HomeEntertainmentFilm၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင် (၁၆)ကားကို ပြသခဲ့တဲ့ Netflix

၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိလာမယ့် ရုပ်ရှင် (၁၆)ကားကို ပြသခဲ့တဲ့ Netflix

ယခုအချိန်မှာတော့ Netflix ဟာ ၂၀၂၃ ခုနှစ်အတွက် ထွေလာတစ်ခုကို ထုတ်ပေးခဲ့ပြီး ဒီထွေလာထဲမှာ‌တော့ အသစ်ထွက်ရှိလာမယ့် ရုပ်ရှင် (၁၆)ကားရဲ့ Footage အနည်းငယ်တို့ကို မြင်တွေ့ခဲ့ရပါတယ်။ Netflix ကတော့ နှစ်တိုင်းမှာ ရုပ်ရှင်ပရိသတ်တွေအတွက် မရိုးနိုင်အောင် ရုပ်ရှင်ကားအသစ်တွေနဲ့ ဇာတ်လမ်းတွဲတွေများစွာကို ဖန်တီးနေပါတယ်။ ယခုနှစ်အတွင်းမှာတော့ နာမည်ကြီး ဖန်တီးသူတွေဖြစ်တဲ့ David Fincher နဲ့ Zack Snyder တို့ရဲ့ ရုပ်ရှင်တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

photo via screenrant

Netflix ရဲ့ ၂၀၂၃ ခုနှစ်အတွက် ထွေလာထဲမှာတော့ အသစ်ထွက်လာမယ့် ရုပ်ရှင် (၁၆)ကားရဲ့ Footage တွေ အပြင် ထွက်ရှိလာမယ့် နေ့ရက်တွေကိုပါ ပြသထားပါတယ်။ Jonah Hill နဲ့ Eddie Murphy တို့ ပါဝင်ထားတဲ့ You People ၊ Reese Witherspoon ပါဝင်ထားတဲ့ Your Place or Mine ၊ Idris Elba ရဲ့ Luther: The Fallen Sun ၊ Adam Sandler နဲ့ Jennifer Anniston တို့ရဲ့ Murder Mystery 2 ၊ Jennifer Lopez ရဲ့ The Mother နဲ့ Chris Hemsworth ရဲ့ Extraction 2 တို့ကတော့ ပထမနှစ်ဝက်မှာ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒုတိယနှစ်ဝက်မှာတော့ Jamie Foxx နဲ့ John Boyega တို့ရဲ့ They Cloned Tyrone ၊ Gal Gadot ရဲ့ Heart of Stone ၊ Kevin Hart ရဲ့ Lift ၊ Millie Bobby Brown ရဲ့ Damsel ၊ Chris Evans နဲ့ Emily Blunt တို့ရဲ့ Pain Hustlers ၊ ဒါရိုက်တာ David Fincher ရဲ့ The Killer ၊ Nicole Kidman နဲ့ Zac Efron တို့ရဲ့ A Family Affair ၊ Adam Sandler ရဲ့ Leo ၊ Julia Roberts ရဲ့ Leave the World နဲ့ ဒါရိုက်တာ Zack Snyder ရဲ့ Rebel Moon တို့ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီထွေလာထဲမှာ မပါဝင်ပေမယ့်လည်း ယခုနှစ်အတွင်းမှာ Netflix ကနေ ထွက်ရှိလာဖို့ အတည်ပြုထားတဲ့ အခြားရုပ်ရှင်ကားတွေ ရှိနေပါသေးတယ်။ အဲဒီရုပ်ရှင်တွေကတော့ Teegan Croft ရဲ့ True Spirit ၊ David Harbour နဲ့ Anthony Mackie တို့ရဲ့ We Have A Ghost ၊ Animation တစ်ခုဖြစ်တဲ့ The Magician’s Elephant ၊ Rom-Com တစ်ခုဖြစ်တဲ့ A Tourist’s Guide to Love ၊ Happiness for Beginners ၊ The Perfect Find တို့အပြင် အခြားရုပ်ရှင်တွေများစွာလည်း ရှိနေပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular