HomeEntertainmentFilm၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဝင်ငွေအကောင်းဆုံး Horror ရုပ်ရှင်(၅)ကား

၂၀၂၁ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ ဝင်ငွေအကောင်းဆုံး Horror ရုပ်ရှင်(၅)ကား

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ခုနှစ်ဟာ နှစ်တစ်ဝက်ကျိူးသွားပြီ ဖြစ်ပြီး ၂၀၂၀ ခုနှစ်နဲ့ ယှဉ်လိုက်ရင်‌တော့ ကြည့်စရာရုပ်ရှင်တွေ များစွာ ထွက်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်ဟာ ကမ္ဘာအနှံ့မှာ ဖြစ်ပွားနေသေးတာကြောင့် ရုပ်ရှင်တွေရဲ့ ဝင်ငွေဟာလည်း ခန့်မှန်းထားတာထက် အဆပေါင်းများစွာ နည်းပါးနေပါတယ်။ ဒီလို အခြေအနေတွေကြားထဲမှာတောင် ဝင်ငွေကောင်းကောင်း ရရှိခဲ့တဲ့ ရုပ်ရှင်တွေလည်း ရှိနေပါသေးတယ်။ ဒီတစ်ခါမှာတော့ ၂၀၂၁ ခုနှစ်အတွင်းမှာ ထွက်ရှိထားတဲ့ ဝင်ငွေအကောင်းဆုံး horror ရုပ်ရှင်တွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

(5) Separation
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (4.5) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၄)သန်းခွဲ ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jenny ဆိုတဲ့ အသက် (၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်အကြောင်းကို အဓိက ရိုက်ပြထားတာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမရဲ့အမေဟာ ကားတိုက်ခံရပြီး သေဆုံးသွားပါတယ်။ ဒါကြောင့်လည်း အလွန်ဝမ်းနည်းနေတဲ့ Jenny ကို သူမရဲ့ဖခင်နဲ့ မိခင်ဖြစ်သူရဲ့ ဝိဉာဉ်တို့က စိတ်သက်သာရာရအောင် ပြုလုပ်ပေးခဲ့ပါတယ်။ သရုပ်ဆောင်တွေကတော့ Rupert Friend ၊ Violet McGraw နဲ့ Mamie Gummer တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။

(4) The Unholy
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.0) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၃၀.၈)သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Alice ဆိုတဲ့ နားမကြားရတဲ့ ကောင်မလေးတစ်ယောက်အကြောင်း ဖြစ်ပါတယ်။ ဖြစ်ချင်တော့ တစ်ရက်မှာ  Alice ဟာ ရုတ်တရက်ပဲ နားပြန်ကြားသွားပြီး စကားလည်း ပြောတတ်သွားသလို ဖျားနာနေတဲ့ လူတွေကို ကုသပေးနိုင်တဲ့ စွမ်းအား ရရှိသွားပါတယ်။ Alice ကတော့ ဒီလိုမျိူး ဖြစ်သွားအောင် မယ်တော်မာရီက သူမဆီကို ရောက်လာပြီး ကောင်းချီးပေးခဲ့တယ်လို့ ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ သဘာဝလွန် ဖြစ်နေတာကြောင့် Gerry ဆိုတဲ့ ဂျာနယ်လစ်တစ်ယောက်က အဖြေရှာဖို့ ကြိုးပမ်းပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Jeffrey Dean Morgan ၊ Cricket Brown နဲ့ William Sadler တို့က အဓိက ပါဝင်ထားပါတယ်။

(3) Spiral
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.3) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၄၀.၄)သန်း ရရှိခဲ့ပါတယ်။ ဒီကားကတော့ horror ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ Saw ရုပ်ရှင်ရဲ့ ကိုးကားမြောက် ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Jigsaw လူသတ်သမားအတိုင်း ပုံတူလိုက်လုပ်နေသူ တစ်ယောက်ကို စုံထောက် Zeke Banks က ဖမ်းဆီးဖို့ ကြိုးစားတာကို မြင်တွေ့ရမှာပါ။ သရုပ်ဆောင်တွေကတော့ Chris Rock ၊ Samuel L. Jackson နဲ့ Marisol Nichols တို့ ပါဝင်ထားပါတယ်။

(2) The Conjuring: Devil Made Me Do It
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.4) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၁၆၀.၆)သန်း ရရှိခဲ့ပါတယ်။ ဒီရုပ်ရှင်ကတော့ Conjuring Franchise ရဲ့ ရှစ်ကားမြောက် ရုပ်ရှင် ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မကောင်းဆိုးဝါး ပူးကပ်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ လူသတ်မှုတစ်ခုကို Ed နဲ့ Lorraine Warren တို့က စုံစမ်းဖော်ထုတ်တာကို မြင်တွေ့ရမှာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Patrick Wilson ၊ Vera Farmiga နဲ့ Ruairi O’Connor တို့က အဓိက ပါဝင်ထားပါတယ်။

(1) A Quiet Place: Part II
photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.5) ရရှိထားပြီး ဝင်ငွေကတော့ ဒေါ်လာ (၂၄၈.၅)သန်း ရရှိထားပါတယ်။ ဒီရုပ်ရှင်ရဲ့ အစမှာတော့ ဒီဇာတ်လမ်းထဲက ဗီလိန်ဖြစ်တဲ့ အကောင်ကြီးတွေ ကမ္ဘာပေါ်ကို ရောက်ရှိလာခဲ့တဲ့ နောက်ကြောင်းကို ပြသသွားပါတယ်။ အဲ့ဒီနောက်မှာတော့ ပထမရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ အဖြစ်အပျက်တွေ ပြီးသွားတဲ့အချိန်မှာ သူတို့မိသားစုဟာ အပြင်လောကကြီးမှာ ရှိတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပုံကို ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Emily Blunt ၊ Cillian Murphy နဲ့ John Krasinski တို့က အဓိက ပါဝင်ထားပါတယ်။

ဒါကတော့ ၂၀၂၁ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ horror ရုပ်ရှင်ဇာတ်ကားတွေထဲက လက်ရှိအချိန်အထိ ဝင်ငွေအကောင်းဆုံး ရရှိထားတဲ့ ဇာတ်ကားငါးကားကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာဟာ ကိုဗစ်ကြောင့် စီးပွားရေးတွေ ကျဆင်းပြီး ရုပ်ရှင်ရုံတွေလည်း နိုင်ငံတော်တော်များများမှာ ပြန်မဖွင့်နိုင်သေးတာကြောင့် ယခုနှစ်ရဲ့ ရုံတင်ဝင်ငွေတွေကတော့ ယခင်နှစ်တွေရဲ့ စံချိန်ကို ဘယ်လိုမှ မမှီနိုင်တာ အမှန်ပါပဲ။ သို့သော်လည်း လာမယ့်နှစ်တွေမှာတော့ ဒီထက် အခြေအနေတွေ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၁ ခုႏွစ္ဟာ ႏွစ္တစ္ဝက္က်ိဴးသြားၿပီ ျဖစ္ၿပီး ၂၀၂၀ ခုႏွစ္နဲ႔ ယွဥ္လိုက္ရင္‌ေတာ့ ၾကည့္စရာ႐ုပ္ရွင္ေတြ မ်ားစြာ ထြက္ရွိခဲ့ပါတယ္။ ဒါေပမယ့္လည္း ကိုဗစ္ဟာ ကမာၻအႏွံ႔မွာ ျဖစ္ပြားေနေသးတာေၾကာင့္ ႐ုပ္ရွင္ေတြရဲ႕ ဝင္ေငြဟာလည္း ခန႔္မွန္းထားတာထက္ အဆေပါင္းမ်ားစြာ နည္းပါးေနပါတယ္။ ဒီလို အေျခအေနေတြၾကားထဲမွာေတာင္ ဝင္ေငြေကာင္းေကာင္း ရရွိခဲ့တဲ့ ႐ုပ္ရွင္ေတြလည္း ရွိေနပါေသးတယ္။ ဒီတစ္ခါမွာေတာ့ ၂၀၂၁ ခုႏွစ္အတြင္းမွာ ထြက္ရွိထားတဲ့ ဝင္ေငြအေကာင္းဆုံး horror ႐ုပ္ရွင္ေတြကို ေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

(5) Separation
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (4.5) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၄)သန္းခြဲ ရရွိခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jenny ဆိုတဲ့ အသက္ (၈)ႏွစ္အ႐ြယ္ ေကာင္မေလးတစ္ေယာက္အေၾကာင္းကို အဓိက ႐ိုက္ျပထားတာ ျဖစ္ပါတယ္။ တစ္ရက္မွာေတာ့ သူမရဲ႕အေမဟာ ကားတိုက္ခံရၿပီး ေသဆုံးသြားပါတယ္။ ဒါေၾကာင့္လည္း အလြန္ဝမ္းနည္းေနတဲ့ Jenny ကို သူမရဲ႕ဖခင္နဲ႔ မိခင္ျဖစ္သူရဲ႕ ဝိဉာဥ္တို႔က စိတ္သက္သာရာရေအာင္ ျပဳလုပ္ေပးခဲ့ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Rupert Friend ၊ Violet McGraw နဲ႔ Mamie Gummer တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(4) The Unholy
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (5.0) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၃၀.၈)သန္း ရရွိခဲ့ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Alice ဆိုတဲ့ နားမၾကားရတဲ့ ေကာင္မေလးတစ္ေယာက္အေၾကာင္း ျဖစ္ပါတယ္။ ျဖစ္ခ်င္ေတာ့ တစ္ရက္မွာ  Alice ဟာ ႐ုတ္တရက္ပဲ နားျပန္ၾကားသြားၿပီး စကားလည္း ေျပာတတ္သြားသလို ဖ်ားနာေနတဲ့ လူေတြကို ကုသေပးႏိုင္တဲ့ စြမ္းအား ရရွိသြားပါတယ္။ Alice ကေတာ့ ဒီလိုမ်ိဴး ျဖစ္သြားေအာင္ မယ္ေတာ္မာရီက သူမဆီကို ေရာက္လာၿပီး ေကာင္းခ်ီးေပးခဲ့တယ္လို႔ ေျပာပါတယ္။ ဒီအျဖစ္အပ်က္ဟာ သဘာဝလြန္ ျဖစ္ေနတာေၾကာင့္ Gerry ဆိုတဲ့ ဂ်ာနယ္လစ္တစ္ေယာက္က အေျဖရွာဖို႔ ႀကိဳးပမ္းပါေတာ့တယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Jeffrey Dean Morgan ၊ Cricket Brown နဲ႔ William Sadler တို႔က အဓိက ပါဝင္ထားပါတယ္။

(3) Spiral
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (5.3) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၄၀.၄)သန္း ရရွိခဲ့ပါတယ္။ ဒီကားကေတာ့ horror ပရိသတ္ေတြၾကားမွာ ေရပန္းစားခဲ့တဲ့ Saw ႐ုပ္ရွင္ရဲ႕ ကိုးကားေျမာက္ ႐ုပ္ရွင္ပဲ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ Jigsaw လူသတ္သမားအတိုင္း ပုံတူလိုက္လုပ္ေနသူ တစ္ေယာက္ကို စုံေထာက္ Zeke Banks က ဖမ္းဆီးဖို႔ ႀကိဳးစားတာကို ျမင္ေတြ႕ရမွာပါ။ သ႐ုပ္ေဆာင္ေတြကေတာ့ Chris Rock ၊ Samuel L. Jackson နဲ႔ Marisol Nichols တို႔ ပါဝင္ထားပါတယ္။

(2) The Conjuring: Devil Made Me Do It
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (6.4) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၁၆၀.၆)သန္း ရရွိခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ Conjuring Franchise ရဲ႕ ရွစ္ကားေျမာက္ ႐ုပ္ရွင္ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မေကာင္းဆိုးဝါး ပူးကပ္မႈေၾကာင့္ ျဖစ္ေပၚခဲ့တဲ့ လူသတ္မႈတစ္ခုကို Ed နဲ႔ Lorraine Warren တို႔က စုံစမ္းေဖာ္ထုတ္တာကို ျမင္ေတြ႕ရမွာပါ။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Patrick Wilson ၊ Vera Farmiga နဲ႔ Ruairi O’Connor တို႔က အဓိက ပါဝင္ထားပါတယ္။

(1) A Quiet Place: Part II
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ IMDb (7.5) ရရွိထားၿပီး ဝင္ေငြကေတာ့ ေဒၚလာ (၂၄၈.၅)သန္း ရရွိထားပါတယ္။ ဒီ႐ုပ္ရွင္ရဲ႕ အစမွာေတာ့ ဒီဇာတ္လမ္းထဲက ဗီလိန္ျဖစ္တဲ့ အေကာင္ႀကီးေတြ ကမာၻေပၚကို ေရာက္ရွိလာခဲ့တဲ့ ေနာက္ေၾကာင္းကို ျပသသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ ပထမ႐ုပ္ရွင္မွာ ပါဝင္ခဲ့တဲ့ အျဖစ္အပ်က္ေတြ ၿပီးသြားတဲ့အခ်ိန္မွာ သူတို႔မိသားစုဟာ အျပင္ေလာကႀကီးမွာ ရွိတဲ့ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရပုံကို ပုံေဖာ္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ Emily Blunt ၊ Cillian Murphy နဲ႔ John Krasinski တို႔က အဓိက ပါဝင္ထားပါတယ္။

ဒါကေတာ့ ၂၀၂၁ခုႏွစ္အတြင္း ထြက္ရွိခဲ့တဲ့ horror ႐ုပ္ရွင္ဇာတ္ကားေတြထဲက လက္ရွိအခ်ိန္အထိ ဝင္ေငြအေကာင္းဆုံး ရရွိထားတဲ့ ဇာတ္ကားငါးကားကို ေဖာ္ျပေပးထားတာ ျဖစ္ပါတယ္။ လက္ရွိကမာၻဟာ ကိုဗစ္ေၾကာင့္ စီးပြားေရးေတြ က်ဆင္းၿပီး ႐ုပ္ရွင္႐ုံေတြလည္း ႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာ ျပန္မဖြင့္ႏိုင္ေသးတာေၾကာင့္ ယခုႏွစ္ရဲ႕ ႐ုံတင္ဝင္ေငြေတြကေတာ့ ယခင္ႏွစ္ေတြရဲ႕ စံခ်ိန္ကို ဘယ္လိုမွ မမွီႏိုင္တာ အမွန္ပါပဲ။ သို႔ေသာ္လည္း လာမယ့္ႏွစ္ေတြမွာေတာ့ ဒီထက္ အေျခအေနေတြ ပိုေကာင္းလာလိမ့္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular