HomeEntertainmentFilm2021 Primetime Emmy Awards မှာ ဆွတ်ခူးသွားကြတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲများ 

2021 Primetime Emmy Awards မှာ ဆွတ်ခူးသွားကြတဲ့ နာမည်ကျော်ဇာတ်လမ်းတွဲများ 

၂၀၂၁ ခုနှစ်ရဲ့ (၇၃)ကြိမ်မြောက် Primetime Emmy Awards ကတော့ မနေ့က တနင်္ဂနွေညမှာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီး streaming giant တွေဖြစ်တဲ့ Netflix ၊ HBO နဲ့ Disney Plus တို့အတွက် အကြီးအကျယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဆုပေးပွဲ ညတစ်ညလည်း ဖြစ်ပါတယ်။ ယခုနှစ်ရဲ့ ဆုချီးမြှင့်ပွဲကိုတော့ ကန့်သတ်လူဦးရေသာ တက်ရောက်စေပြီး ကိုဗစ်စည်းမျဉ်းနဲ့အညီ social distancing လုပ်ပြီး ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ပွဲအခမ်းအနားကိုတော့ Cedric the Entertainer နဲ့ DJ ‘d by Reggie Watts တို့က host အဖြစ် ဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ယခုနှစ်အတွက် အကျိတ်အနယ် ယှဉ်ပြိုင်ခဲ့ရတဲ့ ဇာတ်လမ်းတွဲနှစ်ခုကတော့ Netflix ရဲ့ The Crown နဲ့ Disney Plus ရဲ့ The Mandalorian တို့ပဲ ဖြစ်ပါတယ်။ ဒီစီးရီးနှစ်ခုလုံးဟာ စံကာတင်(၂၄)ခုနဲ့ သားရေကျနေခဲ့ပေမယ့် The Crown ဟာ Emmy (၇)ဆုနဲ့ အိမ်ပြန်ခရီး လှပခဲ့ပြီး The Mandalorian ကတော့ တစ်ဆုမှ မရရှိခဲ့ပါဘူး။

Netflix ဟာ The Queen’s Gambit နဲ့ Emmy (၂)ဆု၊ Halston နဲ့ Emmy (၁)ဆုကိုလည်း ထပ်မံရရှိခဲ့ပါသေးတယ်။ HBO ကလည်း Hacks နဲ့ Emmy (၃)ဆု၊ I May Destroy You နဲ့ Emmy (၁)ဆု၊ Last Week Tonight နဲ့ Emmy (၂)ဆု၊ Mare of Easttown နဲ့ Emmy (၃)ဆု ရရှိခဲ့ပါတယ်။

Disney Plus ကတော့ ယခုတစ်ကြိမ် Emmy ဆုပေးပွဲမှာ သိပ်ပြီးကံမကောင်းခဲ့ပါဘူး။ တနင်္ဂနွေညရဲ့ Primetime Emmy မှာ WandaVision ဇာတ်လမ်းတွဲဟာလည်း တစ်ဆုမှ မရရှိခဲ့ပါဘူး။ သို့သော်လည်း ဒီဇာတ်လမ်းတွဲဟာ ပြီးခဲ့တဲ့ တစ်ပတ်က ကျင်းပခဲ့တဲ့ Creative Arts Emmy ဆုပေးပွဲမှာတော့ Marvel အတွက် ပထမဆုံး Emmy ဆုကို ရရှိခဲ့ပါတယ်။

စံကာတင်စာရင်းမှာ ဟော့နေခဲ့တဲ့ အခြားဇာတ်လမ်းတွဲတွေဖြစ်တဲ့ The Flight Attendant ၊ The Handmaid’s Tale နဲ့ Lovecraft Country တို့ကတော့ ယခုနှစ်ရဲ့ Primetime Emmy မှာ ဆုနဲ့လွဲခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ Primetime Emmy Awards ကို ဆွတ်ခူးသွားသူတွေကိုတော့ အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Outstanding Drama
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ခဲ့ကြတဲ့ ဇာတ်လမ်းတွဲတွေကတော့ The Boys ၊ Bridgerton ၊ The Crown ၊ The Handmaid’s Tale ၊ Lovecraft Country ၊ The Mandalorian ၊ Pose နဲ့ This Is Us တို့ ဖြစ်ပါတယ်။ Outstanding Drama ဆုကို အိမ်ပြန်သယ်နိုင်ခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ The Crown ဖြစ်ပါတယ်။

Outstanding Lead Actress in A Drama
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ခဲ့ကြတဲ့ ဇာတ်ဆောင်အမျိုးသမီးတွေကတော့ Uzo Aduba (In Treatment) ၊ Olivia Colman (The Crown) ၊ Emma Corrin (The Crown) ၊ Elisabeth Moss (The Handmaid’s Tale) ၊ Mj Rodriguez (Pose) နဲ့ Jurnee Smollett (Lovecraft Country) တို့ ဖြစ်ပါတယ်။ Drama ဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Olivia Colman က The Crown ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။

Outstanding Lead Actor in A Drama
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ခဲ့ကြတဲ့ ဇာတ်ဆောင်အမျိုးသားတွေကတော့ Sterling K. Brown (This Is Us) ၊ Jonathan Majors (Lovecraft Country) ၊ Josh O’Connor (The Crown) ၊ Rége-Jean Page (Bridgerton) ၊ Billy Porter (Pose) နဲ့ Matthew Rhys (Perry Mason) တို့ ဖြစ်ပါတယ်။ Drama ဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Josh O’Connor က The Crown ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။

Outstanding Supporting Actress in A Drama
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ခဲ့ကြတဲ့ ဇာတ်ပို့အမျိုးသမီးတွေကတော့ Gillian Anderson (The Crown) ၊ Helena Bonham Carter (The Crown) ၊ Madeline Brewer (The Handmaid’s Tale) ၊ Ann Dowd (The Handmaid’s Tale) ၊ Aunjanue Ellis (Lovecraft Country) ၊ Emerald Fennell (The Crown) ၊ Yvonne Starhovski (The Handmaid’s Tale) နဲ့ Samira Wiley (The Handmaid’s Tale) တို့ ဖြစ်ပါတယ်။ Drama ဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Gillian Anderson က The Crown ဇာတ်လမ်းတွဲနဲ့ ရရှိခဲ့ပါတယ်။

Outstanding Supporting Actor in A Drama
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ခဲ့ကြတဲ့ ဇာတ်ပို့ အမျိုးသားသရုပ်ဆောင်တွေကတော့ Giancarlo Esposito (The Mandalorian) ၊ O-T Fagbenle (The Handmaid’s Tale) ၊ John Lithgow (Perry Mason) ၊ Tobias Menzies (The Crown) ၊ Max Minghella (The Handmaid’s Tale) ၊ Chris Sullivan (This Is Us) ၊ Bradley Whitford (The Handmaid’s Tale) နဲ့ Michael K. Williams (Lovecraft Country) တို့က ဖြစ်ပါတယ်။ Drama ဇာတ်လမ်းတွဲရဲ့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Tobias Menzies က The Crown ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။

Outstanding Limited or Anthology Series
Photo via screenrant

ဒီ category အတွက် စံကာတင်ဝင်ထားတဲ့ limited series တွေကတော့ I May Destroy You ၊ Mare of Easttown ၊ The Queen’s Gambit ၊ The Underground Railroad နဲ့ WandaVision တို့ ဖြစ်ပါတယ်။ အကောင်းဆုံး limited series ဆုကို ဆွတ်ခူးသွားတဲ့ ဇာတ်လမ်းတွဲကတော့ The Queen’s Gambit ဖြစ်ပါတယ်။

Lead Actress in A Limited/ Anthology Series or Movie
Photo via screenrant

ဒီ category မှာ စံကာတင်ဝင်ထားတဲ့ အမျိုးသမီးဇာတ်ဆောင်တွေကတော့ Michaela Coel (I May Destroy You) ၊ Cynthia Erivo (Genius: Aretha) ၊ Elizabeth Olsen (WandaVision) ၊ Anya-Taylor Joy (The Queen’s Gambit) နဲ့ Kate Winslet (Mare of Easttown) တို့ ဖြစ်ပါတယ်။ limited series မှာ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားသူကတော့ Mare of Easttown မှာ ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ Kate Winslet ပဲ ဖြစ်ပါတယ်။

Lead Actor in A Limited/ Anthology Series or Movie
Photo via screenrant

ဒီ category မှာ စံကာတင်ဝင်ထားတဲ့ အမျိုးသားဇာတ်ဆောင်တွေကတော့ Paul Bettany (WandaVision) ၊ Hugh Grant (The Undoing) ၊ Lin-Manuel Miranda (Hamilton) ၊ Ewan McGregor (Halston) နဲ့ Leslie Odom, Jr. (Hamilton) တို့ ဖြစ်ပါတယ်။ limited series မှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးသွားသူကတော့ Halston မှာ ပီပြင်စွာ သရုပ်ဆောင်ထားတဲ့ Ewan McGregor ပဲ ဖြစ်ပါတယ်။

Supporting Actress in A Limited/ Anthology Series or Movie
Photo via screenrant

ဒီ category မှာ စံကာတင်ဝင်ထားတဲ့ အမျိုးသမီးဇာတ်ပို့တွေကတော့ Jean Smart (Mare of Easttown) ၊ Julianne Nicholson (Mae of Easttown) ၊ Kathryn Hahn (WandaVision) ၊ Phillipa Soo (Hamilton) ၊ Renee Elise Goldsberry (Hamilton) နဲ့ Moses Ingram (The Queen’s Gambit) တို့ ဖြစ်ပါတယ်။ limited series မှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို Julianne Nicholson က Mare of Easttown ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။

Supporting Actor in A Limited/ Anthology Series or Movie
Photo via screenrant

ဒီ category မှာ စံကာတင်ဝင်ထားတဲ့ အမျိုးသားဇာတ်ပို့တွေကတော့ Daveed Diggs (Hamilton) ၊ Jonathan Groff (Hamilton) ၊ Anthony Ramos (Hamilton) ၊ Thomas Brodie-Sangster (The Queen’s Gambit) ၊ Evan Peters (Mare of Easttown) နဲ့ Paapa Essiedu (I May Destroy You) တို့ ဖြစ်ပါတယ်။ limited series မှာ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို Evan Peters က Mare of Easttown ဇာတ်လမ်းတွဲနဲ့ ရရှိသွားပါတယ်။

Outstanding Comedy
Photo via screenrant

အကောင်းဆုံး ဟာသဇာတ်လမ်းတွဲ category မှာတော့ Black-ish ၊ Cobra Kai ၊ Emily in Paris ၊ Hacks ၊ The Flight Attendant ၊ The Kominsky Method ၊ Pen15 နဲ့ Ted Lasso တို့က စံကာတင်ဝင်ထားပါတယ်။ ဒီဆုကို ဆွတ်ခူးသွားတဲ့ ဟာသဇာတ်လမ်းတွဲကတော့ Ted Lasso ဖြစ်ပါတယ်။

Outstanding Lead Actress in A Comedy
Photo via screenrant

ဟာသဇာတ်လမ်းတွဲမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို စံကာတင်ဝင်ထားသူတွေကတော့ Aidy Bryant (Shrill) ၊ Kaley Cuoco (The Flight Attendant) ၊ Allison Janney (Mom) ၊ Tracee Ellis Ross (Black-ish) နဲ့ Jean Smart (Hacks) တို့ ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးသွားတဲ့ အမျိုးသမီးဇာတ်ဆောင်ကတော့ Hacks ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Jean Smart ဖြစ်ပါတယ်။

Outstanding Lead Actor in A Comedy
Photo via screenrant

ဟာသဇာတ်လမ်းတွဲမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို စံကာတင်ဝင်ထားသူတွေကတော့ Anthony Anderson (Black-ish) ၊ Michael Douglas (The Kominsky Method) ၊ William H. Macy (Shameless) ၊ Jason Sudeikis (Ted Lasso) နဲ့ Kenan Thompson (Kenan) တို့ ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးသွားတဲ့ အမျိုးသားဇာတ်ဆောင်ကတော့ Ted Lasso ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Jason Sudeikis ဖြစ်ပါတယ်။

Outstanding Supporting Actress in A Comedy
Photo via screenrant

ဟာသဇာတ်လမ်းတွဲအတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို စံကာတင်ဝင်ထားသူတွေကတော့ Aidy Bryant (Saturday Night Live) ၊ Hannah Einbinder (Hacks) ၊ Kate McKinnon (Saturday Night Live) ၊ Rosie Perez (The Flight Attendant) ၊ Cecily Strong (Saturday Night Live) ၊ Juno Temple (Ted Lasso) နဲ့ Hannah Waddingham (Ted Lasso) တို့ ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးသွားတဲ့ အမျိုးသမီးဇာတ်ပို့ကတော့ Ted Lasso ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Hannah Waddingham ဖြစ်ပါတယ်။

Outstanding Supporting Actor in A Comedy
Photo via screenrant

ဟာသဇာတ်လမ်းတွဲအတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို စံကာတင်ဝင်ထားသူတွေကတော့ Carl Clemons-Hopkins (Hacks) ၊ Brett Goldstein (Ted Lasso) ၊ Brendan Hunt (Ted Lasso) ၊ Nick Mohammed (Ted Lasso) ၊ Paul Reiser (The Komisky Method) ၊ Jeremy Swift (Ted Lasso) ၊ Kenan Thompson (Saturday Night Live) နဲ့ Bowen Yang (Saturday Night Live) တို့ ဖြစ်ပါတယ်။ ဒီဆုကို ဆွတ်ခူးသွားတဲ့ အမျိုးသားဇာတ်ပို့ကတော့ Ted Lasso ဇာတ်လမ်းတွဲမှာ ပါဝင်ထားတဲ့ Brett Goldstein  ဖြစ်ပါတယ်။

ဒါကတော့ ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၇၃)ကြိမ်မြောက် Primetime Emmy Awards မှာ ဆွတ်ခူးသွားကြတဲ့ အဓိကဆုတွေ ဖြစ်ပါတယ်။ အခုလို ရုပ်ရှင်နဲ့ ဖျော်ဖြေရေးဆိုင်ရာ ဆောင်းပါး၊ သတင်းတွေ ဖတ်ရတာ နှစ်သက်ရင်တော့ ဆံရစ်ဝိုင်းပေ့ချ်ကို Like & Follow လုပ်ပေးထားပါဦး။

Glasgow

Source: screenrant

RELATED ARTICLES

Most Popular