HomeEntertainmentFilm၂၀၂၁ နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းကောင်းများ

၂၀၂၁ နှောင်းပိုင်းမှာ ထွက်ရှိလာမယ့် စိတ်ကူးယဉ်သိပ္ပံ ဇာတ်လမ်းကောင်းများ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

၂၀၂၁ ရဲ့ နှောင်းပိုင်းမှာတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်ကားကောင်းတွေ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းကတော့ ကိုဗစ်ကြောင့် ရုပ်ရှင်ရိုက်ကူးရေးတွေ ရပ်နားခဲ့ကြပြီး ရုံတင်ရက်တွေလည်း ရွှေ့ခဲ့ရတာကြောင့် ရုပ်ရှင်အသစ် အနည်းငယ်ပဲ ထွက်ရှိခဲ့ပါတယ်။ အခုချိန်မှာတော့ တချို့နိုင်ငံတွေမှာ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်တာကြောင့် ရုပ်ရှင်ကားကောင်းတွေကို ကြည့်ရှုရတော့မှာပဲ ဖြစ်ပါတယ်။

(1) Venom: Let There Be Carnage
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၈ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Venom ရုပ်ရှင်ရဲ့ အဆက်ပဲ ဖြစ်ပါတယ်။ Marvel ကောမစ်ထဲက Venom ရဲ့ အကြီးမားဆုံး ရန်သူတစ်ယောက် ဖြစ်တဲ့ Carnage လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အဓိကဇာတ်ကောင် ဖြစ်တဲ့ Eddie Brock ကတော့ Venom နဲ့အတူ ယှဉ်တွဲနေထိုင်ရင်း Carnage နဲ့ ရင်ဆိုင်ရမှာပါ။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Tom Hardy ၊ Woody Harrelson နဲ့ Michelle Williams တို့ ဖြစ်ပြီး စက်တင်ဘာလ (၁၆) ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

(2) Dune
photo via screenrant

ဒီရုပ်ရှင်ကတော့ စာရေးဆရာ Frank Herbert ရေးသားပြီး ၁၉၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dune ဆိုတဲ့ နာမည်ကြီး စိတ်ကူးယဉ်သိပ္ပံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကိုများစွာ မျှော်လင့်ထားပြီး ကြည့်ရှုဖို့ စောင့်ဆိုင်းနေကြပါတယ်။

ဇာတ်လမ်းအကျဉ်းကတော့ Paul Atreides ဟာ Arrakis ဂြိုဟ်ပေါ်မှာ နယ်ခံတွေရဲ့ အကူအညီရရှိအောင် ကြိုးစားနေတာကို တွေ့ရမှာပါ။ အကြောင်းကတော့ အဲ့ဒီဂြိုဟ်ကြီးကို အုပ်စိုးဖို့အတွက် Paul ရဲ့အဖေကို သစ္စာဖောက်သွားတဲ့ တော်ဝင်မျိူးနွယ်တွေနဲ့ တိုက်ခိုက်ရမှာကြောင့် ဖြစ်ပါတယ်။ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Timothee Chalamet ၊ Josh Brolin ၊ Dave Bautista ၊ Zendaya ၊ Jason Momoa နဲ့ Rebecca Ferguson တို့ အဓိက ပါဝင်ထားပြီး အောက်တိုဘာလ (၂၂)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(3) Ron’s Gone Wrong
photo via screenrant

ဒီဇာတ်ကားကိုတော့ Disney က ထုတ်လုပ်သွားမှာဖြစ်ပြီး အောက်တိုဘာလ (၂၂)ရက်နေ့မှာပဲ ရုံတင်သွားမှာပါ။ Barney လို့ခေါ်တဲ့ ရှက်ကြောက်တတ်တဲ့ အလယ်တန်းကျောင်းသားလေးနဲ့ Ron လို့ခေါ်တဲ့ စက်ရုပ်လေးတစ်ရုပ်အကြောင်းကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဆိုရှယ်မီဒီယာခေတ်ကို ပြသသွားမှာ ဖြစ်ပြီး လူမှုဆက်ဆံရေးတွေအပေါ်မှာ ဆိုရှယ်မီဒီယာတွေက ဘယ်လိုသက်ရောက်မှု ရှိနေလည်းဆိုတာကို မြင်တွေ့ရမှာပါ။

(4) Eternals
photo via screenrant

ဒီရုပ်ရှင်ထဲမှာတော့ Angelina Jolie ၊ Salma Hayek ၊ Richard Madden ၊ Kumail Nanjiani ၊ Gemma Chan ၊ Kit Harington ၊ Barry Keoghan ၊ Lauren Ridloff ၊ Brian Tyree Henry ၊ Don Lee နဲ့ Lia McHugh တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲမှာတော့ Celestial တွေ ဖန်တီးခဲ့တဲ့ Eternal တွေကို မြင်တွေ့ရမှာပါ။ Eternal တွေဟာ တကွဲတပြားစီ ဖြစ်နေပေမယ့်လည်း Deviant တွေလက်ထဲက လူသားတွေကို ကာကွယ်ဖို့အတွက် ပြန်လည်ဆုံစည်းကြမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ နိုဝင်ဘာလ (၅)ရက်နေ့မှာ ရုံတင်သွားမယ်လို့ သိရပါတယ်။

(5) Ghostbusters: Afterlife
photo via screenrant

ဒီရုပ်ရှင်ကတော့ ၂၀၁၆ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ghostbusters ရဲ့ sequel ပဲ ဖြစ်ပါတယ်။ Ghostbusters ရဲ့ မူလသရုပ်ဆောင်အချို့လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်သလို Paul Rudd ၊ Finn Wolfhard နဲ့ Mckenna Grace တို့လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိသားစုတစ်စုဟာ သူတို့ရဲ့ ဘိုးဘေးတွေက Ghostbuster တွေ ဖြစ်နေတာကို သိလိုက်ရပြီးနောက် သဘာဝလွန်အန္တရာယ်တွေကနေ လူသားတွေကို ကာကွယ်ရမယ့် တာဝန်ဟာ သူတို့ရဲ့ ပုခုံးပေါ်ကို ကျရောက်လာပါတယ်။ ဒီရုပ်ရှင်ကတော့ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ ထွက်ရှိလာမှာပါ။

(6) Resident Evil: Welcome to Raccoon City
photo via screenrant

ဒီရုပ်ရှင်ကလည်း လူကြိုက်များတဲ့ Resident Evil ဂိမ်းကို Live Action အဖြစ် ပြန်လည်ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက်ရှင်ကျန်တဲ့ လူအနည်းစုဟာ ဇွန်ဘီတွေနဲ့ တိုက်ခိုက်နေရင်း Umbrella ကော်ပိုရေးရှင်းနဲ့ ပတ်သက်တဲ့ အမှန်တရားတွေကို ထုတ်ဖော်ဖို့ ကြိုးစားကြတာကို မြင်တွေ့ရမှာပါ။ Robbie Amell ၊ Kaya Scoldeario နဲ့ Hannah John-Kamen တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး နိုဝင်ဘာလ (၂၄)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။

(7) Spider-Man: No Way Home
photo via screenrant

ဒီရုပ်ရှင်ကတော့ လက်ရှိမှာ စူပါဟီးရိုးပရိသတ်တွေ စိတ်အဝင်စားဆုံးဖြစ်နေတဲ့ ရုပ်ရှင်တစ်ကားလို့တောင် ပြောလို့ရပါတယ်။ လောလောဆယ်မှာတော့ Marvel ဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းနဲ့ ပတ်သက်တဲ့ ဘယ်အချက်ကိုမှ မကြေညာသေးသလို ထွေလာလည်း မထွက်ရှိလာသေးပါဘူး။ Tom Holland ၊ Zendaya နဲ့ Benedict Cumberbatch တို့ကတော့ သေချာပေါက် ပါဝင်လာမယ့် သရုပ်ဆောင်တွေ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဒီဇင်ဘာလ (၁၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

၂၀၂၁ ရဲ႕ ေႏွာင္းပိုင္းမွာေတာ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ေနၾကတဲ့ စိတ္ကူးယဥ္သိပၸံ ႐ုပ္ရွင္ကားေကာင္းေတြ ထြက္ရွိလာဦးမွာ ျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္တုန္းကေတာ့ ကိုဗစ္ေၾကာင့္ ႐ုပ္ရွင္႐ိုက္ကူးေရးေတြ ရပ္နားခဲ့ၾကၿပီး ႐ုံတင္ရက္ေတြလည္း ေ႐ႊ႕ခဲ့ရတာေၾကာင့္ ႐ုပ္ရွင္အသစ္ အနည္းငယ္ပဲ ထြက္ရွိခဲ့ပါတယ္။ အခုခ်ိန္မွာေတာ့ တခ်ိဳ႕ႏိုင္ငံေတြမွာ ႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ေနၿပီ ျဖစ္တာေၾကာင့္ ႐ုပ္ရွင္ကားေကာင္းေတြကို ၾကည့္ရႈရေတာ့မွာပဲ ျဖစ္ပါတယ္။

(1) Venom: Let There Be Carnage
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၈ ခုႏွစ္တုန္းက ထြက္ရွိခဲ့တဲ့ Venom ႐ုပ္ရွင္ရဲ႕ အဆက္ပဲ ျဖစ္ပါတယ္။ Marvel ေကာမစ္ထဲက Venom ရဲ႕ အႀကီးမားဆုံး ရန္သူတစ္ေယာက္ ျဖစ္တဲ့ Carnage လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ အဓိကဇာတ္ေကာင္ ျဖစ္တဲ့ Eddie Brock ကေတာ့ Venom နဲ႔အတူ ယွဥ္တြဲေနထိုင္ရင္း Carnage နဲ႔ ရင္ဆိုင္ရမွာပါ။ ပါဝင္ထားတဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ Tom Hardy ၊ Woody Harrelson နဲ႔ Michelle Williams တို႔ ျဖစ္ၿပီး စက္တင္ဘာလ (၁၆) ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။

(2) Dune
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ စာေရးဆရာ Frank Herbert ေရးသားၿပီး ၁၉၆၅ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Dune ဆိုတဲ့ နာမည္ႀကီး စိတ္ကူးယဥ္သိပၸံဝတၳဳကို ျပန္လည္႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ပရိသတ္ေတြဟာ ဒီ႐ုပ္ရွင္ကိုမ်ားစြာ ေမွ်ာ္လင့္ထားၿပီး ၾကည့္ရႈဖို႔ ေစာင့္ဆိုင္းေနၾကပါတယ္။

ဇာတ္လမ္းအက်ဥ္းကေတာ့ Paul Atreides ဟာ Arrakis ၿဂိဳဟ္ေပၚမွာ နယ္ခံေတြရဲ႕ အကူအညီရရွိေအာင္ ႀကိဳးစားေနတာကို ေတြ႕ရမွာပါ။ အေၾကာင္းကေတာ့ အဲ့ဒီၿဂိဳဟ္ႀကီးကို အုပ္စိုးဖို႔အတြက္ Paul ရဲ႕အေဖကို သစၥာေဖာက္သြားတဲ့ ေတာ္ဝင္မ်ိဴးႏြယ္ေတြနဲ႔ တိုက္ခိုက္ရမွာေၾကာင့္ ျဖစ္ပါတယ္။ နာမည္ႀကီးသ႐ုပ္ေဆာင္ေတြျဖစ္တဲ့ Timothee Chalamet ၊ Josh Brolin ၊ Dave Bautista ၊ Zendaya ၊ Jason Momoa နဲ႔ Rebecca Ferguson တို႔ အဓိက ပါဝင္ထားၿပီး ေအာက္တိုဘာလ (၂၂)ရက္ေန႔မွာ ထြက္ရွိလာမွာ ျဖစ္ပါတယ္။

(3) Ron’s Gone Wrong
photo via screenrant

ဒီဇာတ္ကားကိုေတာ့ Disney က ထုတ္လုပ္သြားမွာျဖစ္ၿပီး ေအာက္တိုဘာလ (၂၂)ရက္ေန႔မွာပဲ ႐ုံတင္သြားမွာပါ။ Barney လို႔ေခၚတဲ့ ရွက္ေၾကာက္တတ္တဲ့ အလယ္တန္းေက်ာင္းသားေလးနဲ႔ Ron လို႔ေခၚတဲ့ စက္႐ုပ္ေလးတစ္႐ုပ္အေၾကာင္းကို ၾကည့္ရႈခံစားရမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ထဲမွာေတာ့ ဆိုရွယ္မီဒီယာေခတ္ကို ျပသသြားမွာ ျဖစ္ၿပီး လူမႈဆက္ဆံေရးေတြအေပၚမွာ ဆိုရွယ္မီဒီယာေတြက ဘယ္လိုသက္ေရာက္မႈ ရွိေနလည္းဆိုတာကို ျမင္ေတြ႕ရမွာပါ။

(4) Eternals
photo via screenrant

ဒီ႐ုပ္ရွင္ထဲမွာေတာ့ Angelina Jolie ၊ Salma Hayek ၊ Richard Madden ၊ Kumail Nanjiani ၊ Gemma Chan ၊ Kit Harington ၊ Barry Keoghan ၊ Lauren Ridloff ၊ Brian Tyree Henry ၊ Don Lee နဲ႔ Lia McHugh တို႔လို နာမည္ႀကီး သ႐ုပ္ေဆာင္ေတြ ပါဝင္သြားမွာ ျဖစ္ပါတယ္။

ဒီဇာတ္လမ္းထဲမွာေတာ့ Celestial ေတြ ဖန္တီးခဲ့တဲ့ Eternal ေတြကို ျမင္ေတြ႕ရမွာပါ။ Eternal ေတြဟာ တကြဲတျပားစီ ျဖစ္ေနေပမယ့္လည္း Deviant ေတြလက္ထဲက လူသားေတြကို ကာကြယ္ဖို႔အတြက္ ျပန္လည္ဆုံစည္းၾကမွာ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ႏိုဝင္ဘာလ (၅)ရက္ေန႔မွာ ႐ုံတင္သြားမယ္လို႔ သိရပါတယ္။

(5) Ghostbusters: Afterlife
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ ၂၀၁၆ ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ Ghostbusters ရဲ႕ sequel ပဲ ျဖစ္ပါတယ္။ Ghostbusters ရဲ႕ မူလသ႐ုပ္ေဆာင္အခ်ိဳ႕လည္း ျပန္လည္ပါဝင္လာဦးမွာ ျဖစ္သလို Paul Rudd ၊ Finn Wolfhard နဲ႔ Mckenna Grace တို႔လည္း ပါဝင္လာမွာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ မိသားစုတစ္စုဟာ သူတို႔ရဲ႕ ဘိုးေဘးေတြက Ghostbuster ေတြ ျဖစ္ေနတာကို သိလိုက္ရၿပီးေနာက္ သဘာဝလြန္အႏၲရာယ္ေတြကေန လူသားေတြကို ကာကြယ္ရမယ့္ တာဝန္ဟာ သူတို႔ရဲ႕ ပုခုံးေပၚကို က်ေရာက္လာပါတယ္။ ဒီ႐ုပ္ရွင္ကေတာ့ ႏိုဝင္ဘာလ (၁၁)ရက္ေန႔မွာ ထြက္ရွိလာမွာပါ။

(6) Resident Evil: Welcome to Raccoon City
photo via screenrant

ဒီ႐ုပ္ရွင္ကလည္း လူႀကိဳက္မ်ားတဲ့ Resident Evil ဂိမ္းကို Live Action အျဖစ္ ျပန္လည္ဖန္တီးထားတာ ျဖစ္ပါတယ္။ ဇာတ္လမ္းအက်ဥ္းကေတာ့ အသက္ရွင္က်န္တဲ့ လူအနည္းစုဟာ ဇြန္ဘီေတြနဲ႔ တိုက္ခိုက္ေနရင္း Umbrella ေကာ္ပိုေရးရွင္းနဲ႔ ပတ္သက္တဲ့ အမွန္တရားေတြကို ထုတ္ေဖာ္ဖို႔ ႀကိဳးစားၾကတာကို ျမင္ေတြ႕ရမွာပါ။ Robbie Amell ၊ Kaya Scoldeario နဲ႔ Hannah John-Kamen တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ႏိုဝင္ဘာလ (၂၄)ရက္ေန႔မွာ ႐ုံတင္သြားမွာ ျဖစ္ပါတယ္။

(7) Spider-Man: No Way Home
photo via screenrant

ဒီ႐ုပ္ရွင္ကေတာ့ လက္ရွိမွာ စူပါဟီး႐ိုးပရိသတ္ေတြ စိတ္အဝင္စားဆုံးျဖစ္ေနတဲ့ ႐ုပ္ရွင္တစ္ကားလို႔ေတာင္ ေျပာလို႔ရပါတယ္။ ေလာေလာဆယ္မွာေတာ့ Marvel ဟာ ဒီ႐ုပ္ရွင္ရဲ႕ ဇာတ္လမ္းနဲ႔ ပတ္သက္တဲ့ ဘယ္အခ်က္ကိုမွ မေၾကညာေသးသလို ေထြလာလည္း မထြက္ရွိလာေသးပါဘူး။ Tom Holland ၊ Zendaya နဲ႔ Benedict Cumberbatch တို႔ကေတာ့ ေသခ်ာေပါက္ ပါဝင္လာမယ့္ သ႐ုပ္ေဆာင္ေတြ ျဖစ္ပါတယ္။ ဒီ႐ုပ္ရွင္ကိုေတာ့ ဒီဇင္ဘာလ (၁၆)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာပါ။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular