HomeCelebs Update NewsInternational2021 Met Gala ပွဲမှာ တွေ့လိုက်ရတဲ့ အမျိုးသမီးဆယ်လီတွေရဲ့ အလှပဆုံးဖက်ရှင်များ 

2021 Met Gala ပွဲမှာ တွေ့လိုက်ရတဲ့ အမျိုးသမီးဆယ်လီတွေရဲ့ အလှပဆုံးဖက်ရှင်များ 

၂၀၂၁ ခုနှစ်ရဲ့ Met Gala ပွဲကတော့ ထိတ်ထိတ်ကြဲ နာမည်ကျော်တွေနဲ့ ခမ်းနားစွာ ကျင်းပနေတာ ဖြစ်ပါတယ်။ Costume Institute Benefit လို့လည်း သိကြတဲ့ Met Gala ပွဲဟာ ကမ္ဘာကျော်ဆယ်လီတွေရဲ့ ဖက်ရှင်တွေ အပြိုင်အဆိုင် ကြဲတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ theme ကတော့ In America: A Lexicon of Fashion ဖြစ်ပြီး ပွဲကို တက်ရောက်လာကြသူတွေဟာလည်း ခမ်းနားထည်ဝါလွန်းတဲ့ ဖက်ရှင်တွေနဲ့ တက်ရောက်လာကြတာ တွေ့ရပါတယ်။ ပွဲကို host အဖြစ် တင်ဆက်ပေးခဲ့သူတွေကတော့ Billie Eilish ၊ Timothée Chalamet ၊ Naomi Osaka နဲ့ Amanda Gorman တို့ပဲ ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ Met Gala ပွဲမှာ တွေ့ရတဲ့ အလှပဆုံး ဖက်ရှင်တွေကို ဝတ်ဆင်လာကြတဲ့ အမျိုးသမီးဆယ်လီတွေကို ဖော်ပြပေးလိုက်ပါတယ်။

Jennifer Lopez
Photo Credit: Matt Baron/ Shutter Stock

JLo ကတော့ V-shape လည်ပင်းဟိုက်နဲ့ ပေါင်တံတွေကို အသားပေးထားတဲ့ ကွဲကြောင်းပါဝင်တဲ့ dress အရှည်ကြီးကို ဝတ်ဆင်လာပါတယ်။ သူမဖက်ရှင်ရဲ့ ထူးခြားချက်ကတော့ ကောင်းဘွိုင်မလေးလို အသွင်ဖမ်းထားတဲ့ ကောင်းဘွိုင်ဦးထုပ်နဲ့ အနက်ရောင် ငှက်မွေးကုတ်အင်္ကျီတို့ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံအရိုက်ခံချိန်မှာတော့ အပေါ်က ကုတ်အင်္ကျီကို ချွတ်ပြီး dress ရဲ့အလှကို အသားပေးထားတာ တွေ့ရပါတယ်။

Kendall Jenner
Photo Credit: Matt Baron/ Shutter Stock

Kendall ကတော့ ဂန္ထဝင်မင်းသမီးကြီး Audrey Hepburn ရဲ့ My Fair Lady ထဲက အသွင်မျိုး မှီငြမ်းပြီး ဝတ်ဆင်လာတာ တွေ့ရပါတယ်။ ပါးလွှာတဲ့ ဂါဝန်ပေါ်မှာ ခရစ်စတယ်လ်ကျောက်တွေနဲ့ အလှဆင်ထားတဲ့ dress ကြောင့် Kendall ကတော့ နန်းဆန်ဆန်နဲ့ လှပနေတယ်ဆိုတာ ငြင်းမရပါဘူး။

Gigi Hadid
Photo Credit: Matt Baron/ Shutter Stock

Gigi ကတော့ အဖြူရောင် ကိုယ်လုံးပေါ် ဂါဝန်အဖြူနဲ့ အနက်ရောင် လက်အိတ်တွေကို တွဲဖက်ဆင်မြန်းလာပြီး ကာတွန်းဇာတ်ကောင် Jessica Rabbit နဲ့တောင် ဆင်ဆင်တူနေပါသေးတယ်။

Megan Fox
Photo Credit: Matt Baron/ Shutter Stock

ယခုနှစ် Met Gala ရဲ့ ညမှာ အားလုံးရဲ့ အာရုံတွေကို ဆွဲဆောင်ဖမ်းစားသွားသူတစ်ဦးကတော့ Megan Fox ဖြစ်ပါတယ်။ သူမရဲ့ အနီရောင် dress နဲ့ အပြင်းစားညို့အားတွေကို ထုတ်လွှတ်နေတာကတော့ ဆယ်လီတွေကြားထဲမှာတောင် ထင်းခနဲပါပဲ။

Olivia Rodrigo
Photo Credit: Matt Baron/ Shutter Stock

Olivia ကတော့ ပါးလွှာတဲ့ ဇာ bodysuit လေးနဲ့ သူမရဲ့ ခန္ဓာကိုယ်အလှကို ဖော်ပြထားပါတယ်။

Billie Eilish
Photo Credit: Stephen Lovekin/ Shutter Stock

Billie ကတော့ ဒီညရဲ့ host လည်း ဖြစ်တာနဲ့အညီ အလှပဆုံးနဲ့ အထင်ရှားဆုံး Gown ကို ဆင်မြန်းထားတာ တွေ့ရပါတယ်။ သူမ ဆင်မြန်းလာတဲ့ ဖက်ရှင်ကတော့ Marilyn Monroe ရဲ့ သွင်ပြင်ကို မှီငြမ်းထားတာ ဖြစ်ပါတယ်။

Maisie Williams
Photo Credit: Matt Baron/ Shutter Stock

Maisie ကတော့ ရုတ်တရက် ကြည့်ရင် မမှတ်မိနိုင်လောက်အောင်ပဲ အနက်ရောင်ဝမ်းဆက်နဲ့ အမိုက်စား ဂေါ်နေတာကို တွေ့ရပါတယ်။

Jennifer Hudson
Photo Credit: Stephen Lovekin/ Shutter Stock

Jennifer ကတော့ ရေသူမအမြီးလို အောက်ပိုင်းကားသွားတဲ့ အနီရောင် dress နဲ့အတူ လူကြားထဲမှာ ထင်းခနဲ ဖြစ်စေမယ့် ဧရာမ အနီရောင်ကုတ်အင်္ကျီနဲ့ သူမရဲ့ look ကို ပြီးပြည့်စုံစေတာ တွေ့ရပါတယ်။

Lili Reinhart
Photo Credit: Evan Agostini

Lili ကတော့ corset ပုံစံအောက်ခံ ဂါဝန်အတိုလေးပေါ်မှာ ပါးလွှာတဲ့ ပန်းရောင်ဂါဝန်စနဲ့အတူ ပန်းပွင့်၊ ပွင့်ဖတ်လေးတွေနဲ့ လှပစွာ ဆင်ယင်ထားတဲ့ ဖက်ရှင်ကို ဆင်မြန်းလာတာ တွေ့ရပါတယ်။

Irina Shayk
Photo Credit: Matt Baron/ Shutter Stock

Irina ဟာလည်း Lili Reinhart ရဲ့ ဖက်ရှင်နဲ့ အလားတူတဲ့ ဖက်ရှင်မျိုးကို ဆင်မြန်းလာတာ တွေ့ရပါတယ်။ သူမကတော့ ပါးလျတဲ့ အသားရောင်ပိတ်စပေါ်မှာ ပန်းပွင့်လေးတွေနဲ့ အလှဆင်ထားတဲ့ gown တစ်ခုကို ဝတ်ဆင်လာပြီး အောက်ခံကတော့ corset ပုံစံ ဖြစ်ပါတယ်။

Kaia Gerber
Photo Credit: Stephen Lovekin/ Shutter Stock

Kaia ကတော့ ရိုးရှင်းတဲ့ အနက်ရောင်ဂါဝန်လေးနဲ့ ကျက်သရေရှိစွာ လှပနေတာ တွေ့ရပါတယ်။

Lorde
Photo Credit: Matt Baron/ Shutter Stock

Lorde ကတော့ Met Gala ရဲ့ အနှစ်သာရကို ပေါ်လွင်စေမယ့် ဖက်ရှင်ဆင်မြန်းမှုနဲ့ ပွဲတက်လာတာ တွေ့ရပါတယ်။ ရိုးရှင်းတဲ့ ခရင်မ်ရောင် အင်္ကျီနဲ့ စကပ်ကို တွဲဖက်ထားပြီး သူမရဲ့ ကျစ်လျစ်တောင့်တင်းတဲ့ ဝမ်းဗိုက်သားတွေကို လှစ်ဟပြထားတာ တွေ့ရပါတယ်။ သူမရဲ့ look ကို ပြည့်စုံသွားစေတာကတော့ လှပတဲ့ သရဖူကြောင့်ပါပဲ။

Karlie Kloss
Photo Credit: Matt Baron/ Shutter Stock

သူမရဲ့ ဖက်ရှင်ကတော့ အနီရောင်တောက်ပနေတဲ့ ကိုယ်ကျပ် dress အတိုလေးကို train အရှည်ကြီးနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ မိန်းမသားဆန်ပြီး ညို့အားပြင်းတဲ့ သူမရဲ့ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေဖို့ V-shape လည်ပင်းဟိုက်နဲ့ ပေါင်တံတွေကို အသားပေးထားတာ တွေ့ရပါတယ်။

ဒါကတော့ ယခုနှစ် Met Gala ပွဲမှာ တွေ့ရတဲ့ အမိုက်စားဖက်ရှင်တွေထဲက မြင်သူငေးရမယ့် အလှပဆုံးဖက်ရှင်အချို့ကို ရွေးချယ်ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ဘယ်သူက စာဖတ်သူတို့ရဲ့ အကြိုက်ဆုံးဆယ်လီလည်းဆိုတာ ပြောပြခဲ့ပါဦး။

Glasgow

Source: hollywoodlife

RELATED ARTICLES

Most Popular