HomeEntertainmentFilmယခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်များ

ယခုနှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်များ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ခုနှစ်အတွင်းမှာတော့ နာမည်ကြီး Horror ရုပ်ရှင်တွေ သိပ်မထွက်လာသေးဘဲ The Conjuring: The Devil Made Me Do It နဲ့ Fear Street တို့လောက်ပဲ ထွက်ရှိပါသေးတယ်။ ၂၀၂၀ ခုနှစ်တုန်းကလည်း ကိုဗစ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားထားရတာကြောင့် Horror ပရိသတ်တွေအတွက် ရုပ်ရှင်အသစ်တွေ သိပ်မထွက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ၂၀၂၁ ခုနှစ် နှောင်းပိုင်းမှာတော့ နောက်ထပ် Horror ရုပ်ရှင်(၆)ကား ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။

(1) Malignant
photo via screenrant

ဒီရုပ်ရှင်ကိုတော့ ဒါရိုက်တာ James Wan က ရိုက်ကူးထားတာ ဖြစ်ပြီး စက်တင်ဘာလ (၁၀)ရက်နေ့မှာ HBO Max နဲ့ တပြိုင်တည်း ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရက်စက်လွန်းတဲ့ လူသတ်မှုတွေကို အာရုံထဲမှာ မြင်နေရတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီအမြင်အာရုံတွေကြောင့်ပဲ သူမဟာ ကြောက်ရွံ့ပြီး အကြောသေနေပါတယ်။ ဒါ့အပြင် သူမရဲ့ အမြင်အာရုံတွေက တကယ်ဖြစ်လာတဲ့အချိန်မှာတော့ သူမရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားလာပါတော့တယ်။ Annabelle Wallis ၊ Ingrid Bisu နဲ့ Jake Abel တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(2) Halloween Kills
photo via screenrant

ကိုဗစ်ကြောင့် တစ်နှစ်လုံး နှောင့်နှေးနေခဲ့တဲ့ Halloween Kills ကတော့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Halloween ရဲ့ sequel ဖြစ်ပြီး ပရိသတ်များစွာက ဒီရုပ်ရှင်ကို စောင့်မျှော်နေကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ ဒဏ်ရာရနေတဲ့ Laurie Strode ဟာ လူသတ်သမား Michael Myers ကို တားဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Jamie Lee Curtis ၊ James Jude Courtney နဲ့ Kyle Richards တို့ အဓိက ပါဝင်ထားပါတယ်။ ဒါတင်မကသေးဘဲ ၂၀၂၂ ခုနှစ်မှာ Halloween Ends ဆိုပြီး နောက်ထပ်တစ်ကား ထွက်ရှိလာဦးမှာပါ။

(3) Last Night In Soho
photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးထားတဲ့ စိတ္တဇ Horror ရုပ်ရှင်အမျိူးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဟာ ထူးဆန်းစွာပဲ ၁၉၆၆ ခုနှစ်ကို ရောက်သွားပါတယ်။ အဲ့ဒီလိုရောက်သွားတဲ့ အချိန်မှာတော့ သူမရဲ့စိတ်ဟာ သူမရဲ့ idol အဆိုတော်ဖြစ်တဲ့ Sandy ရဲ့ ခန္ဓာကိုယ်ထဲကို ရောက်နေပါတယ်။ ဒါကြောင့်ပဲ သူမဟာ အဆိုတော် Sandy အနေနဲ့ နေထိုင်ရင်း ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကြည့်ရှုရမှာပါ။ သရုပ်ဆောင်တွေကတော့ Anya Taylor-Joy ၊ Thomasin McKenzie နဲ့ Matt Smith တို့က အဓိက ပါဝင်ထားပြီး အောက်တိုဘာလ (၂၉)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(4) Antlers
photo via screenrant

ဇာတ်လမ်းအစမှာတော့ Oregon ဆိုတဲ့ မြို့ငယ်လေးက ကျောင်းဆရာမတစ်ယောက်ဟာ Lucas ဆိုတဲ့ သူ့ရဲ့တပည့်တစ်ယောက်ကို စိတ်ပူနေတာ မြင်တွေ့ရမှာပါ။ အဲ့ဒီနောက်မှာတော့ Lucas ဟာ သူ့ရဲ့အိမ်မှာ သဘာဝလွန် သတ္တဝါတွေကို မွေးထားကြောင်း သိလိုက်ရပြီး ဒီမြို့လေးကို ဘယ်လိုကံကြမ္မာဆိုးတွေ ကျရောက်လာမလည်းဆိုတာ မြင်တွေ့ရမှာပါ။ Keri Russell ၊ Jesse Plemons နဲ့ Jeremy Thomas တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အောက်တိုဘာလ (၂၉)ရက်မှာပဲ ထွက်ရှိလာမှာပါ။

(5) Resident Evil: Welcome to Raccoon City
photo via screenrant

ဒီရုပ်ရှင်ကတော့ လူကြိုက်များတဲ့ Resident Evil ဂိမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက်ရှင်ကျန်တဲ့ လူအနည်းစုဟာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်နေရင်း Umbrella ကော်ပိုရေးရှင်းနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော်ဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာပါ။ Robbie Amell ၊ Kaya Scoldeario နဲ့ Hannah John-Kamen တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နိုဝင်ဘာလ (၂၄)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(6) There’s Someone Inside Your House
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Makani ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အထက်တန်းကျောင်းပြီးအောင် ဆက်တက်နိုင်ဖို့ ဟာဝိုင်အီမြို့ကနေ နီဘရာစကာမြို့ကို ပြောင်းလာသူ ဖြစ်ပါတယ်။ ဒီလိုနဲ့ အထက်တန်းကျောင်း ပြီးဆုံးဖို့ နီးကပ်လာတဲ့အချိန်မှာတော့ သူမနဲ့ သူမသူငယ်ချင်းတွေရဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ်လို့ လူသတ်သမားတစ်ယောက်က ခြိမ်းခြောက်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Sydney Park ၊ Emilija Baranac နဲ့ Theodore Pellerin တို့ ပါဝင်ထားပြီး Netflix ကနေ ပြသသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြသသွားမယ့် ရက်အတိအကျကိုတော့ မသိရသေးပါဘူး။

ဒါကတော့ ယခုနှစ် နှောင်းပိုင်းမှာ ကြည့်ရှုရတော့မယ့် horror ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်ကားသစ်အကြောင်းတွေ၊ ရုပ်ရှင်နဲ့ အနုပညာနယ်ပယ်က သတင်းဖြစ်ရပ်တွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၁ ခုႏွစ္အတြင္းမွာေတာ့ နာမည္ႀကီး Horror ႐ုပ္ရွင္ေတြ သိပ္မထြက္လာေသးဘဲ The Conjuring: The Devil Made Me Do It နဲ႔ Fear Street တို႔ေလာက္ပဲ ထြက္ရွိပါေသးတယ္။ ၂၀၂၀ ခုႏွစ္တုန္းကလည္း ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးေတြ ရပ္နားထားရတာေၾကာင့္ Horror ပရိသတ္ေတြအတြက္ ႐ုပ္ရွင္အသစ္ေတြ သိပ္မထြက္ခဲ့ပါဘူး။ ဒါေပမယ့္လည္း ၂၀၂၁ ခုႏွစ္ ေႏွာင္းပိုင္းမွာေတာ့ ေနာက္ထပ္ Horror ႐ုပ္ရွင္(၆)ကား ထပ္မံထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။

(1) Malignant
photo via screenrant

ဒီ႐ုပ္ရွင္ကိုေတာ့ ဒါ႐ိုက္တာ James Wan က ႐ိုက္ကူးထားတာ ျဖစ္ၿပီး စက္တင္ဘာလ (၁၀)ရက္ေန႔မွာ HBO Max နဲ႔ တၿပိဳင္တည္း ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ရက္စက္လြန္းတဲ့ လူသတ္မႈေတြကို အာ႐ုံထဲမွာ ျမင္ေနရတဲ့ ေကာင္မေလးတစ္ေယာက္ အေၾကာင္းကို ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ အဲ့ဒီအျမင္အာ႐ုံေတြေၾကာင့္ပဲ သူမဟာ ေၾကာက္႐ြံ႕ၿပီး အေၾကာေသေနပါတယ္။ ဒါ့အျပင္ သူမရဲ႕ အျမင္အာ႐ုံေတြက တကယ္ျဖစ္လာတဲ့အခ်ိန္မွာေတာ့ သူမရဲ႕ အေျခအေနဟာ ပိုၿပီးေတာ့ ဆိုး႐ြားလာပါေတာ့တယ္။ Annabelle Wallis ၊ Ingrid Bisu နဲ႔ Jake Abel တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(2) Halloween Kills
photo via screenrant

ကိုဗစ္ေၾကာင့္ တစ္ႏွစ္လုံး ေႏွာင့္ေႏွးေနခဲ့တဲ့ Halloween Kills ကေတာ့ ေအာက္တိုဘာလ (၁၅)ရက္ေန႔မွာ ထြက္ရွိလာေတာ့မွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ဟာ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Halloween ရဲ႕ sequel ျဖစ္ၿပီး ပရိသတ္မ်ားစြာက ဒီ႐ုပ္ရွင္ကို ေစာင့္ေမွ်ာ္ေနၾကပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ ဒဏ္ရာရေနတဲ့ Laurie Strode ဟာ လူသတ္သမား Michael Myers ကို တားဆီးဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Jamie Lee Curtis ၊ James Jude Courtney နဲ႔ Kyle Richards တို႔ အဓိက ပါဝင္ထားပါတယ္။ ဒါတင္မကေသးဘဲ ၂၀၂၂ ခုႏွစ္မွာ Halloween Ends ဆိုၿပီး ေနာက္ထပ္တစ္ကား ထြက္ရွိလာဦးမွာပါ။

(3) Last Night In Soho
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ဒါ႐ိုက္တာ Edgar Wright ႐ိုက္ကူးထားတဲ့ စိတၱဇ Horror ႐ုပ္ရွင္အမ်ိဴးအစား ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ ဖက္ရွင္ဒီဇိုင္နာတစ္ေယာက္ဟာ ထူးဆန္းစြာပဲ ၁၉၆၆ ခုႏွစ္ကို ေရာက္သြားပါတယ္။ အဲ့ဒီလိုေရာက္သြားတဲ့ အခ်ိန္မွာေတာ့ သူမရဲ႕စိတ္ဟာ သူမရဲ႕ idol အဆိုေတာ္ျဖစ္တဲ့ Sandy ရဲ႕ ခႏၶာကိုယ္ထဲကို ေရာက္ေနပါတယ္။ ဒါေၾကာင့္ပဲ သူမဟာ အဆိုေတာ္ Sandy အေနနဲ႔ ေနထိုင္ရင္း ဘာေတြဆက္ျဖစ္မလည္းဆိုတာ ၾကည့္ရႈရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Anya Taylor-Joy ၊ Thomasin McKenzie နဲ႔ Matt Smith တို႔က အဓိက ပါဝင္ထားၿပီး ေအာက္တိုဘာလ (၂၉)ရက္ေန႔မွာ ထြက္ရွိလာမွာပါ။

(4) Antlers
photo via screenrant

ဇာတ္လမ္းအစမွာေတာ့ Oregon ဆိုတဲ့ ၿမိဳ႕ငယ္ေလးက ေက်ာင္းဆရာမတစ္ေယာက္ဟာ Lucas ဆိုတဲ့ သူ႔ရဲ႕တပည့္တစ္ေယာက္ကို စိတ္ပူေနတာ ျမင္ေတြ႕ရမွာပါ။ အဲ့ဒီေနာက္မွာေတာ့ Lucas ဟာ သူ႔ရဲ႕အိမ္မွာ သဘာဝလြန္ သတၱဝါေတြကို ေမြးထားေၾကာင္း သိလိုက္ရၿပီး ဒီၿမိဳ႕ေလးကို ဘယ္လိုကံၾကမၼာဆိုးေတြ က်ေရာက္လာမလည္းဆိုတာ ျမင္ေတြ႕ရမွာပါ။ Keri Russell ၊ Jesse Plemons နဲ႔ Jeremy Thomas တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေအာက္တိုဘာလ (၂၉)ရက္မွာပဲ ထြက္ရွိလာမွာပါ။

(5) Resident Evil: Welcome to Raccoon City
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ လူႀကိဳက္မ်ားတဲ့ Resident Evil ဂိမ္းကို Live Action အျဖစ္ ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အသက္ရွင္က်န္တဲ့ လူအနည္းစုဟာ ဇြန္ဘီေတြနဲ႔ တိုက္ခိုက္ေနရင္း Umbrella ေကာ္ပိုေရးရွင္းနဲ႔ ပတ္သက္တဲ့ အမွန္တရားေတြကို ထုတ္ေဖာ္ဖို႔ ႀကိဳးစားၾကတာကို ျမင္ေတြ႕ရမွာပါ။ Robbie Amell ၊ Kaya Scoldeario နဲ႔ Hannah John-Kamen တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ႏိုဝင္ဘာလ (၂၄)ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

(6) There’s Someone Inside Your House
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Makani ဆိုတဲ့ ေကာင္မေလးတစ္ေယာက္ဟာ အထက္တန္းေက်ာင္းၿပီးေအာင္ ဆက္တက္ႏိုင္ဖို႔ ဟာဝိုင္အီၿမိဳ႕ကေန နီဘရာစကာၿမိဳ႕ကို ေျပာင္းလာသူ ျဖစ္ပါတယ္။ ဒီလိုနဲ႔ အထက္တန္းေက်ာင္း ၿပီးဆုံးဖို႔ နီးကပ္လာတဲ့အခ်ိန္မွာေတာ့ သူမနဲ႔ သူမသူငယ္ခ်င္းေတြရဲ႕ အနက္ရႈိင္းဆုံး လွ်ိဳ႕ဝွက္ခ်က္ေတြကို ေဖာ္ထုတ္မယ္လို႔ လူသတ္သမားတစ္ေယာက္က ၿခိမ္းေျခာက္လာပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Sydney Park ၊ Emilija Baranac နဲ႔ Theodore Pellerin တို႔ ပါဝင္ထားၿပီး Netflix ကေန ျပသသြားမွာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ျပသသြားမယ့္ ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။

ဒါကေတာ့ ယခုႏွစ္ ေႏွာင္းပိုင္းမွာ ၾကည့္ရႈရေတာ့မယ့္ horror ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။ အခုလို ႐ုပ္ရွင္ကားသစ္အေၾကာင္းေတြ၊ ႐ုပ္ရွင္နဲ႔ အႏုပညာနယ္ပယ္က သတင္းျဖစ္ရပ္ေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဆံရစ္ဝိုင္းေပ့ခ်္ကို Like & Follow လုပ္ေပးထားပါဦး။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular