HomeEntertainmentFilm၂၀၂၁ ဒုတိယနှစ်ဝက်အတွင်း HBO Max မှာ ပြသသွားမယ့် ရုပ်ရှင်ကားများ

၂၀၂၁ ဒုတိယနှစ်ဝက်အတွင်း HBO Max မှာ ပြသသွားမယ့် ရုပ်ရှင်ကားများ

ေအာက္တြင္ ‌ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ကိုဗစ်ရောဂါဟာ အခုချိန်ထိ အရှိန်မသေသေးဘဲ ကမ္ဘာတဝှမ်းမှာ ဖြစ်ပျက်နေဆဲ ဖြစ်တာကြောင့် ရုပ်ရှင်အများစုဟာ ရုံတင်ရက်တွေ ရွှေ့ပြောင်းခဲ့ရပါတယ်။ အခုလို ရုံတင်ရက် ပြောင်းလိုက်ရတာဟာ ၂၀၂၀ ခုနှစ်ကတည်းက ဖြစ်တာကြောင့် ရုပ်ရှင်ထုတ်လုပ်ရေးတွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေကို တခြားနည်းလမ်းနဲ့ ထုတ်လုပ်ဖို့ စဉ်းစားလာပါတော့တယ်။ ဒါကြောင့်ပဲ Warner Bros စတူဒီယိုကတော့ သူတို့ရဲ့ ရုပ်ရှင်တွေကို HBO Max ကနေ streaming လုပ်ပြီး ပြသသွားဖို့ စီစဉ်ခဲ့ပါတယ်။

(1) The Many Saints of Newark (စက်တင်ဘာ ၂၄ ရက်)
photo via screenrant

၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Sopranos ဇာတ်လမ်းတွဲကတော့ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး IMDb (9.2) ရရှိထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ၂၀၀၇ ခုနှစ်မှာတော့ season (၇)ခုနဲ့ ဇာတ်သိမ်းသွားပြီ ဖြစ်ပါတယ်။

WB ကတော့ ဒီဇာတ်လမ်းတွဲရဲ့ prequel ရုပ်ရှင်ဖြစ်တဲ့ The Many Saints of Newark ကို ထုတ်လုပ်ခဲ့ပြီး မကြာခင်မှာပဲ HBO Max ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Jon Bernthal ၊ Vera Farmiga နဲ့ Leslie Odom တို့ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Tony Soprano ရဲ့ လူဆိုးဂိုဏ်းဝင် ဖြစ်ခါစအချိန်ကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

(2) The Conjuring: The Devil Made Me Do It (ဇွန်လ ၄ ရက်)
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ ၁၉၈၀ကျော်လောက်မှာ Ed နဲ့ Lorraine Warren တို့ဟာ သဘာဝလွန်ဖြစ်ရပ်တစ်ခုကို ထပ်မံစုံစမ်းနေကြတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အဓိက ဇာတ်လမ်းကတော့ Arne Cheyenne Johnson ရဲ့ လူသတ်မှုဟာ မကောင်းဆိုးဝါးတွေရဲ့ ပူးကပ်မှုကြောင့် ဖြစ်ခဲ့တာ ဟုတ်မဟုတ်ကို စုံစမ်းရမှာပဲ ဖြစ်ပါတယ်။ ထုံးစံအတိုင်းပဲ ဒီရုပ်ရှင်ထဲမှာတော့ Patrick Wilson နဲ့ Vera Farmiga တို့က Ed နဲ့ Lorraine တို့အဖြစ် ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။

(3) In The Heights (ဇွန်လ ၁၈ ရက်)
photo via screenrant

ဒီရုပ်ရှင်ကတော့ Washington Heights မြို့မှာ အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Usnavi ဟာ အဘွားဆီက အမွေတွေ ရရှိခဲ့တာကြောင့် သူ့ရဲ့စတိုးဆိုင်ကို ပိတ်ကာ Dominican Republic နိုင်ငံမှာ ဘဝအသစ် စတင်ဖို့ စိတ်ကူးရသွားပါတယ်။ ဒါ့အပြင် New York မှာ ရှိတဲ့သူတွေကလည်း သူတို့ရဲ့ အိပ်မက်တွေ ဖြစ်လာဖို့အတွက် ကြိုးစားကြပုံကိုလည်း မြင်တွေ့ရမှာပါ။ Anthony Ramos ၊ Melissa Barrera နဲ့ Corey Hawkins တို့က အဓိက ပါဝင်ထားတဲ့ musical အမျိူးအစား ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။

(4) Space Jam: A New Legacy (ဇူလိုင်လ ၁၆ ရက်)
photo via screenrant

၁၉၉၆ ခုနှစ်မှာ Space Jam ရုပ်ရှင် စတင်ထွက်ရှိခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ (၂၅)နှစ်လောက် စောင့်ဆိုင်းအပြီးမှာတော့ ပရိသတ်တွေအတွက် sequel ရုပ်ရှင် ထပ်မံ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ James ဟာ သူ့ရဲ့သား Bronny ကို ကယ်တင်ဖို့အတွက် Bugs Bunny နဲ့အတူ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ကတော့ ဇူလိုင်လ (၁၆)ရက်မှာ ထွက်ရှိမှာ ဖြစ်တာကြောင့် သိပ်စောင့်စရာ မလိုတော့ပါဘူး။

(5) The Suicide Squad (ဩဂုတ်လ ၆ ရက်)
photo via screenrant

၂၀၁၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Suicide Squad ဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်ပဲ WB ဟာ အခုချိန်မှာတော့ Suicide Squad ကို James Gunn ရဲ့ အကူအညီနဲ့ အောင်မြင်မှုတွေ ရလာအောင် ပြုလုပ်နေပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဗီလိန်အဖွဲ့ဟာ Jotunheim လို့ခေါ်တဲ့ ထောင်နဲ့ ဓာတ်ခွဲခန်းတွဲထားတဲ့ နေရာကို မစ်ရှင်အနေနဲ့ သွားရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Margot Robbie ၊ Pete Davidson ၊ John Cena နဲ့ Idris Elba တို့ ပါဝင်ထားပါတယ်။

(6) Dune (အောက်တိုဘာ ၁ ရက်)
photo via screenrant

ဒီရုပ်ရှင်ကတော့ ၁၉၆၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Frank Herbert ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Paul Atreides ဟာ Arrakis ဂြိုဟ်ပေါ်မှာ နယ်ခံတွေရဲ့ အကူအညီရရှိအောင် ကြိုးစားနေတာကို တွေ့ရမှာပါ။ အကြောင်းကတော့ အဲ့ဒီဂြိုဟ်ကြီးကို အုပ်စိုးဖို့အတွက် Paul ရဲ့အဖေကို သစ္စာဖောက်သွားတဲ့ တော်ဝင်မျိူးနွယ်တွေနဲ့ တိုက်ခိုက်ရမှာကြောင့် ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Timothee Chalamet ၊ Zendaya ၊ Oscar Isaac ၊ Rebecca Ferguson နဲ့ Josh Brolin တို့ ပါဝင်ထားပါတယ်။

(7) The Matrix 4 (ဒီဇင်ဘာ ၂၂ ရက်)
photo via screenrant

The Matrix trilogy ဟာ ၂၀၀၃ ခုနှစ်မှာ ပြီးဆုံးသွားပေမယ့်လည်း အခုချိန်မှာတော့ အချိန်အကြာကြီး စောင့်မျှော်ခဲ့ရတဲ့ လေးကားမြောက်ကို ဒီနှစ်ကုန်လောက်မှာ ကြည့်လို့ရတော့မှာ ဖြစ်ပါတယ်။ Keanu Reeves နဲ့ Carrie-Anne Moss တို့ကလည်း Neo နဲ့ Trinity တို့အဖြစ်နဲ့ ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ မသိရသေးပေမယ့်လည်း မကြာခင်မှာ ကြည့်ရှုရတော့မှာ ဖြစ်တာကြောင့် ပရိသတ်တွေကတော့ အတော်လေး စိတ်ဝင်စားနေကြပါပြီ။

ဒါကတော့ ၂၀၂၁ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်း HBO Max ကြည့်ရှုရတော့မယ့် ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ဘယ်ဇာတ်ကားတွေက စာဖတ်သူတို့ မျှော်နေခဲ့ရတဲ့ကားတွေ ဖြစ်မလည်းဆိုတာ ပြောပြခဲ့ပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

ကိုဗစ္ေရာဂါဟာ အခုခ်ိန္ထိ အရွိန္မေသေသးဘဲ ကမာၻတဝွမ္းမွာ ျဖစ္ပ်က္ေနဆဲ ျဖစ္တာေၾကာင့္ ႐ုပ္ရွင္အမ်ားစုဟာ ႐ုံတင္ရက္ေတြ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ အခုလို ႐ုံတင္ရက္ ေျပာင္းလိုက္ရတာဟာ ၂၀၂၀ ခုႏွစ္ကတည္းက ျဖစ္တာေၾကာင့္ ႐ုပ္ရွင္ထုတ္လုပ္ေရးေတြဟာ သူတို႔ရဲ႕ ႐ုပ္ရွင္ေတြကို တျခားနည္းလမ္းနဲ႔ ထုတ္လုပ္ဖို႔ စဥ္းစားလာပါေတာ့တယ္။ ဒါေၾကာင့္ပဲ Warner Bros စတူဒီယိုကေတာ့ သူတို႔ရဲ႕ ႐ုပ္ရွင္ေတြကို HBO Max ကေန streaming လုပ္ၿပီး ျပသသြားဖို႔ စီစဥ္ခဲ့ပါတယ္။

(1) The Many Saints of Newark (စက္တင္ဘာ ၂၄ ရက္)
photo via screenrant

၁၉၉၉ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ The Sopranos ဇာတ္လမ္းတြဲကေတာ့ ႐ုပ္ရွင္သမိုင္းရဲ႕ အေကာင္းဆုံး ဇာတ္လမ္းတြဲတစ္ခုျဖစ္ၿပီး IMDb (9.2) ရရွိထားပါတယ္။ ဒီဇာတ္လမ္းတြဲဟာ ၂၀၀၇ ခုႏွစ္မွာေတာ့ season (၇)ခုနဲ႔ ဇာတ္သိမ္းသြားၿပီ ျဖစ္ပါတယ္။

WB ကေတာ့ ဒီဇာတ္လမ္းတြဲရဲ႕ prequel ႐ုပ္ရွင္ျဖစ္တဲ့ The Many Saints of Newark ကို ထုတ္လုပ္ခဲ့ၿပီး မၾကာခင္မွာပဲ HBO Max ကေန ျပသသြားမွာ ျဖစ္ပါတယ္။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Jon Bernthal ၊ Vera Farmiga နဲ႔ Leslie Odom တို႔ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Tony Soprano ရဲ႕ လူဆိုးဂိုဏ္းဝင္ ျဖစ္ခါစအခ်ိန္ကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။

(2) The Conjuring: The Devil Made Me Do It (ဇြန္လ ၄ ရက္)
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ ၁၉၈၀ေက်ာ္ေလာက္မွာ Ed နဲ႔ Lorraine Warren တို႔ဟာ သဘာဝလြန္ျဖစ္ရပ္တစ္ခုကို ထပ္မံစုံစမ္းေနၾကတာကို ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ အဓိက ဇာတ္လမ္းကေတာ့ Arne Cheyenne Johnson ရဲ႕ လူသတ္မႈဟာ မေကာင္းဆိုးဝါးေတြရဲ႕ ပူးကပ္မႈေၾကာင့္ ျဖစ္ခဲ့တာ ဟုတ္မဟုတ္ကို စုံစမ္းရမွာပဲ ျဖစ္ပါတယ္။ ထုံးစံအတိုင္းပဲ ဒီ႐ုပ္ရွင္ထဲမွာေတာ့ Patrick Wilson နဲ႔ Vera Farmiga တို႔က Ed နဲ႔ Lorraine တို႔အျဖစ္ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။

(3) In The Heights (ဇြန္လ ၁၈ ရက္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ Washington Heights ၿမိဳ႕မွာ အေျခခံထားပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Usnavi ဟာ အဘြားဆီက အေမြေတြ ရရွိခဲ့တာေၾကာင့္ သူ႔ရဲ႕စတိုးဆိုင္ကို ပိတ္ကာ Dominican Republic ႏိုင္ငံမွာ ဘဝအသစ္ စတင္ဖို႔ စိတ္ကူးရသြားပါတယ္။ ဒါ့အျပင္ New York မွာ ရွိတဲ့သူေတြကလည္း သူတို႔ရဲ႕ အိပ္မက္ေတြ ျဖစ္လာဖို႔အတြက္ ႀကိဳးစားၾကပုံကိုလည္း ျမင္ေတြ႕ရမွာပါ။ Anthony Ramos ၊ Melissa Barrera နဲ႔ Corey Hawkins တို႔က အဓိက ပါဝင္ထားတဲ့ musical အမ်ိဴးအစား ႐ုပ္ရွင္တစ္ကား ျဖစ္ပါတယ္။

(4) Space Jam: A New Legacy (ဇူလိုင္လ ၁၆ ရက္)
photo via screenrant

၁၉၉၆ ခုႏွစ္မွာ Space Jam ႐ုပ္ရွင္ စတင္ထြက္ရွိခဲ့ၿပီး ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ပါတယ္။ (၂၅)ႏွစ္ေလာက္ ေစာင့္ဆိုင္းအၿပီးမွာေတာ့ ပရိသတ္ေတြအတြက္ sequel ႐ုပ္ရွင္ ထပ္မံ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ James ဟာ သူ႔ရဲ႕သား Bronny ကို ကယ္တင္ဖို႔အတြက္ Bugs Bunny နဲ႔အတူ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာပါ။ ဒီ႐ုပ္ရွင္ကေတာ့ ဇူလိုင္လ (၁၆)ရက္မွာ ထြက္ရွိမွာ ျဖစ္တာေၾကာင့္ သိပ္ေစာင့္စရာ မလိုေတာ့ပါဘူး။

(5) The Suicide Squad (ဩဂုတ္လ ၆ ရက္)
photo via screenrant

၂၀၁၆ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Suicide Squad ဟာ ႐ုပ္ရွင္ေဝဖန္ေရးသမားေတြနဲ႔ ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြ ျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ပဲ WB ဟာ အခုခ်ိန္မွာေတာ့ Suicide Squad ကို James Gunn ရဲ႕ အကူအညီနဲ႔ ေအာင္ျမင္မႈေတြ ရလာေအာင္ ျပဳလုပ္ေနပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဗီလိန္အဖြဲ႕ဟာ Jotunheim လို႔ေခၚတဲ့ ေထာင္နဲ႔ ဓာတ္ခြဲခန္းတြဲထားတဲ့ ေနရာကို မစ္ရွင္အေနနဲ႔ သြားရမွာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Margot Robbie ၊ Pete Davidson ၊ John Cena နဲ႔ Idris Elba တို႔ ပါဝင္ထားပါတယ္။

(6) Dune (ေအာက္တိုဘာ ၁ ရက္)
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၁၉၆၅ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Frank Herbert ရဲ႕ ဝတၳဳကို ႐ုပ္ရွင္အျဖစ္ ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Paul Atreides ဟာ Arrakis ၿဂိဳဟ္ေပၚမွာ နယ္ခံေတြရဲ႕ အကူအညီရရွိေအာင္ ႀကိဳးစားေနတာကို ေတြ႕ရမွာပါ။ အေၾကာင္းကေတာ့ အဲ့ဒီၿဂိဳဟ္ႀကီးကို အုပ္စိုးဖို႔အတြက္ Paul ရဲ႕အေဖကို သစၥာေဖာက္သြားတဲ့ ေတာ္ဝင္မ်ိဴးႏြယ္ေတြနဲ႔ တိုက္ခိုက္ရမွာေၾကာင့္ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Timothee Chalamet ၊ Zendaya ၊ Oscar Isaac ၊ Rebecca Ferguson နဲ႔ Josh Brolin တို႔ ပါဝင္ထားပါတယ္။

(7) The Matrix 4 (ဒီဇင္ဘာ ၂၂ ရက္)
photo via screenrant

The Matrix trilogy ဟာ ၂၀၀၃ ခုႏွစ္မွာ ၿပီးဆုံးသြားေပမယ့္လည္း အခုခ်ိန္မွာေတာ့ အခ်ိန္အၾကာႀကီး ေစာင့္ေမွ်ာ္ခဲ့ရတဲ့ ေလးကားေျမာက္ကို ဒီႏွစ္ကုန္ေလာက္မွာ ၾကည့္လို႔ရေတာ့မွာ ျဖစ္ပါတယ္။ Keanu Reeves နဲ႔ Carrie-Anne Moss တို႔ကလည္း Neo နဲ႔ Trinity တို႔အျဖစ္နဲ႔ ျပန္လည္ပါဝင္လာဦးမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကိုေတာ့ မသိရေသးေပမယ့္လည္း မၾကာခင္မွာ ၾကည့္ရႈရေတာ့မွာ ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ အေတာ္ေလး စိတ္ဝင္စားေနၾကပါၿပီ။

ဒါကေတာ့ ၂၀၂၁ခုႏွစ္ရဲ႕ ဒုတိယႏွစ္ဝက္အတြင္း HBO Max ၾကည့္ရႈရေတာ့မယ့္ ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ ဘယ္ဇာတ္ကားေတြက စာဖတ္သူတို႔ ေမွ်ာ္ေနခဲ့ရတဲ့ကားေတြ ျဖစ္မလည္းဆိုတာ ေျပာျပခဲ့ပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular