HomeEntertainmentFilm2022 HCA TV Awards မှာ ဆွတ်ခူးသွားကြတဲ့ နာမည်ကျော်သရုပ်ဆောင်များ

2022 HCA TV Awards မှာ ဆွတ်ခူးသွားကြတဲ့ နာမည်ကျော်သရုပ်ဆောင်များ

၂၀၂၂ ခုနှစ်အတွက် HCA TV Awards ဆုပေးပွဲကိုတော့ ဩဂုတ်လ(၁၃)ရက် စနေနေ့က The Beverly Hilton ခန်းမမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ဆုပေးပွဲအခမ်းအနားရဲ့ streaming event ကိုတော့ နောက်တစ်ရက် ဩဂုတ်လ(၁၄)ရက် တနင်္ဂနွေညမှာ ပြုလုပ်ခဲ့ပါတယ်။

HCA TV Awards ကတော့ Hollywood Critics Association အဖွဲ့က ကြီးမှူးကျင်းပပြီး ရုပ်သံလိုင်းတွေနဲ့ Cable လိုင်းတွေအားလုံးအတွက် category တွေ ခွဲထုတ်ပြီး ဆုချီးမြှင့်ပေးတာ ဖြစ်ပါတယ်။ TV မှာ ထုတ်လွှင့်ပြသခဲ့တဲ့ ဇာတ်လမ်းတွဲတွေထဲက category များစွာအတွက် ထူးချွန်ပြောင်မြောက်တဲ့ ဇာတ်လမ်းတွဲတွေ၊ သရုပ်ဆောင်တွေနဲ့ အခြားအတတ်ပညာရှင်များအတွက် ဆုတွေကို ချီးမြှင့်ခဲ့ရာမှာ ဆုရရှိခဲ့ကြတဲ့ နာမည်ကျော်သရုပ်ဆောင်တွေကို ရွေးထုတ် ဖော်ပြလိုက်ပါတယ်။

Best Actor in a Streaming Series, Drama

Photo Credit: Netflix

Drama category အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ Netflix က ထုတ်လွှင့်တဲ့ Squid Game ဇာတ်လမ်းတွဲနဲ့ ကိုရီးယားသရုပ်ဆောင် Lee Jung Jae က ရရှိသွားပါတယ်။

Best Supporting Actress in a Streaming Series, Drama

Photo Credit: Netflix

Drama category အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုတော့ Netflix က ထုတ်လွှင့်တဲ့ Stranger Things ဇာတ်လမ်းတွဲနဲ့ Sadie Sink က ရရှိသွားပါတယ်။

Best Actress in a Streaming Series, Comedy

Photo Credit: Hulu

Comedy category အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ Hulu က ထုတ်လွှင့်တဲ့ Only Murders in the Building ဇာတ်လမ်းတွဲနဲ့ အဆိုတော်၊ သရုပ်ဆောင် Selena Gomez က ရရှိသွားပါတယ်။

Best Actress in a Broadcast Network or Cable Limited Series, Anthology Series, or TV Movie

Photo Credit: FX Network

Broadcast Network or Cable Limited Series category အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ FX ရုပ်သံလိုင်းက ထုတ်လွှင့်တဲ့ Impeachment: American Crime Story ဇာတ်လမ်းတွဲနဲ့ မင်းသမီး Sarah Paulson က ရရှိသွားပါတယ်။

Best Actor in a Broadcast Network or Cable Limited Series, Anthology Series, or TV Movie

Photo Credit: HBO

Broadcast Network or Cable Limited Series category အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ HBO က ထုတ်လွှင့်တဲ့ Scenes From A Marriage ဇာတ်လမ်းတွဲနဲ့ မင်းသား Oscar Isaac က ရရှိသွားပါတယ်။

Best Actress in a Streaming Limited or Anthology Series or Movie

Photo Credit: Beth Dubber/ Hulu

Limited Series category အတွက် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆုကိုတော့ Hulu က ထုတ်လွှင့်တဲ့ The Dropout ဇာတ်လမ်းတွဲနဲ့ မင်းသမီး Amanda Seyfried က ရရှိသွားပါတယ်။

Best Actor in a Streaming Limited or Anthology Series or Movie

Photo Credit: Hulu

Limited Series category အတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆုကိုတော့ Hulu က ထုတ်လွှင့်တဲ့ Dopesick ဇာတ်လမ်းတွဲနဲ့ ဝါရင့်မင်းသားကြီး Michael Keaton က ရရှိသွားပါတယ်။

Best Supporting Actor in a Streaming Limited or Anthology Series or Movie

Photo Credit: Kelsey McNeal/ Hulu

Limited Series category အတွက် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကိုတော့ Hulu က ထုတ်လွှင့်တဲ့ Pam & Tommy ဇာတ်လမ်းတွဲနဲ့ Seth Rogen က ရရှိသွားပါတယ်။

ဒါကတော့ ၂၀၂၂ ခုနှစ်ရဲ့ HCA TV Awards ပွဲမှာ အသီးသီး ဆွတ်ခူးခဲ့ကြတဲ့ နာမည်ကျော်သရုပ်ဆောင်တွေပဲ ဖြစ်ပါတယ်။ ဘယ်သရုပ်ဆောင်တွေရဲ့ ဆွတ်ခူးမှုကို ဝမ်းသာကျေနပ်မိလည်းဆိုတာ ကောမန့်မှာ ပြောခဲ့ပါဦး။

Vancouver

Source: variety

RELATED ARTICLES

Most Popular