HomeEntertainmentFilm၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်ပြသသွားမယ့် Peacemaker ဇာတ်လမ်းတွဲ

၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်ပြသသွားမယ့် Peacemaker ဇာတ်လမ်းတွဲ

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

Suicide Squad ရဲ့ spin off ဖြစ်တဲ့ Peacemaker ဇာတ်လမ်းတွဲဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ စတင်ပြသသွားမယ်လို့ ဒါရိုက်တာ James Gunn ကိုယ်တိုင်က အတည်ပြုလိုက်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ HBO Max မှာ ပြသသွားမှာ ဖြစ်ပြီး John Cena က အဓိက သရုပ်ဆောင်အဖြစ် ပါဝင်သွားမှာ ဖြစ်ပါတယ်။ John Cena ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ Peacemaker ကတော့ ငြိမ်းချမ်းမှုကို အလွန်အရေးထားသူ ဖြစ်ပြီး ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် လူသတ်တာ အပါအဝင် ဘာမဆိုလုပ်မယ့်သူပဲ ဖြစ်ပါတယ်။

photo via screenrant

ဒီဇာတ်လမ်းတွဲ ထွက်လာမယ့်အကြောင်းကို ၂၀၂၀ခုနှစ် စက်တင်ဘာလမှာ ကြေညာခဲ့တာ ဖြစ်ပြီး အပိုင်း(၈)ပိုင်း ပါဝင်မယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကိုတော့ သေချာမသိရသေးပေမယ့်လည်း သေချာတာ တစ်ခုကတော့ ဒီဇာတ်လမ်းတွဲထဲမှာ Peacemaker ရဲ့ origin ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Suicide Squad ထဲက တစ်ခြားဇာတ်ကောင်တွေကိုလည်း ဒီဇာတ်လမ်းတွဲထဲမှာ မြင်တွေ့ရဦးမယ်လို့ သိရပါတယ်။

James Gunn ဟာ သူဖန်တီးထားတဲ့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေနဲ့ ပတ်သက်ပြီး Instagram က ပရိသတ်တွေရဲ့ မေးခွန်းတွေကို ပြန်လည်ဖြေကြားထားပါတယ်။ အဲ့ဒီထဲက မေးခွန်းတစ်ခုကတော့ Peacemaker ဇာတ်လမ်းတွဲဟာ ဘယ်အချိန်မှာ ထွက်ရှိလာမှာလည်း ဆိုတာပဲ ဖြစ်ပါတယ်။ James Gunn ကတော့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြသသွားမယ်လို့ ပြန်လည်ဖြေကြားထားပါတယ်။

photo via screenrant

ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်းကတော့ ပရိသတ်တွေအတွက် သေချာပေါက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ James Gunn ရိုက်ကူးထားတဲ့ Suicide Squad ရုပ်ရှင်ကလည်း ယခုနှစ် ဩဂုတ်လ (၆)ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပြီး HBO Max မှာပါ တပြိုင်တည်း ပြသသွားမယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲ Suicide Squad ကို ကြည့်ပြီး မကြာခင်မှာပဲ Peacemaker ဇာတ်လမ်းတွဲကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Legos

Source : Screenrant

(Zawgyi Version)

Suicide Squad ရဲ႕ spin off ျဖစ္တဲ့ Peacemaker ဇာတ္လမ္းတြဲဟာ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ စတင္ျပသသြားမယ္လို႔ ဒါ႐ိုက္တာ James Gunn ကိုယ္တိုင္က အတည္ျပဳလိုက္ပါတယ္။

ဒီဇာတ္လမ္းတြဲကိုေတာ့ HBO Max မွာ ျပသသြားမွာ ျဖစ္ၿပီး John Cena က အဓိက သ႐ုပ္ေဆာင္အျဖစ္ ပါဝင္သြားမွာ ျဖစ္ပါတယ္။ John Cena ရဲ႕ ဇာတ္ေကာင္ျဖစ္တဲ့ Peacemaker ကေတာ့ ၿငိမ္းခ်မ္းမႈကို အလြန္အေရးထားသူ ျဖစ္ၿပီး ၿငိမ္းခ်မ္းေရးရဖို႔အတြက္ဆိုရင္ လူသတ္တာ အပါအဝင္ ဘာမဆိုလုပ္မယ့္သူပဲ ျဖစ္ပါတယ္။

photo via screenrant

ဒီဇာတ္လမ္းတြဲ ထြက္လာမယ့္အေၾကာင္းကို ၂၀၂၀ခုႏွစ္ စက္တင္ဘာလမွာ ေၾကညာခဲ့တာ ျဖစ္ၿပီး အပိုင္း(၈)ပိုင္း ပါဝင္မယ္လို႔လည္း သိရပါတယ္။ ဇာတ္လမ္းအက်ဥ္းကိုေတာ့ ေသခ်ာမသိရေသးေပမယ့္လည္း ေသခ်ာတာ တစ္ခုကေတာ့ ဒီဇာတ္လမ္းတြဲထဲမွာ Peacemaker ရဲ႕ origin ကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Suicide Squad ထဲက တစ္ျခားဇာတ္ေကာင္ေတြကိုလည္း ဒီဇာတ္လမ္းတြဲထဲမွာ ျမင္ေတြ႕ရဦးမယ္လို႔ သိရပါတယ္။

James Gunn ဟာ သူဖန္တီးထားတဲ့ ႐ုပ္ရွင္၊ ဇာတ္လမ္းတြဲေတြနဲ႔ ပတ္သက္ၿပီး Instagram က ပရိသတ္ေတြရဲ႕ ေမးခြန္းေတြကို ျပန္လည္ေျဖၾကားထားပါတယ္။ အဲ့ဒီထဲက ေမးခြန္းတစ္ခုကေတာ့ Peacemaker ဇာတ္လမ္းတြဲဟာ ဘယ္အခ်ိန္မွာ ထြက္ရွိလာမွာလည္း ဆိုတာပဲ ျဖစ္ပါတယ္။ James Gunn ကေတာ့ ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ ျပသသြားမယ္လို႔ ျပန္လည္ေျဖၾကားထားပါတယ္။

photo via screenrant

ဘယ္လိုပဲျဖစ္ျဖစ္ ဒီသတင္းကေတာ့ ပရိသတ္ေတြအတြက္ ေသခ်ာေပါက္ သတင္းေကာင္းတစ္ခုပဲ ျဖစ္ပါတယ္။ ဒါ႐ိုက္တာ James Gunn ႐ိုက္ကူးထားတဲ့ Suicide Squad ႐ုပ္ရွင္ကလည္း ယခုႏွစ္ ဩဂုတ္လ (၆)ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာျဖစ္ၿပီး HBO Max မွာပါ တၿပိဳင္တည္း ျပသသြားမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ပဲ Suicide Squad ကို ၾကည့္ၿပီး မၾကာခင္မွာပဲ Peacemaker ဇာတ္လမ္းတြဲကိုပါ ၾကည့္ရႈႏိုင္မွာ ျဖစ္ပါတယ္။

Legos

Source : Screenrant

RELATED ARTICLES

Most Popular