HomeCelebs Update NewsInternational၂၀၃၂ ခုနှစ်အထိ MCU အတွက် အစီအစဉ်တွေ ရှိတယ်ဆိုတဲ့ Kevin Feige

၂၀၃၂ ခုနှစ်အထိ MCU အတွက် အစီအစဉ်တွေ ရှိတယ်ဆိုတဲ့ Kevin Feige

Marvel Cinematic Universe အတွက် အစီအစဉ်တွေဟာ ၂၀၃၂ ခုနှစ်အထိ ရှိထားပြီပြီလို့ CinemaCon 2022 မှာ Marvel စတူဒီယိုရဲ့ ဥက္ကဌ Kevin Feige က ပြောပြသွားပါတယ်။ ဆယ်စုနှစ်တစ်ခုကြာ တည်ဆောက်လာခဲ့တဲ့ Infinity Saga အပြီးမှာတော့ Marvel စတူဒီယိုဟာ ဒီ Franchise အတွက် ပရောဂျက်အသစ်တွေကို ဆက်လက်ဖန်တီးနေပါတယ်။

photo via screenrant

MCU ကိုတော့ ၂၀၀၈ ခုနှစ်မှာ Robert Downey Jr. ရဲ့ Iron Man ရုပ်ရှင်နဲ့ စတင်ခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာတော့ MCU ဟာ အလွန်ကြီးမားလာခဲ့ပါတယ်။ Phase 3 ထဲမှာတော့ Infinity War နဲ့ Endgame တို့ဟာ အလွန်အောင်မြင်ခဲ့ပြီး Phase 4 မှာလည်း No Way Home ဟာ ကိုဗစ်ကာလမှာတောင် ဒေါ်လာတစ်ဘီလျံကျော် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။ အသစ်ထွက်ရှိလာမယ့် Doctor Strange in the Multiverse of Madness ဟာလည်း Box-Office မှာ ဝင်ငွေအရ အောင်မြင်သွားမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။

CinemaCon 2022 ကို တက်ရောက်လာတဲ့ အချိန်မှာတော့ Kevin Feige ဟာ MCU အတွက် ၂၀၃၂ ခုနှစ်အထိ အစီအစဉ်တွေ ရှိတယ်လို့ ပြောပြခဲ့ပါတယ်။ သို့သော်လည်း Kevin ဟာ ဘယ်လိုပရောဂျက်တွေနဲ့ Phase ဘယ်နှခု တည်ဆောက်သွားမယ် ဆိုတာတွေကို မပြောပြသွားပေမယ့် ပရိသတ်တွေအတွက်တော့ MCU Franchise ကြီးဟာ အဆုံးသတ်သွားဦးမှာ မဟုတ်ဘူးဆိုတာ သိခဲ့ရပါတယ်။

photo via screenrant

လောလောဆယ်မှာတော့ MCU က ရုံတင်ရက် အတည်ပြုထားတဲ့ နောက်အကျဆုံး ရုပ်ရှင်ဟာ Ant-Man and the Wasp: Quantumania ပဲ ဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့မှာ ရုံတင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Spider-Man 4 ၊ Doctor Strange 3 ၊ Black Panther 3 နဲ့ Deadpool 3 တို့လို ရုံတင်ရက် မသိရသေးဘဲ ထွက်ရှိလာမယ်လို့ အတည်ပြုထားတဲ့ ပရောဂျက်တွေလည်း ရှိပါသေးတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular