Anthony Anderson ၊ Black Monday ထဲမှာ သရုပ်ဆောင်ထားတဲ့ Don Cheadle ၊ The Good Place ထဲမှာ သရုပ်ဆောင်ထားတဲ့ Ted Danson ၊ The Kominsky Method ထဲမှာ သရုပ်ဆောင်ထားတဲ့ Michael Douglas ၊ Schitt’s Creek ထဲမှာ သရုပ်ဆောင်ထားတဲ့ Eugene Levy နဲ့ Ramy ထဲမှာ သရုပ်ဆောင်ထားတဲ့ Ramy Youssef တို့က စံကာတင် ဝင်ထားပါတယ်။

Outstanding Lead Actress in a Comedy Series

ဟာသစီးရီးတွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Dead to Me ထဲမှာ သရုပ်ဆောင်ထားတဲ့ Christina Applegate ၊ The Marvelous Mrs. Maisel ထဲမှာ သရုပ်ဆောင်ထားတဲ့ Rachel Brosnahan ၊ Dead to Me ထဲမှာ သရုပ်ဆောင်ထားတဲ့ Linda Cardellini ၊ Schitt’s Creek ထဲမှာ သရုပ်ဆောင်ထားတဲ့ Catherine O’ Hara ၊ Insecure ထဲမှာ သရုပ်ဆောင်ထားတဲ့ Issa Rae နဲ့ black-ish ထဲမှာ သရုပ်ဆောင်ထားတဲ့ Tracee Ellis Ross တို့က စံကာတင် ဝင်ထားပါတယ်။

© Amazon Prime
Outstanding Supporting Actor in a Comedy Series

ဟာသစီးရီးတွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Brooklyn Nine-Nine ထဲမှာ သရုပ်ဆောင်ထားတဲ့ Andre Braugher ၊ Ramy ထဲမှာ သရုပ်ဆောင်ထားတဲ့ Mahershala Ali ၊ Saturday Night Live ထဲမှာ သရုပ်ဆောင်ထားတဲ့ Kenan Thompsom ၊ Schitt’s Creek ထဲမှာ သရုပ်ဆောင်ထားတဲ့ Daniel Levy ၊ The Good Place ထဲမှာ သရုပ်ဆောင်ထားတဲ့ William Jackson Harper ၊ The Kominsky Method ထဲမှာ သရုပ်ဆောင်ထားတဲ့ Alan Arkin ၊ The Marvelous Mrs. Maisel ထဲမှာ သရုပ်ဆောင်ထားတဲ့ Sterling K. Brown နဲ့ The Marvelous Mrs. Maisel ထဲမှာ သရုပ်ဆောင်ထားတဲ့ Tony Shalhoub တို့က စံကာတင် ဝင်ထားပါတယ်။

Outstanding Supporting Actress in a Comedy Series

ဟာသစီးရီးတွေထဲက သရုပ်ဆောင် အပြောင်မြောက်ဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ GLOW ထဲမှာ သရုပ်ဆောင်ထားတဲ့ Betty Gilpin ၊ Saturday Night Live ထဲမှာ သရုပ်ဆောင်ထားတဲ့ Kate McKinnon ၊ Insecure ထဲမှာ သရုပ်ဆောင်ထားတဲ့ Yvonne Orji ၊ Saturday Night Live ထဲမှာ သရုပ်ဆောင်ထားတဲ့ Cecily Strong ၊ Schitt’s Creek ထဲမှာ သရုပ်ဆောင်ထားတဲ့ Annie Murphy နဲ့ The Good Place ထဲမှာ သရုပ်ဆောင်ထားတဲ့ D’Arcy Carden တို့က စံကာတင် ဝင်ထားပါတယ်။

© NBC
Outstanding Reality Competition Program

ဒီဆုအတွက် စံကာတင်ဝင်ထားတဲ့ ရှိုးတွေကတော့ Nailed It! ၊ Rupaul’s Drag Race ၊ The Masked Singer ၊ The Voice နဲ့ Top Chef တို့ ဖြစ်ပါတယ်။

စက်တင်ဘာလမှာ ကျင်းပမယ့် Emmy ဆုပေးပွဲရဲ့ အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။ လက်ရှိမှာ ကိုဗစ်ကာလ ဖြစ်နေတဲ့အတွက် ဆုပေးပွဲကို ပရိသတ်မပါဘဲ လူအကန့်အသတ်နဲ့ပဲ ကျင်းပမလား၊ ဒါမှမဟုတ် အွန်လိုင်းကနေပဲ လွှင့်ပြီး ကျင်းပမလားဆိုတာ မသိရသေးပါဘူး။

LaNina

Source: hollywood life, the guardian

RELATED ARTICLES

Most Popular