HomeEntertainmentFilm2020 Emmy ဆုပေးပွဲမှာ ဆွတ်ခူးခဲ့ကြတဲ့ အကောင်းဆုံးဇာတ်လမ်းတွဲများနဲ့ သရုပ်ဆောင်များ

2020 Emmy ဆုပေးပွဲမှာ ဆွတ်ခူးခဲ့ကြတဲ့ အကောင်းဆုံးဇာတ်လမ်းတွဲများနဲ့ သရုပ်ဆောင်များ

၂၀၂၀ခုနှစ်အတွက် Emmy ဆုပေးပွဲကိုတော့ စက်တင်ဘာလ(၂၀)ရက်နေ့ ညပိုင်းမှာ ကျင်းပခဲ့ပြီး အကောင်းတကာ့ အကောင်းဆုံး ဇာတ်လမ်းတွဲတွေနဲ့ အထူးချွန်ဆုံး ဇာတ်လမ်းတွဲ သရုပ်ဆောင်တွေကို ဆုချီးမြှင့်ခဲ့ပါတယ်။ ယခုနှစ် Emmy ဆုပေးပွဲကိုတော့ ကိုဗစ်ကပ်ရောဂါကြောင့် ယခင်ကလို ကော်ဇောနီနဲ့ မကျင်းပနိုင်ဘဲ virtual အနေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ရှိုးရဲ့ host အဖြစ် Jimmy Kimmel က တင်ဆက်ပေးခဲ့ပြီး သရုပ်ဆောင်တွေနဲ့ TV လောက,က ကျွမ်းကျင်ပညာရှင်တွေကတော့ အွန်လိုင်းကနေတစ်ဆင့် ပွဲတက်ခဲ့ကြတာ ဖြစ်ပါတယ်။

Emmy Awards ဆိုတာဟာ အမေရိကန်နိုင်ငံက ပြုလုပ်ကျင်းပတဲ့ ဆုပေးပွဲဖြစ်ပြီး ရုပ်မြင်သံကြားက ထုတ်လွှင့်တဲ့ ဇာတ်လမ်းများကို အကောင်းဆုံးအဖြစ် ရွေးချယ်ပြီး အသိအမှတ်ပြုတဲ့ ဂုဏ်သိက္ခာမြင့် ဆုပေးပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ယခုနှစ် Emmy ဆုအတွက်ကိုတော့ Watchmen စီးရီးက စံကာတင်(၂၆)ခုနဲ့ ဦးဆောင်ထားပြီး Netflix ကတော့ စုစုပေါင်း စံကာတင်(၁၆၀)နဲ့ စံကာတင်အများဆုံး စံချိန်ကို ရရှိထားပါတယ်။ ဒါ့အပြင် အခြားနာမည်ကျော် စီးရီးများဖြစ်တဲ့ Ozark နဲ့ Succession စီးရီးတွေဟာလည်း စံကာတင်(၁၈)ခုစီနဲ့ ရပ်တည်နေကြပါသေးတယ်။

၂၀၂၀ခုနှစ်အတွက် Emmy Awards ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားကြသူတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Photo via IMDb

Outstanding Drama Series – အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆုကိုတော့ Succession ဇာတ်လမ်းတွဲက ရရှိသွားပါတယ်။

Outstanding Comedy Series – အကောင်းဆုံး ဟာသဇာတ်လမ်းတွဲဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲက ရရှိသွားပါတယ်။

Outstanding Lead Actor in a Drama Series – ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ Succession ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Jeremy Strong က ရရှိသွားပါတယ်။

Outstanding Lead Actress in a Drama Series – ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကိုတော့ Euphoria ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Zendaya က ရရှိသွားပါတယ်။

Photo via IMDb

Outstanding Lead Actor in a Comedy Series – ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲထဲက Eugene Levy က ရရှိသွားပါတယ်။

Outstanding Lead Actress in a Comedy Series – ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲထဲက Catherine O’Hara က ရရှိသွားပါတယ်။

Outstanding Supporting Actor in a Drama Series – ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ The Morning Show ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Billy Crudup က ရရှိသွားပါတယ်။

Outstanding Supporting Actress in a Drama Series – ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး  ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ Ozark ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Julia Garner က ရရှိသွားပါတယ်။

Photo via IMDb

Outstanding Writing for a Comedy Series – ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံးဇာတ်ညွှန်းဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲထဲက Happy Ending ဆိုတဲ့ အပိုင်းကို ရေးသားပေးခဲ့တဲ့ Daniel Levy က ဆွတ်ခူးသွားပါတယ်။

Outstanding Supporting Actor in a Comedy Series – ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသား ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Daniel Levy က ရရှိသွားပါတယ်။

Outstanding Supporting Actress in a Comedy Series – ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့သရုပ်ဆောင်ဆုကိုတော့ Schitt’s Creek ဇာတ်လမ်းတွဲထဲမှာ ပါဝင်ထားတဲ့ Annie Murphy က ရရှိသွားပါတယ်။

Outstanding Lead Actor in a Limited Series or Movie – limited series ထဲက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ I Know This Much Is True မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Mark Ruffalo က ဆွတ်ခူးသွားပါတယ်။

Photo via IMDb

Outstanding Lead Actress in a Limited Series or Movie – limited series ထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Watchmen ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Regina King က ဆွတ်ခူးသွားပါတယ်။

Outstanding Supporting Actor in a Limited Series or Movie – limited series ထဲက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Watchmen ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Yahya Abdul-Mateen II က ဆွတ်ခူးသွားပါတယ်။

Outstanding Supporting Actress in a Limited Series or Movie – limited series ထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Mrs. America ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Uzo Aduba က ဆွတ်ခူးသွားပါတယ်။

Outstanding Limited Series – ဒီဆုကိုတော့ Watchmen ဇာတ်လမ်းတွဲက ရရှိသွားပါတယ်။

Photo via IMDb

Outstanding Reality Competition Program – အကောင်းဆုံး reality ပြိုင်ပွဲအစီအစဉ်ကိုတော့ RuPaul’s Drag Race က ရရှိသွားပါတယ်။

Outstanding Variety Talk Series – ဒီဆုကိုတော့ Last Week Tonight With John Oliver က ရရှိသွားပါတယ်။

Glasgow

Source: hollywood life

RELATED ARTICLES

Most Popular