HomeEntertainmentFilmR-Rated ဇာတ်လမ်းအဖြစ် ဖန်တီးသွားမယ့် Hellboy Reboot ရုပ်ရှင်

R-Rated ဇာတ်လမ်းအဖြစ် ဖန်တီးသွားမယ့် Hellboy Reboot ရုပ်ရှင်

ဒါရိုက်တာ Brian Taylor ကတော့ Hellboy Reboot ရုပ်ရှင်ကို R-Rated ဇာတ်လမ်းအဖြစ် ဖန်တီးသွားမယ်လို့ ဆိုပါတယ်။ Hellboy ဇာတ်ကောင်ရဲ့ နောက်ဆုံးထွက်ထားတဲ့ ရုပ်ရှင်ကတော့ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး သရုပ်ဆောင် David Harbor က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ Negative ဆန်တဲ့ Review တွေ ရရှိထားသလို Box Office မှာ ဒေါ်လာ(၅၅)သန်း သာ ရရှိခဲ့ပါတယ်။

photo via Millennium Films

ဒါကြောင့်ပဲ Millennium Films စတူဒီယိုက Hellboy ရုပ်ရှင်ကို Reboot ပြန်လည်ဖန်တီးသွားဦးမယ်လို့ ကြေညာလိုက်တာကတော့ အနည်းငယ် အံ့ဩစရာကောင်းနေပါတယ်။ ဒီ Reboot ရုပ်ရှင်ကိုတော့ မူလကောမစ်ဖန်တီးသူ ဖြစ်တဲ့ Mike Mignola ကိုယ်တိုင်က ဇာတ်ညွှန်းရေးဆရာအနေနဲ့ ပါဝင်သွားမယ်လို့လည်း သိရပါတယ်။ ဒါရိုက်တာ Brian Taylor ကတော့ Hellboy: The Crooked Man ဆိုတဲ့ ကောမစ်ကို အခြေခံပြီး ဖန်တီးသွားမယ်လို့ ပြောထားပါတယ်။

ပထမဆုံး ထွက်ရှိခဲ့တဲ့ Hellboy ရုပ်ရှင်နှစ်ကားကိုတော့ ဒါရိုက်တာ Guillermo Del Toro က ရိုက်ကူးခဲ့တာ ဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Hellboy ရုပ်ရှင်ကတော့ မူလရုပ်ရှင်တွေကို လုံးဝမမီခဲ့ပါဘူး။ အသစ်ထပ်မံဖန်တီးသွားမယ့် Reboot ရုပ်ရှင်ကတော့ ဒါရိုက်တာ Guillermo Del Toro ရဲ့ ဗားရှင်းနဲ့ မတူညီဘဲ ပိုပြီးတော့ Horror ဆန်ဆန်နဲ့ ခပ်ကြမ်းကြမ်း မြင်တွေ့ရမယ်လို့ ဒါရိုက်တာ Brian Taylor က ပြောထားပါသေးတယ်။

photo via Millennium Films

Hellboy: The Crooked Man ရဲ့ ဇာတ်လမ်းကတော့ ၁၉၅၀ကျော်မှာ ဇာတ်အိမ်တည်ထားပြီး Hellboy ဟာ Appalachia တောင်တန်းဒေသမှာ မကောင်းဆိုးဝါး Entity တစ်ခုနဲ့ ရင်ဆိုင်ရပုံကို ဖန်တီးထားတာ ဖြစ်ပါတယ်။ အပေါ်မှာ ဖော်ပြခဲ့သလိုပဲ မူလကောမစ်ဖန်တီးသူ ကိုယ်တိုင်က ဇာတ်ညွှန်းရေးသွားမှာ ဖြစ်တာကြောင့် ဒီရုပ်ရှင်ကတော့ ပရိသတ်တွေကို စိတ်မပျက်စေလောက်ဘူးလို့ ယူဆရပါတယ်။

Legos

Source: Screenrant

RELATED ARTICLES

Most Popular