HomeEntertainmentFilm၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ အကောင်းဆုံး စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်များ

၂၀၂၂ ခုနှစ်မှာ ထွက်ရှိထားတဲ့ အကောင်းဆုံး စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်များ

၂၀၂၂ ခုနှစ်ဟာ တစ်ကမ္ဘာလုံးက ကိုဗစ်ရောဂါကနေ ပြန်လည် သက်သာလာတဲ့ကာလ ဖြစ်တာကြောင့် လုပ်ငန်းတွေ အားလုံးလည်း ပြန်လည်လည်ပတ်နေကြပြီ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နှောင့်နှေးမှုတွေ ကြုံတွေ့ထားတဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေဟာလည်း အပြိုင်အဆိုင်ပဲ ထွက်ရှိလာကြပါတယ်။ ယခုနှစ်အတွင်းမှာ‌တော့ ရုပ်ရှင်အသစ်တွေများစွာ ထွက်ရှိလာပြီး ဒီတစ်ခါမှာတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ၂၀၂၂ ခုနှစ်အတွင်း ထွက်ရှိထားတဲ့ အကောင်းဆုံး စိတ်ကူးယဉ်သိပ္ပံ ရုပ်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

(7) Jurassic World: Dominion

photo via screenrant

ဒီရုပ်ရှင်ကတော့  IMDb (5.7) ရရှိထားပါတယ်။ Isla Nublar ရဲ့ ပျက်စီးမှုအပြီး လေးနှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ အဲဒီအချိန်မှာတော့ ဒိုင်နိုဆောတွေဟာ တစ်ကမ္ဘာလုံးမှာ ရှိနေပြီး လူသားတွေကို အမဲလိုက်နေကြပါတယ်။ ဒါကြောင့်ပဲ လူသားတွေဟာ သမိုင်းရဲ့အကြမ်းတမ်းဆုံး သားရဲတွေနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Chris Pratt ၊ Bryce Dallas Howard နဲ့ Jeff Goldblum တို့ အဓိကပါဝင်ထားပါတယ်။

(6) Dual

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.8) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကောင်မလေးတစ်ယောက်ဟာ သေစေနိုင်တဲ့ ရောဂါတစ်ခု ရှိနေတယ်လို့ သိလိုက်ရတာကြောင့် သူမကိုယ်သူမ Clone ပွားဖို့အတွက် သဘောတူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမဟာ Clone ပွားမယ့် အစီအစဉ်ကို ပယ်ဖျက်လို့ မရတော့ဘဲ အသက်အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Karen Gillan ၊ Aaron Paul နဲ့ Theo James တို့ အဓိက ပါဝင်ထားပါတယ်။

(5) Crimes of the Future

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (5.9) ရရှိထားပါတယ်။ ဇာတ်လမ်းကိုတော့ အနာဂတ်ကာလတစ်ခုမှာ တည်ဆောက်ထားပြီး လူသားတွေဟာ အန္တရာယ်ရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ နေထိုင်နေရပါတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေ ဖြစ်အောင် သူတို့ရဲ့ခန္ဓာကိုယ်နဲ့ ကိုယ်တွင်းအင်္ဂါတွေကို ပြုပြင်ပြောင်းလဲနေရပါတယ်။ ပြောင်းလဲထားတဲ့ ပုံစံတွေကလည်း အတော်လေး ကြောက်ဖို့ကောင်းတာကြောင့် Sci-Fi ၊ Horror ကြိုက်နှစ်သက်ရင် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ Kristen Stewart ၊ Lea Seydoux နဲ့ Viggo Mortensen တို့ အဓိက ပါဝင်ထားပါတယ်။

(4) After Yang

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.6) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ Jake ဆိုသူမှာ သမီးလေးတစ်ယောက် ရှိပါတယ်။ တစ်နေ့မှာတော့ သူ့သမီးလေးရဲ့ Android ဟာ စက်ချို့ယွင်းသွားပါတယ်။ Jake ဟာ သူ့သမီးကို ပျော်ရွှင်စေချင်တာကြောင့် အဲဒီ Android ကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားနေရင်း မထင်မှတ်ထားတာတွေ ဖြစ်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Colin Farrell ၊ Justin H. Min နဲ့ Jodie Tumer-Smith တို့ အဓိက ပါဝင်ထားပါတယ်။

(3) The Adam Project

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (6.7) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အချိန်ခရီးသွားတစ်ယောက်ဟာ မှားယွင်းပြီးတော့ ၂၀၂၂ ခုနှစ်ကို ရောက်လာရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ၂၀၂၂ ခုနှစ်မှာ ရှိနေတဲ့ အသက်(၁၂)နှစ်အရွယ် သူ့ရဲ့ကလေးဗားရှင်းနဲ့ ပူးပေါင်းကာ အနာဂတ်ကို ကယ်တင်ဖို့ ကြိုးစားပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Ryan Reynolds ၊ Zoe Saldana ၊ Walker Scobell နဲ့ Mark Ruffalo တို့ အဓိက ပါဝင်ထားပါတယ်။

(2) Prey

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (7.2) ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အလွန်အဆင့်မြင့် ပြောင်းလဲနေတဲ့ ဂြိုဟ်သားတွေဟာ ကမ္ဘာပေါ်ကို ရောက်ရှိလာပြီး လူသားတွေကို အပျော်သဘော အမဲလိုက်ကြရာက စတင်ပါတယ်။ အဲဒီနောက်မှာတော့ ကောင်မလေးတစ်ယောက်ဟာ သူမရဲ့လူမျိူးစုကို ကာကွယ်ဖို့ တိုက်ခိုက်ရပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Amber Midthunder ၊ Dane DiLiegro နဲ့ Dakota Beavers တို့ အဓိက ပါဝင်ထားပါတယ်။

(1) Everything Everywhere All At Once

photo via screenrant

ဒီရုပ်ရှင်ကတော့ IMDb (8.2) ရရှိထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်နေတဲ့ သာမန် တရုတ်မိသားစုတစ်စုအကြောင်းပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူတို့မိသားစုဟာ Multiverse ကြီးတစ်ခုလုံးကို ပျက်စီးသွားစေနိုင်တဲ့ အန္တရာယ်တစ်ခုကို ကာကွယ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ သရုပ်ဆောင်တွေကတော့ Michelle Yeoh ၊ Stephanie Hsu နဲ့ Ke Huy Quan တို့ အဓိက ပါဝင်ထားပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular