HomeEntertainmentFilmနာမည်ကြီးဇာတ်ကောင်တွေကို ငြင်းဆန်ခဲ့မိလို့ နောင်တရခဲ့တဲ့ သရုပ်ဆောင် (၅)ယောက်

နာမည်ကြီးဇာတ်ကောင်တွေကို ငြင်းဆန်ခဲ့မိလို့ နောင်တရခဲ့တဲ့ သရုပ်ဆောင် (၅)ယောက်

ေအာက္တြင္ ေဇာ္ဂ်ီျဖင့္ ဖတ္ပါ။

ရုပ်ရှင်တစ်ကားဟာ မဖန်တီးရသေးခင် အချိန်မှာတော့ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာ သေချာပေါက် မပြောနိုင်ပါဘူး။ ဒါကြောင့်လည်း ရုပ်ရှင်တွေထဲမှာ ပါဝင်ဖို့အတွက် သရုပ်ဆောင်တွေကို ကမ်းလှမ်းတဲ့အချိန်မှာ သရုပ်ဆောင်တွေဘက်က အကြောင်းပြချက်မျိူးစုံနဲ့ ငြင်းပယ်တတ်ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူတို့ငြင်းပယ်လိုက်တဲ့ ရုပ်ရှင်တွေဟာ အလွန်အောင်မြင်သွားတဲ့ အချိန်မှာတော့ နောင်တရစရာတွေ ဖြစ်လာပါတော့တယ်။ အဲ့ဒါကြောင့် ဒီတစ်ခါမှာတော့ နာမည်ကြီးဇာတ်ကောင်တွေကို ငြင်းဆန်ခဲ့မိလို့ နောင်တရခဲ့တဲ့ သရုပ်ဆောင် (၅)ယောက်ကို ဖော်ပြပေးချင်ပါတယ်။

(1) Will Smith
photo via screenrant

Will Smith ကတော့ Independence Day နဲ့ Men in Black တို့လို အထင်ကရ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပြီး ၁၉၉၀ ကျော်လောက်မှာ အတော်လေးကို အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီအချိန်ကာလလောက်မှာပဲ သူဟာ နောက်ထပ် အထင်ကရ ရုပ်ရှင်တစ်ကားမှာ သရုပ်ဆောင်ခွင့် ကမ်းလှမ်းခံခဲ့ရပါသေးတယ်။ အဲ့ဒီရုပ်ရှင်ကတော့ Matrix ဖြစ်ပြီး Smith ကို Neo နေရာမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။

Smith ကတော့ သူ့ကို ကမ်းလှမ်းလာတဲ့ ရုပ်ရှင်ဟာ စိတ်ရှုပ်စရာကောင်းတာကြောင့် သရုပ်ဆောင်ဖို့ ငြင်းပယ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Neo ဇာတ်ကောင်ကို Keanu Reeves က သရုပ်ဆောင်ခဲ့ပြီး Will Smith ကတော့ အဲ့ဒီအချိန်မှာ Wild Wild West ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပါတယ်။

Stephen Colbert နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ အကယ်၍ အဲ့ဒီအချိန်တုန်းက သူ့ကိုယ်သူ သတိပေးလို့ရရင် ဘာပြောမလည်းဆိုတဲ့ မေးခွန်းကို မေးမြန်းခံခဲ့ရပါတယ်။ Smith ကတော့ ” Wild Wild West ကို လက်မခံနဲ့။ Neo နေရာမှာပဲ သရုပ်ဆောင်လိုက် … ” လို့ ပြောမိမှာပါလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

(2) Leonardo DiCaprio
photo via screenrant

Leonardo ဟာ တစ်ချိန်တုန်းက ဝင်ငွေအများဆုံး ရုပ်ရှင်ဖြစ်ခဲ့တဲ့ Titanic မှာ သရုပ်ဆောင်ခဲ့ပေမယ့်လည်း သူ ငြင်းပယ်လိုက်တဲ့ ဇာတ်ကောင်တစ်ခုအတွက်ကိုတော့ နောင်တရခဲ့ဖူးပါတယ်။ အဲ့ဒီရုပ်ရှင်ကတော့ Boogie Nights ဖြစ်ပြီး Mark Wahlberg က အဓိက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ကြောင့်ပဲ Mark Wahlberg ဟာ အောင်မြင်လာတယ်လို့တောင် ပြောလို့ရပါတယ်။

Leonardo ကတော့ အဲ့ဒီအချိန်တုန်းက ဒီဇာတ်ကားကို ရိုက်ကူးမယ့် ဒါရိုက်တာ Paul Thomas Anderson အနေနဲ့ အောင်မြင်တဲ့ ရုပ်ရှင်တွေ ဖန်တီးထားတာ မရှိသေးတာကြောင့် ငြင်းပယ်ခဲ့တာပါလို့ ဆိုခဲ့ဖူးပါတယ်။

“ကျွန်တော့်ရဲ့ အကြီးမားဆုံး နောင်တကတော့ Boogie Nights ပါပဲ။ ကျွန်တော်က ဒါရိုက်တာ P. T Anderson ရဲ့အမာခံပရိသတ်ပါ။ ဒါပေမယ့် ကျွန်တော် သူ့ကို ပထမဆုံး တွေ့တဲ့အချိန်မှာ သူက အောင်မြင်တဲ့ ရုပ်ရှင်တွေ မဖန်တီးရသေးပါဘူး။ အခုချိန်မှာတော့ ကျွန်တော် အဲ့ဒီရုပ်ရှင်ကို ကြိုက်နေပါပြီ … ” လို့ ပြောပြခဲ့ပါတယ်။

(3) Gwyneth Paltrow
photo via screenrant

Leonardo နဲ့ Kate Winslet တို့ဟာ Titanic မှာ သရုပ်ဆောင်အပြီး အလွန်အောင်မြင်တဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီရုပ်ရှင်ထဲက Rose ရဲ့ နေရာမှာ သရုပ်ဆောင်ဖို့ ပထမဆုံး ကမ်းလှမ်းခံခဲ့ရတာကတော့ မင်းသမီး Gwyneth Paltrow ပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုပြီးနှမြောဖို့ကောင်းတဲ့ အချက်ကတော့ အဲ့ဒီဇာတ်ကောင်ကို ဘာကြောင့်ငြင်းလိုက်မိလည်းဆိုတာ သူမကိုယ်တိုင်လည်း မသိခဲ့ဘူးဆိုတာပါပဲ။ အင်တာဗျူးတစ်ခုမှာတော့ သူမဟာ “ကျွန်မလုပ်ခဲ့တဲ့ ရွေးချယ်မှုတွေကို ပြန်ကြည့်ပြီး စဉ်းစားလိုက်ရင် ဘာကြောင့် ဒီအခွင့်အရေးကို ငြင်းပယ်ခဲ့လည်းဆိုတာ ကျွန်မကိုယ်တိုင်လည်း မသိပါဘူး … ” လို့ Paltrow က ပြောပြခဲ့ပါတယ်။

(4) Josh Hartnett
photo via screenrant

အခုခေတ်မှာတော့ စူပါဟီးရိုး ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခွင့်ရရင် သေချာပေါက်နီးပါး အောင်မြင်တဲ့ သရုပ်ဆောင် ဖြစ်လာကြပါတယ်။ ဒါပေမယ့်လည်း အရင်တုန်းကတော့ သရုပ်ဆောင်အများစုဟာ စူပါဟီးရိုးဇာတ်ကောင်တွေမှာ သိပ်ပြီး သရုပ်မဆောင်ချင်ကြသလို စူပါဟီးရိုးဇာတ်လမ်းတွေကလည်း ယခုလိုမျိုး နာမည်မကြီးသေးပါဘူး။

Christopher Nolan ဟာ Batman ရုပ်ရှင်ကို ရိုက်ကူးဖို့ စီစဉ်တဲ့အချိန်မှာတော့ Josh ကို အရင်ဆုံး ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူက ငြင်းပယ်ခဲ့တာကြောင့် Christian Bale က သရုပ်ဆောင်သွားပြီး အလွန်အောင်မြင်သွားခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက သူဟာ ဒီဇာတ်ကောင်ကို သရုပ်ဆောင်လိုက်ရင် သူ့ရဲ့သရုပ်ဆောင်ဘဝကြီး ဘာတွေဖြစ်သွားမလည်းဆိုပြီး တွေးကြောက်ခဲ့တာကြောင့် ငြင်းပယ်ခဲ့တာလို့ ဆိုခဲ့ဖူးပါတယ်။ သူ ကြောက်ရွံ့ခဲ့တဲ့အရာကို Christian Bale က ကျော်လွှားသွားတာကို မြင်ရတဲ့အချိန်မှာတော့ နောင်တရခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် သူဟာ Spider-Man နဲ့ Superman တို့နေရာမှာ သရုပ်ဆောင်ဖို့ကိုလည်း ငြင်းပယ်ခဲ့ပါသေးတယ်။

 (5) Matt Damon
photo via screenrant

Matt Damon ကတော့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်ခဲ့တဲ့ Avatar မှာ ပါဝင်ဖို့အတွက် အခွင့်အရေး ရခဲ့ပေမယ့်လည်း အဲ့ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ James Cameron ဟာ ရုပ်ရှင်စရိုက်ဖို့ စီစဉ်တည်းက အဓိကဇာတ်ကောင်နေရာမှာ Matt ကို ပါဝင်စေချင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရုပ်ရှင်ဟာ သေချာပေါက် ဝက်ဝက်ကွဲ နာမည်ကြီးမယ့် ရုပ်ရှင်ဖြစ်ပြီး Matt က ငြင်းလိုက်မယ်ဆိုရင်တော့ လူသိပ်မသိတဲ့ သရုပ်ဆောင်ကိုပဲ သုံးလိုက်မယ်လို့ James က ကြိုပြောခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် Matt က ငြင်းလိုက်တဲ့အခါ James ဟာ တကယ်လည်း လူသိပ်မသိတဲ့ သရုပ်ဆောင် Sam Worthington ကို အသုံးပြုခဲ့ပါတယ်။ Sam ကလည်း ဒီရုပ်ရှင်ကြောင့် အောင်မြင်လာပြီး နာမည်ကြီးသရုပ်ဆောင် ဖြစ်လာခဲ့ပါတယ်။

ဒါတင်မက James ဟာ Matt ကို ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖို့ သဘောတူရင် အမြတ်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ပေးမယ်လို့တောင် ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ Matt သာ တကယ် သရုပ်ဆောင်ဖြစ်ခဲ့မယ်ဆိုရင် သရုပ်ဆောင်ကြေး ဒေါ်လာသန်း (၂၅၀)လောက် ရရှိမှာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာနဲ့ပဲ Matt ကတော့ The Bourne Ultimatum မှာ သရုပ်ဆောင်ရမယ့် အချိန်နဲ့ တိုက်နေတာကြောင့် ဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။

Legos

(ဆံရစ်ဝိုင်းဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်း၊ဆောင်းပါးများကို အခြားမည်သည့် ဝက်ဘ်ဆိုဒ်၊ Facebook စာမျက်နှာတွင်မျှ ကူးယူဖော်ပြခွင့် မပြုပါကြောင်း အသိပေးအပ်ပါသည်။)

(Zawgyi Version)

႐ုပ္ရွင္တစ္ကားဟာ မဖန္တီးရေသးခင္ အခ်ိန္မွာေတာ့ ေအာင္ျမင္မလား၊ မေအာင္ျမင္ဘူးလားဆိုတာ ေသခ်ာေပါက္ မေျပာႏိုင္ပါဘူး။ ဒါေၾကာင့္လည္း ႐ုပ္ရွင္ေတြထဲမွာ ပါဝင္ဖို႔အတြက္ သ႐ုပ္ေဆာင္ေတြကို ကမ္းလွမ္းတဲ့အခ်ိန္မွာ သ႐ုပ္ေဆာင္ေတြဘက္က အေၾကာင္းျပခ်က္မ်ိဴးစုံနဲ႔ ျငင္းပယ္တတ္ၾကတာ ျဖစ္ပါတယ္။ သို႔ေပမယ့္လည္း သူတို႔ျငင္းပယ္လိုက္တဲ့ ႐ုပ္ရွင္ေတြဟာ အလြန္ေအာင္ျမင္သြားတဲ့ အခ်ိန္မွာေတာ့ ေနာင္တရစရာေတြ ျဖစ္လာပါေတာ့တယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ခါမွာေတာ့ နာမည္ႀကီးဇာတ္ေကာင္ေတြကို ျငင္းဆန္ခဲ့မိလို႔ ေနာင္တရခဲ့တဲ့ သ႐ုပ္ေဆာင္ (၅)ေယာက္ကို ေဖာ္ျပေပးခ်င္ပါတယ္။

(1) Will Smith
photo via screenrant

Will Smith ကေတာ့ Independence Day နဲ႔ Men in Black တို႔လို အထင္ကရ ႐ုပ္ရွင္ေတြမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ၁၉၉၀ ေက်ာ္ေလာက္မွာ အေတာ္ေလးကို ေအာင္ျမင္ခဲ့ပါတယ္။ ဒါေပမယ့္လည္း အဲ့ဒီအခ်ိန္ကာလေလာက္မွာပဲ သူဟာ ေနာက္ထပ္ အထင္ကရ ႐ုပ္ရွင္တစ္ကားမွာ သ႐ုပ္ေဆာင္ခြင့္ ကမ္းလွမ္းခံခဲ့ရပါေသးတယ္။ အဲ့ဒီ႐ုပ္ရွင္ကေတာ့ Matrix ျဖစ္ၿပီး Smith ကို Neo ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။

Smith ကေတာ့ သူ႔ကို ကမ္းလွမ္းလာတဲ့ ႐ုပ္ရွင္ဟာ စိတ္ရႈပ္စရာေကာင္းတာေၾကာင့္ သ႐ုပ္ေဆာင္ဖို႔ ျငင္းပယ္ခဲ့တယ္လို႔ ေျပာျပခဲ့ပါတယ္။ အဲ့ဒီေနာက္မွာေတာ့ Neo ဇာတ္ေကာင္ကို Keanu Reeves က သ႐ုပ္ေဆာင္ခဲ့ၿပီး Will Smith ကေတာ့ အဲ့ဒီအခ်ိန္မွာ Wild Wild West ႐ုပ္ရွင္မွာ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

Stephen Colbert နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးထဲမွာေတာ့ အကယ္၍ အဲ့ဒီအခ်ိန္တုန္းက သူ႔ကိုယ္သူ သတိေပးလို႔ရရင္ ဘာေျပာမလည္းဆိုတဲ့ ေမးခြန္းကို ေမးျမန္းခံခဲ့ရပါတယ္။ Smith ကေတာ့ ” Wild Wild West ကို လက္မခံနဲ႔။ Neo ေနရာမွာပဲ သ႐ုပ္ေဆာင္လိုက္ … ” လို႔ ေျပာမိမွာပါလို႔ ျပန္လည္ေျဖၾကားခဲ့ပါတယ္။

(2) Leonardo DiCaprio
photo via screenrant

Leonardo ဟာ တစ္ခ်ိန္တုန္းက ဝင္ေငြအမ်ားဆုံး ႐ုပ္ရွင္ျဖစ္ခဲ့တဲ့ Titanic မွာ သ႐ုပ္ေဆာင္ခဲ့ေပမယ့္လည္း သူ ျငင္းပယ္လိုက္တဲ့ ဇာတ္ေကာင္တစ္ခုအတြက္ကိုေတာ့ ေနာင္တရခဲ့ဖူးပါတယ္။ အဲ့ဒီ႐ုပ္ရွင္ကေတာ့ Boogie Nights ျဖစ္ၿပီး Mark Wahlberg က အဓိက ပါဝင္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒီ႐ုပ္ရွင္ေၾကာင့္ပဲ Mark Wahlberg ဟာ ေအာင္ျမင္လာတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။

Leonardo ကေတာ့ အဲ့ဒီအခ်ိန္တုန္းက ဒီဇာတ္ကားကို ႐ိုက္ကူးမယ့္ ဒါ႐ိုက္တာ Paul Thomas Anderson အေနနဲ႔ ေအာင္ျမင္တဲ့ ႐ုပ္ရွင္ေတြ ဖန္တီးထားတာ မရွိေသးတာေၾကာင့္ ျငင္းပယ္ခဲ့တာပါလို႔ ဆိုခဲ့ဖူးပါတယ္။

“ကြၽန္ေတာ့္ရဲ႕ အႀကီးမားဆုံး ေနာင္တကေတာ့ Boogie Nights ပါပဲ။ ကြၽန္ေတာ္က ဒါ႐ိုက္တာ P. T Anderson ရဲ႕အမာခံပရိသတ္ပါ။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႔ကို ပထမဆုံး ေတြ႕တဲ့အခ်ိန္မွာ သူက ေအာင္ျမင္တဲ့ ႐ုပ္ရွင္ေတြ မဖန္တီးရေသးပါဘူး။ အခုခ်ိန္မွာေတာ့ ကြၽန္ေတာ္ အဲ့ဒီ႐ုပ္ရွင္ကို ႀကိဳက္ေနပါၿပီ … ” လို႔ ေျပာျပခဲ့ပါတယ္။

(3) Gwyneth Paltrow
photo via screenrant

Leonardo နဲ႔ Kate Winslet တို႔ဟာ Titanic မွာ သ႐ုပ္ေဆာင္အၿပီး အလြန္ေအာင္ျမင္တဲ့ ထိပ္တန္း သ႐ုပ္ေဆာင္ေတြ ျဖစ္လာၾကပါတယ္။ ဒါေပမယ့္လည္း ဒီ႐ုပ္ရွင္ထဲက Rose ရဲ႕ ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ ပထမဆုံး ကမ္းလွမ္းခံခဲ့ရတာကေတာ့ မင္းသမီး Gwyneth Paltrow ပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ပိုၿပီးႏွေျမာဖို႔ေကာင္းတဲ့ အခ်က္ကေတာ့ အဲ့ဒီဇာတ္ေကာင္ကို ဘာေၾကာင့္ျငင္းလိုက္မိလည္းဆိုတာ သူမကိုယ္တိုင္လည္း မသိခဲ့ဘူးဆိုတာပါပဲ။ အင္တာဗ်ဴးတစ္ခုမွာေတာ့ သူမဟာ “ကြၽန္မလုပ္ခဲ့တဲ့ ေ႐ြးခ်ယ္မႈေတြကို ျပန္ၾကည့္ၿပီး စဥ္းစားလိုက္ရင္ ဘာေၾကာင့္ ဒီအခြင့္အေရးကို ျငင္းပယ္ခဲ့လည္းဆိုတာ ကြၽန္မကိုယ္တိုင္လည္း မသိပါဘူး … ” လို႔ Paltrow က ေျပာျပခဲ့ပါတယ္။

(4) Josh Hartnett
photo via screenrant

အခုေခတ္မွာေတာ့ စူပါဟီး႐ိုး ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ခြင့္ရရင္ ေသခ်ာေပါက္နီးပါး ေအာင္ျမင္တဲ့ သ႐ုပ္ေဆာင္ ျဖစ္လာၾကပါတယ္။ ဒါေပမယ့္လည္း အရင္တုန္းကေတာ့ သ႐ုပ္ေဆာင္အမ်ားစုဟာ စူပါဟီး႐ိုးဇာတ္ေကာင္ေတြမွာ သိပ္ၿပီး သ႐ုပ္မေဆာင္ခ်င္ၾကသလို စူပါဟီး႐ိုးဇာတ္လမ္းေတြကလည္း ယခုလိုမ်ိဳး နာမည္မႀကီးေသးပါဘူး။

Christopher Nolan ဟာ Batman ႐ုပ္ရွင္ကို ႐ိုက္ကူးဖို႔ စီစဥ္တဲ့အခ်ိန္မွာေတာ့ Josh ကို အရင္ဆုံး ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း သူက ျငင္းပယ္ခဲ့တာေၾကာင့္ Christian Bale က သ႐ုပ္ေဆာင္သြားၿပီး အလြန္ေအာင္ျမင္သြားခဲ့ပါတယ္။

အဲ့ဒီအခ်ိန္တုန္းက သူဟာ ဒီဇာတ္ေကာင္ကို သ႐ုပ္ေဆာင္လိုက္ရင္ သူ႔ရဲ႕သ႐ုပ္ေဆာင္ဘဝႀကီး ဘာေတြျဖစ္သြားမလည္းဆိုၿပီး ေတြးေၾကာက္ခဲ့တာေၾကာင့္ ျငင္းပယ္ခဲ့တာလို႔ ဆိုခဲ့ဖူးပါတယ္။ သူ ေၾကာက္႐ြံ႕ခဲ့တဲ့အရာကို Christian Bale က ေက်ာ္လႊားသြားတာကို ျမင္ရတဲ့အခ်ိန္မွာေတာ့ ေနာင္တရခဲ့တယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ သူဟာ Spider-Man နဲ႔ Superman တို႔ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ကိုလည္း ျငင္းပယ္ခဲ့ပါေသးတယ္။

(5) Matt Damon
photo via screenrant

Matt Damon ကေတာ့ ဝင္ေငြအေကာင္းဆုံး ႐ုပ္ရွင္ျဖစ္ခဲ့တဲ့ Avatar မွာ ပါဝင္ဖို႔အတြက္ အခြင့္အေရး ရခဲ့ေပမယ့္လည္း အဲ့ဒီအခြင့္အေရးကို လက္လႊတ္ခဲ့ပါတယ္။ ဒီ႐ုပ္ရွင္ကို ႐ိုက္ကူးခဲ့တဲ့ ဒါ႐ိုက္တာ James Cameron ဟာ ႐ုပ္ရွင္စ႐ိုက္ဖို႔ စီစဥ္တည္းက အဓိကဇာတ္ေကာင္ေနရာမွာ Matt ကို ပါဝင္ေစခ်င္ခဲ့တာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဒီ႐ုပ္ရွင္ဟာ ေသခ်ာေပါက္ ဝက္ဝက္ကြဲ နာမည္ႀကီးမယ့္ ႐ုပ္ရွင္ျဖစ္ၿပီး Matt က ျငင္းလိုက္မယ္ဆိုရင္ေတာ့ လူသိပ္မသိတဲ့ သ႐ုပ္ေဆာင္ကိုပဲ သုံးလိုက္မယ္လို႔ James က ႀကိဳေျပာခဲ့တာ ျဖစ္ပါတယ္။ အဲ့ဒီေနာက္ Matt က ျငင္းလိုက္တဲ့အခါ James ဟာ တကယ္လည္း လူသိပ္မသိတဲ့ သ႐ုပ္ေဆာင္ Sam Worthington ကို အသုံးျပဳခဲ့ပါတယ္။ Sam ကလည္း ဒီ႐ုပ္ရွင္ေၾကာင့္ ေအာင္ျမင္လာၿပီး နာမည္ႀကီးသ႐ုပ္ေဆာင္ ျဖစ္လာခဲ့ပါတယ္။

ဒါတင္မက James ဟာ Matt ကို ဒီဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ဖို႔ သေဘာတူရင္ အျမတ္ေငြရဲ႕ ဆယ္ရာခိုင္ႏႈန္းကို ေပးမယ္လို႔ေတာင္ ကမ္းလွမ္းခဲ့တာ ျဖစ္ပါတယ္။ အကယ္၍ Matt သာ တကယ္ သ႐ုပ္ေဆာင္ျဖစ္ခဲ့မယ္ဆိုရင္ သ႐ုပ္ေဆာင္ေၾကး ေဒၚလာသန္း (၂၅၀)ေလာက္ ရရွိမွာ ျဖစ္ပါတယ္။ စိတ္မေကာင္းစရာနဲ႔ပဲ Matt ကေတာ့ The Bourne Ultimatum မွာ သ႐ုပ္ေဆာင္ရမယ့္ အခ်ိန္နဲ႔ တိုက္ေနတာေၾကာင့္ ဒီကမ္းလွမ္းခ်က္ကို ျငင္းပယ္ခဲ့ပါတယ္။

Legos

(ဆံရစ္ဝိုင္းဝက္ဘ္ဆိုဒ္တြင္ ေဖာ္ျပထားေသာ သတင္း၊ေဆာင္းပါးမ်ားကို အျခားမည္သည့္ ဝက္ဘ္ဆိုဒ္၊ Facebook စာမ်က္ႏွာတြင္မွ် ကူးယူေဖာ္ျပခြင့္ မျပဳပါေၾကာင္း အသိေပးအပ္ပါသည္။)

RELATED ARTICLES

Most Popular