HomeEntertainmentFilmယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Marvel ရုပ်ရှင်အသစ်များ

ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Marvel ရုပ်ရှင်အသစ်များ

ယခုအချိန်မှာတော့ ၂၀၂၃ ခုနှစ်ရဲ့ ဧပြီလကို ရောက်ရှိလာပြီ ဖြစ်ပြီး လက်ရှိအချိန်ထိ MCU ရုပ်ရှင်ဖြစ်တဲ့ Ant-Man and the Wasp: Quantumania တစ်ကားသာ ထွက်ရှိပါသေးတယ်။ Marvel ကတော့ ယခုနှစ်အတွင်းမှာ ရုပ်ရှင်သုံးကားနဲ့ ဇာတ်လမ်းတွဲပေါင်း ရှစ်ခုကို ထုတ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီတစ်ခါမှာတော့ Marvel ပရိသတ်တွေအတွက် ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Marvel ပရောဂျက်တွေကို ဖော်ပြပေးချင်ပါတယ်။

Guardians of the Galaxy Vol.3

photo credit Marvel Studios

GOTG Trilogy ရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Vol.3 ကတော့ လာမယ့် မေလ(၅)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ James Gunn ကိုယ်တိုင်ပဲ ဇာတ်ညွှန်းရေးသားထားပြီး ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်အသစ်တွေ ဖြစ်တဲ့ High Evolutionary နဲ့ Adam Warlock တို့ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ GOTG ရဲ့မူလအဖွဲ့သားတွေကို စုံစုံညီညီနဲ့တွေ့ရမယ့် နောက်ဆုံးသော ရုပ်ရှင်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာ ထွက်ရှိထားသမျှ ထွေလာတွေအရ ဝမ်းနည်းစရာကောင်းတဲ့ ဇာတ်လမ်းကို မြင်တွေ့ရဦးမှာ ဖြစ်ပြီး အဓိကဇာတ်ကောင် တစ်ယောက်ယောက်တော့ သေချာပေါက် သေဆုံးသွားမယ်လို့ ယူဆရပါတယ်။

Spider-Man: Across the Spider-Verse

photo credit Sony Pictures

ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Spider-Man: Across the Spider-Verse ကတော့ လာမယ့် ဇွန်လ (၂)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Miles Morales ၊ Spider-Gwen နဲ့ Peter B. Parker တို့ရဲ့ နောက်ထပ် Multiversal Adventure တွေကို မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ပထမရုပ်ရှင်မှာတော့ Miles Morales ရဲ့ Universe က အဓိက Setting ဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ထဲမှာတော့ Spider-Gwen ရဲ့ Universe ကို အဓိက မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ထဲမှာတော့ Spider-Man ပေါင်းသောင်းခြောက်ထောင်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Kraven the Manhunter

photo credit Sony Pictures

Sony ရဲ့ Kraven the Manhunter ရုပ်ရှင်ကတော့ လာမယ့်အောက်တိုဘာလ (၆)ရက်နေ့မှာ ထွက်ရှိလာမယ်လို့ အတည်ပြုထားပါတယ်။ Kraven ကတော့ Sony က တတိယမြောက် ဖန်တီးသွားမယ့် Spider-Man ဗီလိန်လည်း ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကို မသိရသေးပါဘူး။ Kraven နေရာမှာတော့ Aaron Taylor-Johnson က ပါဝင်သရုပ်ဆောင်ထားပြီး Russell Crowe ကတော့ Kraven ရဲ့ အဖေနေရာက ပါဝင်ထားပါတယ်။

The Marvels

photo credit Marvel Studios

The Marvels ရုပ်ရှင်ကတော့ လာမယ့်နိုဝင်ဘာလ (၁၀)ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပြီး Brie Larson ရဲ့ Captain Marvel ကို ပြန်လည်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Captain Marvel တစ်ယောက်တည်းတင် မဟုတ်ဘဲ Monica Rambeau နဲ့ Ms. Marvel တို့လည်း ပြန်လည်ပါဝင်လာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Nick Fury လည်း ပါဝင်လာဦးမှာဖြစ်သလို ကိုရီးယားသရုပ်ဆောင် Park Seo-joon လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ယခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် MCU Show များ

photo credit Marvel Studios

Marvel Studios ကတော့ ၂၀၂၁ ခုနှစ်က စတင်ပြီး Disney+ ကနေ ဇာတ်လမ်းတွဲတွေကိုပါ ထုတ်လွှင့်ပြသခဲ့ပါတယ်။ ယခုနှစ်အတွင်းမှာလည်း နောက်ထပ် ဇာတ်လမ်းတွဲတွေများစွာ ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ပထမဆုံးထွက်ရှိလာမယ့် ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ Secret Invasion ဇာတ်လမ်းတွဲဖြစ်ပြီး ဇွန်လ (၂၁)ရက်မှာ ပြသသွားမှာပါ။

အဲဒီနောက်မှာတော့ Loki Season 2 ၊ Echo ၊ X-Men ’97 တို့ ဆက်လက်ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် What If…? Season 2 ၊ Ironheart နဲ့ Agatha: Coven of Chaos ဇာတ်လမ်းတွဲတွေကလည်း ယခုနှစ်အတွင်းမှာ ထွက်ရှိလာဖို့ ကြေညာထားပြီးသား ဖြစ်ပေမယ့် လွန်ခဲ့တဲ့ လပိုင်းလောက်ကပဲ Delay သွားပါတယ်။ ဒီဇာတ်လမ်းတွဲတွေကတော့ နောက်နှစ်မှပဲ ထွက်ရှိလာတော့မှာလား၊ ဒါမှမဟုတ် ယခုနှစ်အတွင်းမှာပဲ ထွက်ရှိလာဦးမလား ဆိုတာတော့ သေချာမသိရသေးပါဘူး။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular