HomeEntertainmentFilm၂၀၂၃ ခုနှစ်မှာ Disney+ က ထွက်ရှိလာမယ့် Stan Lee ရဲ့ Documentary

၂၀၂၃ ခုနှစ်မှာ Disney+ က ထွက်ရှိလာမယ့် Stan Lee ရဲ့ Documentary

ရှေ့နှစ်ထဲမှာတော့ Disney+ ကနေ Stan Lee ရဲ့ Documentary ထွက်ရှိလာမယ်လို့ Marvel စတူဒီယိုက ကြေညာလိုက်ပါတယ်။ Marvel Cinematic Universe ကတော့ ယခုအချိန်မှာ ဝင်ငွေအများဆုံး Franchise တစ်ခု ဖြစ်နေပြီး ဒီလိုဖြစ်လာဖို့အတွက် အခြေခံဖောင်ဒေးရှင်းဖြစ်တဲ့ နာမည်ကျော်ဇာတ်ကောင်တွေ အများစုကိုတော့ Stan Lee က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

photo via screenrant

MCU ရဲ့ အဓိကဇာတ်ကောင်တွေ ဖြစ်ကြတဲ့ Spider-Man ၊ Iron Man ၊ Thor ၊ Hulk ၊ Ant-Man ၊ Black Panther ၊ Doctor Strange ၊ Scarlet Witch ၊ Black Widow နဲ့ Nick Fury တို့လိုဇာတ်ကောင်တွေကိုတော့ Stan Lee ဟာ Artist Jack Kirby ၊ Steve Ditko တို့နဲ့အတူ ပူးပေါင်းဖန်တီးခဲ့တာ ဖြစ်ပါတယ်။ Stan Lee ကတော့ ဒီလိုဇာတ်ကောင်တွေကို ဖန်တီးရုံတင်မဟုတ်ဘဲ Marvel ဇာတ်လမ်းတိုင်းလိုလိုမှာ Cameo အနေနဲ့လည်း ပါဝင်ခဲ့ပါသေးတယ်။

ပရိသတ်တွေ ချစ်ခင်ကြတဲ့ Stan Lee ဟာ ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီး ပရိသတ်တွေကတော့ သူ့ရဲ့ နောက်ဆုံး Cameo ကို Endgame ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ယခုအချိန်မှာတော့ Stan Lee ရဲ့ နှစ်(၁၀၀)ပြည့်မွေးနေ့ ရောက်ရှိလာပြီ ဖြစ်တာကြောင့် Marvel စတူဒီယိုဟာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ Documentary ထွက်ရှိလာမယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ အဲဒီ Documentary ရဲ့အမည်ကလည်း Stan Lee ပဲ ဖြစ်ပြီး ၂၀၂၃ ခုနှစ်မှာ Disney+ ကနေ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီ Documentary ထဲမှာတော့ Stan Lee အသက်ရှိစဉ်က ပရိသတ်တွေနဲ့ အင်တာဗျူးလုပ်ထားတဲ့ ဗွီဒီယိုတွေ ပါဝင်လာနိုင်ပြီး ဇာတ်လမ်းရဲ့အစမှာတော့ Stan Lee ရဲ့ New York မြို့မှာ ကြီးပြင်းလာပုံကို ပြသသွားနိုင်ပါတယ်။ သူဟာ ကမ္ဘာ့စီးပွားပျက်ကပ်စိုက်တဲ့အချိန်မှာ အရွယ်ရောက်လာသူ ဖြစ်ပြီး Timely Publications ဆိုတဲ့ မိသားစုစီးပွားရေးငယ်လေးတစ်ခုမှာ အလုပ်ဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Stan Lee ရဲ့ ဖန်တီးမှုတွေကြောင့် Timely Publications ဟာ Marvel Comics ဆိုပြီး ဖြစ်လာခဲ့ပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular