HomeCelebs Update NewsInternational2020 VMAs ဆုပေးပွဲကို တက်ရောက်ခဲ့ကြတဲ့ စတားတို့ရဲ့ ပွဲတက်ဖက်ရှင်များ 

2020 VMAs ဆုပေးပွဲကို တက်ရောက်ခဲ့ကြတဲ့ စတားတို့ရဲ့ ပွဲတက်ဖက်ရှင်များ 

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ယခုနှစ်အတွက် VMAs ဆုပေးပွဲကိုတော့ virtual အနေနဲ့ ထုတ်လွှင့်ပြသခဲ့ပေမယ့် စတားတို့အတွက် အစဉ်အလာ မပြတ်အောင် ကော်ဇောနီနဲ့ ခမ်းနားစွာ ကျင်းပခဲ့ပါတယ်။ စတားတွေဟာလည်း စိစစ်ရွေးချယ်ထားတဲ့ ကင်မရာသမားအနည်းငယ်ရှေ့မှာပဲ သူတို့ရဲ့ပွဲတက်ဖက်ရှင်တွေကို ဝံ့ကြွားစွာ ပြသခဲ့ကြပါတယ်။ ဂီတလောကက စတားတွေရဲ့ ပွဲတက်ဖက်ရှင်တွေကိုတော့ အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

Miley Cyrus
Photo: mileycyrus/ Instagram

Miley Cyrus ရဲ့ ယခုနှစ် VMAs ပွဲတက်ဖက်ရှင်ကတော့ သူမရဲ့ထုံးစံအတိုင်းပဲ ခပ်ရဲရဲ၊ ခပ်ဟော့ဟော့ ဒီဇိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ ကော်ဇောနီထက်ကို လှမ်းတက်လာတဲ့ သူမရဲ့ဝတ်စုံကတော့ ပါးလွှာတဲ့ အနက်ရောင်ပိတ်စပေါ်မှာ တဖိတ်ဖိတ်လက်နေတဲ့ ကျောက်ကလေးတွေနဲ့ အလှဆင်ထားတာကို တွေ့ရပါတယ်။

Lady Gaga
Photo: ladygaga/ Instagram

Gaga ကတော့ သူမရဲ့ထုံးစံအတိုင်း ထူးခြားဆန်းပြားတဲ့ ဖက်ရှင်တွေကို ဝတ်ဆင်လေ့ရှိတာကြောင့် ယခုနှစ် VMAs မှာလည်း အာကာသယာဉ်မှူးတွေရဲ့ ဝတ်စုံပုံစံမျိုး မှီငြမ်းတီထွင်ထားတဲ့ ဝတ်စုံကို ဆင်မြန်းလာပါတယ်။ ကော်ဇောနီပေါ် လျှောက်လှမ်းခဲ့တဲ့ ဝတ်စုံတစ်စုံတည်းတင် မဟုတ်ဘဲ စင်မြင့်ပေါ်မှာ ဆုတက်ယူချိန်မှာလည်း နောက်ထပ် အမိုက်စား ဝတ်စုံတွေကို လဲလှယ်ဝတ်ဆင်ခဲ့ပါသေးတယ်။ သူမရဲ့ဝတ်စုံတွေနဲ့ mask တွေဟာလည်း တကယ် ဖက်ရှင်ရသအပြင်းစား ခံစားရမှာ ဖြစ်ပါတယ်။

Bebe Rexha
Photo: beberexha/ Instagram

Bebe Rexha ကတော့ သူမရဲ့(၃၁)နှစ်မြောက် မွေးနေ့နဲ့ တိုက်တိုက်ဆိုင်ဆိုင် ပွဲတက်ခဲ့ရတာဖြစ်ပြီး ဆုပေးပွဲမှာတော့ Video of the Year ဆုကို ကြေညာပေးခဲ့ရပါတယ်။ သူမကတော့ အမည်းရောင် ကုတ်အပွဒီဇိုင်းနဲ့ ပွဲတက်လာပြီး အမိုက်စား လက်သည်းတွေကိုပါ ရှိုးထုတ်ခဲ့ပါသေးတယ်။

