HomeEntertainmentFilm2022 Emmy ဆုအတွက် စံကာတင်စာရင်းဝင်ထားကြသူများ

2022 Emmy ဆုအတွက် စံကာတင်စာရင်းဝင်ထားကြသူများ

၂၀၂၂ ခုနှစ်အတွက် Emmy ဆုပေးပွဲကို နီးကပ်လာပြီ ဖြစ်ကာ ယခုဆိုရင်တော့ ဆုအတွက် စံကာတင်စာရင်းတွေလည်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ Emmy Awards ဒါမှမဟုတ် Emmys လို့လည်း အတိုကောက်ခေါ်တဲ့ ဒီဆုကတော့ ယူအက်စ်ရဲ့ ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ပြသတဲ့ ဇာတ်လမ်းတွဲ၊ အစီအစဉ်တွေထဲက အနုပညာမြောက်တဲ့ သရုပ်ဆောင်၊ နည်းပညာ၊ အတတ်ပညာရှင်တွေကို နှစ်စဉ် ရွေးချယ် ချီးမြှင့်လေ့ရှိတဲ့ ဆုပေးပွဲတစ်ခု ဖြစ်ပါတယ်။

Emmys ကတော့ ယူအက်စ်ရဲ့ အကြီးမားဆုံးနဲ့ ဂုဏ်သိက္ခာအမြင့်မားဆုံး ဆုကြီးလေးခုထဲမှာ ပါဝင်ပါတယ်။ အဲဒါကတော့ တေးဂီတအတွက် ပေးအပ်တဲ့ Grammy ၊ ရုပ်ရှင်အတွက် ပေးအပ်တဲ့ Oscar ၊ ရုပ်မြင်သံကြားအတွက် ပေးအပ်တဲ့ Emmys နဲ့ ပြဇာတ်အတွက် ပေးအပ်တဲ့ Tony ဆုတွေပဲ ဖြစ်ပါတယ်။

Photo via IMDb

ယခုနှစ်အတွက် Emmys စံကာတင်စာရင်းကတော့ ဇူလိုင်လ(၁၂)ရက်နေ့ ညပိုင်းမှာပဲ ထွက်ရှိလာခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် စံကာတင်အများဆုံး ရရှိထားတဲ့ ဇာတ်လမ်းတွဲကတော့ Succession ဖြစ်ပြီး စံကာတင်(၂၅)ခု ရရှိထားပါတယ်။ အဲဒီနောက် HBO ရဲ့ The White Lotus ၊ Apple TV+ ရဲ့ Ted Lasso တို့ကတော့ စံကာတင်(၂၀)ခုစီ ရရှိထားပြီး Hulu ရဲ့ Only Murders in the Building ကတော့ စံကာတင်(၁၇)ခု ရရှိထားပါတယ်။

Netflix ကတော့ best drama ဆုအတွက် Stranger Things ၊ Squid Game ၊ Ozark တို့နဲ့ စံကာတင် ရရှိထားပါတယ်။ ဒါ့အပြင် Squid Game ရဲ့ season 1 ကတော့ စံကာတင်(၁၄)ခု ရရှိထားပြီး နိုင်ငံခြားဘာသာစကားနဲ့ ဇာတ်လမ်းတွဲတစ်ခုအတွက် စံကာတင် အများဆုံးအဖြစ် စံချိန်တင်နေပါတယ်။ (၇၄)ကြိမ်မြောက် Emmy ဆုပေးပွဲအတွက် စံကာတင်ဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေနဲ့ သရုပ်ဆောင်တွေကတော့ …

Photo via IMDb

Outstanding Lead Actor in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Jason Bateman (Ozark) ၊ Brian Cox (Succession) ၊ Lee Jung Jae (Squid Game) ၊ Bob Odenkirk (Better Call Saul) ၊ Adam Scott (Severance) နဲ့ Jeremy Strong (Succession) တို့ ဖြစ်ပါတယ်။

Outstanding Lead Actress in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Jodie Comer (Killing Eve) ၊ Laura Linney (Ozark) ၊ Melanie Lynskey (Yellowjackets) ၊ Sandra Oh (Killing Eve) ၊ Reese Witherspoon (The Morning Show)နဲ့ Zendaya (Euphoria) တို့ ဖြစ်ပါတယ်။

Photo via IMDb

Outstanding Supporting Actor in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Nicholas Braun (Succession) ၊ Billy Crudup (The Morning Show) ၊ Kieran Culkin (Succession) ၊ Park Hae Soo (Squid Game) ၊ Matthew Macfayden (Succession) ၊ John Turturro (Severance) ၊ Christopher Walken (Severance) နဲ့ Oh Yeong Su (Squid Game) တို့ပဲ ဖြစ်ပါတယ်။

Outstanding Supporting Actress in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Patricia Arquette (Severance) ၊ Julia Garner (Ozark) ၊ Jung Ho Yeon (Squid Game) ၊ Christina Ricci (Yellowjackets) ၊ Rhea Seehorn (Better Call Saul) ၊ J. Smith Cameron (Succession) ၊ Sarah Snook (Succession) နဲ့ Sydney Sweeney (Euphoria) တို့ပဲ ဖြစ်ပါတယ်။

Photo via IMDb

Outstanding Guest Actor in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသား ဧည့်သည်သရုပ်ဆောင်ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Adrien Brody (Succession) ၊ James Cromwell (Succession) ၊ Colman Domingo (Euphoria) ၊ Arian Moayed (Succession) ၊ Tom Pelphrey (Ozark) နဲ့ Alexander Skarsgard (Succession) တို့ပဲ ဖြစ်ပါတယ်။

Outstanding Guest Actress in a Drama Series  :  ဒရာမာဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး ဧည့်သည်သရုပ်ဆောင်ဆုအတွက် စံကာတင်ဝင်ထားကြသူတွေကတော့ Hope Davis (Succession) ၊ Marcia Gay Harden (The Morning Show) ၊ Martha Kelly (Euphoria) ၊ Sanna Lathan (Succession) ၊ Harriet Walter (Succession) နဲ့ Lee You Mi (Squid Game) တို့ ဖြစ်ပါတယ်။

Photo via IMDb

Outstanding Drama Series  :  အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆုကိုတော့ Better Call Saul ၊ Euphoria ၊ Ozark ၊ Severance ၊ Squid Game ၊ Stranger Things ၊ Succession နဲ့ Yellowjackets တို့ ဖြစ်ပါတယ်။

Outstanding Lead Actress in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုအတွက် Rachel Brosnahan (The Marvelous Mrs. Maisel) ၊ Quinta Brunson (Abbott Elementary) ၊ Kaley Cuoco (The Flight Attendant) ၊ Elle Fanning (The Great) ၊ Issa Rae (Insecure) နဲ့ Jean Smart (Hacks) တို့က အသီးသီး စံကာတင်ဝင်ထားကြပါတယ်။

Photo via IMDb

Outstanding Lead Actor in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုအတွက် Donald Glover (Atlanta) ၊ Bill Hader (Barry) ၊ Nicholas Hoult (The Great) ၊ Steve Martin (Only Murders in the Building) ၊ Martin Short (Only Murders in the Building) နဲ့ Jason Sudeiski (Ted Lasso) တို့က အသီးသီး စံကာတင် ဝင်ထားကြပါတယ်။

Outstanding Supporting Actor in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုအတွက် Anthony Carrigan (Barry) ၊ Brett Goldstein (Ted Lasso) ၊ Toheeb Jimoh (Ted Lasso) ၊ Nick Mohammed (Ted Lasso) ၊ Tony Shalhoub (The Marvelous Mrs. Maisel) ၊ Tyler James Williams (Abbott Elementary) ၊ Henry Winkler (Barry) နဲ့ Bowen Yang (Saturday Night Live) တို့က အသီးသီး စံကာတင် ဝင်ထားကြပါတယ်။

Photo via IMDb

Outstanding Supporting Actress in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအတွက် Alex Borstein (The Marvelous Mrs. Maisel) ၊ Hannah Einbinder (Hacks) ၊ Janelle James (Abbott Elementary) ၊ Kate McKinnon (Saturday Night Live) ၊ Sarah Niles (Ted Lasso) ၊ Sheryl Lee Ralph (Abbott Elementary) ၊ Juno Temple (Ted Lasso) နဲ့ Hannah Waddingham (Ted Lasso) တို့က အသီးသီး စံကာတင်ဝင်ထားကြပါတယ်။

Outstanding Guest Actor in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသား ဧည့်သည်သရုပ်ဆောင်ဆုကိုတော့ Jerrod Carmichael (Saturday Night Live) ၊ Bill Hader (Curb Your Enthusiasm) ၊ James Lance (Ted Lasso) ၊ Nathan Lane (Only Murders in the Building) ၊ Christopher McDonald (Hacks) နဲ့ Sam Richardson (Ted Lasso) တို့က စံကာတင်ရရှိထားကြပါတယ်။

Photo via IMDb

Outstanding Guest Actress in a Comedy Series  :  ဟာသဇာတ်လမ်းတွဲထဲက အကောင်းဆုံး အမျိုးသမီး ဧည့်သည်သရုပ်ဆောင်ဆုကိုတော့ Jane Adams (Hacks) ၊ Harriet Sansom Harris (Hacks) ၊ Jane Lynch (Only Murders in the Building) ၊ Laurie Metcalf (Hacks) ၊ Kaitlin Olson (Hacks) နဲ့ Harriet Walter (Ted Lasso)တို့က စံကာတင်ရရှိထားကြပါတယ်။

Outstanding Comedy Series : အကောင်းဆုံး ဟာသဇာတ်လမ်းတွဲဆုကိုတော့ Abbott Elementary ၊ Barry ၊ Curb Your Enthusiasm ၊ Hacks ၊ The Marvelous Mrs. Maisel ၊ Only Murders in the Building ၊ Ted Lasso နဲ့ What We Do In The Shadows တို့က စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Lead Actor in a Limited or Anthology Series or Movie : limited series ထဲက အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုတော့ Colin Firth (The Staircase) ၊ Andrew Garfield (Under the Banner of Heaven) ၊ Oscar Isaac (Scenes from a Marriage) ၊ Michael Keaton (Dopesick) ၊ Himesh Patel (Station Eleven) နဲ့ Sebastian Stan (Pam & Tommy) တို့က စံကာတင်ရရှိထားကြပါတယ်။

Outstanding Lead Actress in a Limited or Anthology Series or Movie : limited series ထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုတော့ Toni Collette (The Staircase) ၊ Julia Garner (Inventing Anna) ၊ Lily James (Pam & Tommy) ၊ Sarah Paulson (Impeachment: American Crime Story) ၊ Margaret Qualley (Maid) နဲ့ Amanda Seyfried (The Dropout) တို့က စံကာတင်ဝင်ထားကြပါတယ်။

Photo via IMDb

Outstanding Supporting Actor in a Limited or Anthology Series or Movie : limited series ထဲက အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Murray Bartlett (The White Lotus) ၊ Jake Lacy (The White Lotus) ၊ Will Poulter (Dopesick) ၊ Seth Rogen (Pam & Tommy) ၊ Peter Sarsgaard (Dopesick) ၊ Michael Stuhlbarg (Dopesick) နဲ့ Steve Zahn (The White Lotus)တို့က စံကာတင်ရရှိထားကြပါတယ်။

Outstanding Supporting Actress in a Limited or Anthology Series or Movie : limited series ထဲက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Connie Britton (The White Lotus) ၊ Jennifer Coolidge (The White Lotus) ၊ Alexandra Daddario (The White Lotus) ၊ Kaitlynn Denver (Dopesick) ၊ Natasha Rothwell (The White Lotus) ၊ Sydney Sweeney (The White Lotus) နဲ့ Mare Winningham (Dopesick) တို့က အသီးသီး စံကာတင်ဝင်ထားပါတယ်။

Photo via IMDb

Outstanding Limited or Anthology Series : အကောင်းဆုံး limited series ဆုကိုတော့ Dopesick ၊ The Dropout ၊ Inventing Anna ၊ Pam & Tommy နဲ့ The White Lotus တို့က စံကာတင်ရရှိထားပါတယ်။

၂၀၂၂ ခုနှစ်ရဲ့ Emmy ဆုပေးပွဲကိုတော့ လာမယ့် စက်တင်ဘာလ(၁၂)ရက်နေ့မှာ NBC ရုပ်သံလိုင်းကနေ တိုက်ရိုက် ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။ ယခုအချိန်ထိတော့ ဆုပေးပွဲအတွက် အစီအစဉ်တင်ဆက်သူကို မရွေးချယ်ရသေးပါဘူး။

Vancouver
RELATED ARTICLES

Most Popular