HomeCelebs Update NewsInternationalForbes က ထုတ်ပြန်တဲ့ ၂၀၂၀ရဲ့ entertainment နယ်ပယ်မှာ အချမ်းသာဆုံးအမျိုးသမီးများ

Forbes က ထုတ်ပြန်တဲ့ ၂၀၂၀ရဲ့ entertainment နယ်ပယ်မှာ အချမ်းသာဆုံးအမျိုးသမီးများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Forbes မဂ္ဂဇင်းဟာ ၂၀၂၀ခုနှစ် တစ်နှစ်တာအတွက် ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားလာတဲ့ အမျိုးသမီးတွေထဲက အချမ်းသာဆုံး၊ ဝင်ငွေအကောင်းဆုံး အမျိုးသမီးတွေကို နယ်ပယ်အလိုက် စာရင်းထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ စာရင်းထဲက entertainment နယ်ပယ်မှာ ကိုယ့်ထူးကိုယ်ချွန်ပြီး အချမ်းသာဆုံးစာရင်းထဲ ဝင်လာကြတဲ့ အမျိုးသမီးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Oprah Winfrey
Photo: oprah/ Instagram

Oprah Winfrey ကတော့ သူမရဲ့ tv show တွေကြောင့် အောင်မြင်ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ သူမရဲ့ tv show တွေဟာ အောင်မြင်မှုတင်မက ကြောက်ခမန်းလိလိ ချမ်းသာကြွယ်ဝမှုကိုလည်း ယူဆောင်လာခဲ့ပါတယ်။ သူမရဲ့ လက်ရှိကြွယ်ဝမှုကတော့ ဒေါ်လာ(၂.၆)ဘီလျံ ရှိတယ်လို့ Forbes က ဖော်ပြထားပါတယ်။

Kim Kardashian
Photo: kimkardashian/ Instagram

reality show ဖြစ်တဲ့ Keeping Up With The Kardashians နဲ့ အောင်မြင်မှု အကြီးအကျယ် ရရှိလာခဲ့တဲ့ Kim Kardashian ဟာ မနှစ်က ကြွယ်ဝမှု ဒေါ်လာ သန်း(၄၁၀)ရှိခဲ့ပေမယ့် သူမရဲ့ မိတ်ကပ် brand ဖြစ်တဲ့ KKW Beauty က ရရှိလာတဲ့ အမြတ်ငွေတွေကြောင့် ယခုနှစ် ၂၀၂၀မှာတော့ ကြွယ်ဝမှု ဒေါ်လာ(၇၈၀)သန်း ရှိသွားပြီ ဖြစ်ပါတယ်။ သူမဟာ မူလက reality show နဲ့ ကြော်ငြာခတွေက ရရှိတဲ့ ဝင်ငွေတွေပဲ ရှိခဲ့ပေမယ့် ကိုယ်ပိုင်မိတ်ကပ် brand တည်ထောင်ပြီးတည်းက ဝင်ငွေတွေ ပိုများလာခဲ့တာဖြစ်ပြီး သူမရဲ့ SKIMS line နဲ့ ရေမွှေးတွေကြောင့်လည်း ဝင်ငွေတွေ အဆမတန် ရရှိထားပါသေးတယ်။

Kylie Jenner
Photo: kyliejenner/ Instagram

သူမရဲ့ ချမ်းသာကြွယ်ဝမှုကတော့ ဒေါ်လာသန်း(၇၀၀)ရှိတယ်လို့ Forbes က ဖော်ပြထားပါတယ်။ Kylie ဟာ ယခင်က ဘီလျံနာအဖြစ် ကြေညာခဲ့ပေမယ့် ရှိထားတဲ့ ငွေကြေးကြွယ်ဝမှုထက် ပိုမိုချဲ့ကားတယ်လို့ စွပ်စွဲခံခဲ့ရပြီး သူမရဲ့ကြွယ်ဝမှု ဒေါ်လာ(၁)ဘီလျံထဲက ဒေါ်လာသန်း(၃၀၀) လျှော့ချခံရကာ ယခုလို ဒေါ်လာသန်း(၇၀၀)ပဲ ကျန်ရှိတော့တယ်လို့ စာရင်းသွင်းခံထားရတာ ဖြစ်ပါတယ်။ Kylie ဟာ အခွန်စာရွက်တွေကို လိမ်လည်ပြီး သူမကုမ္ပဏီရဲ့ အောင်မြင်မှုကို ပိုမိုချဲ့ကားထားတာလို့ Forbes ရဲ့ မေလက ဖော်ပြခဲ့တဲ့ ဆောင်းပါးက ဆိုထားပါတယ်။

Rihanna
Photo: badgalriri/ Instagram

Fenty Beauty ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ အဆိုတော် Rihanna ကတော့ ကြွယ်ဝမှု ဒေါ်လာသန်း(၆၀၀) ရှိတယ်လို့ Forbes က ဖော်ပြထားပါတယ်။ သူမဟာ ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်ရုံသာမက မိတ်ကပ်နဲ့ skin care ကိုယ်ပိုင် brand တွေ ပိုင်ဆိုင်ထားပြီး Savage x Fenty အတွင်းခံ brand ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။

Celine Dion
Photo: celinedion/ Instagram

နာမည်ကျော် အဆိုတော် Celine Dion ကတော့ သူမရဲ့စစ်မှန်တဲ့ ဂီတအလုပ်တစ်ခုတည်းနဲ့ ဒီစာရင်းထဲကို ပါဝင်နေတာ ဖြစ်ပါတယ်။ သူမဟာ ကြောက်ခမန်းလိလိ အယ်လ်ဘမ်ရောင်းအားနဲ့ နယ်လှည့်ဖျော်ဖြေရေး ခရီးစဉ်တွေက လက်မှတ်ရောင်းအားတွေကနေ အခုလို ချမ်းသာကြွယ်ဝလာခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့လက်ရှိ ကြွယ်ဝမှုကတော့ ဒေါ်လာ(၄၅၅)သန်း ရှိတယ်လို့ ဆိုပါတယ်။

Beyonce
Photo: beyonce/ Instagram

၂၀၂၀ရဲ့ အချမ်းသာဆုံး အမျိုးသမီးစာရင်းထဲမှာ အဆိုတော် Beyonce လည်း ပါဝင်ပါသေးတယ်။ သူမကတော့ ဂီတအလုပ်ကရရှိတဲ့ ဝင်ငွေတွေသာမက သူမရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ Ivy Park ကနေလည်း ဝင်ငွေအမြောက်အများ ရရှိနေပါသေးတယ်။ Ivy Park ကတော့ active wear တွေ ထုတ်လုပ်တဲ့ အဝတ်အထည် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါတယ်။ သူမရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း(၄၂၀) ရှိတယ်လို့ ဆိုပါတယ်။

Ellen DeGeneres
Photo: ed_ellen_update/ Instagram

Ellen ကတော့ သူမရဲ့ talk show တွေကနေ အခုလို ကြွယ်ဝချမ်းသာလာတာ ဖြစ်ပါတယ်။ talk show ဆိုပေမယ့် သူမရဲ့အနောက်မှာ ဝန်ထမ်းရာနဲ့ချီ ရှိနေတဲ့အပြင် Warner Media က ပြန်လည်ဝယ်ယူထားရတဲ့အထိ ကြီးမားတဲ့ show business ဖြစ်နေတာပါ။ သူမရဲ့ ကြွယ်ဝမှုကတော့ ဒေါ်လာ သန်း(၃၇၀) ရှိပါတယ်။

Taylor Swift
Photo: taylorswift/ Instagram

Taylor Swift ကတော့ တစ်ခြားသော ကမ္ဘာကျော်အဆိုတော်တွေထက် နည်းနည်း ထူးခြားပါတယ်။ သူမဟာ အခြားသော ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို သီးသန့် ထုတ်လုပ်ရောင်းချခြင်း မရှိဘဲ သူမရဲ့ဂီတအလုပ်ကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ အယ်လ်ဘမ်သစ် ထွက်ရှိမှသာ အယ်လ်ဘမ်နဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်းတွေကို တွဲဖက်ရောင်းချလေ့ ရှိသူ ဖြစ်ပါတယ်။ ပြောရရင်တော့ Taylor Swift ဟာ အခြားသော အမှတ်တံဆိပ်တွေကို ထုတ်လုပ်ရောင်းချဖို့ထက် သူမကိုယ်တိုင်က brand တစ်ခု ဖြစ်နေတာပါ။ သူမရဲ့ကြွယ်ဝမှုကတော့ ဒေါ်လာ(၃၆၅)သန်း ရှိတယ်လို့ ဖော်ပြထားပါတယ်။

Reese Witherspoon
Photo: reesewitherspoon/ Instagram

မင်းသမီး Reese Witherspoon ကတော့ နာမည်ကျော် သရုပ်ဆောင် မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ဇာတ်ကားတွေနဲ့ သရုပ်ဆောင်ကြေးက ရရှိတဲ့ ငွေကြေးတွေကြောင့် လက်ရှိမှာ ဒေါ်လာ သန်း(၂၀၀) ရှိနေပါတယ်။

ဒါကတော့ Forbes မဂ္ဂဇင်းက မကြာသေးခင်ကမှ ထုတ်ပြန်လိုက်တဲ့ စာရင်းဇယားတွေအရ ၂၀၂၀ခုနှစ်အတွက် အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် အမျိုးသမီးတွေထဲက entertainment နယ်ပယ်မှာ အချမ်းသာဆုံး ဖြစ်နေတဲ့ အမျိုးသမီးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဘယ်သူက ဒီစာရင်းထဲမှာ ပါဝင်နေလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

Source: forbes

(Zawgyi Version)

Forbes မဂၢဇင္းဟာ ၂၀၂၀ခုႏွစ္ တစ္ႏွစ္တာအတြက္ ကိုယ့္ထူးကိုယ္ခြၽန္ၿပီး ႀကိဳးစားလာတဲ့ အမ်ိဳးသမီးေတြထဲက အခ်မ္းသာဆုံး၊ ဝင္ေငြအေကာင္းဆုံး အမ်ိဳးသမီးေတြကို နယ္ပယ္အလိုက္ စာရင္းထုတ္ျပန္လိုက္ပါတယ္။ အဆိုပါ စာရင္းထဲက entertainment နယ္ပယ္မွာ ကိုယ့္ထူးကိုယ္ခြၽန္ၿပီး အခ်မ္းသာဆုံးစာရင္းထဲ ဝင္လာၾကတဲ့ အမ်ိဳးသမီးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

Oprah Winfrey
Photo: oprah/ Instagram

Oprah Winfrey ကေတာ့ သူမရဲ႕ tv show ေတြေၾကာင့္ ေအာင္ျမင္ေက်ာ္ၾကားလာခဲ့သူ ျဖစ္ပါတယ္။ သူမရဲ႕ tv show ေတြဟာ ေအာင္ျမင္မႈတင္မက ေၾကာက္ခမန္းလိလိ ခ်မ္းသာႂကြယ္ဝမႈကိုလည္း ယူေဆာင္လာခဲ့ပါတယ္။ သူမရဲ႕ လက္ရွိႂကြယ္ဝမႈကေတာ့ ေဒၚလာ(၂.၆)ဘီလ်ံ ရွိတယ္လို႔ Forbes က ေဖာ္ျပထားပါတယ္။

Kim Kardashian
Photo: kimkardashian/ Instagram

reality show ျဖစ္တဲ့ Keeping Up With The Kardashians နဲ႔ ေအာင္ျမင္မႈ အႀကီးအက်ယ္ ရရွိလာခဲ့တဲ့ Kim Kardashian ဟာ မႏွစ္က ႂကြယ္ဝမႈ ေဒၚလာ သန္း(၄၁၀)ရွိခဲ့ေပမယ့္ သူမရဲ႕ မိတ္ကပ္ brand ျဖစ္တဲ့ KKW Beauty က ရရွိလာတဲ့ အျမတ္ေငြေတြေၾကာင့္ ယခုႏွစ္ ၂၀၂၀မွာေတာ့ ႂကြယ္ဝမႈ ေဒၚလာ(၇၈၀)သန္း ရွိသြားၿပီ ျဖစ္ပါတယ္။ သူမဟာ မူလက reality show နဲ႔ ေၾကာ္ျငာခေတြက ရရွိတဲ့ ဝင္ေငြေတြပဲ ရွိခဲ့ေပမယ့္ ကိုယ္ပိုင္မိတ္ကပ္ brand တည္ေထာင္ၿပီးတည္းက ဝင္ေငြေတြ ပိုမ်ားလာခဲ့တာျဖစ္ၿပီး သူမရဲ႕ SKIMS line နဲ႔ ေရေမႊးေတြေၾကာင့္လည္း ဝင္ေငြေတြ အဆမတန္ ရရွိထားပါေသးတယ္။

Kylie Jenner
Photo: kyliejenner/ Instagram

သူမရဲ႕ ခ်မ္းသာႂကြယ္ဝမႈကေတာ့ ေဒၚလာသန္း(၇၀၀)ရွိတယ္လို႔ Forbes က ေဖာ္ျပထားပါတယ္။ Kylie ဟာ ယခင္က ဘီလ်ံနာအျဖစ္ ေၾကညာခဲ့ေပမယ့္ ရွိထားတဲ့ ေငြေၾကးႂကြယ္ဝမႈထက္ ပိုမိုခ်ဲ႕ကားတယ္လို႔ စြပ္စြဲခံခဲ့ရၿပီး သူမရဲ႕ႂကြယ္ဝမႈ ေဒၚလာ(၁)ဘီလ်ံထဲက ေဒၚလာသန္း(၃၀၀) ေလွ်ာ့ခ်ခံရကာ ယခုလို ေဒၚလာသန္း(၇၀၀)ပဲ က်န္ရွိေတာ့တယ္လို႔ စာရင္းသြင္းခံထားရတာ ျဖစ္ပါတယ္။ Kylie ဟာ အခြန္စာ႐ြက္ေတြကို လိမ္လည္ၿပီး သူမကုမၸဏီရဲ႕ ေအာင္ျမင္မႈကို ပိုမိုခ်ဲ႕ကားထားတာလို႔ Forbes ရဲ႕ ေမလက ေဖာ္ျပခဲ့တဲ့ ေဆာင္းပါးက ဆိုထားပါတယ္။

Rihanna
Photo: badgalriri/ Instagram

Fenty Beauty ရဲ႕ ပဲ့ကိုင္ရွင္ျဖစ္တဲ့ အဆိုေတာ္ Rihanna ကေတာ့ ႂကြယ္ဝမႈ ေဒၚလာသန္း(၆၀၀) ရွိတယ္လို႔ Forbes က ေဖာ္ျပထားပါတယ္။ သူမဟာ ကမာၻေက်ာ္ အဆိုေတာ္တစ္ေယာက္ ျဖစ္႐ုံသာမက မိတ္ကပ္နဲ႔ skin care ကိုယ္ပိုင္ brand ေတြ ပိုင္ဆိုင္ထားၿပီး Savage x Fenty အတြင္းခံ brand ကိုလည္း ပိုင္ဆိုင္ထားပါေသးတယ္။

Celine Dion
Photo: celinedion/ Instagram

နာမည္ေက်ာ္ အဆိုေတာ္ Celine Dion ကေတာ့ သူမရဲ႕စစ္မွန္တဲ့ ဂီတအလုပ္တစ္ခုတည္းနဲ႔ ဒီစာရင္းထဲကို ပါဝင္ေနတာ ျဖစ္ပါတယ္။ သူမဟာ ေၾကာက္ခမန္းလိလိ အယ္လ္ဘမ္ေရာင္းအားနဲ႔ နယ္လွည့္ေဖ်ာ္ေျဖေရး ခရီးစဥ္ေတြက လက္မွတ္ေရာင္းအားေတြကေန အခုလို ခ်မ္းသာႂကြယ္ဝလာခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕လက္ရွိ ႂကြယ္ဝမႈကေတာ့ ေဒၚလာ(၄၅၅)သန္း ရွိတယ္လို႔ ဆိုပါတယ္။

Beyonce
Photo: beyonce/ Instagram

၂၀၂၀ရဲ႕ အခ်မ္းသာဆုံး အမ်ိဳးသမီးစာရင္းထဲမွာ အဆိုေတာ္ Beyonce လည္း ပါဝင္ပါေသးတယ္။ သူမကေတာ့ ဂီတအလုပ္ကရရွိတဲ့ ဝင္ေငြေတြသာမက သူမရဲ႕ကိုယ္ပိုင္ brand ျဖစ္တဲ့ Ivy Park ကေနလည္း ဝင္ေငြအေျမာက္အမ်ား ရရွိေနပါေသးတယ္။ Ivy Park ကေတာ့ active wear ေတြ ထုတ္လုပ္တဲ့ အဝတ္အထည္ အမွတ္တံဆိပ္တစ္ခု ျဖစ္ပါတယ္။ သူမရဲ႕ ႂကြယ္ဝမႈကေတာ့ ေဒၚလာ သန္း(၄၂၀) ရွိတယ္လို႔ ဆိုပါတယ္။

Ellen DeGeneres
Photo: ed_ellen_update/ Instagram

Ellen ကေတာ့ သူမရဲ႕ talk show ေတြကေန အခုလို ႂကြယ္ဝခ်မ္းသာလာတာ ျဖစ္ပါတယ္။ talk show ဆိုေပမယ့္ သူမရဲ႕အေနာက္မွာ ဝန္ထမ္းရာနဲ႔ခ်ီ ရွိေနတဲ့အျပင္ Warner Media က ျပန္လည္ဝယ္ယူထားရတဲ့အထိ ႀကီးမားတဲ့ show business ျဖစ္ေနတာပါ။ သူမရဲ႕ ႂကြယ္ဝမႈကေတာ့ ေဒၚလာ သန္း(၃၇၀) ရွိပါတယ္။

Taylor Swift
Photo: taylorswift/ Instagram

Taylor Swift ကေတာ့ တစ္ျခားေသာ ကမာၻေက်ာ္အဆိုေတာ္ေတြထက္ နည္းနည္း ထူးျခားပါတယ္။ သူမဟာ အျခားေသာ ကုန္ပစၥည္းအမွတ္တံဆိပ္ေတြကို သီးသန႔္ ထုတ္လုပ္ေရာင္းခ်ျခင္း မရွိဘဲ သူမရဲ႕ဂီတအလုပ္ကိုသာ တစိုက္မတ္မတ္ လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။ အယ္လ္ဘမ္သစ္ ထြက္ရွိမွသာ အယ္လ္ဘမ္နဲ႔ ပတ္သက္တဲ့ အမွတ္တရပစၥည္းေတြကို တြဲဖက္ေရာင္းခ်ေလ့ ရွိသူ ျဖစ္ပါတယ္။ ေျပာရရင္ေတာ့ Taylor Swift ဟာ အျခားေသာ အမွတ္တံဆိပ္ေတြကို ထုတ္လုပ္ေရာင္းခ်ဖို႔ထက္ သူမကိုယ္တိုင္က brand တစ္ခု ျဖစ္ေနတာပါ။ သူမရဲ႕ႂကြယ္ဝမႈကေတာ့ ေဒၚလာ(၃၆၅)သန္း ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

Reese Witherspoon
Photo: reesewitherspoon/ Instagram

မင္းသမီး Reese Witherspoon ကေတာ့ နာမည္ေက်ာ္ သ႐ုပ္ေဆာင္ မင္းသမီးတစ္လက္ျဖစ္ၿပီး သူမရဲ႕ဇာတ္ကားေတြနဲ႔ သ႐ုပ္ေဆာင္ေၾကးက ရရွိတဲ့ ေငြေၾကးေတြေၾကာင့္ လက္ရွိမွာ ေဒၚလာ သန္း(၂၀၀) ရွိေနပါတယ္။

ဒါကေတာ့ Forbes မဂၢဇင္းက မၾကာေသးခင္ကမွ ထုတ္ျပန္လိုက္တဲ့ စာရင္းဇယားေတြအရ ၂၀၂၀ခုႏွစ္အတြက္ အခ်မ္းသာဆုံး ကိုယ့္ထူးကိုယ္ခြၽန္ အမ်ိဳးသမီးေတြထဲက entertainment နယ္ပယ္မွာ အခ်မ္းသာဆုံး ျဖစ္ေနတဲ့ အမ်ိဳးသမီးေတြကို ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ ဘယ္သူက ဒီစာရင္းထဲမွာ ပါဝင္ေနလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

Source: forbes

 

RELATED ARTICLES

Most Popular