Joey King
Photo: joeyking/ Instagram

Kissing Booth ဇာတ်ကားနဲ့ လတ်တလော နာမည်ကြီးနေတဲ့ မင်းသမီးလေး Joey King ကတော့ ပွင့်ရိုက်ဒီဇိုင်း ဂါဝန်အတိုလေးနဲ့ ပွဲတက်လာတာ တွေ့ရပါတယ်။ Versace ရဲ့ Pre-Fall 2020 collection ထဲက ဂါဝန်ကို ဆင်မြန်းလာတာဖြစ်ပြီး ဆွဲကြိုးနဲ့ bling bling တွေဟာလည်း Versace အမှတ်တံဆိပ်တွေပါပဲ။

Machine Gun Kelly
Photo: machinegunkelly/ Instagram

MGK တို့ကတော့ ပန်းရောင်ဝမ်းဆက် ဝတ်စုံနဲ့ လူတွေ သတ်မှတ်ထားတဲ့ ဘောင်တွေကို ချိုးဖြတ်ပြလိုက်ပါပြီ။ ယောက်ျားတွေလည်း ပန်းရောင်ဝမ်းဆက်နဲ့ ဂေါ်လို့ရတယ်ဆိုတာ သက်သေပြထားတဲ့အနေနဲ့ ဝတ်ဆင်လာတာဖြစ်ပြီး ပုလဲပုတီးကိုပါ ဆင်မြန်းလာတာ တွေ့ရပါသေးတယ်။

ဒါကတော့ ၂၀၂၀ခုနှစ် VMAs ဆုပေးပွဲကို တက်ရောက်လာကြတဲ့ စတားများစွာထဲက အချို့သော စတားတွေရဲ့ ပွဲတက်ပုံရိပ်တွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ စာဖတ်သူတို့ နှစ်သက်တဲ့ ဖက်ရှင်က ဘယ်သူများဖြစ်မလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

Source: hollywood llife

(Zawgyi Version)

ယခုႏွစ္အတြက္ VMAs ဆုေပးပြဲကိုေတာ့ virtual အေနနဲ႔ ထုတ္လႊင့္ျပသခဲ့ေပမယ့္ စတားတို႔အတြက္ အစဥ္အလာ မျပတ္ေအာင္ ေကာ္ေဇာနီနဲ႔ ခမ္းနားစြာ က်င္းပခဲ့ပါတယ္။ စတားေတြဟာလည္း စိစစ္ေ႐ြးခ်ယ္ထားတဲ့ ကင္မရာသမားအနည္းငယ္ေရွ႕မွာပဲ သူတို႔ရဲ႕ပြဲတက္ဖက္ရွင္ေတြကို ဝံ့ႂကြားစြာ ျပသခဲ့ၾကပါတယ္။ ဂီတေလာကက စတားေတြရဲ႕ ပြဲတက္ဖက္ရွင္ေတြကိုေတာ့ ေအာက္ပါအတိုင္း ေဖာ္ျပေပးလိုက္ပါတယ္။

Miley Cyrus
Photo: mileycyrus/ Instagram

Miley Cyrus ရဲ႕ ယခုႏွစ္ VMAs ပြဲတက္ဖက္ရွင္ကေတာ့ သူမရဲ႕ထုံးစံအတိုင္းပဲ ခပ္ရဲရဲ၊ ခပ္ေဟာ့ေဟာ့ ဒီဇိုင္းကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ေကာ္ေဇာနီထက္ကို လွမ္းတက္လာတဲ့ သူမရဲ႕ဝတ္စုံကေတာ့ ပါးလႊာတဲ့ အနက္ေရာင္ပိတ္စေပၚမွာ တဖိတ္ဖိတ္လက္ေနတဲ့ ေက်ာက္ကေလးေတြနဲ႔ အလွဆင္ထားတာကို ေတြ႕ရပါတယ္။

Lady Gaga
Photo: ladygaga/ Instagram

Gaga ကေတာ့ သူမရဲ႕ထုံးစံအတိုင္း ထူးျခားဆန္းျပားတဲ့ ဖက္ရွင္ေတြကို ဝတ္ဆင္ေလ့ရွိတာေၾကာင့္ ယခုႏွစ္ VMAs မွာလည္း အာကာသယာဥ္မႉးေတြရဲ႕ ဝတ္စုံပုံစံမ်ိဳး မွီျငမ္းတီထြင္ထားတဲ့ ဝတ္စုံကို ဆင္ျမန္းလာပါတယ္။ ေကာ္ေဇာနီေပၚ ေလွ်ာက္လွမ္းခဲ့တဲ့ ဝတ္စုံတစ္စုံတည္းတင္ မဟုတ္ဘဲ စင္ျမင့္ေပၚမွာ ဆုတက္ယူခ်ိန္မွာလည္း ေနာက္ထပ္ အမိုက္စား ဝတ္စုံေတြကို လဲလွယ္ဝတ္ဆင္ခဲ့ပါေသးတယ္။ သူမရဲ႕ဝတ္စုံေတြနဲ႔ mask ေတြဟာလည္း တကယ္ ဖက္ရွင္ရသအျပင္းစား ခံစားရမွာ ျဖစ္ပါတယ္။

Bebe Rexha
Photo: beberexha/ Instagram

Bebe Rexha ကေတာ့ သူမရဲ႕(၃၁)ႏွစ္ေျမာက္ ေမြးေန႔နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ပြဲတက္ခဲ့ရတာျဖစ္ၿပီး ဆုေပးပြဲမွာေတာ့ Video of the Year ဆုကို ေၾကညာေပးခဲ့ရပါတယ္။ သူမကေတာ့ အမည္းေရာင္ ကုတ္အပြဒီဇိုင္းနဲ႔ ပြဲတက္လာၿပီး အမိုက္စား လက္သည္းေတြကိုပါ ရႈိးထုတ္ခဲ့ပါေသးတယ္။

Joey King
Photo: joeyking/ Instagram

Kissing Booth ဇာတ္ကားနဲ႔ လတ္တေလာ နာမည္ႀကီးေနတဲ့ မင္းသမီးေလး Joey King ကေတာ့ ပြင့္႐ိုက္ဒီဇိုင္း ဂါဝန္အတိုေလးနဲ႔ ပြဲတက္လာတာ ေတြ႕ရပါတယ္။ Versace ရဲ႕ Pre-Fall 2020 collection ထဲက ဂါဝန္ကို ဆင္ျမန္းလာတာျဖစ္ၿပီး ဆြဲႀကိဳးနဲ႔ bling bling ေတြဟာလည္း Versace အမွတ္တံဆိပ္ေတြပါပဲ။

Machine Gun Kelly
Photo: machinegunkelly/ Instagram

MGK တို႔ကေတာ့ ပန္းေရာင္ဝမ္းဆက္ ဝတ္စုံနဲ႔ လူေတြ သတ္မွတ္ထားတဲ့ ေဘာင္ေတြကို ခ်ိဳးျဖတ္ျပလိုက္ပါၿပီ။ ေယာက္်ားေတြလည္း ပန္းေရာင္ဝမ္းဆက္နဲ႔ ေဂၚလို႔ရတယ္ဆိုတာ သက္ေသျပထားတဲ့အေနနဲ႔ ဝတ္ဆင္လာတာျဖစ္ၿပီး ပုလဲပုတီးကိုပါ ဆင္ျမန္းလာတာ ေတြ႕ရပါေသးတယ္။

ဒါကေတာ့ ၂၀၂၀ခုႏွစ္ VMAs ဆုေပးပြဲကို တက္ေရာက္လာၾကတဲ့ စတားမ်ားစြာထဲက အခ်ိဳ႕ေသာ စတားေတြရဲ႕ ပြဲတက္ပုံရိပ္ေတြကို ေဖာ္ျပေပးလိုက္တာ ျဖစ္ပါတယ္။ စာဖတ္သူတို႔ ႏွစ္သက္တဲ့ ဖက္ရွင္က ဘယ္သူမ်ားျဖစ္မလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Glasgow

Source: hollywood llife

 

RELATED ARTICLES

Most Popular