HomeEntertainmentFilm၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror ဇာတ်ကားကောင်းများ 

၂၀၂၁ ခုနှစ်မှာ ထွက်ရှိထားတဲ့ Horror ဇာတ်ကားကောင်းများ 

အချိန်တွေ ကြာမြင့်လာခဲ့ပေမယ့်လည်း Horror ရုပ်ရှင်တွေကတော့ အခုချိန်ထိ ပရိသတ်တွေကြားမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နှစ်တိုင်းမှာ Horror ရုပ်ရှင်တွေ အပြိုင်အဆိုင် ထွက်ရှိနေပြီး မျှော်လင့်ထားသလို မဖြစ်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါကြောင့်ပဲ ပရိသတ်တွေအတွက် တကယ်အကြိုက်တွေ့စေမယ့် Horror ဇာတ်လမ်းတွေကတော့ တဖြည်းဖြည်း ရှားပါးလာပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Horror ရုပ်ရှင်တွေထဲက ဇာတ်ကားကောင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(8) Halloween Kills
photo via screenrant

ဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Halloween ရဲ့ အဆက် sequel ဖြစ်ပြီး IMDb (5.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒဏ်ရာရနေတဲ့ Laurie Strode ဟာ လူသတ်သမား Michael Myers ကို တားဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jamie Lee Curtis ၊ James Jude Courtney နဲ့ Kyle Richards တို့ အဓိက ပါဝင်ထားပါတယ်။

(7) Candyman
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.9) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၉၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ Candyman ရုပ်ရှင်ရဲ့အဆက် ဖြစ်ပြီး လူမည်းတွေကြားမှာ ပါးစပ်ရာဇဝင် ဖြစ်နေတဲ့ Candyman အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Yahya Abdul-Mateen II ၊ Teyonah Parris နဲ့ Tony Todd တို့ အဓိက ပါဝင်ထားပါတယ်။

(6) Antlers
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.0) ရရှိထားပါတယ်။ ဇာတ်လမ်းအစမှာတော့ Oregon ဆိုတဲ့ မြို့ငယ်လေးက ကျောင်းဆရာမတစ်ယောက်ဟာ Lucas ဆိုတဲ့ သူ့ရဲ့တပည့်တစ်ယောက်အတွက် စိတ်ပူနေတာ မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ Lucas ဟာ သူ့ရဲ့အိမ်မှာ သဘာဝလွန်သတ္တဝါတွေကို မွေးထားကြောင်း သိလိုက်ရပြီး ဒီမြို့လေးကို ဘယ်လိုကံကြမ္မာဆိုးတွေ ကျရောက်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။ Keri Russell ၊ Jesse Plemons နဲ့ Jeremy Thomas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(5) The Conjuring: The Devil Made Me Do It
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.4) ရရှိထားပြီး Conjuring Franchise ရဲ့ ရှစ်ကားမြောက်ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါး ပူးကပ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတစ်ခုကို Ed နဲ့ Lorraine Warren တို့က စုံစမ်းဖော်ထုတ်တာကို မြင်တွေ့ရမှာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Vera Farmiga နဲ့ Ruairi O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

(4) The Fear Street Trilogy
photo via screenrant

ဒီသုံးကားတွဲ Trilogy ကတော့ Netflix က ထွက်ရှိထားတာ ဖြစ်ပြီး Classic Horror ရုပ်ရှင်တွေကို ခေတ်သစ်စတိုင်နဲ့ ပြန်လည်မြင်တွေ့ရသလို ခံစားရမှာ ဖြစ်ပါတယ်။ Fear Street Part One ကတော့ IMDb (6.2) ရရှိထားပြီး Part Two ကတော့ IMDb (6.7) နဲ့ Part Three ကတော့ IMDb (6.6) ရရှိထားပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Shadyside ဆိုတဲ့ စိတ်ကူးယဉ်မြို့ကလေးမှာ အဓိက ဇာတ်အိမ်တည်ထားပြီး အဲ့ဒီမြို့ဟာ နှစ်ပေါင်းသုံးရာလောက်ကြာအောင် ကျိန်စာသင့်နေတာ ဖြစ်ပါတယ်။ အဲ့ဒီကျိန်စာကတော့ Shadyside မြို့မှာ နေထိုင်သူတွေဟာ သူ့အလိုလို ရူးသွပ်သွားပြီး မြို့ထဲက အခြားလူတွေကို သတ်ဖြတ်ပစ်တာပဲ ဖြစ်ပါတယ်။

ဒီ Trilogy ထဲမှာတော့ လူငယ်တစ်စုက အဲ့ဒီကျိန်စာနဲ့ ရင်ဆိုင်ကြတဲ့အကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Kiana Madeira ၊ Julia Rehwald နဲ့ Benjamin Flores Jr နဲ့ Sadie Sink တို့က အဓိက ပါဝင်ထားပါတယ်။

(3) Malignant
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.3) ရရှိထားပြီး ဒါရိုက်တာ James Wan ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Madison ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ လူသတ်မှုတွေကို အိပ်မက်မက်နေသလိုမျိူး အမြင်တွေရနေပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ သူမရဲ့အမြင်တွေဟာ တကယ်ဖြစ်လာတာကြောင့် သူမဟာ အဲ့ဒီလူသတ်မှုတွေကို မဖြစ်အောင် တားဆီးဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Annabelle Wallis ၊ Maddie Hasson နဲ့ Mckenna Grace တို့က အဓိက ပါဝင်ထားပါတယ်။

(2) Lamb
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပြီး A24 စတူဒီယိုက ထုတ်လုပ်ထားတဲ့ Indie ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Iceland ရဲ့ ကျေးလက်ဒေသတစ်နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ သားသမီးမရှိတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ရက်မှာတော့ တောအုပ်ထဲမှာ လူတစ်ပိုင်း၊ ဆိတ်တစ်ပိုင်း ဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီကလေးလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

(1) Last Night in Soho
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးထားတဲ့ စိတ္တဇ Horror ရုပ်ရှင်အမျိူးအစား ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဟာ ထူးဆန်းစွာပဲ ၁၉၆၆ ခုနှစ်ကို ရောက်ရှိသွားပါတယ်။

အဲ့ဒီနောက်မှာတော့ သူမရဲ့စိတ်ဟာ သူမရဲ့ idol အဆိုတော်ဖြစ်တဲ့ Sandy ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေမှန်း သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆိုတော် Sandy အနေနဲ့ နေထိုင်ရင်း ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Thomasin McKenzie နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular