HomeEntertainmentFilmComic-Con ဒုတိယနေ့မှာ ပြသသွားတဲ့ ရုပ်ရှင်ထွေလာအသစ်များ

Comic-Con ဒုတိယနေ့မှာ ပြသသွားတဲ့ ရုပ်ရှင်ထွေလာအသစ်များ

၂၀၂၂ ခုနှစ်ရဲ့ Comic-Con ပွဲကတော့ ယခုလက်ရှိ ကျင်းပနေဆဲဖြစ်ပြီး ဒုတိယမြောက်ရက်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ Comic-Con ပွဲဟာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ပွဲတစ်ခု ဖြစ်ပေမယ့်လည်း ကိုဗစ်ရောဂါကြောင့် ပြီးခဲ့တဲ့ (၂)နှစ်တုန်းကတော့ မလုပ်ခဲ့ရပါဘူး။ ဒီနှစ်မှာတော့ ကိုဗစ်ရောဂါက ပြန်လည်နလန်ထူလာနိုင်ပြီ ဖြစ်တာကြောင့် Comic-Con ပွဲကို ပြန်လည်ကျင်းပနေပြီး ရုပ်ရှင်စတူဒီယိုတွေကလည်း အပြိုင်အဆိုင် ကြေညာမှုတွေ ပြုလုပ်နေကြပါပြီ။ ဒီတစ်ခါမှာတော့ Comic-Con ရဲ့ ဒုတိယနေ့မှာ ပြသသွားတဲ့ ရုပ်ရှင်ထွေလာတွေကို ဖော်ပြပေးချင်ပါတယ်။

ဒီနေ့မှာတော့ Dungeons & Dragons: Honor Among Thieves ရုပ်ရှင်နဲ့ National Treasure: Edge of History ဇာတ်လမ်းတွဲတို့ရဲ့ ပထမဆုံး ထွေလာတွေ ထွက်ရှိလာကြပါတယ်။ ဒါ့အပြင် The Vampire Diaries ဖန်တီးသူတွေကပဲ ထပ်မံဖန်တီးထားတဲ့ Vampire Academy ဇာတ်လမ်းတွဲရဲ့ ထွေလာလည်း ထွက်ရှိလာပါတယ်။ အဲဒီထွေလာတွေကိုတော့ အောက်မှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

Dungeons & Dragons: Honor Among Thieves

ဒီရုပ်ရှင်ထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ Chris Pine ၊ Michelle Rodriguez ၊ Sophia Lillis ၊ Rege-Jean Page နဲ့ Hugh Grant တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ ၁၉၇၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dungeons & Dragons ဆိုတဲ့ ဂိမ်းတစ်ခုကို အခြေခံဖန်တီးထားတာပဲ ဖြစ်ပါတယ်။ ဒီဂိမ်းကိုတော့ Stranger Things ဇာတ်လမ်းတွဲထဲမှာလည်း ဇာတ်ကောင်ကလေးတွေက ကစားခဲ့ကြပါသေးတယ်။ ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် မတ်လ (၃)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

National Treasure: Edge of History

ဒီရုပ်ရှင်ကတော့ Disney+ က ပြသသွားမှာ ဖြစ်ပြီး Nicholas Cage သရုပ်ဆောင်ခဲ့တဲ့ National Treasure Franchise ရဲ့ Spin-Off ဇာတ်လမ်းတွဲပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သူမမိသားစုရဲ့ ထူးခြားဆန်းကျယ်တဲ့ အတိတ်က အကြောင်းတွေကို ရှာဖွေတွေ့ရှိသွားပြီး အမေရိကန်နိုင်ငံရဲ့ ပျောက်ဆုံးနေတဲ့ ရတနာတွေကို လိုက်လံရှာဖွေတဲ့ စွန့်စားခန်း ဇာတ်လမ်းတွဲတစ်ခုပဲ ဖြစ်ပါတယ်။ အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်တွေကတော့ Lisette Olivera ၊ Catherine Zeta-Jones နဲ့ Justin Bartha တို့ပဲ ဖြစ်ပါတယ်။

Vampire Academy

ဒီဇာတ်လမ်းတွဲကိုတော့ CW ရဲ့ နာမည်ကြီး ဇာတ်လမ်းတွဲ The Vampire Diaries ကို ဖန်တီးခဲ့တဲ့ Julie Plec နဲ့ Scream Franchise ကို ဖန်တီးခဲ့တဲ့ Kevin Williamson တို့က ပူးတွဲဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသားတစ်ဝက် သွေးစုပ်ဖုတ်ကောင်တစ်ဝက် ရောစပ်နေတဲ့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ သွေးစုပ်ဖုတ်ကောင်သူငယ်ချင်းကို ကာကွယ်ဖို့အတွက် လေ့ကျင့်နေတာကို မြင်တွေ့ရမှာပါ။ ဒီလိုလေ့ကျင့်နေရင်း သူမဟာ ဘယ်လိုအခက်အခဲ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမလည်းဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကတော့ လာမယ့် စက်တင်ဘာလ (၁၅)ရက်မှာ Peacock ရုပ်သံလိုင်းကနေ ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular