HomeEntertainmentFilm၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဟာသကားကောင်း(၅)ကား

၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဟာသကားကောင်း(၅)ကား

၂၀၂၁ ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးမှာ ကိုဗစ်ရောဂါက ပျံ့နှံ့နေဆဲ ဖြစ်ပေမယ့်လည်း ဟောလိဝုဒ်မှာတော့ ရောဂါအခြေအနေ သက်သာလာတာကြောင့် ရုပ်ရှင်တွေ ပြန်လည်ထွက်ရှိလာပါတယ်။ ဒါပေမယ့်လည်း ပုံမှန်အခြေအနေ မဟုတ်သေးတာကြောင့် အရင်လို ရုပ်ရှင်တွေများစွာ မထွက်ရှိနိုင်သလို ရိုက်လက်စနဲ့ ရိုက်ကူးရေး နားလိုက်ရတာမျိူးလည်း ရှိနေပါသေးတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ ဟာသကောင်းအချို့ကို ဖော်ပြပေးချင်ပါတယ်။

(5) Blithe Spirit
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၄၁ ခုနှစ်က ပြဇာတ်ကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပြီး IMDb (5.4) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စာရေးဆရာတစ်ယောက်ဟာ ဘာဇာတ်လမ်းအကြောင်း ရေးရမလည်းဆိုတာ စဉ်းစားမရ ဖြစ်နေတာကြောင့် ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်သူဆီကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သူရဲ့ သေဆုံးသွားတဲ့ အမျိူးသမီးကို ဆင့်ခေါ်မိသွားပါတယ်။

ဒါကြောင့်ပဲ သူ့ရဲ့ လက်ရှိအမျိူးသမီးနဲ့ သေဆုံးသွားတဲ့ အမျိူးသမီးတို့နဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ဟာသဆန်ဆန် မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Dan Stevens ၊ Leslie Mann ၊ Isla Fisher နဲ့ Judi Dench တို့ အဓိကပါဝင်ထားပါတယ်။

(4) Bad Trip
photo via screenrant

ဒီရုပ်ရှင်ကတော့ Netflix က ထုတ်လုပ်ထားတာ ဖြစ်ပြီး IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Chris နဲ့ Bud တို့ သူငယ်ချင်းနှစ်ယောက်ဟာ Chris ရဲ့ ငယ်ချစ်ဖြစ်တဲ့ Maria ဆီကို အရောက်သွားဖို့ နိုင်ငံတနှံတလျားကို ဖြတ်သန်းပြီး ခရီးသွားကြရာက စတင်ပါတယ်။ ဒီခရီးကို စတင်ဖို့အတွက် သူတို့သူငယ်ချင်းနှစ်ယောက်ဟာ Bud ရဲ့ ညီမဖြစ်သူပိုင်တဲ့ကားကို ခိုးပြီး မောင်းသွားကြတဲ့အခါမှာတော့ ဟာသဖြစ်ရပ်တွေကို မြင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Eric Andre ၊ Tiffany Haddish နဲ့ Lil Rel Howery တို့ ပါဝင်ထားပါတယ်။

(3) Free Guy
photo via screenrant

ဒီရုပ်ရှင်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားသွားခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပြီး IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ဟာ သူ့ကိုယ်သူ ဂိမ်းတစ်ခုထဲက ဇာတ်ကောင်တစ်ယောက် ဖြစ်နေမှန်း သိလိုက်ရတဲ့အချိန်မှာ‌တော့ သူ့ရဲ့ဇာတ်လမ်းကို သူကိုယ်တိုင် ဖန်တီးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Jodie Comer နဲ့ Joe Keery တို့ အဓိက ပါဝင်ထားပါတယ်။

(2) Don’t Look Up
photo via screenrant

ဒီရုပ်ရှင်ကတော့ မကြာသေးခင်ကမှ Netflix က ထွက်ရှိထားတာ ဖြစ်ပြီး IMDb (7.3) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နက္ခတ္တဗေဒပညာရှင်နှစ်ယောက်ဟာ ကမ္ဘာဆီကို ကြီးမားတဲ့ ဥက္ကာခဲကြီးတစ်ခု ဦးတည်လာနေတဲ့အကြောင်း လူတွေကို သတိပေးဖို့ ကြိုးစားကြပေမယ့်လည်း ဘယ်သူကမှ သူတို့ကို မယုံကြည်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothee Chalamet ၊ Cate Blanchett ၊ Meryl Streep နဲ့ Jonah Hill တို့က အဓိက ပါဝင်ထားပါတယ်။

(1) Ghostbusters: After Life
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၈၄ နဲ့ ၁၉၈၉ ခုနှစ်တို့မှာ ထွက်ရှိခဲ့တဲ့ Ghostbusters ရုပ်ရှင်တွေရဲ့ Sequel အဆက်ဖြစ်ပြီး ဒုတိယရုပ်ရှင်အပြီး နှစ်(၃၀)အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ကိုယ်တော်မိခင် ဖြစ်တဲ့ Callie ဟာ သူမရဲ့ဖခင်ဖြစ်သူဆီက စိုက်ပျိူးရေးခြံတစ်ခုကို အမွေရလိုက်တာကြောင့် အဲ့ဒီစိုက်ပျိူးရေးခြံရှိရာ Oklahoma ပြည်နယ် Summerville မြို့ကို သူမရဲ့ကလေးနှစ်ယောက်နဲ့အတူ ပြောင်းရွှေ့လာပါတယ်။

အဲ့ဒီနောက်မှာတော့ Summerville မြို့ထဲမှာ ထူးဆန်းတဲ့ ငလျင်လှုပ်မှုတွေ မကြာခဏ ဖြစ်ပွားနေပြီး မကြာခင်မှာပဲ သူတို့မိသားစုဟာ မူလ Ghostbusters အဖွဲ့နဲ့ ဆက်စပ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ဒီမြို့ကို ကယ်တင်ဖို့အတွက် Ghostbusters ဆိုတဲ့ အမွေအနှစ်ကို ဆက်ခံလိုက်ပါတော့တယ်။ IMDb (7.6) ရရှိထားပြီး သရုပ်ဆောင်တွေကတော့ Finn Wolfhard ၊ Carrie Coon ၊ McKenna Grace နဲ့ Paul Rudd တို့ အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular