HomeEntertainmentFilm2021 Emmy ဆုပေးပွဲအတွက် စံကာတင်စာရင်းများ ထွက်ရှိလာ 

2021 Emmy ဆုပေးပွဲအတွက် စံကာတင်စာရင်းများ ထွက်ရှိလာ 

၂၀၂၁ခုနှစ်အတွက် Emmy ဆုပေးပွဲကြီးကတော့ လာမယ့် စက်တင်ဘာလမှာ ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဒီအတွက် ဆုရွေးချယ် ချီးမြှင့်ဖို့ စံကာတင်စာရင်းကတော့ ပဏာမအနေနဲ့ ထွက်ရှိလာပါပြီ။ ယခုနှစ်ဟာလည်း ကိုဗစ်ကြောင့် ကမောက်ကမတွေ ဖြစ်နေပေမယ့် ဇာတ်လမ်းတွဲတွေကတော့ အရှိန်မလျော့သွားခဲ့ပါဘူး။

(၇၃)ကြိမ်မြောက် ကျင်းပပြုလုပ်မယ့် Primetime Emmy Awards ဆုပေးပွဲကြီးကိုတော့ လာမယ့် စက်တင်ဘာလ(၁၉)ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ အခမ်းအနားကိုတော့ CBS ရုပ်သံလိုင်းက တိုက်ရိုက် ထုတ်လွှင့်သွားမှာ ဖြစ်ပြီး Cedric the Entertainer က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

စံကာတင်စာရင်းထဲက နာမည်ကြီး category တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

©Netflix

Outstanding Drama Series  –  အကောင်းဆုံး ဒရာမာစီးရီးဆုကိုတော့ The Boys ၊ Bridgerton ၊ The Crown ၊ The Handmaid’s Tale ၊ Lovecraft Country ၊ The Mandalorian ၊ Pose နဲ့ This Is Us ဇာတ်လမ်းတွဲတွေက စံကာတင်ဝင်ထားပါတယ်။

Outstanding Comedy Series  –  အကောင်းဆုံး ဟာသစီးရီးဆုကိုတော့ black-ish ၊ Cobra Kai ၊ Emily in Paris ၊ Hacks ၊ The Flight Attendant ၊ The Kominsky Method ၊ PEN15 နဲ့ Ted Lasso ဇာတ်လမ်းတွဲတွေက စာရင်းဝင်ထားပါတယ်။

©Hulu/ George Kraychyk

Outstanding Lead Actress in a Drama Series  –  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကိုတော့ In Treatment ဇာတ်လမ်းတွဲနဲ့ Uzo Aduba ၊ The Crown ဇာတ်လမ်းတွဲနဲ့ Olivia Colman ၊ The Crown ဇာတ်လမ်းတွဲနဲ့ Emma Corrin ၊ Pose ဇာတ်လမ်းတွဲနဲ့ Mj Rodriguez ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Elisabeth Moss ၊ Lovecraft Country ဇာတ်လမ်းတွဲနဲ့ Jurnee Smollett တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Lead Actor in a Drama Series  –  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုကိုတော့ This Is Us ဇာတ်လမ်းတွဲနဲ့ Sterling K. Brown ၊ Lovecraft Country ဇာတ်လမ်းတွဲနဲ့ Jonathan Majors ၊ The Crown ဇာတ်လမ်းတွဲနဲ့ Josh O’Connor ၊ Bridgerton ဇာတ်လမ်းတွဲနဲ့ Rege-Jean-Page ၊ Pose ဇာတ်လမ်းတွဲနဲ့ Billy Porter ၊ Perry Mason ဇာတ်လမ်းတွဲနဲ့ Matthew Rhys တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Supporting Actor in a Drama Series  –  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Lovecraft Country ဇာတ်လမ်းတွဲနဲ့ Michael K. Williams ၊ Perry Mason ဇာတ်လမ်းတွဲနဲ့ John Lithgow ၊ The Crown ဇာတ်လမ်းတွဲနဲ့ Tobias Menzies ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ O-T Fagbenle ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Max Minghella ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Bradley Whitford ၊ The Mandalorian ဇာတ်လမ်းတွဲနဲ့ Giancarlo Esposito ၊ This Is Us ဇာတ်လမ်းတွဲနဲ့ Chris Sullivan တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Supporting Actress in a Drama Series  –  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Lovecraft Country ဇာတ်လမ်းတွဲနဲ့ Aunjanue Ellis ၊ The Crown ဇာတ်လမ်းတွဲနဲ့ Emerald Fennell ၊ The Crown ဇာတ်လမ်းတွဲနဲ့ Gillian Anderson ၊ The Crown ဇာတ်လမ်းတွဲနဲ့ Helena Bonham Carter ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Yvonne Strahovski ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Samira Wiley ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Madeline Brewer ၊ The Handmaid’s Tale ဇာတ်လမ်းတွဲနဲ့ Ann Dowd တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Lead Actor in a Limited or Anthology Series or Movie  –  limited series/ movie အတွက် ဇာတ်ဆောင်မင်းသားဆုကိုတော့ WandaVision ဇာတ်လမ်းတွဲနဲ့ Paul Bettany ၊ The Undoing ဇာတ်လမ်းတွဲနဲ့ Hugh Grant ၊ Halston ဇာတ်လမ်းတွဲနဲ့ Ewan McGregor ၊ Hamilton ဇာတ်လမ်းတွဲနဲ့ Lin-Manuel Miranda ၊ Hamilton ဇာတ်လမ်းတွဲနဲ့ Leslie Odom Jr. တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Lead Actress in a Limited or Anthology Series or Movie  –  limited series/ movie အတွက် ဇာတ်ဆောင်မင်းသမီးဆုကိုတော့ I May Destroy You ဇာတ်လမ်းတွဲနဲ့ Michaela Coel ၊ Genius: Aretha ဇာတ်လမ်းတွဲနဲ့ Cynthia Erivo ၊ WandaVision ဇာတ်လမ်းတွဲနဲ့ Elizabeth Olsen ၊ The Queen’s Gambit ဇာတ်လမ်းတွဲနဲ့ Anya-Taylor Joy ၊ Mare of Easttown ဇာတ်လမ်းတွဲနဲ့ Kate Winslet တို့က စံကာတင်ဝင်ထားပါတယ်။

©Joan Marcus

Outstanding Supporting Actor in a Limited or Anthology Series or Movie  –  limited series/ movie အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Hamilton ဇာတ်လမ်းတွဲနဲ့ Jonathan Groff ၊ Hamilton ဇာတ်လမ်းတွဲနဲ့ Anthony Ramos ၊ Hamilton ဇာတ်လမ်းတွဲနဲ့ Daveed Diggs ၊ I May Destroy You ဇာတ်လမ်းတွဲနဲ့ Paapa Essiedu ၊ Mare of Easttown ဇာတ်လမ်းတွဲနဲ့ Evan Peters ၊ The Queen’s Gambit ဇာတ်လမ်းတွဲနဲ့ Thomas Brodie-Sangster တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Supporting Actress in a Limited or Anthology Series or Movie  –  limited series/ movie အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Hamilton ဇာတ်လမ်းတွဲနဲ့ Renee Elise Goldsberry ၊ Hamilton ဇာတ်လမ်းတွဲနဲ့ Philipa Soo ၊ Mare of Easttown ဇာတ်လမ်းတွဲနဲ့ Julianne Nicholson ၊ Mare of Easttown ဇာတ်လမ်းတွဲနဲ့ Jean Smart ၊ The Queen’s Gambit ဇာတ်လမ်းတွဲနဲ့ Moses Ingram ၊ WandaVision ဇာတ်လမ်းတွဲနဲ့ Kathryn Hahn တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Limited or Anthology Series  –  အကောင်းဆုံး limited series ဆုကိုတော့ I May Destroy You ၊ Mare of Easttown ၊ The Queen’s Gambit ၊ The Underground Railroad နဲ့ Wandavision တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Lead Actress in a Comedy Series  –  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကိုတော့ Shrill ဇာတ်လမ်းတွဲနဲ့ Aidy Bryant ၊ The Flight Attendant ဇာတ်လမ်းတွဲနဲ့ Kaley Cuoco ၊ Mom ဇာတ်လမ်းတွဲနဲ့ Allison Janney ၊ black-ish ဇာတ်လမ်းတွဲနဲ့ Tracee Ellis Ross ၊ Hacks ဇာတ်လမ်းတွဲနဲ့ Jean Smart တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Lead Actor in a Comedy Series  –  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး ဇာတ်ဆောင်မင်းသားဆုကိုတော့ black-ish ဇာတ်လမ်းတွဲနဲ့ Anthony Anderson ၊ The Kominsky Method ဇာတ်လမ်းတွဲနဲ့ Michael Doughlas ၊ Shameless ဇာတ်လမ်းတွဲနဲ့ William H. Macy ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Jason Sudeiski ၊ Kenan ဇာတ်လမ်းတွဲနဲ့ Kenan Thompson တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Supporting Actor in a Comedy Series  –  ဟာသဇာတ်လမ်းတွဲထဲက အမျိုးသားဇာတ်ပို့ဆုကိုတော့ Hacks ဇာတ်လမ်းတွဲနဲ့ Carl Clemons-Hopkins ၊ Saturday Night Live ရှိုးနဲ့ Kenan Thompson ၊ Saturday Night Live ရှိုးနဲ့ Bowen Yang ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Brett Goldstein ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Brendan Hunt ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Nick Mohammed ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Jeremy Swift ၊ The Kominsky Method ဇာတ်လမ်းတွဲနဲ့ Paul Reiser တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Supporting Actress in a Comedy Series  –  ဟာသဇာတ်လမ်းတွဲထဲက အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Hacks ဇာတ်လမ်းတွဲနဲ့ Hannah Einbinder ၊ Saturday Night Live ရှိုးနဲ့ Aidy Bryant ၊ Saturday Night Live ရှိုးနဲ့ Kate McKinnon ၊ Saturday Night Live ရှိုးနဲ့ Cecily Strong ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Juno Temple ၊ Ted Lasso ဇာတ်လမ်းတွဲနဲ့ Hannah Waddingham ၊ The Flight Attendant ဇာတ်လမ်းတွဲနဲ့ Rosie Perez တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Television Movie  –  ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ အကောင်းဆုံးရုပ်ရှင်ဆုကိုတော့ Dolly Parton’s Christmas on the Square ၊ Oslo ၊ Robin Roberts Presents: Mahalia ၊ Sylvie’s Love နဲ့ Uncle Frank တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Variety Talk Series  –  အကောင်းဆုံး variety talk show ဆုကိုတော့ Conan ၊ The Daily Show with Trevor Noah ၊ Jimmy Kimmel Live ၊ Last Week Tonight with John Oliver နဲ့ The Late Show with Stephen Colbert တို့က စံကာတင်ဝင်ထားပါတယ်။

Outstanding Competition Program  –  အကောင်းဆုံး ပြိုင်ပွဲအစီအစဉ်ဆုကိုတော့ The Amazing Race ၊ Nailed It! ၊ RuPaul’s Drag Race ၊ Top Chef နဲ့ The Voice တို့က စံကာတင်ဝင်ထားပါတယ်။

ဒါကတော့ ၂၀၂၁ခုနှစ်အတွက် Emmy မှာ စံကာတင်ဝင်ထားတဲ့ သရုပ်ဆောင်တွေနဲ့ ဇာတ်ကားတွေ၊ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ ဘယ်သရုပ်ဆောင်တွေနဲ့ ဇာတ်ကားတွေက ဆွတ်ခူးသွားမလည်းဆိုတာကိုတော့ ရင်ခုန်စွာနဲ့ စောင့်စားရမှာ ဖြစ်ပါတယ်။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular