HomeEntertainmentFilm၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်အသစ်များ

၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်အသစ်များ

၂၀၂၂ ခုနှစ်ဟာ နောက်ထပ် (၄)လကြာရင် ကုန်ဆုံးသွားတော့မှာ ဖြစ်ပြီး ၂၀၂၃ ခုနှစ်ကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာတော့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်တွေများစွာလည်း ထွက်ရှိလာဦးမှာ ဖြစ်ပြီး ဒီတစ်ခါမှာတော့ Horror ပရိသတ်တွေအတွက် ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် Horror ရုပ်ရှင်သစ်တွေကို ဖော်ပြပေးချင်ပါတယ်။

(1) Last Voyage of the Demeter

photo via screenrant

ဒီရုပ်ရှင်ကတော့ Dracula အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပြီး Bram Stoker ရဲ့ Dracula ဝတ္ထုထဲက Dracula ဟာ သင်္ဘောတစ်စီးပေါ်မှာ အခေါင်းထဲဝင်ပြီး လိုက်သွားတဲ့အပိုင်းကို မြင်တွေ့ရမှာပါ။ ထူးခြားတာကတော့ ဒီရုပ်ရှင်ဟာ Dracula ရဲ့ ရှုထောင့်က ရိုက်ကူးထားတာ မဟုတ်ဘဲ အဲဒီသင်္ဘောပေါ်က ခရီးသည်တွေရဲ့ ရှုထောင့်ကနေ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ ဇန်နဝါရီလ (၂၇)ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။

(2) Knock at the Cabin Door

photo via screenrant

ဒီရုပ်ရှင်ကတော့ Horror ၊ Thriller နဲ့ Sci-Fi တို့ ရောစပ်ထားတာ ဖြစ်ပြီး ကမ္ဘာကြီးပျက်စီးနေတဲ့ အချိန်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ Dave Bautista ၊ Rupert Grint နဲ့ Jonathan Groff တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ ထူးဆန်းတဲ့ Plot Twist တွေ အသုံးပြုလေ့ရှိတဲ့ M. Night Shyamalan က ရိုက်ကူးထားပါတယ်။ ဒီရုပ်ရှင်ကတော့ ဖေဖော်ဝါရီလအတွင်းမှာ ထွက်ရှိလာမယ်လို့ သိရပါတယ်။

(3) The Haunted Mansion

photo via screenrant

ဒီရုပ်ရှင်ကတော့ Family-Friendly Horror အမျိူးအစား ဖြစ်ဖို့များပြီး မတ်လအတွင်းမှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Single Mother တစ်ယောက်ဟာ သရဲခြောက်နေတဲ့ အိမ်ကြီးက သရဲတွေကို နှင်ဖို့အတွက် တခြားသူတွေရဲ့ အကူအညီနဲ့ ကြိုးစားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သူမကို ကူညီတဲ့သူတွေထဲမှာတော့ စိတ်စွမ်းအားရှင်၊ ဘုန်းတော်ကြီး၊ သမိုင်းပညာရှင်နဲ့ Tour Guide တို့ ပါဝင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Rosario Dawson ၊ Tiffany Hadish ၊ Owen Wilson ၊ Danny DeVito နဲ့ LaKeith Stanfield တို့ ပါဝင်ထားပါတယ်။

(4) Scream 6

photo via screenrant

ယခုနှစ်အတွင်းမှာ ထွက်ရှိခဲ့တဲ့ Scream ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့်ပဲ ၂၀၂၃ ခုနှစ် မတ်လ (၃၁)ရက်နေ့မှာတော့ Scream 6 ထပ်မံထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ မူလသရုပ်ဆောင်တွေထဲမှာတော့ Courtney Cox တစ်ယောက်တည်းကပဲ ဒီရုပ်ရှင်ထဲမှာ ပါဝင်လာမယ်လို့ အတည်ပြုရသေးပြီး ဇာတ်လမ်းအကျဉ်းကိုလည်း မသိရသေးပါဘူး။ ဒီရုပ်ရှင်ကရော Horror ပရိသတ်တွေအကြိုက် ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

(5) Renfield

photo via screenrant

ဒီရုပ်ရှင်ကတော့ Walking Dead နဲ့ Invincible ကောမစ်တွေကို ဖန်တီးခဲ့တဲ့ Robert Kirkman ရဲ့ ဇာတ်လမ်းကို အခြေခံပြီး ဖန်တီးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Dracula ရဲ့ အစေခံတစ်ယောက်ဟာ ယာဉ်ထိန်းရဲတစ်ယောက်ကို ချစ်ကြိုက်မိသွားတာကြောင့် Dracula ဆီက အလုပ်ထွက်သွားပြီး ဘာတွေဆက်ဖြစ်ကြမလည်း ဆိုတာကို ကြည့်ရှုရမှာပါ။ Dracula နေရာမှာတော့ Nicholas Cage က သရုပ်ဆောင်ထားပြီး Nicholas Hoult နဲ့ Awkwafina တို့ ပါဝင်ထားကာ ဧပြီ (၁၄)ရက်နေ့မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

(6) Untitled A Quiet Place Spin-Off

photo via screenrant

ဒီရုပ်ရှင်ကတော့ ဒါရိုက်တာ Michael Sarnoski က ရိုက်ကူးသွားမှာ ဖြစ်ပြီး John Krasinski တော့ ပြန်လည်မပါဝင်တော့ပါဘူး။ ဒါ့အပြင် Spin-Off လည်း ဖြစ်တာကြောင့် Abbot မိသားစုအကြောင်း မဟုတ်လောက်တော့ဘဲ တခြားတစ်ယောက်ယောက်ရဲ့အကြောင်းကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ A Quiet Place 2 ထဲမှာ ပါဝင်ထားတဲ့ Cillian Murphy ရဲ့ ဇာတ်ကောင်ကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ စက်တင်ဘာလမှာ ထွက်ရှိလာမယ်လို့ သိရပြီး တခြားအချက်တွေကိုတော့ မသိရသေးပါဘူး။

(7) The Exorcist

photo via screenrant

၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Halloween ရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ David Gordon က ရိုက်ကူးပေးမယ့် ဒီရုပ်ရှင်ကတော့ ၁၉၇၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Exorcist ရဲ့ Sequel အဆက်ပဲ ဖြစ်ပါတယ်။ အောက်တိုဘာလမှာ ထွက်ရှိလာမှာ ဖြစ်ပြီး Leslie Odom Jr. နဲ့ မူလရုပ်ရှင်ထဲမှာ ပါဝင်ထားတဲ့ Ellen Burstyn တို့က ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

(8) The Boogeyman

photo via screenrant

ဒီရုပ်ရှင်ကတော့ စာရေးဆရာကြီး Stephan King ရဲ့ဝတ္ထုကို ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပြီး Hulu ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ထွက်ရှိလာမယ့် နေ့ရက်အတိအကျကိုတော့ မကြေညာသေးပါဘူး။ ဇာတ်လမ်းကတော့ စိတ်ရောဂါ အထူးကုတစ်ယောက်ဟာ လူနာတစ်ယောက်နဲ့ တွေ့ဆုံအပြီးမှာတော့ အဲဒီဆရာဝန်ရဲ့ သမီးတွေကို အရာတစ်ခုခုက စတင်ခြောက်လှန့်လာပါတော့တယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

RELATED ARTICLES

Most Popular