HomeEntertainmentFilm၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲများ

၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲများ

လောလောဆယ်မှာတော့ MCU က ထွက်ရှိနေတဲ့ ဇာတ်လမ်းတွဲဟာ Hawkeye ဖြစ်ပြီး မကြာခင်မှာပဲ ဇာတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ MCU ရဲ့ ရုပ်ရှင်ဆိုရင်တော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: No Way Home ကတော့ ရုံတင်ပြသနေပြီ ဖြစ်ပြီး ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေပါတယ်။ အခုဆိုရင်တော့ ၂၀၂၁ ခုနှစ်ဟာ မကြာခင်မှာ ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် ဒီတစ်ခါမှာတော့ ၂၀၂၂ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် MCU ဇာတ်လမ်းတွဲတွေကို ဖော်ပြပေးချင်ပါတယ်။

(1) Ms. Marvel
photo via screenrant

ဒီဇာတ်လမ်းတွဲကတော့ Captain Marvel ကို အလွန်အားကျတဲ့ Kamala Khan ဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ စွမ်းအားတွေ ရရှိသွားတဲ့အချိန်မှာ စူပါဟီးရိုးတစ်ယောက် ဖြစ်လာအောင် ဘယ်လိုမျိူး ကြိုးစားတယ်ဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကောင်နေရာမှာတော့ Iman Vellani က ပါဝင်သရုပ်ဆောင်ထားပြီး MCU ရဲ့ ပထမဦးဆုံး မူစလင် စူပါဟီးရိုး ဖြစ်လာမှာပါ။ ထွက်ရှိလာမယ့် နေ့ရက်အတိအကျကိုတော့ မသိရသေးပေမယ့်လည်း ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

(2) She-Hulk
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Bruce Banner ရဲ့ ဝမ်းကွဲဖြစ်သူ Jennifer Walters ကို မြင်တွေ့ရမှာ ဖြစ်ပြီး ဒီဇာတ်ကောင်နေရာမှာတော့ Tatiana Maslany က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် Mark Ruffalo ကလည်း Hulk အနေနဲ့ ပြန်လည်ပါဝင်လာမှာ ဖြစ်သလို Tim Roth ကလည်း Abomination နေရာက ပါဝင်လာဦးမှာပါ။ ဒီဇာတ်လမ်းတွဲအတွက်လည်း ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပါဘူး။

(3) Moon Knight
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Oscar Issac က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး Ethan Hawke ကတော့ အဓိကဗီလိန်နေရာက ပါဝင်ထားပါတယ်။ Moon Knight ကတော့ အီဂျစ် လနတ်ဘုရား Khonshu ပေးထားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီး ပရိသတ်တွေ စောင့်မျှော်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုလည်း ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲအတွက်လည်း ထွက်ရှိလာမယ့် ရက်အတိအကျကို မထုတ်ပြန်သေးပါဘူး။

(4) Secret Invasion
photo via screenrant

ဒီဇာတ်လမ်းတွဲထဲမှာတော့ Nick Fury က အဓိကပါဝင်လာမှာ ဖြစ်ပြီး ကောမစ်ထဲက Secret Invasion အကြောင်းကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ Nick Fury နေရာမှာတော့ Samuel L. Jackson က ပြန်လည် ပါဝင်လာမှာ ဖြစ်ပြီး Emilia Clarke လည်း ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ကောမစ်ထဲက ဇာတ်လမ်းအကြောင်းအရာကတော့ Skrull တွေဟာ လူအယောင်ဆောင်ပြီး နေထိုင်ကာ ပြဿနာတွေကို ဖန်တီးနေတာကြောင့် သူတို့ကို တားဆီးရမှာပဲ ဖြစ်ပါတယ်။

(5) Werewolf By Night
photo via screenrant

ဒါကတော့ Halloween Special ဖြစ်ပြီး Gael Garcia Bernal က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အစောပိုင်းမှာတော့ ရိုက်ကူးရေး စတင်သွားမယ်လို့ သိရပါတယ်။ Halloween Special ဖြစ်တာကြောင့် ဒီအထူးပိုင်းကိုတော့ Halloween အချိန်ကာလမှာ ပြသသွားမယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့အပြင် MCU ရဲ့ သဘာဝလွန် သတ္တဝါတွေအကြောင်းတွေကိုလည်း မြင်တွေ့ရမှာပါ။

(6) Guardians of the Galaxy Holiday Special
photo via screenrant

James Gunn ရဲ့ GOTG အဖွဲ့သားတွေကိုတော့ Thor: Love and Thunder မှာ မြင်တွေ့ရမှာ ဖြစ်သလို အဲ့ဒီရုပ်ရှင်အပြီးမှာတော့ ဒီ Holiday Special ထဲမှာ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ဒီအထူးပိုင်းကတော့ မိနစ်(၄၀)သာ ကြာမြင့်မယ်လို့ ဆိုပါတယ်။ ဇာတ်လမ်းအကြောင်းကိုလည်း မသိရသေးသလို ထွက်ရှိလာမယ့် ရက်အတိအကျကိုလည်း မသိရသေးပါဘူး။ ဒါပေမယ့်လည်း ၂၀၂၂ နှစ် နှောင်းပိုင်းမှာ ထွက်ရှိလာမယ်လို့ သတင်းတွေအရ သိရပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular