HomeCelebs Update NewsInternational၂၀၂၁ ခုနှစ်အတွက် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိထားတဲ့ သရုပ်ဆောင်များ

၂၀၂၁ ခုနှစ်အတွက် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိထားတဲ့ သရုပ်ဆောင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္္ပါ။

၂၀၂၁ ခုနှစ်အတွက် သရုပ်ဆောင်ကြေးအမြင့်ဆုံး ရရှိထားတဲ့ သရုပ်ဆောင်တွေထဲမှာတော့ နာမည်ကျော် မင်းသားတွေဖြစ်တဲ့ Daniel Craig ၊ Dwayne Johnson နဲ့ Leonardo DiCaprio တို့ ပါဝင်ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိလာမယ့် ရုပ်ရှင်အများစုဟာ Black Widow နဲ့ No Time To Die တို့လို ကိုဗစ်ကြောင့် ၂၀၂၀ ခုနှစ်ကနေ ရုံတင်ရက် ရွှေ့ထားရတဲ့ ရုပ်ရှင်တွေ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ယခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်တွေဟာ Box Office မှာ အရင်ကလောက် ဝင်ငွေ မရရှိခဲ့ပါဘူး။

photo via screenrant

ဒီလိုအဖြစ်အပျက်တွေ ရှိနေပေမယ့်လည်း ရုပ်ရှင်စတူဒီယိုတွေဟာ သရုပ်ဆောင်တွေကိုတော့ စာချုပ်ချုပ်ထားတဲ့အတိုင်း သရုပ်ဆောင်ကြေး ပေးရမှာပဲ ဖြစ်ပါတယ်။ မကြာခင်တုန်းကတော့ Variety သတင်းဌာနဟာ ၂၀၂၁ ခုနှစ်ရဲ့ ကြေးအမြင့်ဆုံး သရုပ်ဆောင်တွေကို ဖော်ပြခဲ့ပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတာကတော့ မင်းသားကြီး Daniel Craig ဖြစ်ပြီး Knives Out 2 နဲ့ 3 ရုပ်ရှင်နှစ်ကားအတွက်  ဒေါ်လာသန်း(၁၀၀) ရရှိမယ်လို့ သိရပါတယ်။ Dwayne Johnson ကတော့ Red One ရုပ်ရှင်အတွက် ဒေါ်လာသန်း(၅၀) ရရှိမယ်လို့ သိရပါတယ်။

မင်းသား Will Smith ကတော့ အသစ်ထွက်ရှိလာမယ့် King Richard ရုပ်ရှင်အတွက် ဒေါ်လာသန်း(၄၀) ရရှိသွားမှာ ဖြစ်ပြီး မင်းသားကြီး Denzel Washington ကလည်း The Little Things ရုပ်ရှင်နဲ့ သန်း(၄၀) ရရှိသွားမှာပါ။ Leonardo DiCaprio ကတော့ Don’t Look Up ရုပ်ရှင်အတွက် သရုပ်ဆောင်ကြေး ဒေါ်လာသန်း(၃၀) ရရှိထားပြီး Mark Wahlberg ကလည်း Spenser Confidential ရုပ်ရှင်အတွက် ဒေါ်လာသန်း(၃၀) ရရှိထားပါတယ်။ Don’t Look Up ရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ မင်းသမီး Jennifer Lawrence ကလည်း ဒေါ်လာ(၂၅)သန်း ရရှိထားပါတယ်။

photo via screenrant

Ryan Gosling ကတော့ The Gray Man ရုပ်ရှင်မှာ ပါဝင်ထားသလို Chris Hemsworth ကလည်း Thor: Love and Thunder ထဲမှာ ပါဝင်ထားပြီး Brad Pitt ကလည်း  Bullet Train ရုပ်ရှင်တို့မှာ ပါဝင်ထားပါတယ်။ သူတို့ သုံးယောက်ကတော့ အဆိုပါရုပ်ရှင်တွေအတွက် ဒေါ်လာသန်း(၂၀)စီ အသီးသီး ရရှိသွားမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ဖော်ပြထားတဲ့ ရုပ်ရှင်အများစုကတော့ လောလောဆယ်မှာ မထွက်ရှိသေးဘဲ သိပ်မကြာခင်မှာ အသီးသီး ထွက်ရှိလာကြမှာ ဖြစ်ပါတယ်။

Legos

Source: Screenrant

(Zawgyi Version)

၂၀၂၁ ခုႏွစ္အတြက္ သ႐ုပ္ေဆာင္ေၾကးအျမင့္ဆုံး ရရွိထားတဲ့ သ႐ုပ္ေဆာင္ေတြထဲမွာေတာ့ နာမည္ေက်ာ္ မင္းသားေတြျဖစ္တဲ့ Daniel Craig ၊ Dwayne Johnson နဲ႔ Leonardo DiCaprio တို႔ ပါဝင္ပါတယ္။ ၂၀၂၁ ခုႏွစ္မွာ ထြက္ရွိလာမယ့္ ႐ုပ္ရွင္အမ်ားစုဟာ Black Widow နဲ႔ No Time To Die တို႔လို ကိုဗစ္ေၾကာင့္ ၂၀၂၀ ခုႏွစ္ကေန ႐ုံတင္ရက္ ေ႐ႊ႕ထားရတဲ့ ႐ုပ္ရွင္ေတြ ျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ ယခုႏွစ္အတြင္းမွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ေတြဟာ Box Office မွာ အရင္ကေလာက္ ဝင္ေငြ မရရွိခဲ့ပါဘူး။

photo via screenrant

ဒီလိုအျဖစ္အပ်က္ေတြ ရွိေနေပမယ့္လည္း ႐ုပ္ရွင္စတူဒီယိုေတြဟာ သ႐ုပ္ေဆာင္ေတြကိုေတာ့ စာခ်ဳပ္ခ်ဳပ္ထားတဲ့အတိုင္း သ႐ုပ္ေဆာင္ေၾကး ေပးရမွာပဲ ျဖစ္ပါတယ္။ မၾကာခင္တုန္းကေတာ့ Variety သတင္းဌာနဟာ ၂၀၂၁ ခုႏွစ္ရဲ႕ ေၾကးအျမင့္ဆုံး သ႐ုပ္ေဆာင္ေတြကို ေဖာ္ျပခဲ့ပါတယ္။ ထိပ္ဆုံးမွာ ရပ္တည္ေနတာကေတာ့ မင္းသားႀကီး Daniel Craig ျဖစ္ၿပီး Knives Out 2 နဲ႔ 3 ႐ုပ္ရွင္ႏွစ္ကားအတြက္  ေဒၚလာသန္း(၁၀၀) ရရွိမယ္လို႔ သိရပါတယ္။ Dwayne Johnson ကေတာ့ Red One ႐ုပ္ရွင္အတြက္ ေဒၚလာသန္း(၅၀) ရရွိမယ္လို႔ သိရပါတယ္။

မင္းသား Will Smith ကေတာ့ အသစ္ထြက္ရွိလာမယ့္ King Richard ႐ုပ္ရွင္အတြက္ ေဒၚလာသန္း(၄၀) ရရွိသြားမွာ ျဖစ္ၿပီး မင္းသားႀကီး Denzel Washington ကလည္း The Little Things ႐ုပ္ရွင္နဲ႔ သန္း(၄၀) ရရွိသြားမွာပါ။ Leonardo DiCaprio ကေတာ့ Don’t Look Up ႐ုပ္ရွင္အတြက္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာသန္း(၃၀) ရရွိထားၿပီး Mark Wahlberg ကလည္း Spenser Confidential ႐ုပ္ရွင္အတြက္ ေဒၚလာသန္း(၃၀) ရရွိထားပါတယ္။ Don’t Look Up ႐ုပ္ရွင္ထဲမွာ ပါဝင္ထားတဲ့ မင္းသမီး Jennifer Lawrence ကလည္း ေဒၚလာ(၂၅)သန္း ရရွိထားပါတယ္။

photo via screenrant

Ryan Gosling ကေတာ့ The Gray Man ႐ုပ္ရွင္မွာ ပါဝင္ထားသလို Chris Hemsworth ကလည္း Thor: Love and Thunder ထဲမွာ ပါဝင္ထားၿပီး Brad Pitt ကလည္း  Bullet Train ႐ုပ္ရွင္တို႔မွာ ပါဝင္ထားပါတယ္။ သူတို႔ သုံးေယာက္ကေတာ့ အဆိုပါ႐ုပ္ရွင္ေတြအတြက္ ေဒၚလာသန္း(၂၀)စီ အသီးသီး ရရွိသြားမွာ ျဖစ္ပါတယ္။ ဒီထဲမွာ ေဖာ္ျပထားတဲ့ ႐ုပ္ရွင္အမ်ားစုကေတာ့ ေလာေလာဆယ္မွာ မထြက္ရွိေသးဘဲ သိပ္မၾကာခင္မွာ အသီးသီး ထြက္ရွိလာၾကမွာ ျဖစ္ပါတယ္။

Legos

Source: Screenrant

RELATED ARTICLES

Most Popular