HomeEntertainmentFilm၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ IMDb အမြင့်ဆုံး Horror ရုပ်ရှင်ကားများ

၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ IMDb အမြင့်ဆုံး Horror ရုပ်ရှင်ကားများ

၂၀၂၀ ခုနှစ်နဲ့ ယှဉ်လိုက်ရင်တော့ ၂၀၂၁ ခုနှစ်မှာ ရုပ်ရှင်ဇာတ်ကားသစ်တွေကို ပိုမိုကြည့်ရှုခွင့် ရလာပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အချိန်နဲ့ ယှဉ်လိုက်ရင်တော့ ယခုနှစ်ဟာလည်း ရုပ်ရှင်ပရိသတ်တွေအတွက် ကြည့်ရှုစရာတွေ အများကြီးတော့ ရှိမနေပါဘူး။ အထူးသဖြင့် Horror ပရိသတ်တွေအတွက်ဆိုရင် ပုံမှန်အချိန်မှာတောင် ထွက်ရှိတဲ့ ရုပ်ရှင်ကားက နည်းပါးသလို ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ဇာတ်လမ်းတွေကလည်း ရှားပါးလွန်းလှပါတယ်။ ဒါကြောင့်ပဲ ယခုနှစ်အတွင်း လက်ရှိအချိန်အထိ ထွက်ရှိထားတဲ့ IMDb အများဆုံး Horror ရုပ်ရှင်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

(7) Fear Street Part One: 1994
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.2) ရရှိထားပြီး Netflix ကနေ ပြသခဲ့တဲ့ Fear Street Trilogy ရဲ့ ပထမဆုံး ဇာတ်ကားပဲ ဖြစ်ပါတယ်။ Shadyside ဆိုတဲ့ စိတ်ကူးယဉ်မြို့ကလေးမှာ အဓိက ဇာတ်အိမ်တည်ထားပြီး အဲ့ဒီမြို့ဟာ နှစ်ပေါင်းသုံးရာလောက်ကြာအောင် ကျိန်စာသင့်နေတာ ဖြစ်ပါတယ်။

အဲ့ဒီကျိန်စာကတော့ Shadyside မြို့မှာ နေထိုင်သူတွေဟာ သူ့အလိုလို ရူးသွပ်သွားပြီး မြို့ထဲက အခြားလူတွေကို သတ်ဖြတ်ပစ်တာပဲ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ၁၉၉၄ ခုနှစ်မှာ လူငယ်တစ်စုက အဲ့ဒီကျိန်စာနဲ့ ရင်ဆိုင်ကြတဲ့ အကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Kiana Madeira ၊ Julia Rehwald နဲ့ Benjamin Flores Jr တို့က အဓိက ပါဝင်ထားပါတယ်။

(6) Malignant
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.3) ရရှိထားပြီး ဒါရိုက်တာ James Wan ရဲ့ လက်ရာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Madison ဆိုတဲ့ အမျိူးသမီးတစ်ယောက်ဟာ လူသတ်မှုတွေကို အိပ်မက်မက်နေသလိုမျိူး အမြင်တွေရနေပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာကတော့ သူမရဲ့အမြင်တွေဟာ တကယ်ဖြစ်လာတာကြောင့် သူမဟာ အဲ့ဒီလူသတ်မှုတွေကို မဖြစ်အောင် တားဆီးဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Annabelle Wallis ၊ Maddie Hasson နဲ့ Mckenna Grace တို့က အဓိက ပါဝင်ထားပါတယ်။

(5) The Conjuring: The Devil Made Me Do It
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.4) ရရှိထားပြီး Conjuring Franchise ရဲ့ ရှစ်ကားမြောက် ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါး ပူးကပ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတစ်ခုကို Ed နဲ့ Lorraine Warren တို့က စုံစမ်းဖော်ထုတ်တာကို မြင်တွေ့ရမှာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Vera Farmiga နဲ့ Ruairi O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

(4) Lamb
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပြီး A24 စတူဒီယိုက ထုတ်လုပ်ထားတဲ့ Indie ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ Iceland ရဲ့ ကျေးလက်ဒေသတစ်နေရာမှာ ဇာတ်အိမ်တည်ထားပါတယ်။ သားသမီးမရှိတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ရက်မှာတော့ တောအုပ်ထဲမှာ လူတစ်ပိုင်း၊ ဆိတ်တစ်ပိုင်း ဖြစ်နေတဲ့ ကလေးလေးတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ အဲ့ဒီကလေးလေးကို မွေးစားဖို့ ဆုံးဖြတ်ခဲ့ကြပြီး အဲ့ဒီနောက်မှာတော့ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။

(3) Fear Street Part Three: 1666
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပြီး Fear Street Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Shadyside မြို့ရဲ့ ကျိန်စာကို ဖြစ်ပေါ်လာစေခဲ့တဲ့ စုန်းမ Sarah Fier ရဲ့ အကြောင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ နှစ် (၃၀၀)နီးပါးလောက်က အကြောင်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kiana Madeira ၊ Julia Rehwald နဲ့ Sadie Sink တို့ အဓိက ပါဝင်ထားပါတယ်။

(2) Fear Street Part Two: 1978
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.8) ရရှိထားပြီး Fear Street: 1994 ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၇၈ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တဲ့ Shadyside ရဲ့ ကျိန်စာအကြောင်းကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Sadie Sink ၊ Emily Rudd နဲ့ McCabe Slye တို့က အဓိက ပါဝင်ထားပါတယ်။

(1) Titane
photo via screenrant

ဒီရုပ်ရှင်တော့ IMDb (6.9) ရရှိထားတဲ့ ပြင်သစ်ရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကောင်မလေးတစ်ယောက်ဟာ ငယ်ဘဝတုန်းက ကားမတော်တဆမှု ဖြစ်ခဲ့တာကြောင့် သူ့ရဲ့ခေါင်းထဲမှာ သတ္တုပြား ထည့်ထားရပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ အကြောင်းတစ်ခုကြောင့် လူသတ်သမားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်ဟာ လောလောဆယ်မှာတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး horror ပရိသတ်တွေ လိုချင်တဲ့ ခံစားချက်မျိုးကို ပေးထားတယ်လို့ နာမည်ထွက်နေတဲ့ ရုပ်ရှင်တစ်ကားလည်း ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular