HomeEntertainmentFilm၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် ပရိသတ်တွေ ရင်အခုန်ဆုံး Netflix original ရုပ်ရှင်များ

၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် ပရိသတ်တွေ ရင်အခုန်ဆုံး Netflix original ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၀ ခုနှစ်မှာတော့ ကိုဗစ်ကြောင့် လူတွေဟာ အိမ်ထဲမှာပဲ နေထိုင်ခဲ့ရပြီး အများစုဟာ ဖျော်ဖြေရေးအတွက် Netflix ကို ဝယ်ယူကြည့်ရှုလာကြပါတယ်။ ပုံမှန်ထွက်နေကျ ရုပ်ရှင်တွေကလည်း ကိုဗစ်ကြောင့် ရုံတင်ရက်တွေ ရွှေ့ခဲ့ရပေမယ့်လည်း Netflix original ရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေကတော့ ဆက်လက်ထွက်ရှိနေဆဲ ဖြစ်ပါတယ်။ အရင်ကလည်း Old Guard နဲ့ Stranger Things တို့လိုမျိူး အောင်မြင်တဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေ ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ ၂၀၂၁ခုနှစ်မှာ ထွက်ရှိလာမယ့် Netflix original ရုပ်ရှင်တွေထဲက လူတွေရင်အခုန်ဆုံး ဖြစ်နေတဲ့ ဇာတ်ကားတွေကို ဖော်ပြပေးချင်ပါတယ်။

(10) Blonde
photo via screenrant

ဒီရုပ်ရှင်ကတော့ အထင်ကရ မင်းသမီးတစ်ယောက် ဖြစ်တဲ့ Marilyn Monroe အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Joyce Carol Oates ရဲ့ Blonde ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Knives Out ရုပ်ရှင်နဲ့ အောင်မြင်လာခဲ့တဲ့ Ana de Armas မင်းသမီးကတော့ Marilyn Monroe နေရာမှာ ပါဝင်သွားမယ်လို့ သိရပြီး Andrew Dominik က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ တစ်ခြားသရုပ်ဆောင်တွေကတော့ Adrien Brody ၊ Bobby Cannavale နဲ့ Sara Paxton တို့လည်း ပါဝင်လာမယ်လို့ သိရပါတယ်။

(9) Fear Street
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ခုနှစ် နွေရာသီထဲမှာ ထွက်ရှိလာမှာ ဖြစ်ပြီး trilogy အဖြစ် ထွက်ရှိလာမှာ ဖြစ်ပါတယ်။ စာရေးဆရာ R.L. Stine ရဲ့ Fear Street ဆိုတဲ့ ဝတ္ထုဇာတ်လမ်းတွဲကို အခြေခံပြီးတော့ Leigh Janiak က ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၉၄ ခုနှစ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဆယ်ကျော်သက်တစ်စုဟာ သူတို့မြို့မှာ မသင်္ကာစရာကောင်းပြီး ကြောက်ဖို့ကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်နေမှန်း သိသွားကြပါတယ်။ ဒီ trilogy ကတော့ တစ်ကားနဲ့ တစ်ကားကြားမှာ တစ်လလောက်ပဲခြားပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(8) The Woman In The Window
photo via screenrant

ဒီရုပ်ရှင်ဟာ မူလတုန်းက ၂၀၁၉ ခုနှစ် အောက်တိုဘာလတည်းက 20th Century Fox ကနေ ထုတ်လုပ်သွားမှာ ဖြစ်ပေမယ့်လည်း ကိုဗစ်ကြောင့် ရုံတင်ရက် ရွှေ့ပြောင်းခဲ့ရပါတယ်။ ဒါ့အပြင် အခုချိန်မှာတော့ ၂၀၂၁ ခုနှစ်မှာ Netflix ကနေပဲ ပြသသွားတော့မှာ ဖြစ်ပါတယ်။ စာရေးဆရာ A.J. Finn ရဲ့ ဝတ္ထုကို အခြေခံထားပြီး Joe Wright က ရိုက်ကူးထားတဲ့ psychological thriller အမျိူးအစားပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ လူထူထပ်တဲ့ နေရာတွေကို ကြောက်တတ်တဲ့ ဓာတ်ပုံသမားတစ်ယောက်ဟာ သူ့ရဲ့ အိမ်နီးနားချင်း တစ်ယောက်နဲ့ ရင်းနှီးနေပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအိမ်နီးနားချင်းက ပျောက်ဆုံးသွားပြီး ထူးဆန်းတဲ့ ဖြစ်ရပ်တွေ စတင်ဖြစ်ပေါ်လာတဲ့အချိန်မှာတော့ သူမရဲ့ဘဝကြီးဟာ ကပြောင်းကပြန်တွေ ဖြစ်ကုန်ပါတော့တယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Amy Adams ၊ Gary Oldman ၊ Anthony Mackie ၊ Brian Tyree Henry နဲ့ Julianne Moore တို့ပဲ ဖြစ်ပါတယ်။

(7) Pinocchio
photo via screenrant

Disney က Pinocchio ကို Live Action အနေနဲ့ ဖန်တီးနေသလို ဒါရိုက်တာ Guillermo Del Toro ကလည်း Animated movie ဗားရှင်းကို ဖန်တီးနေပါတယ်။ ဒီဗားရှင်းကိုတော့ stop-motion နဲ့ ဖန်တီးထားပြီး လူတိုင်းသိကြတဲ့ Disney ဗားရှင်းထက် အများကြီး dark ဖြစ်တဲ့ ပုံစံကို မြင်တွေ့ရမယ်လို့လည်း သိရပါတယ်။ အသံသရုပ်ဆောင်တွေကတော့ Ewan McGregor ၊ Christoph Waltz ၊ Tilda Swinton နဲ့ Ron Perlman တို့က ပါဝင်ထားပါတယ်။

(6) The Kissing Booth 3
photo via screenrant

ပထမဆုံး ထွက်ရှိခဲ့တဲ့ Kissing Booth နှစ်ကားဟာ ရုပ်ရှင်ဝေဖန်ရေးတွေမှာတော့ အခြေအနေ မကောင်းခဲ့ပေမယ့် ဒီရုပ်ရှင်တွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေကတော့ အများအပြား ရှိခဲ့ပါတယ်။ Elle တစ်ယောက် သူမရဲ့ရည်းစား Noah နဲ့ သူမရဲ့အချစ်ဆုံးသူငယ်ချင်း Lee ရဲ့ကြားမှာ ဘယ်လိုတွေ ယောက်ယက်ခတ်ရဦးမှာလည်းဆိုတာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

(5) Tick, Tick… Boom
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Lin-Manuel Miranda ရိုက်ကူးထားတဲ့ နာမည်ကြီး သီချင်းရေးသားသူ Jonathan Larson ရဲ့ biography ၊ musical ဇာတ်လမ်းအမျိူးအစား ဖြစ်ပါတယ်။ Jonathan Larson ကတော့ Rent ဆိုတဲ့ အောင်မြင်တဲ့ album တစ်ခုကို ရေးသားခဲ့ပြီး အဲ့ဒီ album ထွက်မလာခင်မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေကတော့ Vanessa Hudgens ၊ Robin de Jesus နဲ့ Bradley Whitford တို့ဖြစ်ပါတယ်။

(4) Chicken Run 2
photo via screenrant

Chicken Run ကတော့ ၂၀၀၀ခုနှစ်က ထွက်ရှိခဲ့တဲ့ stop-motion animated movie တစ်ခု ဖြစ်ပြီး ၂၀၂၁ မှာတော့ Netflix ကနေ sequel ကို ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဖန်တီးဖို့အတွက် Netflix နဲ့ Aardman Animation တို့က ပူးပေါင်းသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Babs ၊ Ginger ၊ Rocky နဲ့ Fletcher တို့ဟာ မွေးမြူရေးခြံထဲက လွတ်သွားခဲ့ပြီး သူတို့ရဲ့ ကျွန်းအသစ်မှာ နေထိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပထမကားမှာ ပါဝင်ခဲ့တဲ့ အသံသရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာဦးမှာ ဆိုတာတော့ မသိရသေးပါဘူး။

(3) Don’t Look Up
photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ Adam McKay က ရိုက်ကူးသွားမှာ ဖြစ်ပြီး သရုပ်ဆောင်တွေကတော့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothee Chalamet ၊ Cate Blanchett ၊ Meryl Streep နဲ့ Jonah Hill တို့က ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နက္ခတ္တဗေဒပညာရှင် နှစ်ယောက်ဟာ ကမ္ဘာဆီကို ဉက္ကာခဲအကြီးကြီး လာနေတဲ့အကြောင်းကို သတိပေးဖို့အတွက် ကြိုးစားကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

(2) Wendell & Wild
photo via screenrant

ဒီဇာတ်လမ်းကတော့ ဒါရိုက်တာ Henry Selick ရိုက်ကူးသွားမယ့် stop-motion animated movie ပဲ ဖြစ်ပါတယ်။ အသံသရုပ်ဆောင်သွားမယ့်သူကလည်း Keegan-Michael Key နဲ့ Jordan Peele တို့လို နာမည်ကြီးတွေက ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မြေအောက်ကမ္ဘာက လွတ်မြောက်လာတဲ့ မကောင်းဆိုးဝါး ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ကို ဖျက်ဆီးဖို့ ကြိုးစားနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို ရေှာင်ရှားရတဲ့အကြောင်း မြင်တွေ့ရမှာပါ။

(1) Red Notice
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၂၁ မှာ Netflix ကနေ ပြသသွားမယ့် Action ကားကောင်းတစ်ခု ဖြစ်ပါတယ်။ Dwayne Johnson ၊ Gal Gadot နဲ့ Ryan Reynolds တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပြီး Rawson Marshall Thurber က ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အေးဂျင့်တစ်စုဟာ နိုင်ငံလုံးဆိုင်ရာ အလိုရှိနေတဲ့ သူခိုးတစ်ယောက်ကို ခြေရာခံလိုက်တာကို မြင်တွေ့ရမှာပါ။

ဒါကတော့ လာမယ့် ၂၀၂၁မှာ ထွက်ရှိလာမယ့် Netflix ရုပ်ရှင်တွေထဲက လူတွေ အမျှော်လင့်ဆုံး ရုပ်ရှင်တွေပဲ ဖြစ်ပါတယ်။ ဘယ်ရုပ်ရှင်ကို အကြည့်ချင်ဆုံးလည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၀ ခုႏွစ္မွာေတာ့ ကိုဗစ္ေၾကာင့္ လူေတြဟာ အိမ္ထဲမွာပဲ ေနထိုင္ခဲ့ရၿပီး အမ်ားစုဟာ ေဖ်ာ္ေျဖေရးအတြက္ Netflix ကို ဝယ္ယူၾကည့္ရႈလာၾကပါတယ္။ ပုံမွန္ထြက္ေနက် ႐ုပ္ရွင္ေတြကလည္း ကိုဗစ္ေၾကာင့္ ႐ုံတင္ရက္ေတြ ေ႐ႊ႕ခဲ့ရေပမယ့္လည္း Netflix original ႐ုပ္ရွင္ေတြနဲ႔ ဇာတ္လမ္းတြဲေတြကေတာ့ ဆက္လက္ထြက္ရွိေနဆဲ ျဖစ္ပါတယ္။ အရင္ကလည္း Old Guard နဲ႔ Stranger Things တို႔လိုမ်ိဴး ေအာင္ျမင္တဲ့ ႐ုပ္ရွင္နဲ႔ ဇာတ္လမ္းတြဲေတြ ထြက္ရွိခဲ့ပါတယ္။ ဒါေၾကာင့္ပဲ ဒီတစ္ခါမွာေတာ့ ၂၀၂၁ခုႏွစ္မွာ ထြက္ရွိလာမယ့္ Netflix original ႐ုပ္ရွင္ေတြထဲက လူေတြရင္အခုန္ဆုံး ျဖစ္ေနတဲ့ ဇာတ္ကားေတြကို ေဖာ္ျပေပးခ်င္ပါတယ္။

(10) Blonde
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ အထင္ကရ မင္းသမီးတစ္ေယာက္ ျဖစ္တဲ့ Marilyn Monroe အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Joyce Carol Oates ရဲ႕ Blonde ဆိုတဲ့ ဝတၳဳကို အေျခခံၿပီး ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ Knives Out ႐ုပ္ရွင္နဲ႔ ေအာင္ျမင္လာခဲ့တဲ့ Ana de Armas မင္းသမီးကေတာ့ Marilyn Monroe ေနရာမွာ ပါဝင္သြားမယ္လို႔ သိရၿပီး Andrew Dominik က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ တစ္ျခားသ႐ုပ္ေဆာင္ေတြကေတာ့ Adrien Brody ၊ Bobby Cannavale နဲ႔ Sara Paxton တို႔လည္း ပါဝင္လာမယ္လို႔ သိရပါတယ္။

(9) Fear Street
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ခုႏွစ္ ေႏြရာသီထဲမွာ ထြက္ရွိလာမွာ ျဖစ္ၿပီး trilogy အျဖစ္ ထြက္ရွိလာမွာ ျဖစ္ပါတယ္။ စာေရးဆရာ R.L. Stine ရဲ႕ Fear Street ဆိုတဲ့ ဝတၳဳဇာတ္လမ္းတြဲကို အေျခခံၿပီးေတာ့ Leigh Janiak က ႐ိုက္ကူးသြားမယ္လို႔ သိရပါတယ္။ ဇာတ္လမ္းကိုေတာ့ ၁၉၉၄ ခုႏွစ္မွာ ဇာတ္အိမ္တည္ထားပါတယ္။ ဆယ္ေက်ာ္သက္တစ္စုဟာ သူတို႔ၿမိဳ႕မွာ မသကၤာစရာေကာင္းၿပီး ေၾကာက္ဖို႔ေကာင္းတဲ့ အျဖစ္အပ်က္ေတြ ျဖစ္ေနမွန္း သိသြားၾကပါတယ္။ ဒီ trilogy ကေတာ့ တစ္ကားနဲ႔ တစ္ကားၾကားမွာ တစ္လေလာက္ပဲျခားၿပီး ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(8) The Woman In The Window
photo via screenrant

ဒီ႐ုပ္ရွင္ဟာ မူလတုန္းက ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလတည္းက 20th Century Fox ကေန ထုတ္လုပ္သြားမွာ ျဖစ္ေပမယ့္လည္း ကိုဗစ္ေၾကာင့္ ႐ုံတင္ရက္ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ ဒါ့အျပင္ အခုခ်ိန္မွာေတာ့ ၂၀၂၁ ခုႏွစ္မွာ Netflix ကေနပဲ ျပသသြားေတာ့မွာ ျဖစ္ပါတယ္။ စာေရးဆရာ A.J. Finn ရဲ႕ ဝတၳဳကို အေျခခံထားၿပီး Joe Wright က ႐ိုက္ကူးထားတဲ့ psychological thriller အမ်ိဴးအစားပဲ ျဖစ္ပါတယ္။

ဇာတ္လမ္းကေတာ့ လူထူထပ္တဲ့ ေနရာေတြကို ေၾကာက္တတ္တဲ့ ဓာတ္ပုံသမားတစ္ေယာက္ဟာ သူ႔ရဲ႕ အိမ္နီးနားခ်င္း တစ္ေယာက္နဲ႔ ရင္းႏွီးေနပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအိမ္နီးနားခ်င္းက ေပ်ာက္ဆုံးသြားၿပီး ထူးဆန္းတဲ့ ျဖစ္ရပ္ေတြ စတင္ျဖစ္ေပၚလာတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ဘဝႀကီးဟာ ကေျပာင္းကျပန္ေတြ ျဖစ္ကုန္ပါေတာ့တယ္။ ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Amy Adams ၊ Gary Oldman ၊ Anthony Mackie ၊ Brian Tyree Henry နဲ႔ Julianne Moore တို႔ပဲ ျဖစ္ပါတယ္။

(7) Pinocchio
photo via screenrant

Disney က Pinocchio ကို Live Action အေနနဲ႔ ဖန္တီးေနသလို ဒါ႐ိုက္တာ Guillermo Del Toro ကလည္း Animated movie ဗားရွင္းကို ဖန္တီးေနပါတယ္။ ဒီဗားရွင္းကိုေတာ့ stop-motion နဲ႔ ဖန္တီးထားၿပီး လူတိုင္းသိၾကတဲ့ Disney ဗားရွင္းထက္ အမ်ားႀကီး dark ျဖစ္တဲ့ ပုံစံကို ျမင္ေတြ႕ရမယ္လို႔လည္း သိရပါတယ္။ အသံသ႐ုပ္ေဆာင္ေတြကေတာ့ Ewan McGregor ၊ Christoph Waltz ၊ Tilda Swinton နဲ႔ Ron Perlman တို႔က ပါဝင္ထားပါတယ္။

(6) The Kissing Booth 3
photo via screenrant

ပထမဆုံး ထြက္ရွိခဲ့တဲ့ Kissing Booth ႏွစ္ကားဟာ ႐ုပ္ရွင္ေဝဖန္ေရးေတြမွာေတာ့ အေျခအေန မေကာင္းခဲ့ေပမယ့္ ဒီ႐ုပ္ရွင္ေတြကို ႀကိဳက္ႏွစ္သက္တဲ့ ပရိသတ္ေတြကေတာ့ အမ်ားအျပား ရွိခဲ့ပါတယ္။ Elle တစ္ေယာက္ သူမရဲ႕ရည္းစား Noah နဲ႔ သူမရဲ႕အခ်စ္ဆုံးသူငယ္ခ်င္း Lee ရဲ႕ၾကားမွာ ဘယ္လိုေတြ ေယာက္ယက္ခတ္ရဦးမွာလည္းဆိုတာ ျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

(5) Tick, Tick… Boom
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ဒါ႐ိုက္တာ Lin-Manuel Miranda ႐ိုက္ကူးထားတဲ့ နာမည္ႀကီး သီခ်င္းေရးသားသူ Jonathan Larson ရဲ႕ biography ၊ musical ဇာတ္လမ္းအမ်ိဴးအစား ျဖစ္ပါတယ္။ Jonathan Larson ကေတာ့ Rent ဆိုတဲ့ ေအာင္ျမင္တဲ့ album တစ္ခုကို ေရးသားခဲ့ၿပီး အဲ့ဒီ album ထြက္မလာခင္မွာပဲ ကြယ္လြန္သြားခဲ့ပါတယ္။ ပါဝင္မယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ Vanessa Hudgens ၊ Robin de Jesus နဲ႔ Bradley Whitford တို႔ျဖစ္ပါတယ္။

(4) Chicken Run 2
photo via screenrant

Chicken Run ကေတာ့ ၂၀၀၀ခုႏွစ္က ထြက္ရွိခဲ့တဲ့ stop-motion animated movie တစ္ခု ျဖစ္ၿပီး ၂၀၂၁ မွာေတာ့ Netflix ကေန sequel ကို ဖန္တီးသြားမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကို ဖန္တီးဖို႔အတြက္ Netflix နဲ႔ Aardman Animation တို႔က ပူးေပါင္းသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္လမ္းထဲမွာေတာ့ Babs ၊ Ginger ၊ Rocky နဲ႔ Fletcher တို႔ဟာ ေမြးျမဴေရးၿခံထဲက လြတ္သြားခဲ့ၿပီး သူတို႔ရဲ႕ ကြၽန္းအသစ္မွာ ေနထိုင္တာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ပထမကားမွာ ပါဝင္ခဲ့တဲ့ အသံသ႐ုပ္ေဆာင္ေတြ ျပန္လည္ပါဝင္လာဦးမွာ ဆိုတာေတာ့ မသိရေသးပါဘူး။

(3) Don’t Look Up
photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ Adam McKay က ႐ိုက္ကူးသြားမွာ ျဖစ္ၿပီး သ႐ုပ္ေဆာင္ေတြကေတာ့ Leonardo DiCaprio ၊ Jennifer Lawrence ၊ Timothee Chalamet ၊ Cate Blanchett ၊ Meryl Streep နဲ႔ Jonah Hill တို႔က ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းကေတာ့ နကၡတၱေဗဒပညာရွင္ ႏွစ္ေယာက္ဟာ ကမာၻဆီကို ဉကၠာခဲအႀကီးႀကီး လာေနတဲ့အေၾကာင္းကို သတိေပးဖို႔အတြက္ ႀကိဳးစားၾကတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

(2) Wendell & Wild
photo via screenrant

ဒီဇာတ္လမ္းကေတာ့ ဒါ႐ိုက္တာ Henry Selick ႐ိုက္ကူးသြားမယ့္ stop-motion animated movie ပဲ ျဖစ္ပါတယ္။ အသံသ႐ုပ္ေဆာင္သြားမယ့္သူကလည္း Keegan-Michael Key နဲ႔ Jordan Peele တို႔လို နာမည္ႀကီးေတြက ပါဝင္သြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေျမေအာက္ကမာၻက လြတ္ေျမာက္လာတဲ့ မေကာင္းဆိုးဝါး ညီအစ္ကိုႏွစ္ေယာက္ဟာ သူတို႔ကို ဖ်က္ဆီးဖို႔ ႀကိဳးစားေနတဲ့ ဆယ္ေက်ာ္သက္တစ္ေယာက္ကို ေရွာင္ရွားရတဲ့အေၾကာင္း ျမင္ေတြ႕ရမွာပါ။

(1) Red Notice
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၂၁ မွာ Netflix ကေန ျပသသြားမယ့္ Action ကားေကာင္းတစ္ခု ျဖစ္ပါတယ္။ Dwayne Johnson ၊ Gal Gadot နဲ႔ Ryan Reynolds တို႔က ပါဝင္သ႐ုပ္ေဆာင္သြားမွာ ျဖစ္ၿပီး Rawson Marshall Thurber က ႐ိုက္ကူးသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ေအးဂ်င့္တစ္စုဟာ ႏိုင္ငံလုံးဆိုင္ရာ အလိုရွိေနတဲ့ သူခိုးတစ္ေယာက္ကို ေျခရာခံလိုက္တာကို ျမင္ေတြ႕ရမွာပါ။

ဒါကေတာ့ လာမယ့္ ၂၀၂၁မွာ ထြက္ရွိလာမယ့္ Netflix ႐ုပ္ရွင္ေတြထဲက လူေတြ အေမွ်ာ္လင့္ဆုံး ႐ုပ္ရွင္ေတြပဲ ျဖစ္ပါတယ္။ ဘယ္႐ုပ္ရွင္ကို အၾကည့္ခ်င္ဆုံးလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular